သူငယ်ချင်း...၊
ဒီတစ်ခါ ပြောပြချင်တဲ့ ဘာသာရပ်ကတော့ " သံခင်းတမန်ခင်းနှင့် နိုင်ငံရေးပရိယာယ် " (Diplomacy and Statecraft) ဘာသာရပ်ဖြစ်တယ်။ လက်ရှိနိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ အလွန်အရေးပါ၊ အသုံးဝင်တဲ့ အကြောင်းအရာဖြစ်သလို အင်မတန်မှလည်း စိတ်ဝင်စားစရာကောင်းတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာခဲ့တဲ့ သံခင်းတမန်ခင်း နည်းလမ်းတွေ၊ နိုင်ငံရေးပရိယာယ်တွေမှသည် ယနေ့ခေတ် နည်းလမ်းတွေ၊ ပရိယာယ်တွေအထိ လေ့လာသင်ယူခွင့် ရရှိခဲ့တယ်။ ငါတို့နဲ့အတူ တက်ရောက်သင်ကြားနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပညာတော်သင်တွေဟာ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး အင်မတန်မှ အားကိုးရတယ်ကွ။ အချို့သော သဘောတရားတွေကို သူတို့တွေဆီကနေ မေးမြန်းဆည်းပူး မှတ်သားကြရတယ်။ အချို့တွေဆိုရင် နိုင်ငံရပ်ခြားမှာ သံတမန်တွေအဖြစ် ၂ ကြိမ်လောက်ထိ တာဝန်ထမ်းဆောင် ဖူးသူတွေ ဖြစ်ကြတယ်။ သူတို့ပြန်ပြောပြတဲ့ အတွေ့အကြုံတွေကို နားထောင်ခွင့်ရတာဟာ အင်မတန်မှ ကုသိုယ်ထူးသလို စိတ်ဝင်စားစရာလည်း ကောင်းလှတယ်။ အခြားနိုင်ငံတွေက လာတက်ကြတဲ့ ကျောင်းသားအများစုကလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံတမန်တွေ ဖြစ်ကြတာမို့ စာသင်ခန်းထဲမှာ သူတို့တွေ ဆွေးနွေးကြတဲ့အခါ ငါတို့အတွက် မတူညီတဲ့ ဗဟုသုတ၊ အတွေးအမြင်၊ အတွေ့အကြုံတွေ ရရှိစေတယ်။ ငါတို့ ပထမနှစ် ကျောင်းသားတွေအတွက် ကံကောင်းခဲ့တာ တစ်ခုကတော့ ဒုတိယနှစ် ကျောင်းသားကြီးအချို့နဲ့အတူ ဒီဘာသာရပ်ကို သင်ကြားလေ့လာခွင့် ရရှိခဲ့တာပဲကွ။ သူတို့တွေဟာ အင်မတန်မှ ကြိုးစားကြသလို၊ နှံ့နှံ့စပ်စပ်လည်း လေ့လာသိမြင်ထားကြတယ်ကွ။ စာသင်ခန်းထဲမှာလည်း ဦးဆောင်ဆွေးနွေးသူတွေ ဖြစ်ကြပြီးတော့ စာသင်ခန်းပြင်ပမှာ ငါတို့တွေ မရှင်းလင်း၊ နားမလည်တာတွေကို ပြန်လည်ကူညီ ရှင်းပြနိုင်ကြသူတွေလည်း ဖြစ်ကြတယ်။ သူတို့တွေရဲ့ တက်ကြွမှု၊ ကြိုးစားမှု၊ လိုချင်စိတ်ရှိမှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်မှု၊ ရိုင်းပင်းကူညီတတ်မှု စတာတွေကို ငါတို့တွေ အတုယူ အားကျခွင့် ရခဲ့ကြတယ်။ ငါများ မင်းတို့နဲ့အတူ တက်ရောက်ခွင့်ရခဲ့ရင် အဲဒီလိုမျိုး စံပြဖြစ်အောင် နေနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်စိတ်ဝင် သံသယဖြစ်မိတယ်ကွာ။
ဒီဘာသာရပ်ကို သင်ကြားပို့ချသူက ပါမောက္ခ မျိုး ဖြစ်တယ်။ သူ့အကြောင်းကို ရှေ့ကစာတွေမှာ အကျယ်တ၀င့် ပြောပြီးသားမို့ အထူးအထွေ ထပ်ပြောစရာ မရှိပါဘူး။ နိုင်ငံတစ်ခုနဲ့တစ်ခု သံတမန်တွေ ဘာဖြစ်လို့ အပြန်အလှန် စေလွှတ်ရသလဲ ဆိုတာကနေ ပထ၀ီနိုင်ငံရေးအဆုံး အကြောင်းအရာပေါင်းစုံကို စိတ်ဝင်စားအောင် သင်ကြားပို့ချနိုင်တယ်။ အထူးသဖြင့် ဒီဘာသာရပ်အတွက် အပတ်စဉ်ဖတ်ရှုရအောင် သူသတ်မှတ်ပေးထားတဲ့ ဆောင်းပါးတွေဟာ ငါတို့ကို ဦးနှောက်မုန်တိုင်းဆင်တယ်ကွ။ မင်းဟာမင်း အင်္ဂလိပ်စာကို မိုးပျံအောင် ကျွမ်းကျင်နေပါစေ ဒီနယ်ပယ်၊ ဒီသဘောတရားတွေနဲ့ မယဉ်ပါးဘူးဆိုရင်၊ ယှဉ်တွဲမကြည့်ဘူးဆိုရင်တော့ အဲဒီဆောင်းပါးတွေက ပေးချင်တဲ့ သတင်းစကား (သို့မဟုတ်) အာဘော်ကို နားလည်နိုင်မှာ မဟုတ်ဘူး။ ငါ့အတွက်ကတော့ အချို့ဆောင်းပါးတွေဆိုရင် ပါမောက္ခ မျိုး အတန်းထဲမှာ ပြန်ရှင်းပြမှ သူတို့ရဲ့ ဆိုလိုရင်းအာဘော်ကို သဘောပေါက်တယ်ကွ။ အဲဒါနဲ့ ပတ်သက်လို့လည်း ဆရာမျိုးကို အကြံပြုခဲ့ဖူးတယ်။ ငါတို့တွေက နားမလည်သေးတဲ့၊ မသင်ကြားရသေးတဲ့ အကြောင်းအရာတွေကို ကြိုတင်ပြီး စာဖတ်နေရသလို ဖြစ်နေတဲ့အတွက် ကျောင်းသားတွေအတွက် ခက်ခဲမှု ရှိသလားလို့ပါ။ ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်တော့လည်း သူ့လက်ချာကို နားထောင်ပြီးမှသာ ငါတို့အနေနဲ့ ဆောင်းပါးတွေကို ဖတ်မယ်ဆိုရင် သူရှင်းပြတဲ့အချိန်မှာ ဆောင်းပါးထဲက အချက်တွေကို ချိတ်ဆက်မိသွားတာမျိုး ဖြစ်ပါ့မလားလို့လည်း သံသယဖြစ်မိတယ်။ ငါပြောတာ ရှုပ်သွားတယ် ထင်ပါရဲ့။ မင်းနားလည်အောင် ပြောပြရရင်ကွာ... အပတ်စဉ်အလိုက် ဖတ်ရှုလေ့လာရမယ့် ဆောင်းပါးတွေကို ကြိုတင်သတ်မှတ် ပေးထားတယ်ဆိုတာ အရင်စာတွေထဲမှာ ငါပြောခဲ့ပြီးသားမို့ မင်းသိပြီး ဖြစ်လိမ့်မယ်ထင်တယ်။ တစ်ဆက်တည်းပဲ အပတ်စဉ်အလိုက် ဘယ်သူက ဘယ်ဆောင်းပါးကို ပါဝါပွိုင့် တင်ပြရမယ်ဆိုတာကိုလည်း သတ်မှတ်ပေးထားပြီး ဖြစ်တယ်။ အဲဒီတော့ ကျောင်းသားတိုင်းဟာ အိမ်စာသတ်မှတ်ပေးထားတဲ့ ဆောင်းပါးတွေ အကုန်လုံးကို ဖတ်ရှုလာဖို့ လိုအပ်တယ်။ ပါဝါပွိုင့်တင်ပြဖို့ တာဝန်ကျတဲ့ ကျောင်းသားကတော့ ဆောင်းပါးအကုန်လုံးကို ဖတ်ဖို့လိုတဲ့အပြင်၊ သူတာဝန်ကျတဲ့ ဆောင်းပါးအတွက်လည်း ပါဝါပွိုင့် ပြင်ဆင်လာဖို့ လိုအပ်တယ်။ အဲဒီအပတ်မှာ သင်မယ့်အကြောင်းအရာက "စစ်အေးကာလ သံခင်းတမန်ခင်း" (Diplomacy in Cold War) ဆိုကြပါစို့။ ငါတို့တွေက အဲဒီအကြောင်းအရာနဲ့ သက်ဆိုင်တဲ့၊ သတ်မှတ်ပေးထားတဲ့ ဆောင်းပါးတွေကို ကြိုတင်ဖတ်ရှုကြရတယ်။ ပါဝါပွိုင့်ပြင်သူကလည်း ငါတို့လိုပဲ ဆောင်းပါးကို ကြိုတင်ဖတ်ရှုပြီး ဆွေးနွေးပြောကြားဖို့ ပြင်ဆင်လာရတယ်။ စာသင်ခန်းထဲ ရောက်တဲ့အချိန်ကျတော့ ပထမအချိန်မှာ စစ်အေးကာလ သံခင်းတမန်ခင်းနဲ့ ပတ်သက်တဲ့ လက်ချာကို ပါမောက္ခက ပို့ချတယ်။ အဲဒီအချိန်ကျတော့မှ ငါတို့တွေက စစ်အေးကာလ သံခင်းတမန်ခင်းနဲ့ ပတ်သက်ပြီးတော့ ဇာတ်ရည်လည်တယ်။ ဘယ်လိုသမိုင်းကြောင်းတွေ ရှိခဲ့ဖူးတယ်၊ ဘယ်လိုနည်းလမ်းတွေနဲ့ အပြန်အလှန် ထိန်းညှိခဲ့ကြဖူးတယ်၊ လူလည်ကျခဲ့ကြဖူးတယ် ဆိုတာတွေကို သိလာရတယ်။ အဲဒီအချိန်ကျတော့မှ ငါတို့ဆောင်းပါးထဲက ဘယ်အကြောင်းအရာက ဘယ်လိုဆိုတာကို သေသေချာချာ နားလည်သဘောပေါက်တာကွ။ အဲဒီတော့ ငါအပေါ်မှာ ပြောခဲ့သလို သင်ပြီးမှ ဆောင်းပါးတွေ ဖတ်သင့်သလား၊ အဲဒါတွေဖတ်ပြီးမှ သင်တာက ပိုကောင်းသလား ဆိုတာကို ငါတော့ဖြင့် မပြောတတ်တော့ပါဘူးကွာ။
ကဲ... အခုတော့ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီး သင်တန်းကာလအတွင်း ရက်သတ္တပတ်အလိုက် ဘာတွေသင်ကြားပို့ချသလဲ ဆိုတာကိုလည်း မင်းသိအောင် ပြောပြရဦးမယ်။
အခု ငါရေးပြခဲ့တဲ့ ခေါင်းစဉ်တွေဟာ အခြားလူတွေတော့ မသိဘူး၊ မင်းအတွက်တော့ စိတ်ဝင်စားစရာတွေချည်း ဖြစ်နေမယ်ဆိုတာ ငါသိတယ်။ မင်း နေ့စဉ်ဖတ်ရှုနေတဲ့ အကြောင်းအရာတွေ ဖြစ်တဲ့အပြင် မင်းရဲ့ အလုပ်ခွင်မှာလည်း မမြင်ချင်အဆုံး အမြဲတစေ မြင်နေတွေ့နေရတဲ့ အကြောင်းအရာတွေ မဟုတ်လား။ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ ဟိုးတစ်ချိန်က ငါစွဲစွဲလန်းလန်း နားထောင်ခဲ့ဖူးတဲ့ ဦးလေးကြီး ဦးဖေသန်းရဲ့ လေသံကို ငှားပြောရမယ်ဆိုရင်တော့... ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတုန်းက အမေရိကန်စစ်သင်္ဘောတွေ ရန်ကုန်မြို့နဲ့ မဝေးလှတဲ့ ပင်လယ်ပြင်ထဲမှာ ဘာဖြစ်လို့ လာကျောက်ချရတာလဲ... အရင်တုန်းက သံခင်းတမန်ခင်း ကိစ္စရပ်တွေကို ကိုယ်စားလှယ်တွေနဲ့ ဆောင်ရွက်တာဖြစ်ပေမယ့် ဒီနေ့ခေတ်မှာတော့ ခေါင်းဆောင်တွေချင်း ကိုယ်တိုင်စကားပြောလာကြတာ ကောင်းသလား၊ မကောင်းဘူးလား.... စစ်အေးကာလ ပြီးဆုံးသွားတာ ဘာကြောင့်လဲ.... ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ လုံခြုံရေးထီးရိပ်အောက်မှာ ခိုနေပါလျက်နဲ့ အခုနောက်ပိုင်း စစ်ရေးအသုံးစရိတ်ကို ဘာဖြစ်လို့ ပိုသုံးလာရတာလဲ... ဆိုဗီယက်ပြည်ထောင်စု ဘာကြောင့် ပြိုကွဲသွားခဲ့ရတာလဲ.... သံတမန်တွေမှာ ဘယ်လိုအကြောင်းအရာတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်သတင်းပို့ဖို့ လိုအပ်သလဲ.... သံတမန်ကောင်းတစ်ဦး ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေ လိုအပ်သလဲ... အချို့သော နိုင်ငံသေးသေးလေးတွေဟာ သံခင်းတမန်ခင်း ကောင်းတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားနေရသလဲ... နိုင်ငံခြားရေးမူဝါဒနဲ့ သံခင်းတမန်ခင်း ဘာကွာသလဲ... သံခင်းတမန်ခင်းထဲမှာ ဘယ်လိုလုပ်ငန်းဆောင်တာတွေ ပါဝင်သလဲ.... အမေရိကန်ပြည်ထောင်စုအနေနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ ဘယ်လိုသံခင်းတမန်ခင်းကို ကျင့်သုံးနေသလဲ... နျူ ကလီးယားလက်နက်ဆိုတာ စက္ကူ ကျားပါပဲလို့ မော်စီတုန်းက ဘာကြောင့်ပြောခဲ့တာလဲ... နိုင်ငံတစ်ခုရဲ့ ကျောင်းသင်ခန်းစာသင်ရိုးကို ပြောင်းလဲခြင်းဟာ အဲဒီနိုင်ငံအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိသလဲ.... Soft Power ဆိုတာ ဘာလဲ၊ ဘယ်သူတွေ သုံးသလဲ... ၀ါဒဖြန့်ချိခြင်းဟာ သံခင်းတမန်ခင်းမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေသလဲ... ဟန်တင်တန်ရဲ့ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း (Clash of Civilization) ကို ပညာရှင်တွေက ဘယ်လိုဝေဖန်ကြသလဲ... အချက်အချာဒေသသီအိုရီ (Heartland Theory) ဆိုတာဘာလဲ... ခရိုင်းမီးယားဒေသကို ရုရှားက ဘာဖြစ်လို့ အသည်းအသန် လိုချင်နေတာလဲ.... စသဖြင့် စသဖြင့် ထွေရာလေးပါးကို သင်ကြားရမှာပါ။ (မေးခွန်းတစ်ခုပြီးတိုင်း ၀င်လာရမယ့် တီးလုံးသံလေးတော့ မင်းဘာသာမင်း စိတ်ထဲမှာပဲ ကြားယောင်လိုက်ပေါ့ကွာ)
စာသင်ကြားတဲ့ပုံစံကတော့ အရင်စာထဲမှာ ငါရေးခဲ့ဖူးတဲ့ ပါမောက္ခ မျိုး ရဲ့ စတိုင်လ်အတိုင်းပါပဲကွာ။ လက်ချာပေးမယ်၊ အနှစ်ချုပ်ရေးသားခြင်းလုပ်ရမယ်၊ ပါဝါပွိုင့် တင်ပြရမယ်၊ ဆွေးနွေးမေးမြန်းမယ်၊ သင်တန်းဆုံး စာမေးပွဲဖြေရမယ်၊ စာတမ်းငယ်တစ်စောင် ရေးသားတင်သွင်းရမယ်။ သူက ဆရာလည်းဖြစ်၊ ပညာရှင်လည်းဖြစ်ဆိုတော့ ငါတို့တွေကို တော်ရုံတန်ရုံ ဘယ်ကလာပြီး စိတ်တိုင်းကျလိမ့်မလဲကွာ... အဲဒီတော့ သူ့ဆီက အမှတ်တွေ အများကြီးရဖို့ မမျှော်လင့်ပါနဲ့။ တစ်ခါတလေတော့လည်း တောင်တွေးမြောက်တွေး လျှောက်တွေးမိတယ်ကွ။ အလကားပေးရတဲ့ အမှတ်ကိုတောင် ကပ်စေးနည်းနေလို့၊ ကျောင်းသားတွေကို အမြဲတမ်း စိတ်ညစ်အောင်လုပ်နေလို့ ငါတို့ဆရာ လူပျိုကြီးဘ၀က မကျွတ်နိုင်သေးတာများလားပေါ့။ သူငယ်ချင်း စာဖတ်ရင်းနဲ့ စိတ်ပျော်ရအောင် အပျော်သဘော ထည့်ရေးလိုက်တာပါ။ အဲဒီလို တကယ်လည်း ထင်မနေပါနဲ့ဦး။ ထင်မနေပါနဲ့ဦးဆိုတော့ ငါပြောခဲ့သမျှ ဟာသတွေချည်းလို့လည်း မအောက်မေ့နဲ့ကွ။ ဆရာမျိုးက အမှတ်ပေး ကပ်စေးနည်းတာတော့ တကယ်ကွ...။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လေသံလေးနဲ့ ပြောရမယ်ဆိုရင်တော့ ×× လုပ်ဇာတ်မဟုတ်ပါဘူး ပရိသတ်ကြီးရယ် ××× ပေါ့ကွာ။ ငါ့စာကို ဒီနေရာမှာ ခေတ္တ နားပါရစေဦး။
(Ichiro Nyanmyokyaw)

- Evolution of Diplomacy - from classical to modern age
- Diplomacy during the Cold War
- International Relations Theory and Diplomacy
- Functions and Institutions of Diplomacy
- Force and Diplomacy
- Soft Power and Public Diplomacy
- Transforming and Enlarging Diplomacy
- Geopolitics and Resource Diplomacy
- Intelligence Operations and Propaganda
- Political Economy and Diplomacy
အခု ငါရေးပြခဲ့တဲ့ ခေါင်းစဉ်တွေဟာ အခြားလူတွေတော့ မသိဘူး၊ မင်းအတွက်တော့ စိတ်ဝင်စားစရာတွေချည်း ဖြစ်နေမယ်ဆိုတာ ငါသိတယ်။ မင်း နေ့စဉ်ဖတ်ရှုနေတဲ့ အကြောင်းအရာတွေ ဖြစ်တဲ့အပြင် မင်းရဲ့ အလုပ်ခွင်မှာလည်း မမြင်ချင်အဆုံး အမြဲတစေ မြင်နေတွေ့နေရတဲ့ အကြောင်းအရာတွေ မဟုတ်လား။ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ ဟိုးတစ်ချိန်က ငါစွဲစွဲလန်းလန်း နားထောင်ခဲ့ဖူးတဲ့ ဦးလေးကြီး ဦးဖေသန်းရဲ့ လေသံကို ငှားပြောရမယ်ဆိုရင်တော့... ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတုန်းက အမေရိကန်စစ်သင်္ဘောတွေ ရန်ကုန်မြို့နဲ့ မဝေးလှတဲ့ ပင်လယ်ပြင်ထဲမှာ ဘာဖြစ်လို့ လာကျောက်ချရတာလဲ... အရင်တုန်းက သံခင်းတမန်ခင်း ကိစ္စရပ်တွေကို ကိုယ်စားလှယ်တွေနဲ့ ဆောင်ရွက်တာဖြစ်ပေမယ့် ဒီနေ့ခေတ်မှာတော့ ခေါင်းဆောင်တွေချင်း ကိုယ်တိုင်စကားပြောလာကြတာ ကောင်းသလား၊ မကောင်းဘူးလား.... စစ်အေးကာလ ပြီးဆုံးသွားတာ ဘာကြောင့်လဲ.... ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ လုံခြုံရေးထီးရိပ်အောက်မှာ ခိုနေပါလျက်နဲ့ အခုနောက်ပိုင်း စစ်ရေးအသုံးစရိတ်ကို ဘာဖြစ်လို့ ပိုသုံးလာရတာလဲ... ဆိုဗီယက်ပြည်ထောင်စု ဘာကြောင့် ပြိုကွဲသွားခဲ့ရတာလဲ.... သံတမန်တွေမှာ ဘယ်လိုအကြောင်းအရာတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်သတင်းပို့ဖို့ လိုအပ်သလဲ.... သံတမန်ကောင်းတစ်ဦး ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေ လိုအပ်သလဲ... အချို့သော နိုင်ငံသေးသေးလေးတွေဟာ သံခင်းတမန်ခင်း ကောင်းတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားနေရသလဲ... နိုင်ငံခြားရေးမူဝါဒနဲ့ သံခင်းတမန်ခင်း ဘာကွာသလဲ... သံခင်းတမန်ခင်းထဲမှာ ဘယ်လိုလုပ်ငန်းဆောင်တာတွေ ပါဝင်သလဲ.... အမေရိကန်ပြည်ထောင်စုအနေနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ ဘယ်လိုသံခင်းတမန်ခင်းကို ကျင့်သုံးနေသလဲ... နျူ ကလီးယားလက်နက်ဆိုတာ စက္ကူ ကျားပါပဲလို့ မော်စီတုန်းက ဘာကြောင့်ပြောခဲ့တာလဲ... နိုင်ငံတစ်ခုရဲ့ ကျောင်းသင်ခန်းစာသင်ရိုးကို ပြောင်းလဲခြင်းဟာ အဲဒီနိုင်ငံအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိသလဲ.... Soft Power ဆိုတာ ဘာလဲ၊ ဘယ်သူတွေ သုံးသလဲ... ၀ါဒဖြန့်ချိခြင်းဟာ သံခင်းတမန်ခင်းမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေသလဲ... ဟန်တင်တန်ရဲ့ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း (Clash of Civilization) ကို ပညာရှင်တွေက ဘယ်လိုဝေဖန်ကြသလဲ... အချက်အချာဒေသသီအိုရီ (Heartland Theory) ဆိုတာဘာလဲ... ခရိုင်းမီးယားဒေသကို ရုရှားက ဘာဖြစ်လို့ အသည်းအသန် လိုချင်နေတာလဲ.... စသဖြင့် စသဖြင့် ထွေရာလေးပါးကို သင်ကြားရမှာပါ။ (မေးခွန်းတစ်ခုပြီးတိုင်း ၀င်လာရမယ့် တီးလုံးသံလေးတော့ မင်းဘာသာမင်း စိတ်ထဲမှာပဲ ကြားယောင်လိုက်ပေါ့ကွာ)
စာသင်ကြားတဲ့ပုံစံကတော့ အရင်စာထဲမှာ ငါရေးခဲ့ဖူးတဲ့ ပါမောက္ခ မျိုး ရဲ့ စတိုင်လ်အတိုင်းပါပဲကွာ။ လက်ချာပေးမယ်၊ အနှစ်ချုပ်ရေးသားခြင်းလုပ်ရမယ်၊ ပါဝါပွိုင့် တင်ပြရမယ်၊ ဆွေးနွေးမေးမြန်းမယ်၊ သင်တန်းဆုံး စာမေးပွဲဖြေရမယ်၊ စာတမ်းငယ်တစ်စောင် ရေးသားတင်သွင်းရမယ်။ သူက ဆရာလည်းဖြစ်၊ ပညာရှင်လည်းဖြစ်ဆိုတော့ ငါတို့တွေကို တော်ရုံတန်ရုံ ဘယ်ကလာပြီး စိတ်တိုင်းကျလိမ့်မလဲကွာ... အဲဒီတော့ သူ့ဆီက အမှတ်တွေ အများကြီးရဖို့ မမျှော်လင့်ပါနဲ့။ တစ်ခါတလေတော့လည်း တောင်တွေးမြောက်တွေး လျှောက်တွေးမိတယ်ကွ။ အလကားပေးရတဲ့ အမှတ်ကိုတောင် ကပ်စေးနည်းနေလို့၊ ကျောင်းသားတွေကို အမြဲတမ်း စိတ်ညစ်အောင်လုပ်နေလို့ ငါတို့ဆရာ လူပျိုကြီးဘ၀က မကျွတ်နိုင်သေးတာများလားပေါ့။ သူငယ်ချင်း စာဖတ်ရင်းနဲ့ စိတ်ပျော်ရအောင် အပျော်သဘော ထည့်ရေးလိုက်တာပါ။ အဲဒီလို တကယ်လည်း ထင်မနေပါနဲ့ဦး။ ထင်မနေပါနဲ့ဦးဆိုတော့ ငါပြောခဲ့သမျှ ဟာသတွေချည်းလို့လည်း မအောက်မေ့နဲ့ကွ။ ဆရာမျိုးက အမှတ်ပေး ကပ်စေးနည်းတာတော့ တကယ်ကွ...။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လေသံလေးနဲ့ ပြောရမယ်ဆိုရင်တော့ ×× လုပ်ဇာတ်မဟုတ်ပါဘူး ပရိသတ်ကြီးရယ် ××× ပေါ့ကွာ။ ငါ့စာကို ဒီနေရာမှာ ခေတ္တ နားပါရစေဦး။
(Ichiro Nyanmyokyaw)
No comments:
Post a Comment