သူငယ်ချင်း...၊
မင်းအတွက် ကံကောင်းတာလား၊ ကံဆိုးတာလားတော့ မပြောတတ်ဘူး။ ငါတို့ဆီမှာ နေ့စဉ်ရက်ဆက်ဆိုသလို မိုးတွေရွာနေလေတော့ ငါလည်း အပြင်ထွက်မရ၊ စက်ဘီးစီးမရနဲ့မို့ အခန်းထဲမှာပဲ တစ်နေကုန်အောင်းရင်း စာဖတ်တာ၊ အင်တာနက်သုံးတာ လုပ်နေရတယ်။ အချိန်အားလေးတွေလည်း ရနေလေတော့ မင်းဆီကို စာတွေ ဆက်တိုက်ဆိုသလို ရေးဖြစ်နေမိတယ်။ စာလေးတစ်စောင် ဖတ်ရဖို့အရေး စောင့်လိုက်ရတာကွာ.. လို့ မင်းညည်းခဲ့ဖူးတယ်။ အခုတော့ မင်းကလည်း ရေးနိုင်လှချည်လားကွာ... လို့ ညည်းတော့မယ် ထင်ပါရဲ့။ ငါ့မှာ အချိန်ရတုန်းလေး မင်းအတွက် ရေးစရာရှိတာလေးတွေ ဆက်ရေးပါရစေကွာ။ မကြာခင် ရာသီဥတု ကောင်းလာတာနဲ့ ငါစီစဉ်ထားတဲ့ နွေရာသီ ခရီးစဉ်တွေက မနည်းမနောမို့ အဲဒီအခါကျရင် မင်းဆီကို တော်တော်နဲ့ စာရေးဖြစ်နိုင်မယ် မထင်လို့ပါ။ ဒီစာမှာတော့ နောက်ထပ် ဘာသာရပ်တစ်ခုအကြောင်း ဆက်ပြောကြတာပေါ့။
အခု ငါပြောပြချင်တဲ့ ဘာသာရပ်ကတော့ " နိုင်ငံတကာစီးပွားရေးစနစ်များနှင့် ပုံစံ " (International Economic Systems and Order) ဖြစ်တယ်။ သင်ကြားပေးတဲ့ ဆရာကတော့ ဂျပန်လူမျိုး ပါမောက္ခ နာကာမူရာ (Prof. Nakamura) ဖြစ်တယ်။ ငါတို့ဌာနမှာ စီနီယာအကျဆုံးနဲ့ အသက်အရွယ်အကြီးဆုံး ပါမောက္ခတွေထဲက တစ်ဦးလည်းဖြစ်တယ်။ ငါတို့တွေရဲ့ ပါမောက္ခမျိုးတို့၊ ပါမောက္ခ ကိုရေး တို့ အိုင်ယူဂျေမှာ ကျောင်းသားတွေအဖြစ် လာတက်နေစဉ်ကတည်းက စာသင်နေခဲ့တဲ့ ဆရာကြီးဖြစ်တယ်။ စိတ်ရင်းသဘော အင်မတန်ကောင်းပြီး ကျောင်းသားတွေအပေါ် အင်မတန်မှ သနားငဲ့ညှာ၊ စာနာနားလည်တတ်သူဖြစ်တယ်။ ဆရာကြီးက သဘောကောင်းလွန်းတော့ အချို့ကျောင်းသားတွေဆိုရင် မလေးမစား ဆက်ဆံကြလွန်းလို့ ဘေးကမြင်ရတဲ့ ငါအဖို့တော့ စိတ်တိုစရာ၊ ဒေါသထွက်စရာချည်းပါပဲ။ စာသင်ခန်းထဲမှာ ကျောင်းသားတစ်ယောက် မလေးမစား ဆက်ဆံတယ်ဆိုတာဟာ ဆရာကြီးကို မရိုမသေ ပြောဆိုတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး။ ဆရာကြီးက သဘောကောင်းလွန်းတော့ အတန်းတက်လက်မှတ်ကို အစားထိုးခိုင်းတာ၊ အတန်းချိန်ကို တက်ချင်မှတက်တာ၊ အတန်းမပြီးခင် ဆရာကြီးကို ခွင့်မတောင်းဘဲ အစောကြီး လစ်ထွက်သွားတာ၊ စာသင်နေတဲ့အချိန်မှာ ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့နေတာ၊ အင်တာနက်သုံးနေတာ၊ အချင်းချင်း တီးတိုးတီးတိုး စကားပြောနေတာ၊ စတာတွေဖြစ်တယ်။ အခြေခံဘွဲ့ရပြီးသား ကျောင်းသားတွေ၊ တစ်နည်းအားဖြင့် အများစုက နိုင်ငံအသီးသီးက အစိုးရ၀န်ထမ်း အရာထမ်းတွေ ဖြစ်ကြတာမို့ မူလတန်းကလေးတွေကို လိုက်ကြပ်သလို ကြပ်နေစရာ မလိုဘူးလို့ ငါထင်တယ်။ ပညာလိုချင်လို့ ဒီကိုလာပြီး ကျောင်းတက်ကြတာဆိုရင် ဆရာက ကြီးကြပ်သည်ဖြစ်စေ၊ မတင်းကြပ်သည်ဖြစ်စေ ကိုယ့်အသိစိတ်နဲ့ကိုယ် ကြိုးစားကြဖို့ လိုမယ်လို့ ငါထင်တယ်။ အတန်းထဲမှာ ဂိမ်းလာဆော့နေတာ၊ စကားပြောနေတာထက် အကြောင်းတစ်ခုခုပြပြီး အတန်းလာမတက်တာကမှ ပိုကောင်းဦးမယ်လို့ ငါထင်တာပဲ။ နောက်ဆုံးကွာ ဆရာသင်ကြားနေတာ စိတ်ဝင်စားဖို့ မကောင်းဘူးဆိုရင် အတန်းထဲမှာ အဲဒီဘာသာရပ်နဲ့ သက်ဆိုင်တဲ့ စာတစ်ခုခု ဖတ်နေတာကမှ သူ့အတွက် အကျိုးရှိဦးမယ် မဟုတ်ဘူးလား။ အခုတော့ ကျောင်းသား ၆၀ နီးပါးရှိတဲ့ စာသင်ခန်းထဲမှာ ဘေးကလူတွေက တီးတိုးတီးတိုး လုပ်နေကြတော့ ငါတို့တွေမှာ အာရုံကလည်း စုစည်းလို့မရ၊ ဆရာကြီးရဲ့ အင်္ဂလိပ်စကားပြောသံကိုလည်း အတော်ကြီးကို နားစိုက်ရ၊ တစ်ချက်တစ်ချက် ဆရာကြီးမေးလိုက်တဲ့ မေးခွန်းတွေကိုလည်း စဉ်းစားရနဲ့ သိပ်ပြီးတော့ ကျေနပ်စရာ မကောင်းလှဘူးကွာ။ ဆရာကြီးအကြောင်း ဆက်ပြောရရင် ဂျပန်နိုင်ငံ ဆိုကာတက္ကသိုလ် (Soka University) ကနေ စီးပွားရေးမဟာဝိဇ္ဇာဘွဲ့ရော၊ စီးပွားရေးပါရဂူဘွဲ့ရော ရရှိခဲ့တယ်။ စိတ်ဝင်စားစရာ တစ်ခုကတော့ သူလည်း ငါတို့နိုင်ငံမှာ ငါတို့ဆရာတွေ ကြုံ ရသလို ကြုံခဲ့ရတယ် ထင်ပါရဲ့။ သူတို့က ရှေးခေတ်ကတည်းက ကျောင်းဆရာ လုပ်လာသူတွေဆိုတော့ အဲဒီခေတ်တုန်းက မဟာဝိဇ္ဇာဘွဲ့ဆိုတာ အတော်ကြီးကို မြင့်မားခဲ့တာကိုး။ ဆရာကြီး နာကာမူရာဆိုရင် စီးပွားရေးမဟာဝိဇ္ဇာဘွဲ့ကို ၁၉၈၁ ခုနှစ်ကတည်းက ရခဲ့တာကွ (အဲဒီအချိန်တုန်းက ငါဆိုရင် တစ်နှစ်သားပဲ ရှိသေးတယ်)။ ဒါပေမယ့် သူသင်ပေးလိုက်တဲ့ တပည့်တွေက ပါရဂူဘွဲ့တွေရ၊ တက္ကသိုလ်တွေမှာ စာပြန်သင်ကြ၊ သုတေသနကျမ်းတွေ စဉ်ဆက်မပြတ် ပြုစုပြီး ပါမောက္ခတွေ ဖြစ်လာကြ၊ ဆရာကြီးက မဟာဝိဇ္ဇာဘွဲ့နဲ့ဆိုတော့ တွဲဖက်ပါမောက္ခ ရာထူးနဲ့ ကျန်ရစ်ခဲ့၊ စတာတွေပေါ့ကွာ။ အဲဒါကြောင့်လည်း သူ့အနေနဲ့ စီးပွားရေးပါရဂူဘွဲ့ကို ၂၀၁၂ ခုနှစ်ကျမှ ရခဲ့တာဖြစ်မယ် ထင်ပါရဲ့။
ကဲ... အခုဆက်ပြီး အဲဒီဘာသာရပ်နဲ့ပတ်သက်လို့ သင်ကြားပို့ချတဲ့ အကြောင်းအရာတွေကို ပြောပြပါရစေ။
သင်ကြားနည်းစနစ်ကတော့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ မှတ်စုစာရွက်တွေကို အတန်းထဲမှာ ဝေငှပြီး လက်ချာပေး ဆွေးနွေးတဲ့ပုံစံဖြစ်တယ်။ ကျောင်းသားတွေရဲ့ တစ်ဦးချင်း အမြင်တွေကိုလည်း ဆွေးနွေးစေလေ့ရှိတယ်။ သူ့မျက်မှန်ကြီးကို လက်ကြီးနဲ့ ပင့်တင်ပြီး အတန်းတက်နာမည်စာရင်း စာရွက်ကြီးကို မျက်နှာနဲ့ လက်မ၀က်လောက် အကွာအထိ ဆွဲယူပြီး ကြည့်နေပြီဆိုရင် ဘယ်သူမဲပေါက်တော့မလဲဆိုပြီး အားလုံးက စောင့်နေကြရတယ်။ မယူမဖြစ် ဘာသာရပ်တစ်ခု ဖြစ်တာကြောင့်မို့သာ မဖြစ်မနေ ယူကြရတဲ့ ငါတို့ IR ကျောင်းသားတွေအနေနဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတ၊ အတွေးအမြင် နည်းပါးတယ်ဆိုတာကို သိသူဖြစ်လေတော့ သူစာမေးတဲ့အခါ IDP ကျောင်းသားတွေ၊ PMPP ကျောင်းသားတွေကို အဓိကထားပြီး မေးမြန်းလေ့ရှိတယ်။ မြန်မာက ကျောင်းသားတစ်ယောက်လောက် ဆွေးနွေးပါဦးဆိုရင်တော့ ငါတို့တွေက မျက်နှာကြီးတွေ ခေါင်းငုံ့ပြီး IDP က နောင်တော်ကြီး ကိုညီညီထွေး ကို လက်တို့ကြတော့တာပဲဟေ့။ ဘေးတစ်ဖက်တစ်ချက်ကနေ လက်နဲ့ထူပြီး မတ်တတ်မရပ်ရပ်အောင် ဆွဲမထူရုံတမယ် သူ့ကိုပဲ လက်တတို့တို့၊ နာမည်တခေါ်ခေါ် လုပ်ကြတာပဲကွ။ အင်မတန်ချစ်ဖို့ကောင်းတဲ့ စနောက်လို့ကောင်းတဲ့ အစ်ကိုကြီးပါကွာ။ မင်းလည်း ဒီရောက်တဲ့အခါ သူ့ကို ခင်သွားမှာ အသေအချာပါပဲ။ သူ့ခမျာလည်း အများပြည်သူက တောင်းဆိုလေတော့ မနေသာတော့ဘူးပေါ့ကွာ။ သူသိထားသမျှကို တဝေါဝေါနဲ့ သွန်ချတော့တာပေါ့။ တစ်ခါတလေ သူဘာပြောနေသလဲဆိုတာ ငါကတော့ နားမလည်ပါဘူးကွာ။ ဆရာကြီး နာကာမူရာကတော့ ခေါင်းတညိတ်ညိတ်နဲ့ဆိုတော့ သူပြောတာ အဆင်ပြေလို့ ဖြစ်မှာပေါ့။ ကဲ.. သင်ကြားမှုအကြောင်း ဆက်ပြောရရင် မင်းအနေနဲ့ ဒီဘာသာရပ်ကို တက်ရောက်နေစဉ်မှာ စာတမ်းငယ်နှစ်ခု တင်ဖို့လိုအပ်တယ်ကွ။ သင်တန်းလယ် စာတမ်းငယ်တစ်စောင်နဲ့ သင်တန်းဆုံး စာတမ်းငယ်တစ်စောင် ဖြစ်ကြတယ်။ ဆရာကြီးကလည်း အဲဒီစာတမ်းငယ်တွေ ရေးတဲ့အချိန်မှာ ဘယ်သဘောတရားတွေကို အဓိကပါအောင် ရေးရမယ်ဆိုတာ ပြောဆိုညွှန်ပြလေ့ရှိတယ်။ အဲဒီအကြောင်းအရာတွေ သင်ကြားပို့ချတဲ့ အချိန်မှာလည်း ဒီနေ့သင်မယ့်ဟာတွေဟာ စာတမ်းရေးတဲ့ အချိန်မှာ ထည့်သွင်းရေးသားရမှာတွေ ဖြစ်တယ်လို့ ကြိုတင်သတိပေးလေ့ရှိတယ်။ ဆရာကြီးသင်တဲ့ အချိန်တုန်းက ဂရုတစိုက် မှတ်စုလိုက်ထားခဲ့မယ်၊ သဘောတရားတွေကို မှတ်မိနေမယ်၊ စာများများဖတ်ပြီး မင်းအမြင်နဲ့မင်း သုတေသနလုပ်နိုင်မယ်၊ အဲဒါတွေကို ပေါင်းစပ်ပြီး စာတမ်းရေးသားနိုင်မယ်ဆိုရင် ဒီဘာသာရပ်နဲ့ပတ်သက်ပြီး အမှတ်ကောင်းကောင်း ရပြီလို့သာ အောက်မေ့ပေတော့။ ဒီဘာသာရပ်ဟာ စီးပွားရေးအသိပညာ အခြေခံနည်းပါးတဲ့ ငါ့အတွက်တော့ အနည်းငယ် ရှုပ်ထွေးခက်ခဲတာ အမှန်ပဲကွ။ ဒါပေမယ့် ဒီဘာသာရပ်ရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ၊ ဆရာကြီးနာကာမူရာ အဓိကပေးချင်တဲ့ မက်ဆေ့ခ်ျက ဘာလဲဆိုတာကိုတော့ ငါဆ၀ါးမိနိုင်ခဲ့တာဟာ ငါ့အတွက် ကံကောင်းမှုလို့ ဆိုရမလား၊ ပါမောက္ခကိုရေးရဲ့ ဘောဂဗေဒဘာသာရပ်တွေအပေါ်မှာ စိတ်ဝင်တစား လုပ်ခဲ့မိတဲ့ အကျိုးကျေးဇူးလို့ ဆိုရမလား ငါမပြောပြတတ်ပါဘူးကွာ။
ဒီဘာသာရပ်ကို မယူမဖြစ် ဘာသာရပ် Required Core Course အဖြစ် သတ်မှတ်တာနဲ့ ပတ်သက်ပြီး ၀ိဝါဒ ကွဲပြားနေတာတွေ ရှိတယ်ကွ။ အချို့ကလည်း ပါမောက္ခ ကိုရေးရဲ့ IPE (Int'l Political Economics) ဘာသာရပ်ဟာ ဒီအကြောင်းအရာတွေကိုလည်း ခြုံငုံမိနေတာမို့ မလိုအပ်ဘူးလို့ ဝေဖန်ကြတယ်။ ငါ့အမြင်ကတော့ အကြောင်းအရာ တူသည်ဆိုဦးတော့၊ မတူညီတဲ့ ပါမောက္ခ ၂ ဦးရဲ့ ကွဲပြားတဲ့ချဉ်းကပ်ဟန်တွေနဲ့ အဲဒီဘာသာရပ်အပေါ် ရှင်းလင်းပို့ချတာတွေကို လေ့လာဆည်းပူးခွင့်ရခြင်းဟာ ပိုကောင်းတယ်လို့ မြင်မိပါတယ်။ ကျောင်းသားတွေရဲ့ အလေးထားမှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရမယ်ဆိုရင်တော့ RCC အဖြစ် မသတ်မှတ်သင့်ဘူးလို့ ငါမြင်မိတယ်။ ဒါကလည်း ငါ့အမြင်သက်သက်ပါလေ။ ငါ့ထက် ပိုပြီးတော့ နားလည်တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေက လိုအပ်တယ်ထင်လို့ ဒီဘာသာရပ်ကို ဒီလိုဖြစ်သင့်ပါတယ်လို့ သင်ရိုးရေးဆွဲခဲ့ကြတာပဲ မဟုတ်လား။ အဲဒီတော့ ဒီဘာသာရပ်ကို ဘယ်လိုပဲသတ်မှတ်သတ်မှတ်၊ ငါတို့လုပ်သင့်တာက တက်ရောက်သင်ယူရမယ့် ဘာသာရပ်တိုင်းမှာ ကိုယ့်အတွက် အကျိုးရှိအောင်၊ အသုံးဝင်အောင် ကြိုးစားအားထုတ် လေ့လာသင်ယူသွားဖို့ လိုအပ်တယ်လို့ပဲ ထင်မြင်မိကြောင်းပါ သူငယ်ချင်းရေ။ မိုးတွေရွာနေဦးမယ်ဆိုရင်တော့ မင်းဆီကို စာတွေ ဆက်တိုက်ဆိုသလို ရောက်လာနေဦးမှာပဲဟေ့။ ပျော်ရွှင်ချမ်းမြေ့ပါစေကွာ။
(Ichiro Nyanmyokyaw)

- Introduction
- The role of International Transactions for the nations in the process of economic development: The economic structure in advanced market economies and developing market economies.
- International Trade Theories
- International Trading System in the IMF-GATT regime and WTO
- International Capital Transfer through FDI and FII (foreign indirect investment) in the global economy and economic development.
- Technology transfer, and changes in the comparative advantages and economic growth.
- International migration: Causes and Impacts on the economies.
- Case Study (1) : Economic relations between Japan and the U.S. through international trade and capital transfer
- Case Study (2) : International trade and capital transfer for the economic development - The case of China
- Case Study (3) : Regional cooperation of ASEAN in the world economy
သင်ကြားနည်းစနစ်ကတော့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ မှတ်စုစာရွက်တွေကို အတန်းထဲမှာ ဝေငှပြီး လက်ချာပေး ဆွေးနွေးတဲ့ပုံစံဖြစ်တယ်။ ကျောင်းသားတွေရဲ့ တစ်ဦးချင်း အမြင်တွေကိုလည်း ဆွေးနွေးစေလေ့ရှိတယ်။ သူ့မျက်မှန်ကြီးကို လက်ကြီးနဲ့ ပင့်တင်ပြီး အတန်းတက်နာမည်စာရင်း စာရွက်ကြီးကို မျက်နှာနဲ့ လက်မ၀က်လောက် အကွာအထိ ဆွဲယူပြီး ကြည့်နေပြီဆိုရင် ဘယ်သူမဲပေါက်တော့မလဲဆိုပြီး အားလုံးက စောင့်နေကြရတယ်။ မယူမဖြစ် ဘာသာရပ်တစ်ခု ဖြစ်တာကြောင့်မို့သာ မဖြစ်မနေ ယူကြရတဲ့ ငါတို့ IR ကျောင်းသားတွေအနေနဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတ၊ အတွေးအမြင် နည်းပါးတယ်ဆိုတာကို သိသူဖြစ်လေတော့ သူစာမေးတဲ့အခါ IDP ကျောင်းသားတွေ၊ PMPP ကျောင်းသားတွေကို အဓိကထားပြီး မေးမြန်းလေ့ရှိတယ်။ မြန်မာက ကျောင်းသားတစ်ယောက်လောက် ဆွေးနွေးပါဦးဆိုရင်တော့ ငါတို့တွေက မျက်နှာကြီးတွေ ခေါင်းငုံ့ပြီး IDP က နောင်တော်ကြီး ကိုညီညီထွေး ကို လက်တို့ကြတော့တာပဲဟေ့။ ဘေးတစ်ဖက်တစ်ချက်ကနေ လက်နဲ့ထူပြီး မတ်တတ်မရပ်ရပ်အောင် ဆွဲမထူရုံတမယ် သူ့ကိုပဲ လက်တတို့တို့၊ နာမည်တခေါ်ခေါ် လုပ်ကြတာပဲကွ။ အင်မတန်ချစ်ဖို့ကောင်းတဲ့ စနောက်လို့ကောင်းတဲ့ အစ်ကိုကြီးပါကွာ။ မင်းလည်း ဒီရောက်တဲ့အခါ သူ့ကို ခင်သွားမှာ အသေအချာပါပဲ။ သူ့ခမျာလည်း အများပြည်သူက တောင်းဆိုလေတော့ မနေသာတော့ဘူးပေါ့ကွာ။ သူသိထားသမျှကို တဝေါဝေါနဲ့ သွန်ချတော့တာပေါ့။ တစ်ခါတလေ သူဘာပြောနေသလဲဆိုတာ ငါကတော့ နားမလည်ပါဘူးကွာ။ ဆရာကြီး နာကာမူရာကတော့ ခေါင်းတညိတ်ညိတ်နဲ့ဆိုတော့ သူပြောတာ အဆင်ပြေလို့ ဖြစ်မှာပေါ့။ ကဲ.. သင်ကြားမှုအကြောင်း ဆက်ပြောရရင် မင်းအနေနဲ့ ဒီဘာသာရပ်ကို တက်ရောက်နေစဉ်မှာ စာတမ်းငယ်နှစ်ခု တင်ဖို့လိုအပ်တယ်ကွ။ သင်တန်းလယ် စာတမ်းငယ်တစ်စောင်နဲ့ သင်တန်းဆုံး စာတမ်းငယ်တစ်စောင် ဖြစ်ကြတယ်။ ဆရာကြီးကလည်း အဲဒီစာတမ်းငယ်တွေ ရေးတဲ့အချိန်မှာ ဘယ်သဘောတရားတွေကို အဓိကပါအောင် ရေးရမယ်ဆိုတာ ပြောဆိုညွှန်ပြလေ့ရှိတယ်။ အဲဒီအကြောင်းအရာတွေ သင်ကြားပို့ချတဲ့ အချိန်မှာလည်း ဒီနေ့သင်မယ့်ဟာတွေဟာ စာတမ်းရေးတဲ့ အချိန်မှာ ထည့်သွင်းရေးသားရမှာတွေ ဖြစ်တယ်လို့ ကြိုတင်သတိပေးလေ့ရှိတယ်။ ဆရာကြီးသင်တဲ့ အချိန်တုန်းက ဂရုတစိုက် မှတ်စုလိုက်ထားခဲ့မယ်၊ သဘောတရားတွေကို မှတ်မိနေမယ်၊ စာများများဖတ်ပြီး မင်းအမြင်နဲ့မင်း သုတေသနလုပ်နိုင်မယ်၊ အဲဒါတွေကို ပေါင်းစပ်ပြီး စာတမ်းရေးသားနိုင်မယ်ဆိုရင် ဒီဘာသာရပ်နဲ့ပတ်သက်ပြီး အမှတ်ကောင်းကောင်း ရပြီလို့သာ အောက်မေ့ပေတော့။ ဒီဘာသာရပ်ဟာ စီးပွားရေးအသိပညာ အခြေခံနည်းပါးတဲ့ ငါ့အတွက်တော့ အနည်းငယ် ရှုပ်ထွေးခက်ခဲတာ အမှန်ပဲကွ။ ဒါပေမယ့် ဒီဘာသာရပ်ရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ၊ ဆရာကြီးနာကာမူရာ အဓိကပေးချင်တဲ့ မက်ဆေ့ခ်ျက ဘာလဲဆိုတာကိုတော့ ငါဆ၀ါးမိနိုင်ခဲ့တာဟာ ငါ့အတွက် ကံကောင်းမှုလို့ ဆိုရမလား၊ ပါမောက္ခကိုရေးရဲ့ ဘောဂဗေဒဘာသာရပ်တွေအပေါ်မှာ စိတ်ဝင်တစား လုပ်ခဲ့မိတဲ့ အကျိုးကျေးဇူးလို့ ဆိုရမလား ငါမပြောပြတတ်ပါဘူးကွာ။
ဒီဘာသာရပ်ကို မယူမဖြစ် ဘာသာရပ် Required Core Course အဖြစ် သတ်မှတ်တာနဲ့ ပတ်သက်ပြီး ၀ိဝါဒ ကွဲပြားနေတာတွေ ရှိတယ်ကွ။ အချို့ကလည်း ပါမောက္ခ ကိုရေးရဲ့ IPE (Int'l Political Economics) ဘာသာရပ်ဟာ ဒီအကြောင်းအရာတွေကိုလည်း ခြုံငုံမိနေတာမို့ မလိုအပ်ဘူးလို့ ဝေဖန်ကြတယ်။ ငါ့အမြင်ကတော့ အကြောင်းအရာ တူသည်ဆိုဦးတော့၊ မတူညီတဲ့ ပါမောက္ခ ၂ ဦးရဲ့ ကွဲပြားတဲ့ချဉ်းကပ်ဟန်တွေနဲ့ အဲဒီဘာသာရပ်အပေါ် ရှင်းလင်းပို့ချတာတွေကို လေ့လာဆည်းပူးခွင့်ရခြင်းဟာ ပိုကောင်းတယ်လို့ မြင်မိပါတယ်။ ကျောင်းသားတွေရဲ့ အလေးထားမှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရမယ်ဆိုရင်တော့ RCC အဖြစ် မသတ်မှတ်သင့်ဘူးလို့ ငါမြင်မိတယ်။ ဒါကလည်း ငါ့အမြင်သက်သက်ပါလေ။ ငါ့ထက် ပိုပြီးတော့ နားလည်တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေက လိုအပ်တယ်ထင်လို့ ဒီဘာသာရပ်ကို ဒီလိုဖြစ်သင့်ပါတယ်လို့ သင်ရိုးရေးဆွဲခဲ့ကြတာပဲ မဟုတ်လား။ အဲဒီတော့ ဒီဘာသာရပ်ကို ဘယ်လိုပဲသတ်မှတ်သတ်မှတ်၊ ငါတို့လုပ်သင့်တာက တက်ရောက်သင်ယူရမယ့် ဘာသာရပ်တိုင်းမှာ ကိုယ့်အတွက် အကျိုးရှိအောင်၊ အသုံးဝင်အောင် ကြိုးစားအားထုတ် လေ့လာသင်ယူသွားဖို့ လိုအပ်တယ်လို့ပဲ ထင်မြင်မိကြောင်းပါ သူငယ်ချင်းရေ။ မိုးတွေရွာနေဦးမယ်ဆိုရင်တော့ မင်းဆီကို စာတွေ ဆက်တိုက်ဆိုသလို ရောက်လာနေဦးမှာပဲဟေ့။ ပျော်ရွှင်ချမ်းမြေ့ပါစေကွာ။
(Ichiro Nyanmyokyaw)
No comments:
Post a Comment