Friday 23 November 2018

တပ်လှန့်

ဟေမိုဂလိုဘင် A1c က သွေးထဲမှာ 6.2% အောက်ရှိနေရင်အကောင်းဆုံး၊ 6.5% ထက်များနေတယ်ဆိုရင် သွေးချိုရှိနေတယ်ဆိုတဲ့ သဘောပဲ။ ကိုယ်က 6.8% ဆိုတော့ . . . အင်း

မကောင်းတဲ့ အဆီဓာတ် (low density lipoprotein) ကိုလက်စထရောက တစ်ဒက်စီလီတာမှာ 70-149 မီလီဂရမ်ပဲ ရှိသင့်ပေမယ့် ကိုယ့်မှာက 155 မီလီဂရမ်တောင်ရှိနေတယ်။ အရင်တစ်ခါ စစ်တုန်းကတောင် 151 ပဲရှိတာ။ အင်း . . .

သွေးထဲမှာ သွေးဖြူဥတွေ များနေတာ ပြန်ကျသွားပေမယ့် သွေးနီဥတွေ များနေတာက နည်းနည်းတောင် ထပ်တက်လာတယ်။ 400-570 ကြားရှိရမယ့်ဟာက အရင်တစ်ခါ 586 ကနေ အခု 600 ထိတောင် ရောက်လာပြီဆိုတော့ . . . အင်း . . .

ကိုယ်အလေးချိန်ကလည်း ငါးနှစ်အတွင်း ကိုးပေါင်လောက် တက်လာတယ်ဆိုတော့ . . . အင်း . . .

ဘ၀ကဖြင့် မစသေးဘူး ပျက်စီးမယ့် အရိပ်လက္ခဏာတွေက ပြနေပြီ၊ ကိုယ်တွင်းကလီစာတွေ ကောင်းနေသေးတာပဲ ကျေးဇူးတင်ရတော့မလို၊ ဆေးရုံကို ရှောင်ပြေးနေတာ ကြာပြီပေမယ့် ဒီတစ်ခါတော့ တကယ်သွားဖြစ်အောင်သွားပြီး ဆရာဝန်နဲ့ စကားပြောမှ ရတော့မယ်ထင်တယ် :(

၂၃ နိုဝင်ဘာ ၂၀၁၈


Thursday 22 November 2018

တပ်မတော်သားအမတ်များ

တပ်က မူရင်းလစာပဲ ယူခွင့်ရှိတဲ့
တပ်မတော်သားအမတ်များ

လွှတ်တော်ကိုယ်စားလှယ်များ ချီးမြှင့်ငွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေတွေထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ တပ်လစာ (သို့မဟုတ်) လွှတ်တော်ချီးမြှင့်ငွေ တစ်ခုခုကိုသာ ခံစားခွင့်ပြုထားပြီး ရွေးချယ်ခွင့်လည်း ပေးထားပါတယ်။

လွှတ်တော်တက်နေတဲ့ တပ်မတော်သားတွေအတွက်တော့ သာမန်အားဖြင့် လွှတ်တော်ချီးမြှင့်ငွေက တပ်လစာထက် ပိုများပါတယ်၊ ဒါပေမယ့် တပ်မတော်သားများက ဥပဒေအရ ရွေးချယ်မှုပြုရတဲ့အခါ မိမိရဲ့ မူရင်းတပ်မတော်လစာကိုသာ ရွေးချယ်ကြရပါတယ်။

https://www.facebook.com/100028459902293/posts/166508884307774/

နေ့တွက်စရိတ်နဲ့ပတ်သက်ရင်တော့ သီးခြားပြဌာန်းထားတာ မရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံး တစ်ပြေးညီ ထုတ်ပေးပါတယ်။

လွှတ်တော်အမတ်များ ပါဝင်စီမံသုံးစွဲခွင့်ပြုတဲ့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ သိန်းတစ်ထောင်နဲ့လည်း တပ်မတော်သားတွေ ပတ်သက်ရတယ်လို့ မကြားမိပါ။

လွှတ်တော်အမတ်များအတွက် ပေးထားတဲ့ အခြားသောအခွင့်အရေး ရပိုင်ခွင့်ကိစ္စများမှာလည်း တပ်မတော်သားများ ပါဝင်ခံစားခြင်းမရှိပါ

ဗိုလ်ကောင်း


ြ့ပည် ညှပ်ပလာတာ

တန်ဆောင်မုန်းလပြည့်ည
ဆရာ့ရဲ့
ပြည် ညှပ်ပလာတာ ဒါနအတွက်
ဝေယျာဝစ္စကုသိုလ်

အမျှအမျှအမျှ
ယူတော်မူကြပါဗျို့

၂၂ နိုဝင်ဘာ ၂၀၁၈


Wednesday 21 November 2018

နိပွန်ပြည်က ဆေးရုံ

အရပ်အမြင့်
ကိုယ်ပူချိန်
သွေးပေါင်ချိန်
ကိုယ့်ဘာသာစက်နဲ့တိုင်း
စာရွက်မှာဖြည့်
မေးစရာပြောစရာရှိရင်
ထိုင်ခုံမှာစောင့်နေတဲ့လူနာနားကို
ရိုရိုကျိုးကျိုးလေးလာ
ကြမ်းပြင်ပေါ်ဒူးလေးထောက်ထိုင်ပြီး
ကြင်ကြင်နာနာမေးမြန်းပြောပြတဲ့
ကျန်းမာရေးဝန်ထမ်းတွေ

သာဓု သာဓု သာဓု


Monday 19 November 2018

Present from Myanmar

These very fresh chilies are planted and produced by my eight years old daughter, and shipped to me via a group of public service personnel who come to my university as part of their study tour. The most valuable present I have ever received in my life 😘😍😘


Letter from Myanmar



Friday 9 November 2018

The Autumn Walk

I walk through the golden autumn wood
When the leaves are in their decay:
And my heart leaps into its solemn mood
As they wither and drop away.
.

For I think that this life of ours is a tree,
And the leaves are each fresh green hope,
That we keep like the dream of the good to be
For the blossoms that yet will ope.
.

And I know that the years are the slow sure frost
That will nip with a bitter breath
The sweet green buds, till their bloom be lost
In a shadow like that of death.
.

Then woe unto him that, when thus bereft,
And the drear cold gust hath pas'd,
Looks within and can see no leaflet left
That might gladden his eyes at last.
.

What comfort will lie in the claspèd hands,
In the look of doubt and woe,
While the heart in its own deep shadow stands
Looking down at its leaves below?
.

Ah, no! like the tree that I stand beneath,
That, though wither'd, and black, and bare,
Still keeps one leaf that hath stood the breath
Of the cold and unkindly air:
.

May I thus so stand when my heart pours down
Its leaves all sear'd and dry,
Keeping still one leaf though the rest be flown,
And that leaf—my hope on high.
.
Alexander Anderson



Foreign Banks

I really don’t know much about the banking industry. As soon as I saw this document, the 1997 financial crisis came into my mind. Thailand businesses got loans from the foreign banks and could not return it due to the financial collapse of the Thai baht. The bankruptcy of those businesses consequently triggered the crisis and it was not stopping domestically. It also affected the other emerging economies and even an economic giant Japan was not an exception.

Getting loans with low interest rate is really good for businesses.
But. . .



Sunday 4 November 2018

Minami Uonuma


သောင်ကမ်းပြိုလား မဟာမိတ်လား တပ်ကိုပြန်ချော့ပေါင်းမှာလား

ပြည်နယ်တွေမှာ ပါတီကြီးတွေက လက်ရှောင်ပေးတဲ့အကွက် အခု ပြည်ခိုင်ဖြိုးက လုပ်သွားတာ အလုပ်ဖြစ်ပုံရတယ်၊ နောက်ဆုံး လွှတ်တော်ထဲ သမ္မတရွေးတဲ့အထိ အစိုးရဖွဲ့တဲ့အထိ ပေါင်းစပ်ညှိနှိုင်းရမယ့် သဘောပဲ၊ တပ်ချုပ်ကလည်း ပြည်နယ်တွေက မဲသာတဲ့ပါတီ ဝန်ကြီးချုပ် စိတ်ကြိုက်တင်ဖို့ကိစ္စ သဘောထားပေးထားတာရှိနေတော့ အခြေခံဥပဒေ မပြင်ရသေးရင်တောင် ပြည်နယ်ကလာတဲ့ ပြည်ထောင်စုလွှတ်တော်ထဲက အမတ်တွေက တပ်ကိုယ်စားလှယ်နဲ့ ပူးပေါင်းပြီး သမ္မတရွေးတာ အစိုးရဖွဲ့တာ အပေးအယူလုပ်ဖို့ မက်လုံးကရှိနေတယ်

ဒီပုံအတိုင်းဆို ၂၀၂၀ သောင်ပြိုကမ်းပြိုဖို့ ဘယ်သူမှ မလွယ်လောက်ဘူး၊ ပါတီကြီးတစ်ခုကသာ ပြည်ထောင်စုအဆင့်မှာ ၅၀% မကျော်လို့ကတော့ ပွဲက ကြည့်လှအုံးမယ့်ဖြစ်ခြင်း

မဟာမိတ်ဖွဲ့ကြမလား
သောင်ကမ်းပြိုဖို့အားထုတ်မလား

ပြည်ခိုင်ဖြိုးကတော့ မဟာမိတ်လုပ်ငန်းစဉ်ရှိနေပြီ
တပ်နဲ့လည်း အဆင်ပြေတယ်ဆို သောင်ကမ်းပြိုဖို့ရည်မှန်းစရာမလို

တပ်ကိုကလော်တုတ်နေတဲ့ပါတီက ၂၀၂၀ မတိုင်ခင် တပ်ကို ပြန်ချော့ပေါင်းနိုင်ပါ့မလား၊ ပြည်နယ်ပါတီတွေနဲ့ ပြန်ပေါင်းနိုင်ပါ့မလား
ဒါမှမဟုတ်
၂၀၁၅ တုန်းကလို သောင်ကမ်းပြိုဖို့ ရည်မှန်းရလောက်အောင် ယုံကြည်ချက်ရှိသေးရဲ့လား

https://www.facebook.com/100028459902293/posts/157658448526151/

နောက်ဆက်တွဲ

ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားရေးရာဝန်ကြီးလိုနေရာမျိုးကလွဲရင် ပါတီကြီးက ရှောင်ပေးလိုက် ဝင်မပြိုင်နဲ့ ပြည်ထောင်စုအဆင့်နေရာတွေအတွက်ကိုလည်း ပြည်နယ်တစ်ခုကို အများဆုံး သုံးပုံတစ်ပုံလောက်ပဲပြိုင် ကျန်တဲ့နေရာတွေ ဒေသဆိုင်ရာပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထား ကိုယ်ရှောင်ပေးတဲ့နယ်တွေမှာ ကိုယ့်မဟာမိတ်ပါတီကို ကူပြီး မဲဆွယ်ပေး ကိုယ့်ထောက်ခံတဲ့သူတွေကို မဟာမိတ်ပါတီမဲပေးခိုင်း

မဟာမိတ်ပါတီနဲ့ပူးပေါင်းပြီး ရှောင်ပေးတဲ့အကြောင်းကို ဖယ်ဒရယ်ဘာညာစာလုံးမဲကြီးတွေ ခေါင်းစဉ်တပ်ပြီး ကြေညာချက်ကြီးတွေထုတ် အမှတ်ကြီးကြီးယူထား၊ အဲဒီမှာ မရှောင်ဘဲလာပြိုင်တဲ့ပါတီကြီးက နေရင်းထိုင်ရင်း ခွေးလုံးလုံးဖြစ် ဂွမ်း

ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားမဟာမိတ်ပါတီတွေ တပ်ကိုယ်စားလှယ်တွေနဲ့ပေါင်း သမ္မတတင် အစိုးရဖွဲ့တဲ့အခါ ဝန်ကြီးနဲ့ ဒုဝန်ကြီးကို နိုင်ငံရေးသမားနဲ့ ပညာရှင်တွဲပေးထား တိုင်းရင်းသားပါတီတွေက နိုင်ငံရေးသမားတွေ ဝန်ကြီးဒုဝန်ကြီးခန့်ပေး အမှတ်တွေယူ

အခြေခံဥပဒေထဲက တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ပိုပေးမယ့်ပြင်ဆင်ချက်တွေလုပ် အမှတ်တွေထပ်ယူ၊ စိတ်ကြီးဝင်ပြီး ပြည်နယ်အစိုးရဖွဲ့တာတောင် ပြည်နယ်လွှတ်တော်ထဲက အင်အားအများဆုံးပါတီကို အရေးမပါသလိုခေါက်ထားခဲ့ဖူးတဲ့ ဟိုပါတီကြီး နေရင်းထိုင်ရင်း ဂွမ်း

ဗိုလ်ကောင်း ရမ်းတုပ်သည်
 ၄ နိုဝင်ဘာ ၂၀၁၈