Sunday 4 November 2018

သောင်ကမ်းပြိုလား မဟာမိတ်လား တပ်ကိုပြန်ချော့ပေါင်းမှာလား

ပြည်နယ်တွေမှာ ပါတီကြီးတွေက လက်ရှောင်ပေးတဲ့အကွက် အခု ပြည်ခိုင်ဖြိုးက လုပ်သွားတာ အလုပ်ဖြစ်ပုံရတယ်၊ နောက်ဆုံး လွှတ်တော်ထဲ သမ္မတရွေးတဲ့အထိ အစိုးရဖွဲ့တဲ့အထိ ပေါင်းစပ်ညှိနှိုင်းရမယ့် သဘောပဲ၊ တပ်ချုပ်ကလည်း ပြည်နယ်တွေက မဲသာတဲ့ပါတီ ဝန်ကြီးချုပ် စိတ်ကြိုက်တင်ဖို့ကိစ္စ သဘောထားပေးထားတာရှိနေတော့ အခြေခံဥပဒေ မပြင်ရသေးရင်တောင် ပြည်နယ်ကလာတဲ့ ပြည်ထောင်စုလွှတ်တော်ထဲက အမတ်တွေက တပ်ကိုယ်စားလှယ်နဲ့ ပူးပေါင်းပြီး သမ္မတရွေးတာ အစိုးရဖွဲ့တာ အပေးအယူလုပ်ဖို့ မက်လုံးကရှိနေတယ်

ဒီပုံအတိုင်းဆို ၂၀၂၀ သောင်ပြိုကမ်းပြိုဖို့ ဘယ်သူမှ မလွယ်လောက်ဘူး၊ ပါတီကြီးတစ်ခုကသာ ပြည်ထောင်စုအဆင့်မှာ ၅၀% မကျော်လို့ကတော့ ပွဲက ကြည့်လှအုံးမယ့်ဖြစ်ခြင်း

မဟာမိတ်ဖွဲ့ကြမလား
သောင်ကမ်းပြိုဖို့အားထုတ်မလား

ပြည်ခိုင်ဖြိုးကတော့ မဟာမိတ်လုပ်ငန်းစဉ်ရှိနေပြီ
တပ်နဲ့လည်း အဆင်ပြေတယ်ဆို သောင်ကမ်းပြိုဖို့ရည်မှန်းစရာမလို

တပ်ကိုကလော်တုတ်နေတဲ့ပါတီက ၂၀၂၀ မတိုင်ခင် တပ်ကို ပြန်ချော့ပေါင်းနိုင်ပါ့မလား၊ ပြည်နယ်ပါတီတွေနဲ့ ပြန်ပေါင်းနိုင်ပါ့မလား
ဒါမှမဟုတ်
၂၀၁၅ တုန်းကလို သောင်ကမ်းပြိုဖို့ ရည်မှန်းရလောက်အောင် ယုံကြည်ချက်ရှိသေးရဲ့လား

https://www.facebook.com/100028459902293/posts/157658448526151/

နောက်ဆက်တွဲ

ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားရေးရာဝန်ကြီးလိုနေရာမျိုးကလွဲရင် ပါတီကြီးက ရှောင်ပေးလိုက် ဝင်မပြိုင်နဲ့ ပြည်ထောင်စုအဆင့်နေရာတွေအတွက်ကိုလည်း ပြည်နယ်တစ်ခုကို အများဆုံး သုံးပုံတစ်ပုံလောက်ပဲပြိုင် ကျန်တဲ့နေရာတွေ ဒေသဆိုင်ရာပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထား ကိုယ်ရှောင်ပေးတဲ့နယ်တွေမှာ ကိုယ့်မဟာမိတ်ပါတီကို ကူပြီး မဲဆွယ်ပေး ကိုယ့်ထောက်ခံတဲ့သူတွေကို မဟာမိတ်ပါတီမဲပေးခိုင်း

မဟာမိတ်ပါတီနဲ့ပူးပေါင်းပြီး ရှောင်ပေးတဲ့အကြောင်းကို ဖယ်ဒရယ်ဘာညာစာလုံးမဲကြီးတွေ ခေါင်းစဉ်တပ်ပြီး ကြေညာချက်ကြီးတွေထုတ် အမှတ်ကြီးကြီးယူထား၊ အဲဒီမှာ မရှောင်ဘဲလာပြိုင်တဲ့ပါတီကြီးက နေရင်းထိုင်ရင်း ခွေးလုံးလုံးဖြစ် ဂွမ်း

ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားမဟာမိတ်ပါတီတွေ တပ်ကိုယ်စားလှယ်တွေနဲ့ပေါင်း သမ္မတတင် အစိုးရဖွဲ့တဲ့အခါ ဝန်ကြီးနဲ့ ဒုဝန်ကြီးကို နိုင်ငံရေးသမားနဲ့ ပညာရှင်တွဲပေးထား တိုင်းရင်းသားပါတီတွေက နိုင်ငံရေးသမားတွေ ဝန်ကြီးဒုဝန်ကြီးခန့်ပေး အမှတ်တွေယူ

အခြေခံဥပဒေထဲက တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ပိုပေးမယ့်ပြင်ဆင်ချက်တွေလုပ် အမှတ်တွေထပ်ယူ၊ စိတ်ကြီးဝင်ပြီး ပြည်နယ်အစိုးရဖွဲ့တာတောင် ပြည်နယ်လွှတ်တော်ထဲက အင်အားအများဆုံးပါတီကို အရေးမပါသလိုခေါက်ထားခဲ့ဖူးတဲ့ ဟိုပါတီကြီး နေရင်းထိုင်ရင်း ဂွမ်း

ဗိုလ်ကောင်း ရမ်းတုပ်သည်
 ၄ နိုဝင်ဘာ ၂၀၁၈


No comments:

Post a Comment