Showing posts with label notes. Show all posts
Showing posts with label notes. Show all posts

Thursday, 6 July 2023

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကို လိုအပ်နေဆဲလား

. . . ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ခုခေတ်အခါမှာ ဘာကြောင့် ဆက်လက်လိုအပ်နေသေးဆိုတာကို ဆွေးနွေးထားတဲ့ ဆောင်းပါးတစ်ပုဒ် Foreign Affiars ရဲ့ ဇူလိုင်-ဩဂုတ်လထုတ်မှာ ပါလာတယ်။ ရေးတဲ့သူက အရင်တုန်းက နိုင်ဂျီးရီးယားနိုင်ငံမှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၂၀၁၁-၂၀၁၅ တာဝန်ယူခဲ့ဖူးတဲ့သူဖြစ်ပြီး အခုလက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က Director General တာဝန်ထမ်းဆောင်နေတဲ့သူ၊ Ngozi Okonjo-Iweala ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးက မရှိမဖြစ် လိုအပ်နေသေးတဲ့အကြောင်းကို အဓိကဇောင်းပေးပြီး ရှင်းပြထားတာ
.
. . . ၁၉၄၅ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်း နိုင်ငံတကာစီးပွားရေးအထိုင်ချဖို့ ကြိုးစားကြတဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့အပြင် နောက်ပိုင်းမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုတာပါ ပေါ်လာပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့ရာမှာ အခုအချိန်အထိ ၇၅ နှစ်တာကာလအတွင်း တိုးတက်မှုတွေ အများကြီးရခဲ့တယ်လို့ ဆောင်းပါးအဖွင့်မှာ ပြောထားပါတယ်။ ဒီလိုတိုးတက်မှုတွေကြောင့် ဆင်းရဲမွဲတွေမှုတွေကိုလည်း အတိုင်းအတာကြီးကြီးမားမား လျှော့ချနိုင်ခဲ့တာ၊ ကုန်သွယ်ရေးတွေတိုးလာခဲ့တာ နဲ့ တစ်ဦးချင်းဝင်ငွေတွေ တိုးလာခဲ့တဲ့အကြောင်း ကိန်းဂဏန်းတွေနဲ့ ပြောထားပါတယ်။
.
. . . ဒီလိုတိုးတက်မှုတွေ ရှိလာခဲ့ပေမယ့် သိပ်မကြာခင်နှစ်တွေအတွင်းက ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြုံရတာ၊ ကိုဗစ်ကပ်ဘေးဖြစ်တာ နဲ့ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွေကြောင့် အရင်တုန်းက ယုံကြည်ခဲ့တာတွေကို စွန့်ပယ်လိုက်ရတော့မှာလားလို့ သံသယတွေတိုးပွားလာခဲ့တဲ့အကြောင်း၊ လက်ရှိ အမြင်သစ်တွေအရဆို အစဉ်အလာ လက်ခံလာခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း သဘောတရားတွေက နိုင်ငံတွေကို အင်အားသန်စွမ်းလာဖို့ နေနေသာသာ ပိုပြီးအန္တရာယ်ရှိတဲ့ အနေအထားကို တွန်းပို့နေသလို ဖြစ်နေကြောင်း၊ နိုင်ငံအချင်းချင်း အပြန်အလှန်မှီခိုနေရမှု သဘောတရားထက် မိမိဘာသာလွတ်လပ်စွာရှင်သန်ရပ်တည်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေထက် ကိုယ့်နိုင်ငံနဲ့ပလဲပနံသင့်တဲ့ နိုင်ငံ လက်တစ်ဆုပ်စာလောက်နဲ့ပဲ စခန်းသွားကြမလားဆိုတာ တွေးလာကြတဲ့အကြောင်း ရေးထားပါတယ်။
.
. . . စာရေးသူကတော့ ဒီအတွေးတွေကို လက်မခံပါဘူး။ ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုတာရယ်၊ အမယ်ဘုတ်ကဲ့ သူ့ချည်ခင်လို ရှုပ်ထွေးပွေလီနေတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မှန်ပေမယ့် ရာသီဥတုပြောင်းလဲမှု၊ တန်းတူညီမျှမှု မရှိခြင်းနဲ့ ကပ်ဘေးတွေ ကို တိုက်ဖျက်ပစ်ဖို့ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအပါအဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွေက အရင်ကထက်တောင် ပိုပြီး လိုအပ်နေသေးတာကြောင့်လို့ ဆိုပါတယ်။ သူ့စကားလုံးအရဆို ကမ္ဘာကြီးရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးကို နောက်ပြန်ဆုတ်တဲ့ De-Globalization လုပ်ရမှာမဟုတ်ဘဲ ပြန်လည်သုံးသပ်ပြုပြင်မွမ်းမံပြင်ဆင်တဲ့ Re-Globalization လုပ်ရမှာဖြစ်တယ်လို့ ဆိုတာပါ။ လက်ရှိအားနည်းချက်တွေလို့ မြင်နေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးကို တစ်နည်းတစ်ဖုံပြန်လည်ပြင်ဆင်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရအုံးမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
.
. . . ပြောရမယ်ဆိုလို့ရှိရင် De-Globalization သဘောတရားဆိုတာ ကိုဗစ်ကပ်ဘေးမတိုင်ခင်ကတည်းက De-Coupling လို့ခေါ်တဲ့ ကမ္ဘာကြီးနှစ်ခြမ်းကွဲတဲ့ အခြေအနေနဲ့အတူ ဖြစ်နေခဲ့တာဖြစ်ပါတယ်။ မဟာဗျူဟာမြောက်အရေးပါတယ်ဆိုတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို တင်ပို့တင်သွင်းမှုတွေ ကန့်သတ်ကြရင်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပါးကိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ Tit for tat ဝါဒတွေနဲ့ အပြန်အလှန် တိုက်ခိုက်နေကြရင်းက ကိုဗစ်ကပ်ဘေး နဲ့ ယူကရိန်းစစ်ရေးပဋိပက္ခတွေက အဲသည်အကွဲအပြဲကို လောင်စာထည့်လိုက်သလိုဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
.
. . . အပြင်ပန်းအမြင်မှာတော့ ဆိုခဲ့ပါအတိုင်းဖြစ်နေပေမယ့် ကမ္ဘာ့ကုန်သွယ်ရေး ကိန်းဂဏန်းတွေအရတော့ ၂၀၂၂ ဟာ စံချိန်တင်ကုန်သွယ်ရေးနှစ်ဖြစ်ခဲ့ပါသတဲ့။ အမေရိကန်ရဲ့ ကုန်သွယ်မှုတန်ဖိုးဟာလည်း ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်ထက် ၂၄ ရာခိုင်နှုန်းများတဲ့ ၆၉၁ ဘီလီယံဖိုးအထိ ရောက်ခဲ့ပြီး ကမ္ဘာ့ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကုန်သွယ်ရောင်းဝယ်ကြတဲ့ ထောက်ပံ့ရေးကွင်းဆက်ဟာလည်း အရင့်အရင်တုန်းကလိုပဲ မပြောင်းမလဲ ရှိနေသေးတာကို ပြသနေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက စီးပွားရေးသမားတွေအနေနဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှု ဈေးနှုန်းတွေ အရည်အသွေးတွေကိုသာ ထည့်သွင်းစဉ်းစားရောင်းဝယ်ခွင့် ရခဲ့ပြီး နိုင်ငံရေးဆိုင်ရာသဘောတရားတွေကို သိပ်ထည့်တွက်စရာ မလိုခဲ့ဘူးဆိုတဲ့ သဘောပါပဲ။
.
. . . ကိုဗစ်ကပ်ဘေးကြီးအတွင်းမှာလည်း ၂၀၂၀ ပြည့်နှစ်မှာ ကုန်သွယ်မှုပမာဏ ရှစ်ရာခိုင်နှုန်း လျော့ကျခဲ့ပေမယ့် ဆေးနဲ့ ဆေးပစ္စည်းတွေ ကုန်သွယ်မှုတန်ဖိုးကတော့ ၁၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ နာခေါင်းစည်းအထည်တွေ ရောင်းဝယ်မှုက ငါးဆ တိုးလာခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးတွေလည်း အကြိမ်ရေဘီလီယံနဲ့ချီ ထုတ်လုပ်ရောင်းချနိုင်ခဲ့တာကြောင့်မို့လို့ ကမ္ဘာ့ကုန်သွယ်ရေးဆိုတာကြီးသာ မရှိခဲ့ရင် ကိုဗစ်ကနေ ပြန်ပြီးအခုလောက်မြန်မြန် နာလံထူနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
.
. . . အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် မှီခိုနေရတဲ့သဘောသဘာဝရှိတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းသဘောတရားကို နောက်ပြန်ဆုတ်ပြီး ကိုယ့်နိုင်ငံကိုယ်ပဲအားကိုး၊ ကိုယ်နဲ့ မိတ်ဘက်လက်တစ်ဆုပ်စာကိုပဲ အားကိုးတဲ့ De-Globalization လမ်းကြောင်းကိုသွားမလား၊ ဒါမှမဟုတ် ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အားနည်းချက်နဲ့ လိုအပ်ချက်တွေကို ပြင်ဆင်မွမ်းမံဖြည့်စွက်ပြီး Re-Globalization သဘောတရားနဲ့ ဆက်သွားမလားဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။ ကမ္ဘာ့ဘဏ်ပညာရှင်တွေကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်မှီခိုရမှု သဘောတရားကို အလွန်အကျွံမဖြစ်စေဘဲ ကျင့်သုံးမယ်ဆိုရင် ဖြစ်ခဲ့တဲ့ ပြဿနာတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်တဲ့အပြင် အရင်တုန်းက ကမ္ဘာ့ထုတ်လုပ်ရေးကွင်းဆက် အပြင်ဘက်ရောက်နေတဲ့ နိုင်ငံတွေကိုပါ ထုတ်လုပ်ရေးကွင်းဆက်ထဲ ရောက်လာအောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့
.
. . . ဒီနေရာမှာ ရှင်းပြထားတဲ့ သဘောတရားတစ်ခုကတော့ Re-Shoring နဲ့ Near-Shoring ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်ပါတယ်။ တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ ရလဒ်အဖြစ် အမေရိကန်က တရုတ်မှာ ထားရှိတဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန်နိုင်ငံထဲ ပြန်လာအောင် လုပ်ဆောင်ခဲ့တာတွေကို ပြောတာပါ။ တချို့ကိစ္စတွေမှာ ဒီလိုလုပ်ဆောင်ချက်တွေကို မလွှဲမရှောင်သာ ကြုံရပေမယ့် အချို့ကဏ္ဍတွေမှာတော့ ဒီလိုလုပ်တာကြောင့် ကုန်ကျစရိတ်တွေ မတန်တဆ တက်လာစေပါတယ်တဲ့။ တကယ်လို့သာ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားခဲ့ရင် ရေရှည်မှာ အရည်အသွေးနဲ့ နည်းပညာအခြေပြု ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ဝင်ငွေနိမ့်နိုင်ငံတွေမှာ ဝင်ငွေလျော့ကျတာ၊ ဖွံ့ဖြိုးရေးရည်မှန်းချက်တွေ ထိခိုက်တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
.
. . . ကုန်ထုတ်လုပ်ငန်းတွေ နေရာပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး မိတ်ဖက်နိုင်ငံတွေဆီပြောင်းရွှေ့မယ်ဆိုလို့ရှိရင်လည်း မေးစရာရှိတာက မိတ်ဖက်နိုင်ငံဆိုတာဘာလဲ၊ ကုန်စည်ထုတ်လုပ်တင်ပို့ရောင်းချရေးနဲ့ ပတ်သက်လာရင် မိတ်ဖက်ဆိုတာ ရှိရောရှိရဲ့လားလို့ မေးစရာဖြစ်လာပါတယ်။ ကုန်သွယ်ရေးနဲ့ပတ်သက်ရင် အဖေအရင်းတောင် ဓားနဲ့လိုက်တယ်လို့ ဆိုရလောက်အောင် နိုင်ငံတွေက ဆတ်ဆတ်ထိမခံ ဖြစ်တတ်ကြလွန်းလို့ ကုန်သွယ်ရေးမှာ မိတ်ဖက်မရှိ ပြိုင်ဘက်သာရှိ၏လို့ ဆိုရမလိုတောင်ပါပဲ
.
. . . ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး နဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စအဆက်အစပ်ကို ပြောရမယ်ဆိုရင် ကုန်သွယ်ရေးဆိုတာ ရထားတတန်၊ ကားတတန်၊ သင်္ဘောတတန်၊ လေယာဉ်တတန်နဲ့ တစ်နေရာကနေတစ်နေရာ၊ တစ်နိုင်ငံကနေ တစ်နိုင်ငံ ရွှေ့ပြောင်းသယ်ယူကုန်စည်ကူးသန်းရောင်းဝယ်ရတဲ့ကိစ္စမို့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု များပြားတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်တာနဲ့အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာနဲ့ကျတော့ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ ဆိုရမယ့်ကိစ္စပါ။ ဒါပေမယ့်
.
. . . ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကဏ္ဍမပါဘဲနဲ့တော့ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးကို လုပ်ဆောင်နိုင်ဖို့ လမ်းမမြင်ပါဘူး။ ကာဗွန်ကင်းစင်ရေးနည်းလမ်းတွေနဲ့ နည်းပညာတွေ ကုန်စည်တွေ တင်ပို့တင်သွင်းနိုင်ရေး အတွက် တစ်ခုတည်းသော နည်းလမ်းက ကမ္ဘာ့ကုန်သွယ်ရေးသာဖြစ်တာမို့ ဒီနည်းပညာတွေ အပြိုင်အဆိုင် တိုးတက်ကြံဆထုတ်လုပ်တင်ပို့ကြတာတွေကသာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မှာဖြစ်တာမို့ ကုန်သွယ်ရေးကို ပစ်ပယ်လို့ မဖြစ်သေးပါဘူးတဲ့
.
. . . ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကိစ္စတွေမှာ ကုန်သွယ်ရေးရဲ့ အဓိကအနှစ်သာရ သဘောတရားတစ်ခုဖြစ်တဲ့ အခွင့်အလမ်းစရိတ် (Opportunity Cost) နဲ့ နှိုင်းရအားသာချက် ( Comparative Advantage) ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့ဆိုရင် နိုင်ငံတွေအနေနဲ့ စရိတ်စက အသက်သာဆုံး၊ အကျိုးအမြတ်အများဆုံးကိစ္စတွေကို လုပ်ဆောင်တဲ့အခါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှိရင်းစွဲ ပေးထားချက်တွေကို ထည့်သွင်းတွက်ဖို့ မဖြစ်မနေကို လိုအပ်လာပါတယ်။
.
. . . ဒါနဲ့ပတ်သက်ပြီး အားနည်းချက်က ဘာလဲဆိုရင် နိုင်ငံတစ်နိုင်ငံချင်းစီက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ မူဝါဒတွေကို သီးခြားစီ ချမှတ်ကြတဲ့အခါမှာ မူဝဒါတွေ အချင်းချင်း ထိပ်တိုက်တွေ့ကြပြီး နိုင်ငံတိုင်းက ကုန်သွယ်ရေးအတားအဆီးတွေ ပိုပြီး ချမှတ်လာကြရင် အထက်မှာတင်ပြခဲ့တဲ့ အခွင့်အလမ်းစရိတ်တွေတက်ကုန်တာ၊ နှိုင်းရအားသာချက်တွေ နည်းသွားတာတွေကြောင့် ရင်းနှီးမြှပ်နှံမှုအပိုင်းကိုပါ ထိခိုက်လာနိုင်တာကြောင့်မို့လို့ ဒီလိုတွေမဖြစ်အောင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့လို နေရာမျိုးကနေ မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းတာတွေ လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။
.
. . . နောက်တစ်ချက်ပြောတာက သမိုင်းတစ်လျှောက် ကမ္ဘာ့ကုန်သွယ်ရေးက ဆင်းရဲမွဲတေမှုကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့တယ်ဆိုပေမယ့် ကိုဗစ်ကပ်ဘေးနဲ့ ယူကရိန်းစစ်ရေးပဋိပက္ခတို့က ကမ္ဘာ့ပြည်သူ သန်းကိုးဆယ်ကို အလွန်အမင်း ဆင်းရဲမွဲတွေမှုဆိုတဲ့ နွံအတွင်း သက်ဆင်းစေခဲ့တဲ့အပြင် ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေ စောစောထိုး၊ ပိုက်ဆံတွေသုံးပြီး စီးပွားရေးနှိုးဆွမှု အစီအစဉ်တွေလုပ် နဲ့ လုပ်နိုင်ကြတာကြောင့် ဆင်းရဲ့ချမ်းသာကွာဟချက်ကလည်း ပြန်ပြီး ကြီးသွားတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို သုံးပြီးတော့ပဲ ဆင်းရဲတဲ့နိုင်ငံတွေကို ပြန်ပြီးချမ်းသာလာအောင် လုပ်နိုင်မယ်လို့ ဆိုပါတယ်။
.
. . . ကုန်သွယ်ရေးနဲ့ ပြန်ပြီးကြီးပွားကြအောင် လုပ်မယ်ဆိုပေမယ့် အရင့်အရင်တုန်းက ကုန်သွယ်ရေးကြောင့် ချမ်းသာလာတဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်အောင်လုပ်နိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့ လမ်းစဉ်တွေအတိုင်း လိုက်ဖို့တော့ သိပ်ပြီး အလားအလာမရှိလှပါဘူး။ အခုခေတ်မှာ လုပ်ငန်းတော်တော်များများကို လူအစား စက်နဲ့ အစားထိုးလုပ်နိုင်ကြတာကြောင့် ကုန်စည်ထုတ်လုပ်မှုထက် ဝန်ဆောင်မှုကဏ္ဍမှာ ပိုပြီးတိုးတက်အောင်လုပ်ဆောင်ကြဖို့ အကြံပေးထားပါတယ်။ ဝန်ဆောင်မှုဆိုရာမှာ ဒီဂျစ်တယ်လုပ်ငန်းတွေ၊ အွန်လိုင်းပေါ်က ဆက်စပ်လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေလည်း ပါတာကြောင့် ဒီအပိုင်းမှာ ပိုပြီးလုပ်ဆောင်ကြဖို့ လိုတယ်လို့ ဆိုတာဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီဂျစ်တယ် ကုန်သွယ်ရေးနဲ့ပတ်သက်ရင်လည်း ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်နေသေးတာကြောင့် တချို့ကလည်း ရရှိပြီး၊ တစ်ချို့နိုင်ငံတွေကလည်း ဆွေးနွေးနေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
.
. . . ကုန်သွယ်ရေးက ကောင်းတယ်လို့ တစ်လျှောက်လုံး ပြောလာခဲ့ပေမယ့် အဖွင့်မှာ တင်ပြခဲ့သလိုပဲ ကုန်သွယ်ရေးကို လက်နက်သဖွယ်သုံးနေကြတာတွေလည်း ရှိနေပြန်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကိုယ့်နိုင်ငံအတွက် လိုအပ်တဲ့ ကုန်ထုတ်လုပ်ရေးကွင်းဆက်က သွင်းအားစုတွေ ကို တစ်နေရာတည်းက ပုံအော အားကိုးတာထက်စာရင် နေရာများနိုင်သမျှ များများက ရယူနိုင်ဖို့လိုတယ်လို့ အကြံပြုထားပါတယ်။
.
. . . နိဂုံးချုပ်အနေနဲ့ ပြောထားတာက နိုင်ငံတကာကုန်သွယ်ရေးဆိုတာ ကမ္ဘာ့လုံခြုံရေးပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်တဲ့ မှော်ဓာတ်လုံး မဟုတ်သလို လက်ရှိလုံခြုံရေးဆိုင်ရာ အခင်းအကျင်းရဲ့ ပျော့ကွက်အားနည်းချက်တစ်ခုလည်း မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးက ဆိုးကျိုးတွေရှိလို့ဆိုပြီး ပိတ်ပင်လိုက်မယ်ဆိုရင် ပိုပြီးဆိုးရွားတဲ့ အကျိုးဆက်တွေပဲ ရလာနိုင်စရာရှိပါတယ်။ နိုင်ငံတွေအနေနဲ့ တစ်နိုင်နဲ့တစ်နိုင်ငံ အကျိုးစီးပွားဆက်စပ်နေလို့သာ လက်တွဲပူးပေါင်းဆောင်ရွက်ရင်း နိုင်ငံအတွင်းပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အလုပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။
.
. . . အကြံပြုချက်အနေနဲ့ကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့လို နိုင်ငံတကာကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ကြိုးကိုင်စီမံနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းရာမှာ ပိုပြီးတည်ငြိမ်တဲ့၊ ပိုပြီး ကြိုတင်တွက်ဆရလွယ်ကူတဲ့၊ ပိုပြီးပွင့်လင်းမြင်သာရှိတဲ့ အခြေအနေတွေဖြစ်အောင် စုပေါင်းလုပ်ဆောင်ကြဖို့ လိုတယ်လို့ အကြံပြုထားပါတယ်။
.
. . . ခြုံငုံပြီးပြောရရင် ဒီဆောင်းပါးမှာ တင်ပြထားတာက ကမ္ဘာ့ကုန်သွယ်ရေးကြောင့် ကမ္ဘာကြီးက အရင်ကထက် ပိုပြီးချမ်းသာကြွယ်ဝလာတယ်၊ အခုလက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့်တော့ ကမ္ဘာ့ကုန်သွယ်ရေးကို စွန့်ပစ်လိုက်စရာမလိုဘူး၊ အဲသည်အစား ပြန်လည်သုံးသပ်ပြင်ဆင်ကျင့်သုံးရမယ်၊ စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းပြန်လည်ရေးဆွဲကြ၊ လိုက်လည်းလိုက်နာကြပေါ့
.
ဗိုလ်ကောင်း

၆ ဇူလိုင် ၂၀၂၃

Tuesday, 16 July 2013

Daffodils


I wandered lonely as a cloud
That floats on high o'er vales and hills,
When all at once I saw a crowd,
A host, of golden daffodils;
Beside the lake, beneath the trees,
Fluttering and dancing in the breeze.

Continuous as the stars that shine
And twinkle on the milky way,
They stretched in never-ending line
Along the margin of a bay:
Ten thousand saw I at a glance,
Tossing their heads in sprightly dance.

The waves beside them danced; but they
Out-did the sparkling waves in glee:
A poet could not but be gay,
In such a jocund company:
I gazed--and gazed--but little thought
What wealth the show to me had brought:

For oft, when on my couch I lie
In vacant or in pensive mood,
They flash upon that inward eye
Which is the bliss of solitude;
And then my heart with pleasure fills,
And dances with the daffodils.



William Wordsworth


Forever and a day

As You Like It
William Shakespeare
Act 4, Scene 1, Page 7
    

ROSALIND
I might ask you for your commission, but I do take thee, Orlando, for my husband. There’s a girl goes before the priest, and certainly a woman’s thought runs before her actions.


ORLANDO
So do all thoughts. They are winged.


ROSALIND
Now tell me how long you would have her after you have possessed her.
    

ORLANDO
Forever and a day.
 

ROSALIND
Say “a day” without the “ever.” No, no, Orlando, men are April when they woo, December when they wed. Maids are May when they are maids, but the sky changes when they are wives. I will be more jealous of thee than a Barbary cock- pigeon over his hen, more clamorous than a parrot against rain, more newfangled than an ape, more giddy in my desires than a monkey. I will weep for nothing, like Diana in the fountain, and I will do that when you are disposed to be merry. I will laugh like a hyena, and that when thou art inclined to sleep.

Ode to the West Wind

I

O wild West Wind, thou breath of Autumn's being,
Thou, from whose unseen presence the leaves dead
Are driven, like ghosts from an enchanter fleeing,

Yellow, and black, and pale, and hectic red,
Pestilence-stricken multitudes: O thou,
Who chariotest to their dark wintry bed

The wingèd seeds, where they lie cold and low,
Each like a corpse within its grave,until
Thine azure sister of the Spring shall blow

Her clarion o'er the dreaming earth, and fill
(Driving sweet buds like flocks to feed in air)
With living hues and odours plain and hill:

Wild Spirit, which art moving everywhere;
Destroyer and Preserver; hear, O hear!
 

 II

Thou on whose stream, 'mid the steep sky's commotion,
Loose clouds like Earth's decaying leaves are shed,
Shook from the tangled boughs of Heaven and Ocean,

Angels of rain and lightning: there are spread
On the blue surface of thine airy surge,
Like the bright hair uplifted from the head

Of some fierce Maenad, even from the dim verge
Of the horizon to the zenith's height,
The locks of the approaching storm. Thou dirge

Of the dying year, to which this closing night
Will be the dome of a vast sepulchre
Vaulted with all thy congregated might

Of vapours, from whose solid atmosphere
Black rain, and fire, and hail will burst: O hear!
 

III

Thou who didst waken from his summer dreams
The blue Mediterranean, where he lay,
Lulled by the coil of his crystalline streams,

Beside a pumice isle in Baiae's bay,
And saw in sleep old palaces and towers
Quivering within the wave's intenser day,

All overgrown with azure moss and flowers
So sweet, the sense faints picturing them! Thou
For whose path the Atlantic's level powers

Cleave themselves into chasms, while far below
The sea-blooms and the oozy woods which wear
The sapless foliage of the ocean, know

Thy voice, and suddenly grow grey with fear,
And tremble and despoil themselves: O hear!
 

IV

If I were a dead leaf thou mightest bear;
If I were a swift cloud to fly with thee;
A wave to pant beneath thy power, and share

The impulse of thy strength, only less free
Than thou, O Uncontrollable! If even
I were as in my boyhood, and could be

The comrade of thy wanderings over Heaven,
As then, when to outstrip thy skiey speed
Scarce seemed a vision; I would ne'er have striven

As thus with thee in prayer in my sore need.
Oh! lift me as a wave, a leaf, a cloud!
I fall upon the thorns of life! I bleed!

A heavy weight of hours has chained and bowed
One too like thee: tameless, and swift, and proud.
 

V

Make me thy lyre, even as the forest is:
What if my leaves are falling like its own!
The tumult of thy mighty harmonies

Will take from both a deep, autumnal tone,
Sweet though in sadness. Be thou, Spirit fierce,
My spirit! Be thou me, impetuous one!

Drive my dead thoughts over the universe
Like withered leaves to quicken a new birth!
And, by the incantation of this verse,

Scatter, as from an unextinguished hearth
Ashes and sparks, my words among mankind!
Be through my lips to unawakened Earth

The trumpet of a prophecy! O Wind,
If Winter comes, can Spring be far behind?


by Percy Bysshe Shelley

Do You Fear the Wind?

Do you fear the force of the wind,
The slash of the rain?
Go face them and fight them,
Be savage again.
Go hungry and cold like the wolf,
Go wade like the crane:
The palms of your hands will thicken,
The skin of your cheek will tan,
You’ll grow ragged and weary and swarthy,
But you’ll walk like a man!

 Hamlin Garland

Time, You Old Gipsy Man

 TIME, you old gipsy man,   
  Will you not stay,   
Put up your caravan   
  Just for one day?   
 
All things I'll give you             
Will you be my guest,   
Bells for your jennet   
Of silver the best,   
Goldsmiths shall beat you   
A great golden ring,      
Peacocks shall bow to you,   
Little boys sing,   
Oh, and sweet girls will   
Festoon you with may.   
Time, you old gipsy,      
Why hasten away?   
 
Last week in Babylon,   
Last night in Rome,   
Morning, and in the crush   
Under Paul's dome;      
Under Paul's dial   
You tighten your rein—   
Only a moment,   
And off once again;   
Off to some city      
Now blind in the womb,   
Off to another   
Ere that's in the tomb.   
 
Time, you old gipsy man,   
  Will you not stay,      
Put up your caravan   
  Just for one day?   
Ralph Hodgson.

Tuesday, 2 July 2013

သူငယ်ချင်း (၈)မျိုး





 
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
           သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်

(၂) ဖေးမကူညီတဲ့သူငယ်ချင်း
          သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း
           သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
           ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း
          ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။

(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
          သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း
           သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
          ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

           သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

Credit - True War မှ ကူးယူဖော်ပြပေးပါသည် ..