Showing posts with label ခေတ်သမိုင်း. Show all posts
Showing posts with label ခေတ်သမိုင်း. Show all posts

Sunday, 1 November 2020

ဥပဒနေဲ့အညီ


. . . ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့ရက် မတိုင်ခင်လေးမှာပဲ ကိုယ်က တပ်ပြောင်းပါတော့ မူရင်းတပ်မှာ ကြိုတင်ဆန္ဒမဲ ပေးခဲ့ပြီး တပ်အသစ်ကို သွားရတယ်၊ သတင်းပို့ရက် စောစောရချင်လို့ တပ်အသစ်ကို မြန်မြန်သွားချင်တော့ ကြိုတင်ဆန္ဒမဲကို အစောကြီးသွားပေးတယ်၊ ကိုယ်ပေးတဲ့အချိန် ကိုယ့်ရှေ့မှာ လေးငါးယောက်လောက်ပဲ ပေးရသေးတယ်၊ ကိုယ်မဲပေးတဲ့ စာအိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူက အပေါ်က ခဲလေးနဲ့ နာမည်မှတ်တော့ ကိုယ်က ပြောရတယ်၊ ဥပဒေအရ ကြိုတင်မဲလက်မှတ် စာအိတ်အပေါ်မှာ ဘယ်သူ့မဲပါဆိုပြီး မှတ်ခွင့်မရှိဘူး မဲပေးသူရဲ့ လျှို့ဝှက်စွာ မဲပေးခြင်းကို ထိခိုက်တာမို့ မဲကလည်း ပယ်မဲဖြစ်သွားနိုင်တာမို့ အာ့လို မှတ်လို့မရဘူးလို့ ပြောရတယ်၊ အဲသည်တော့မှ အဲသည် တာဝန်ရှိသူက ဟုတ်လား ဆိုပြီး ခဲဖျက်လေးနဲ့ အသာပြန်ဖျက်တယ်၊ အရင်က မှတ်ထားတဲ့ နာမည်လေးတွေကိုလည်း ပြန်ဖျက်ရှာတယ်၊ သူ နာမည်မှတ်တဲ့ ရည်ရွယ်ချက်က ဘယ်သူတွေ မဲပေးပြီးပြီဆိုတာကို စာအိတ်ပေါ်မှာလည်း မှတ်ထားချင်ပုံရတယ် သေချာချင်တာကိုး၊ နောက်တစ်ခုက သူ့ကို ဒီတာဝန်ပေးထားပေမယ့် ဥပဒေရဲ့ အကန့်အသတ်တွေကို သေချာ နားလည်ပုံမပေါ်ဘူး၊ ပြောပြတော့လည်း နားထောင်ပါရဲ့၊ ပြောချင်တာက ဥပဒေကို နားမလည်ဘဲ ချိုးဖောက်မိရင်လည်း မဲပေးသူရဲ့ အခွင့်အရေး ဆုံးရှုံးနိုင်တယ်ဆိုတာပါပဲ
.
. . . ဂီရိမုန်တိုင်းတိုက်နေတဲ့ ရက်တွေထဲမှာပဲ တာဝန်ကျတဲ့ ဧရာဝတီတိုင်းကို ရောက်သွားတယ်၊ မုန်တိုင်းလည်းအစဲမှာ ပထမဆုံး ထမ်းဆောင်ရတဲ့ တာဝန်က ရွေးကောက်ပွဲကျင်းပတဲ့ ရက်မှာ မြို့တစ်မြို့ရဲ့ လုံခြုံရေးတာဝန်၊ သိတဲ့အတိုင်းပဲ မြို့ရဲ့ လုံခြုံရေးတာဝန် အထူးသဖြင့် နိုင်ငံရေးသမားတွေ ပြိုင်ဆိုင်ကြတဲ့ ပွဲတစ်ခုကို လုံခြုံရေးလုပ်ပေးရတဲ့ တာဝန်က အင်မတန် သိမ်မွေ့တယ် အလုပ်မတတ်ရင် နိုင်ငံရေးသမားတွေ အငြင်းပွားမှုကြား ကိုယ်က အချိန်မရွေး မြေစာပင် ဖြစ်သွားနိုင်တာကိုး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်း မြေစာပင်တော့ အဖြစ်မခံနိုင်ဘူး၊ ငါအားကိုးစရာ ဥပဒေပဲရှိတယ်ဆိုပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအကုန် လုံးစေ့ပတ်စေ့ဖတ်တယ်၊ အထူးသဖြင့် လက်နက်ကိုင်ထားတဲ့ လုံခြုံရေးအဖွဲ့ဝင်တပ်မတော်သားတစ်ယောက် ကျော်ခွင့်မရှိတဲ့ စည်းတွေကို လိုက်ရှာတယ်
.
. . . ဥပဒေတွေထဲမှာမှ အထူးသဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ နဲ့ နည်းဥပဒေတွေထဲမှာ ခုနပြောခဲ့တဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ရတဲ့ သေနတ်ကိုင်ထားတဲ့ စစ်သားတစ်ယောက် ကျော်ခွင့်မရှိတဲ့ စည်းတွေကို လိုက်ရှာတယ်၊ တွေ့တယ်၊ ရွေးကောက်ပွဲ ကျင်းပချိန်မှာ မဲရုံပရဝုဏ်အတွင်း ဘယ်သူတွေ ရှိနေခွင့်ရှိလဲဆိုတာ တွေ့တယ်၊ ဥပဒေအရ ကိုယ်က လုံခြုံရေးတာဝန်ထမ်းဆောင်သူ ဆိုပေမယ့် ရဲတပ်ဖွဲ့ဝင်ကိုသာ မဲရုံအတွင်း ရှိနေခွင့်ပေးထားတယ်၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက လုံခြုံရေးတာဝန်ပေးထားသူ မဲရုံအတွင်း ရှိနေခွင့်ပေးထားတယ်၊ တခြားနေခွင့်ရှိသူတွေလည်း ရှိသေးတယ်၊ သေချာတာကတော့ ကိုယ့်ကို တာဝန်ပေးထားတာ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုက မဟုတ်တဲ့အတွက် ကိုယ်သည် မဲရုံအတွင်း ရှိနေခွင့်ရှိသူမဟုတ်ဘူး မဲရုံပရဝုဏ်ရဲ့ အပြင်မှာသာ နေခွင့်ရှိသူ၊
.
. . . အဲသည်ဥပဒေကို ဖတ်ပြီးတဲ့အချိန်မှာ တစ်မြို့လုံးမှာရှိတဲ့ ရပ်ကွက်အားလုံးက မဲရုံမှူးတွေကို ကိုယ်တိုင်သွားတွေ့တယ်၊ ကျနော်က မဲပေးမယ့်ရက်မှာ ဒီမြို့ရဲ့ လုံခြုံရေးတာဝန်ကျ အရာရှိဖြစ်ပါတယ်၊ ကျနော်က မဲပေးတဲ့နေ့ မတိုင်ခင်နဲ့ မဲပေးပြီးရက်အထိ တာဝန်မရုပ်သိမ်းမချင်း လုံခြုံရေးတာဝန်ထမ်းဆောင်ရမယ့်သူ ဖြစ်ပါတယ်၊ သို့သော်လည်း ဥပဒေအရ မဲရုံပရဝုဏ်ထဲ ဝင်ခွင့်မရှိသူဖြစ်တာကြောင့် မဲရုံပရဝုဏ်ရဲ့ ပြင်ပမှာ ဘယ်နေရာမှာ ကျနော့်ရဲ့ တပ်ဖွဲ့ဝင်တွေ အနီးကပ်ရှိနေပေးပါတယ်၊ ကျနော်က တစ်မြို့လုံးကို ပတ်နေမှာဖြစ်ပါတယ်၊ ဆရာကြီး ဆရာမကြီး (မဲရုံမှူးတွေက ဆရာဆရာမကြီးတွေ) ဖုန်းနံပတ် ကျနော့်ကို ပေးထားပါခင်ဗျာ ကျနော့်ဖုံးနံပတ်က ဟောသည်မှာပါ နာမည်က ဘယ်သူပါ၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး လိုအပ်သလို အချိန်မရွေးဆက်သွယ်ပါခင်ဗျာ့ ဆိုပြီး မဲရုံတွေပတ်ကြည့် မဲရုံပရဝုဏ်အကျယ်အဝန်းကြည့် သက်ဆိုင်ရာ လက်အောက်ငယ်သားကို သေချာမှာ တွေ့လားဟျောင့် အဲဒီအထဲကို မင်း ဘယ်အချိန်မှာမှ ဘယ်လိုအကြောင်းနဲ့မှ ဝင်ခွင့်မရှိဘူး ဝင်သွားတယ်ကြားလို့ကတော့ ပုံတစ်ပုံ တက်လာလို့ကတော့ မင်းရောငါရော အသေပဲ စသည်ဖြင့် တပေါ်ကျဲ့တွေ သေချာမှာရတာ
.
. . . နောက်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ချိတ်ဆက်ထားပြီး မဲရုံအလိုက် တာဝန်ပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကြိုတင်ချိတ်ဆက် ဖုန်းနံပတ်တွေဖလှယ်လုပ်ရတယ်
.
. . . ရွေးကောက်ပွဲနေ့မှာ မနက်မိုးမလင်းခင်ကတည်းက တစ်မြို့လုံးတပ်ဖြန့်ထားတဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေ လိုက်စစ် ရဲတပ်ဖွဲ့ဝင်တွေ လိုက်နုတ်ဆက် အခြေအနေမေး စသည်ဖြင့် လုပ်ရတာပေါ့၊ အေးအေးချမ်းချမ်းနဲ့ တာဝန်ထမ်းဆောင်ပြီးခဲ့ပါတယ်
.
. . . ရွေးကောက်ပွဲနေ့မှာ လုံခြုံရေးတာဝန်ကျတဲ့ တပ်မတော်သားညီအစ်ကိုတွေ ဥပဒေဘောင်အတွင်းကနေ တာဝန်ကို အေးချမ်းချောမွေ့စွာ အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ကြပါစေ
.
ဗိုလ်ကောင်း
၁ နိုဝင္ဘာ ၂၀၂၀

Wednesday, 7 October 2020

တင်သွင်းလွှာ ၁/၂၀၂၀


. . . ဥပဒေကိစ္စတွေတော့ သိပ်နားမလည်ပေမယ့် မနေ့က လုပ်တဲ့ အခြေခံဥပဒေခုံရုံး တင်သွင်းလွှာ ကြားနာမှုနဲ့ ပတ်သက်ပြီး မြင်တာလေးတွေပြောချင်တယ်
.
ဝန်ကြီးချုပ်က တင်သွင်းခွင့်ရှိမရှိ
.
. . . ဆုံးဖြတ်ရမယ့်အချက် နံပတ်တစ်ဟာ ကယားပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ခုံရုံးကို တင်သွင်းခွင့် ရှိမရှိကိစ္စဖြစ်ပါတယ်၊ စာရွက်စာတမ်းတွေအပေါ် ဖော်ပြထားတဲ့ ရက်စွဲတွေအရ ဝန်ကြီးချုပ်ဟာ တာဝန်က ရပ်စဲမခံရခင်မှာ တင်တယ်လို့ဆိုတယ်၊ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ်မှာ တင်သွင်းခဲ့တာဆိုရင် ဒါကို ခုံရုံးက လက်ခံထိုက်တယ်လို့ ယူဆလို့ရတယ်၊ ခုံရုံးက တင်သွင်းလွှာကို လက်ခံကြားနာထိုက်တယ်လို့ ဆုံးဖြတ်ခဲ့ရင် အမှုက ရှေ့ဆက်သွားမယ်၊ လက်မခံရင် အမှုက ဘာမှ ဆက်လုပ်စရာမလိုတော့ဘူး
.
ဝန်ကြီးချုပ်လား အယ်ဖောင်းရှိုလား
.
. . . အခု အမှုကို လက်ခံကြားနာထိုက်တယ်လို့ ခုံရုံးက ဆုံးဖြတ်ပြီး ဆက်လက် ကြားနာစစ်ဆေးခဲ့မယ်ဆိုရင် ဒီအမှုဟာ ဘယ်သူတင်တာလဲဆိုတာ ဥပဒေကြောင်းအရ ရှင်းလင်းဖို့ လိုမယ်လို့ထင်တယ်၊ အခြေခံဥပဒေအရ ခုံရုံးကို နည်းလမ်းတကျ တင်သွင်းခွင့်ရှိတာ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပါတယ်၊ တာဝန်က ရပ်စဲခံရတဲ့ ဦးအယ်ဖောင်းရှို မဟုတ်ပါဘူး၊ ဒါကြောင့် သူတာဝန်က ရပ်စဲသွားတဲ့ နောက်မှာ ဒီအမှုကို လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်က ရာထူးတာဝန်အရ ဒီအမှုကို ဆက်ခံရပါမယ်။ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ကသာ အမှုကို ဆက်လက် ရင်ဆိုင်ရပါမယ်၊ လက်ရှိ ဝန်ကြီးချုပ်က တာဝန်လွှဲအပ်တဲ့ ရှေ့နေကသာ ရုံးတော်မှာ လျှောက်လဲခွင့်ရှိရပါမယ်၊ အခု လက်ရှိ ရုံးတော်မှာ ဦးအယ်ဖောင်းရှိုရဲ့ ပုဂ္ဂိုလ်ရှေ့နေက လာရောက်လျှောက်လဲနေတာ နည်းလမ်းကျတယ်လို့ မထင်ပါဘူး။ ဒါကိုလည်း ရုံးတော်က ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးကိစ္စလို့ ထင်ပါတယ်
.
ရုံးတော်သဟာယ
.
. . . ခုံရုံးက ရုံးတော်သဟာယ ဖိတ်ခေါ်တဲ့အခါမှာ ရှေ့နေချုပ်ရုံးကို ဖိတ်ခေါ်ခဲ့တဲ့အတွက် ရှေ့နေချုပ်ကိုယ်စား ညွှန်ကြားရေးမှူးချုပ်တစ်ယောက် တက်ရောက်တာကို တွေ့ရပါတယ်၊ ရုံးတော်သဟာယရဲ့ ပြောကြားချက်တွေကလည်း မူလတင်သွင်းလွှာမှာပါတဲ့ အချက်တွေကို ထောက်ခံတဲ့သဘောမျိုး တင်ပြသွားတာ တွေ့ရပါတယ်၊ ကိုယ့်အမြင်အရ ပြောရရင် အုပ်ချုပ်ရေးမဏ္ဍိုင်အကြီးအကဲ နိုင်ငံတော်သမ္မတ အမည်ပေးပို့ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးအာဏာပိုင် ဝန်ကြီးချုပ်ကို ဥပဒေပြုရေးအာဏာပိုင် ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ဖြုတ်ချခဲ့လို့ ဖြစ်ခဲ့ရတဲ့ နောက်ဆက်တွဲအဖြစ် အခြေခံဥပဒေခုံရုံးကို ရောက်လာတဲ့ ကိစ္စမှာ အုပ်ချုပ်ရေးအကြီးအကဲ သမ္မတက ခန့်အပ်ထားတဲ့ ရှေ့နေချုပ်ကို ရုံးတော်သဟာယအဖြစ် ဖိတ်ကြားတာက ရာထူးအာဏာအလျောက် ဩဇာလွှမ်းမိုးမှု မကင်းနိုင်ဘူးလို့ သံသယဖြစ်ဖွယ်ရှိပါတယ်၊ ဒါကြောင့် ရုံးတော်သဟာယအဖြစ် အုပ်ချုပ်ရေး နဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေနဲ့ လွတ်ကင်းတဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီတို့လို ကြားနေအဖွဲ့အစည်း ပုဂ္ဂိုလ်မျိုးကိုသာ ရုံးတော်သဟာယအဖြစ် ဖိတ်ကြားဖို့ ပိုမိုသင့်လျော်မယ်လို့ ယူဆပါတယ်
.
ခုံရုံးရဲ့ သမာသမတ်ကျမှု
.
. . . အခြေခံဥပဒေအရ ခုံရုံးကို သမ္မတနဲ့ လွှတ်တော်ဥက္ကဌ နှစ်ယောက်တို့က တရားသူကြီးသုံးဦးစီ အမည်စာရင်းပေး ခန့်အပ်ထားတာမို့ တရားသူကြီး ကိုးဦးလုံးက လက်ရှိ အာဏာရပါတီက အလုံးစုံခန့်အပ်ထားတဲ့ တရားသူကြီးတွေ ဖြစ်နေတဲ့ အချက်လည်း ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်နိုင်ဖွယ်ရှိပါတယ်၊ (အခြေခံဥပဒေပြင်ဆင်ရေးရှုထောင့်ပြောရရင်) ခုံရုံးရဲ့ ဖွဲ့စည်းပုံရယ် သက်တမ်းကိုလည်း အစိုးရသက်တမ်းနဲ့ အတူတူ ပေးထားတာရယ်ကြောင့် အစိုးရတစ်ရပ်ပြောင်းတိုင်း လိုက်ပြောင်းနေမယ့် ခုံရုံးအစား ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဲ့သို့ တရားစီရင်ရေးမဏ္ဍိုင်ကို ခိုင်ခိုင်ခံ့ခံ့ ထိန်းကျောင်းနိုင်တဲ့ စနစ်မျိုးပြင်ဆင်ဖို့လိုမယ်လို့ ထင်ပါတယ်
.
ကယားလွှတ်တော်စုံစမ်းရေးအဖွဲ့မှာစွပ်စွဲသူပါနေတဲ့ကိစ္စ
.
. . . ဥပဒေပြဌာန်းချက်များမှာ တားမြစ်မထားပေမယ့် စွပ်စွဲသူကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲ ထည့်ဖွဲ့တာက သာမန်အားဖြင့်တော့ မလုပ်သင့်တဲ့ ကိစ္စလို့ ထင်ပါတယ်၊ ဒါပေမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းရုံသာဖြစ်ပြီး ဆုံးဖြတ်တာက ကယားလွှတ်တော်သာဖြစ်တဲ့အတွက် ဘယ်သူစုံစမ်းစစ်ဆေးခဲ့တယ်ဆိုတဲ့အချက်က အယ်လ်ဖောင်းရှို ဖြုတ်ချခံရတဲ့ ကိစ္စမှာ သက်ရောက်မှု ကြီးမယ်လို့တော့ မထင်မိပါဘူး
.
. . . အခုပြောခဲ့တာက ကိုယ့်အမြင်သက်သက်ပါ၊ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ထွက်လာတဲ့အခါ လက်ရှိအာဏာရပါတီရဲ့ အစိုးရနဲ့ လွှတ်တော်အကြီးအကဲတွေက ခန့်အပ်ထားတဲ့ တရားသူကြီးတွေ အမှုကို ဘယ်လိုဆုံးဖြတ်ကြမလဲဆိုတာကြည့်ပြီး သူတို့ရဲ့ တရားမျှတမှုအယူအဆကို အကဲဖြတ်ကြပါစို့
.
ဗိုလ်ကောင်း
၇ အောက်တိုဘာ ၂၀၂၀
.
တစ်နာရီခွဲလောက်ကြာတဲ့ ခုံရုံးကြားနာချက် အပြည့်အစုံကို ဒီနေရာမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်
https://youtu.be/ikE_PCleP38

Friday, 21 August 2020

ထူးမခြားနား


. . . စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပြည်ထောင်စု သဘောတူစာချုပ်များမှာ ပါရှိတဲ့ အပိုင်း ၃ အခြေခံမူများနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်သွားမှာဖြစ်ပါတယ်။
.
. . . ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ #စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားလုံးကို သုံးသွားတာ တွေ့ပါတယ်၊ ( #စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဆိုတဲ့ စကားလုံးကို သတိရစရာဖြစ်ပါတယ်)၊ ဒီမိုကရေစီကို ရှေ့က နာမဝိသေသနတွေတပ်ထားတာကို ဝေဖန်ခဲ့ကြတဲ့သူတွေအနေနဲ့ အခု ဒေါ်အောင်ဆန်းစုကြည်က ဖယ်ဒရယ်ပြည်ထောင်စုကို ရှေ့က စစ်မှန်၍ ဆိုတဲ့ နာမဝိသေသန တပ်လိုက်တာကိုရော ဘယ်လို အမြင်ရှိကြမလဲ ဆိုတာ စိတ်ဝင်စားမိပါတယ်။ 
.
. . . ဖယ်ဒရယ်စနစ်ရဲ့ အခြေခံမူတွေဖြစ်တဲ့ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု၊ ဖယ်ဒရယ်ယူနစ်တွေ တန်းတူရည်တူရှိမှု၊ ပြည်နယ်တွေကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အတွက် ကိုယ်ပိုင်အခြေခံဥပဒေတွေရှိမှု ဆိုတဲ့ အချက် ငါးချက်ကို ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာမှာ ပြုလုပ်ခဲ့တဲ့ NCA စာချုပ်လက်မှတ်ထိုးခြင်း ၄ နှစ်မြောက် အခမ်းအနားမှာ သူမအဆိုပြုခဲ့တာလို့ ဆိုပါတယ်။ အဲသည် အချက်ငါးချက်ထဲက ပြည်နယ်(တိုင်းဒေသကြီး)တွေ ကိုယ်ပိုင်အခြေခံဥပဒေ ရှိရမယ်ဆိုတဲ့ တစ်ချက်ကလွဲပြီး ကျန်တဲ့ အချက်တွေကို အခု ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ထဲ ထည့်သွင်းချုပ်ဆိုနိုင်ခဲ့တယ်လို့ မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပါတယ်။
.
. . . တကယ်တော့ ပြည်နယ်အခြေခံဥပဒေ ဆိုတဲ့ တစ်ချက်က လွဲပြီး အခု စာချုပ်ထဲ ပါဝင်နေတဲ့ ဖယ်ဒရယ်အခြေခံမူ ၄ ချက်က ဒေါ်အောင်ဆန်းစုကြည် အဆိုပြုခဲ့တယ်ဆိုတဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ မတိုင်မီ ၂၀၁၇ မေလ ၂၉ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ (နောက်ပိုင်းမှာ စာချုပ် ၁ လို့ ဆက်သုံးသွားပါမယ်)မှာ အားလုံး ပါရှိပြီး ဖြစ်ပါတယ်။
.
. . . အသေးစိတ် ရှင်းပြပါမယ်။ ဒီနှစ်ချုပ်ဆိုလိုက်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ မှာ အပိုဒ် ၅ ပိုဒ်ပါဝင်ပြီး တစ်ပိုဒ်ချင်းစီအလိုက် ယခင် စာချုပ် အပိုင်း ၁ ထဲမှာ ဘယ်နေရာပါခဲ့တဲ့အကြောင်း ထောက်ပြသွားမှာဖြစ်ပါတယ်။
.
#အပိုဒ်၁။ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဆိုတဲ့ စာသားဟာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(က) ကို မူရင်းအတိုင်း ပြန်ကူးထားတဲ့ စာသားဖြစ်ပါတယ်။
.
#အပိုဒ်၂။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အချင်းချင်း အကြားတွင်သော်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ထူထောင်ထားရှိရမည် ဆိုတဲ့ အပိုဒ်ဟာ စာချုပ် ၁ အပိုဒ် ၄(ဆ) ကို ကူးယူရေးသားထားတာကို တွေ့ရှိရပါတယ်။
.
#အပိုဒ်၃(က)။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဖယ်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု နှင့် ဘဏ္ဍာရေးခွဲဝေမှု ရှိရမည်။ ဆိုတဲ့ အပိုဒ်က အာဏာခွဲဝေမှုဆိုတာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄ ရဲ့ ခေါင်းစဉ်ထဲမှာလည်းကောင်း၊ သယံဇာတခွဲဝေမှုနဲ့ပတ်သက်ပြီး စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(စ) မှာ အရင်းအမြစ်များကို ဥပဒေနှင့်အညီ မျှဝေခံစားခွင့် ဆိုတဲ့ စကားလုံးနဲ့လည်းကောင်း၊ အခွန်အကောက်ခွဲဝေမှုနှင့် ဘဏ္ဍာရေးခွဲဝေမှုဆိုတဲ့ စကားရပ်ကို စာချုပ် ၁ စီးပွားရေးကဏ္ဍ အပိုဒ် ၄ မှာလည်းကောင်း ပါရှိခဲ့ပြီးဖြစ်ပါတယ်။
.
#အပိုဒ်၃(ခ) တစ်ပိုဒ်လုံးဟာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(ဃ) ကို ကူးထည့်ထားတာဖြစ်ကြောင်း တွေ့ရပါတယ်။
.
#အပိုဒ်၃(ဂ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များသည် ခွဲဝေထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင် တရားစီရင်ရေးအာဏာများကို ကျင့်သုံးပိုင်ခွင့်ရှိရမည်ဆိုတာကလည်း စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(ဃ) နဲ့ (င) တို့မှာ အသေးစိတ်ဖော်ပြထားတဲ့ အချုပ်အခြာအာဏာခက်မ သုံးဖြာကို ခွဲဝေအပ်နှင်းရမယ်ဆိုတဲ့ သဘောတရားနဲ့ အတူတူပဲ ဖြစ်တာကို တွေ့ရပါတယ်။
.
#အပိုဒ်၄။ တိုင်းဒေသကြီး/ပြည်နယ်အားလုံးသည် အချင်းချင်း လေးစားမှုရှိပြီး အခွင့်အာဏာ တန်းတူရှိရမည်။ ဆိုတဲ့ စာပိုဒ်ဟာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(ခ) မှာ ထည့်သွင်းဖော်ပြထားပြီးသား ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
.
#အပိုဒ်၅။ နိုင်ငံသားများအတွက် မူလအခွင့်အရေးနှင့် တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲရမည်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးရိုးရေးစဉ်အတိုင်း ပါကိုပါရမယ့်ကိစ္စဖြစ်ပြီး အဲသည်စာပိုဒ် နောက်ပိုင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းစသည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဥပဒေပြဌာန်းပေးရမည်ဆိုတာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၃ မှာ ပါရှိခဲ့ပြီးသား ကိစ္စရပ်ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အပိုဒ် ၅ အောက်မှာ ရေးထားတဲ့ မှတ်ချက်ဆိုတာကလည်း အထက်မှာ ဖော်ပြခဲ့တဲ့ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် (ခ) ရဲ့ မှတ်ချက်ကို မူရင်းအတိုင်း ထည့်ထားတာကို တွေ့ရှိရပါတယ်။
.
. . . အနှစ်ချုပ်ပြောရရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အပိုင်း (၃) ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆိုတာ အသစ်တစ်ခုမှ သဘောတရားနဲ့ အချက်အလက် အသစ်တစ်ခုမှ ပါဝင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ထဲမှာ သဘောတူထားပြီးသား အချက်အလက်နဲ့ သဘောတရားတွေကိုပဲ စကားလုံး နဲ့စာပိုဒ် တိုက်ရိုက်သော်လည်းကောင်း၊ တစ်ချို့ကို အနည်းငယ်ပြင်ဆင် နေရာပြောင်းပြီး ရေးထားတာကို လေ့လာတွေ့ရှိရပါကြောင်း
.
ဗိုလ်ကောင်း
၂၁ ဩဂုတ် ၂၀၂၀

Tuesday, 18 August 2020

ပြည်နယ်အခြေခံဥပဒေများ


ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားတဲ့
ဖယ်ဒရယ် အခြေခံမူ ငါးချက်ထဲက
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဆိုတဲ့ တစ်ချက်ကို
ပြည်နယ်အခြေခံဥပဒေ ခေါ်မလား
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေခေါ်မလား
ဆိုတဲ့ သဘောထားကွဲလွဲမှုကြောင့်
အခု ချုပ်ဆိုမယ့်
ပြည်ထောင်စု သဘောတူစာချုပ်
အစိတ်အပိုင်း ၃ မှာ
ထည့်သွင်းချုပ်ဆိုနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်
ကိုယ်တိုင်က
ဒီအစည်းအဝေးတွေ တက်တဲ့သူမဟုတ်တော့
အသေးစိတ်ကို သေချာမသိပေမယ့်
ဒီစကားလုံးနှစ်လုံးဟာ
အနှစ်သာရအားဖြင့် အတူတူပဲလို့ ခံစားမိတာကြောင့်
အခု ချုပ်ဆိုမယ့်
ပြည်ထောင်စုသဘောတူစာချုပ်
အစိတ်အပိုင်း ၃ ထဲ
ထည့်လိုက်နိုင်ရင်ကောင်းမှာပဲလို့
မချင့်မရဲ ဖြစ်မိပါတယ်
ကျန်တဲ့ လေးချက်ဖြစ်တဲ့
အာဏာခွဲဝေရေး
အခွန်အခ ခွဲဝေရေး
သယံဇာတ ခွဲဝေရေး
ဖယ်ဒရယ်ယူနစ်များ တန်းတူညီမျှရှိရေး
အခြေခံမူများကိုတော့
အားလုံး သဘောတူတဲ့အတွက်
စာချုပ်အစိတ်အပိုင်း ၃ ထဲ
ပါလာမယ့်သဘောရှိပါတယ်
ကိုယ့်သဘောပြောရရင်
အနှစ်သာရ မကွာခြားတဲ့
စကားလုံးတွေအတွက်
အချိန်တွေအကုန်ခံပြီး
အငြင်းမပွားနေစေချင်တော့ဘူးဆိုပေမယ့်
တကယ့် အစည်းအဝေးတွေမှာ
ပြောဆိုဆွေးနွေးနေကြတဲ့သူတွေက
ပိုပြီး သိကြမှာမို့
မှတ်ချက်ပေးဖို့ ခက်ပါတယ်
အားလုံး အဆင်ပြေပြီး
ငြိမ်းချမ်းစေချင်လှပါပြီ
အရှေ့တောင်အာရှမှာတောင်
ကိုယ့်နောက်လှည့်ကြည့်ရင်
ကျောပဲ ရှိတော့တဲ့ အခြေအနေမို့
ကျနော်တို့မှာ
လုပ်စရာတွေ အများကြီးရှိနေသေးလို့ပါ

Monday, 27 July 2020

ဂုဏ်ယူရဆုံးအချိန်


. . . မြန်မာနိုင်ငံသားဖြစ်ရတာကို ဂုဏ်အယူရဆုံးအချိန်တွေ၊ ကိုယ့်နိုင်ငံနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ အလင်းလက် အတောက်ပဆုံးအချိန်တွေ၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်တွေနဲ့ အားတက်ရွှင်လန်းခဲ့ရတဲ့ အချိန်တွေကို ဘဝမှာ ကြုံခဲ့ရဖူးတယ်၊ ဘာစည်းမျဉ်း ဘာအခြေခံဥပဒေမှ မရှိဘဲ အမိန့်တွေ ညွှန်ကြားချက်တွေနဲ့ အုပ်ချုပ်ခံရတဲ့ ဘဝကနေ စည်းနဲ့ကမ်းနဲ့ အစိုးရနဲ့ ပြည်သူကြား ချုပ်ဆိုထားတဲ့ စာချုပ်သဖွယ် အခြေခံဥပဒေနဲ့၊ အာဏာပိုင်ခြားမှုတွေ၊ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့တာဝန်တွေ၊ အစိုးရမင်းတွေအတွက် ပိုင်းခြားကန့်သတ်ထားတဲ့ ဘောင်တွေအကန့်တွေ၊ အပြန်အလှန်ထိန်းကျောင်းမှုတွေ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး ထိုက်သင့်တဲ့ ဝေဖန်ရေးသားမှုတွေကို ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ လုပ်ခွင့်ရခဲ့တဲ့အချိန်တွေကို ပြန်ပြီး လှမ်းမျှော်ကြည့်လိုက်မယ်ဆို မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ရွှင်လန်းတက်ကြွခဲ့ရဆုံး အချိန်တွေပါပဲ။
.
. . . တစ်သက်လုံး သူပုန်လို့ ခေါ်ခဲ့တဲ့သူတွေကို တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ အခေါ်အဝေါ်ကစလို့ သူပုန်သေသေ စစ်သားသေသေ ကိုယ့်နိုင်ငံရဲ့ လူသားအရင်းအမြစ်ဆုံးရှုံးမှုပဲလို့ မြင်ပေးတဲ့ အစိုးရ၊ မတူတာတွေအသာထားပြီး တူတာတွေ ပေါင်းလုပ်ကြရအောင်ဆိုတဲ့ ခေါင်းဆောင်၊ လက်ညှိုးထောင်ခေါင်းညိတ်ပဲ ဖြစ်မှာပါကွာဆိုတဲ့ အမြင်တွေကို စွန့်လွှတ်သွားနိုင်အောင် ပါတီစုံဆိုတဲ့ အနှစ်သာရ နဲ့ အပြန်အလှန်ထိန်းညှိခြင်းဆိုတဲ့ အလှတရားတွေကို စာအုပ်ထဲကနေ အပြင်လောကကို သယ်ဆောင်လာပေးတဲ့ လူကြီးမင်းတွေ၊ ငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံကို အင်အားနည်းသူတွေစိတ်ကြိုက်ရေးစေပြီး အခိုင်အမာဖြစ်အောင် လုပ်ပေးခဲ့သူတွေ၊ နှစ်ပေါင်းများစွာက အကြွေးတွေကို ယုံကြည်မှုတစ်ခု အရင်းပြုပြီး ချေပေးစေခဲ့သူတွေ၊ ငယ်ဘဝတစ်လျှောက်လုံး ကိုယ့်နိုင်ငံကို မကောင်းမှုအမျိုးမျိုးနဲ့ ပိတ်ဆို့တားဆီးတဲ့ နိုင်ငံကြီးက အပိတ်အဆို့တွေ ဖယ်တန်သရွေ့ဖယ်ပြီး နှစ်ပြည်ထောင်မိတ်ဖတ်ပြုလို့ ကိုယ့်နိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို အသိအမှတ်ပြု ရွှေလမ်းငွေလမ်း ခင်းခဲ့တာတွေ၊ ကိုယ်ငယ်ငယ်က တက်ခဲ့ဖူးတဲ့ ခြောက်ကပ်ကပ် ရန်ကုန်တက္ကသိုလ်ကြီးကို ကျောင်းသားကျောင်းသူတွေ အဆောင်တွေ ကလပ်တွေ သမဂ္ဂတွေနဲ့ ဝေဝေစည်စည်ဖြစ်အောင် ပြန်လည် စီမံပေးခဲ့တာတွေ၊ တစ်နိုင်ငံလုံး ဂုဏ်ယူဝံ့ကြွားရတဲ့ အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးကို အဆင့်အတန်းမီမီ ကျင်းပပေးခဲ့တာတွေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောင်အောင်မြင်မြင် လက်ခံကျင်းပပေးခဲ့တာတွေ၊ ပြည်တွင်းပြည်ပ စီးပွားရေးသမားတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပြီး ရင်းနှီးမြှပ်နှံမှုတွေ နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ခဲ့တာတွေ၊ ကစားပွဲစည်းမျဉ်းတွေကို ပြင်ဆင်ပေးပြီး ကိုယ့်ရဲ့ ပြိုင်ဘက်ကို ကွင်းထဲဆင်းခွင့်ရအောင်ကူညီပေးခဲ့လို့ လူသာဓုခေါ် နတ်သာဓုခေါ်ဖြစ်ခဲ့တာတွေ၊ စသည်ဖြင့် ကိုယ့်နိုင်ငံနဲ့ပတ်သက်ပြီး ဂုဏ်ယူစရာ ဝမ်းမြောက်စရာ၊ ရွှင်လန်းအားတက်စရာတွေအပြည့်နဲ့ ခေတ်တစ်ခေတ်ကို ကျော်ဖြတ်ခဲ့ဖူးတာပေါ့
.
အခုများဖြင့်

Saturday, 11 July 2020

ကြည်ညိုဖွယ်မဆောင်



အခု သာသနာရေးက လုပ်တဲ့ ကြည်ညိုဖွယ်အဆင်းမဆောင်တဲ့ ဆင်းတုတော်တွေကို ဖယ်ရှားသလို ရှေးဟောင်းဘုရားဆင်းတုတော်များ အသရေပျက်စီးစေတဲ့ ရွှေသင်္ကန်းကပ်ကြတဲ့ ကိစ္စကိုလည်း အစိုးရမင်းများ အာဏာစက်နဲ့ တစ်ခါတည်း တားမြစ်လိုက်စေချင်တာပါပဲ
.
. . . ဆင်းတုတော်တွေ ရွှေသင်္ကန်းကပ်တဲ့ကိစ္စ၊ ဖောင်တော်ဦးဘုရားများ ရွှေတွေနဲ့ ဖို့ထားလိုက်တာ ရုပ်တောင်မပေါ်တော့ဘူးမဟုတ်လား၊ ဘယ်လို သဒ္ဓါတရားကြောင့်ပဲဆိုဆို ဒါမျိုးဟာ လွဲမှားတဲ့ သဒ္ဓါပဲ၊ နောက်တစ်နည်းနဲ့ကြည့်ရင် ရှေးဟောင်းပစ္စည်းကို ဖျက်ဆီးခြင်းတစ်မျိုးပဲ၊ မဟာမုနိကိုယ်တော်ကြီး မျက်နာတော်ရွှေသင်္ကန်းကပ်ခွင့်မပေးတာပဲ ကျေးဇူးတင်ရသေးတာပ၊ လုပ်ပါ သုံးစမ်းပါ၊ ဘုရားမှာ ရွှေဆိုင်းတွေ ကပ်နေတာထက်စာရင် ဒီဘုရားကြီးအတွက် တခြားသုံးစရာတွေ အများကြီးပါ၊ ဘုရားဖူးတွေ ချမ်းချမ်းသာသာ ဘုရားဖူးရအောင် လုပ်ရမယ့်ကိစ္စတွေ အများကြီးမှ အများကြီး သူများနိုင်ငံတွေမှာ ဘယ်လိုတွေ စီမံခန့်ခွဲနေသလဲလေ့လာစမ်းပါ၊ တို့နိုင်ငံက ဘုရားတော်တော်များများ ကိုယ်ရောက်ဖူးသလောက်မှာ ဘုရားတွေက တောရွာက အင်မတန်ကပ်စေးနဲပြီး ပိုက်ဆံစုနေတဲ့ သဌေးတွေလိုပဲ၊ ပိုက်ဆံတွေတော့ ချမ်းသာပါရဲ့၊ ပြောင်ပြောင်ရောင်ရောင်မရှိ၊ လာဖူးတဲ့သူတွေအတွက်လည်း ချမ်းချမ်းသာသာ ဖူးလို့ရအောင် စီစဉ်ပေးတာမရှိ၊ ရသမျှအလှူငွေတွေ ဘဏ်ထဲထည့်သိမ်းပြီး ထမင်းကြမ်းခဲစားနေတဲ့ တောကသဌေးကပ်စေးနဲလို့ဘုရားတွေမှ အများကြီး၊ ဘာကြောင့်များ ပြောင်ပြောင်ရောင်ရောင်ဖြစ်အောင် မလုပ်ကြလဲ စဉ်းစားမတတ်ဘူးရယ်.
.
ဗိုလ်ကောင်း
၁၁ ဇူလိုင် ၂၀၂၀
.
ပုံစာ။ ၂၀၁၉ အောက်တိုဘာ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဖောင်တော်ဦးဘုရားဆင်းတုတော်ကို ရွှေသင်္ကန်းကပ်နေတဲ့ပုံ

Tuesday, 5 November 2019

2019 version of gerrymandering?

. . . တပ်မ‌တော်သားနဲ့ မှီခိုသူမိသားစုဝင်တွေ မဲ‌ပေးတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အာဏာရပါတီ ထောက်ခံမဲမရခဲ့တာတွေ သိသိသာသာ ဖြစ်လာတာကစလို့ ဒီချုပ်ပါတီ တာဝန်ရှိသူတွေဟာ တပ်မဲရုံတွေနဲ့ ပတ်သက်ပြီး မယုံမကြည်ဖြစ်တဲ့အကြောင်းတွေ တရားဝင်ထုတ်ပြောလာခဲ့ကြပါတယ်၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ဒီဥပဒေလုပ်ထုံးလုပ်နည်းတွေအောက်မှာပဲ တပ်ရင်းတပ်ဖွဲ့မဲဆန္ဒနယ်တွေမှာပါ ဒီချုပ်ပါတီအနိုင်ရခဲ့ပေမယ့် နောက်ပိုင်းလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ ရှုံးနိမ့််ရတဲ့အပေါ် မိမိတို့ပါတီရဲ့ တပ်မတော်နဲ့တပ်မတော်သားတွေအပေါ်ထားတဲ့ သဘောထားတွေ ဆက်ဆံရေးတွေ အပြောအဆိုတွေကို ပြန်လည်သုံးသပ် ပြင်ဆင်ရမယ့်အစား တပ်ထဲမှာ မဲရုံတွေထားလို့ ဒီချုပ်ရှုံးနိမ့်ရတာမို့ တပ်မတော်သားနဲ့ မှီခိုသူမိသားစုဝင်တွေကို တပ်အပြင်ဘက်ထွက် မဲပေးခိုင်းလိုက်ရင် အာဏာရပါတီအတွက် အသာစီးရမယ်လို့ ယူဆနေကြပုံပေါ်ပါတယ်
.
. . . ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃ ရက်‌ နေ့စွဲနဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ ပ ဉ္စမအကြိမ်ပြင်ဆင်ချက် အမိန့်ကြော်ငြာစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်၊ ထုတ်ပြန်တဲ့ ရက်စွဲရဲ့နောက် တစ်လအကြာမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လူမှုကွန်ယက်မှာ တင်ထားတာတွေ့လို့ လေ့လာကြည့်မိပါတယ်
.
. . . စာမျက်နာ ဆယ်မျက်နာပါတဲ့ အဲသည်ထုတ်ပြန်ချက်မှာ တပ်မတော်သားနဲ့ မှီခိုသူမိသားစုဝင်တွေ မဲပေးရေးနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ ပြောင်းလဲချက်နှစ်ချက်ကို သတိပြုမိပါတယ်။ ပထမတစ်ချက်ကတော့ တပ်ရင်းတပ်ဖွဲ့ပုရဝုဏ်အတွင်း ဖွင့်လှစ်ပေးခဲ့တဲ့ မဲရုံတွေကို တပ်ရင်းတပ်ဖွဲ့အပြင်ဘက်ကို ထုတ်ဖို့၊ ဒုတိယအချက်က တပ်မတော်သားနဲ့ မိသားစုဝင်တွေ ကြိုတင်ဆန္ဒမဲပေးခြင်းကို ကော်မရှင်က သတ်မှတ်သော နေ့ရက်နဲ့အချိန်အတွင်းလုပ်ဆောင်ဖို့ စတဲ့နှစ်ချက်ဖြစ်ပါတယ် (နည်းဥပဒေများ ပုဒ်မ ၃၉ ၊ ၆၀ )
.
. . . ပထမတစ်ချက်ဖြစ်တဲ့ မဲရုံတွေ တပ်အပြင်ထုတ်ဖို့ဆိုရင် ဥပဒေအရမဲပေးပိုင်ခွင့်ရှိသူအင်အား ထောင်ချီရှိတဲ့အပြင် အကျယ်အဝန်းအားဖြင့်လည်း သာမန်ရပ်ကွက်ကြီး တစ်ခုစာမက သီးခြားမြို့ငယ်လေးတွေလို ဖြစ်နေတဲ့ စစ်ဘက်ဆိုင်ရာတက္ကသိုလ်ကြီးတွေ တပ်မြို့စည်ပင်သာယာရေးနယ်နမိတ်သတ်မှတ်ပေးထားတဲ့ ဌာနချုပ်ကြီးတွေမှာ ဒီနည်းဥပဒေအရ မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးဖို့ကို အဟန့်အတားများ ဖြစ်လေမလားလို့ တွေးမိပါတယ်၊ ဒုတိယအချက်ကလည်း ထိုနည်းလည်း‌ကောင်းပါပဲ၊ မဲပေးတဲ့ရက်မှာ နောက်တန်းဌာနချုပ်မှာ ရှိမနေနိုင်တဲ့ စစ်ဆင်ရေးနဲ့ စစ်ရေးတာဝန်ထမ်းဆောင်နေရတဲ့ တပ်မတော်သားတွေက ကော်မရှင်က သတ်မှတ်တဲ့ရက်နဲ့ အချိန်မှာ မဲပေးဖို့ဆိုတာ အဆင်ပြေပါ့မလား၊ မဲပေးနိုင်တဲ့အခွင့်အရေးဆုံးရှုံးနိုင်မယ့် သတ်မှတ်ချက်တွေများ ဖြစ်နေမလား တွေးမိပါတယ်
.
. . . အထက်ပါနည်းဥဒေများ ပြင်ဆင်ချက်မှာပါတဲ့အချက်တွေကို သဘောမတူလို့ ပြင်ဆင်ချင်တယ်ဆိုရင် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ ပုဒ်မ ၂၀၂ နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေများ ပုဒ်မ ၂၀၅ တို့အရ အရ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်က ပြင်ဆင်ချက်အဆိုကို နည်းဥပဒေထုတ်ပြန်ပြီး ရက်ပေါင်း ကိုးဆယ်အတွင်း လွှတ်တော်ကို တင်သွင်းဆွေးနွေးပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြင်ဆင်လို့ရနိုင်ပါတယ်
.
. . . ဒီနည်းဥပဒေပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒီအတိုင်းပဲ လက်ခံလိုက်မလား၊ ပြင်ဆင်ချက်အဆို တင်သွင်းပြီး ပြင်ဆင်ဖို့ ကြိုးစားအုံးမလားဆိုတာ ဥပဒေကပေးထားတဲ့ ရက်ကိုးဆယ်အတွင်းစောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်၊ အာဏာရပါတီရဲ့ သဘောထားကို အာဏာရပါတီက ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ နည်းဥပဒေတွေနဲ့ပတ်သက်ပြီး တပ်မတော်က ပြင်ဆင်ချက်အဆိုတင်သွင်းခဲ့ရင်လည်း အာဏာရပါတီကြီးစိုးတဲ့ လွှတ်တော်ထဲ အောင်မြင်နိုင်ဖို့ အလားအလာနည်းပေမယ့် တပ်မတော်သားနဲ့ မှီခိုသူမိသားစုဝင် မဲဆန္ဒရှင်တွေရဲ့ အခြေခံဥပဒေက‌ပေးထားတဲ့ လွတ်လပ်စွာရွေးကောက်နိုင်ခွင့် အခွင့်အရေးကို ကာကွယ်ဖို့ ကြိုးပမ်းသင့်တယ်လို့ ထင်မြင်ယူဆပါကြောင်း
.
ဗိုလ်ကောင်း
၅ နိုဝင်ဘာ ၂၀၁၉

********

Wednesday, 31 July 2019

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမ၀င်ခြင်းနှင့် ပတ်သက်ပြီး


 ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမ၀င်ခြင်းနှင့် ပတ်သက်ပြီး ဒီမေးခွန်းတွေ မေးခဲ့ပါတယ်

ဘာသာရေးကိုအခြေခံတဲ့
လူမှုရေးအသင်းအဖွဲ့တွေကို
ဥပဒေအရ ဖွဲ့ခွင့်ရှိသလား

သံဃာတော်တွေက
သံဃာ့အဖွဲ့အစည်းမဟုတ်တဲ့
လူမှုရေးအသင်းအဖွဲ့တွေမှာ
အဖွဲ့ဝင်ဖြစ်ခွင့်ရှိသလား

ဥပဒေကခွင့်ပြုထားတဲ့
အသင်းအဖွဲ့အမျိုးအစားက
ဘယ်နှခုလောက်ရှိလဲ

တရားမဝင်အသင်း
မတရားသင်းအဖြစ်
ဘယ်လိုအချက်တွေနဲ့ကိုက်ညီရင်
ကြေညာလို့ရသလဲ
အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသုံးခု တွေ့ပါတယ်
.
၁။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဥပဒေ
https://www.constitutionaltribunal.gov.mm/lawdatabase/my/law/226?fbclid=IwAR0KevSlekwluJYMRJ3jm7T-BNo-7uYx4SQuRg2elCFZeRpGkADtaOjE3oQ
.
၂။ THE UNLAWFUL ASSOCIATION ACT
https://www.constitutionaltribunal.gov.mm/lawdatabase/my/content/unlawful-association-act-india-act?fbclid=IwAR1PbE5m0_K2gW4YGha5zm_dT-GIXr2RwPkjaT97JWprnThUedWT6kxS6LQ
.
၃။ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ
https://www.constitutionaltribunal.gov.mm/lawdatabase/my/law/620

အခြေခံဥပဒေပုဒ်မ ၃၅၄(ဂ) နဲ့
ဒီဥပဒေသုံးခုရယ်ကို လေ့လာပြီးတဲ့အခါမှာ အောက်ပါအတိုင်း သုံးသပ်ရရှိပါတယ်

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမဝင်ခြင်းကို နိုင်ငံတော်ရဲ့ တည်ဆဲ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေများအရသာလျှင် သက်ဆိုင်ရာ ဥပဒေစောင့်ထိန်းရေးအဖွဲ့အစည်းများက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ မဘသက ဝင်ဆုံးဖြတ်ပေးရမယ့်ကိစ္စလို့ မမြင်ပါဘူး၊ မဘသမှာလည်း အဲ့သည်လိုဆုံးဖြတ်ပေးနိုင်တဲ့အာဏာရှိတယ်လို့ မတွေ့ပါဘူး၊ သက်ဆိုင်ရာ ဥပဒေများဟာလည်း အခြေခံဥပဒေကပေးထားတဲ့ နိုင်ငံသားတို့ရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းဆောင်ရွက်တာကို အားပေးကူညီဖို့ ပြဌာန်းထားတဲ့ ဥပဒေများဖြစ်ပါတယ်၊ ဆိုလိုတာက နည်းလမ်းမကျတဲ့ ဖွဲ့စည်းမှုဖြစ်နေသည့်တိုင်အောင် နည်းလမ်းတကျဖွဲ့စည်းဆောင်ရွက်ဖို့ ကူညီပေးရဖို့ပါ နှိပ်ကွပ်ဖို့မဟုတ်ပါ သာသနာရေးဝန်ကြီးဌာနသည်လည်း ဒီအဖွဲ့က တရားမဝင်ဘူးလို့ ဆုံးဖြတ်ပေးခွင့်ရှိတဲ့ ဝန်ကြီးဌာနတစ်ခုမဟုတ်ပါ၊ အခုက ဥပဒေအရ ဆုံးဖြတ်ပေးခွင့်ရှိတဲ့ သက်ဆိုင်ရာတွေမပြောဘဲ မဆိုင်သူတွေက ကြည့်မရလို့လျှောက်ပြောနေသလိုဖြစ်နေပါတယ်၊ ဒီမိုကရေစီစနစ်မှာ ဥပဒေလွတ် စည်းမျဉ်းလွတ် စိတ်ထင်ရာလျှောက်ပြောနေခြင်းက ဘောင်မဝင်ပါဘူး အားလည်းမပေးထိုက်ပါဘူး ဒီအဖွဲ့တရားဝင်ခြင်းမဝင်ခြင်းနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက ထိုက်သင့်တဲ့ကူညီစောင့်ရှောက်မှုမျိုးအစား နှိပ်ကွပ်တာတွေပဲ ဆက်လာနေမယ်ဆိုရင် ဖောင်ဒေးရှင်းအနေနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ သင့်တော်ရာစာချွန်တော်တစ်ခု ထုတ်ဆင့်ပေးဖို့ လျှောက်ထားပြီး မိမိတို့ရဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းဆောင်ရွက်ခွင့် မူလအခွင့်အရေးကို ကာကွယ်ဖို့ နည်းလမ်းရှာသင့်ပါတယ် ဆိုခဲ့တဲ့အထဲက အမှားအယွင်း အကောက်အယူလွဲနေတာများရှိရင် တည့်မတ်ပေးကြမယ်ဆို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်

 ဇေယျာနိုင်
 ၃၁ ဇူလိုင် ၂၀၁၉


Saturday, 22 June 2019

ကျောင်းကောင်စီဖွဲ့တယ်ဆိုတာ

အခြေခံပညာကျောင်းများမှာကတည်းက
ကျောင်းသူကျောင်းသားများရဲ့
ဒီမိုကရေစီနိုင်ငံသားဓလေ့ကို
ပြုစုပျိုးထောင်ပေးတာဖြစ်တဲ့အတွက်
ကြိုဆိုပါတယ်

ကလေးဘဝကစလို့
အများကိုစည်းရုံးပြီး
အများရဲ့ရွေးကောက်တင်မြှောက်မှုနဲ့
အများအကျိုးကို
ဦးစီးဆောင်ရွက်တဲ့ဓလေ့

မိမိပြိုင်ဘက်နိုင်ပြီး
မိမိရှုံးနိမ့်တဲ့အခါမှာလည်း
အရှုံးကိုလက်ခံပြီး
အနိုင်ရသူကို
ဂုဏ်ပြုလက်ဆွဲနုတ်ဆက်နိုင်တဲ့သဘောထား

လူကိုမူတည်တာမဟုတ်ဘဲ
စည်းမျဉ်းလုပ်ထုံးကို
မူတည်အလေးထားတဲ့
သင်းဖွဲ့စည်းမျဉ်းတန်ဖိုး

မိမိအကျိုးဆောင်ရွက်မယ့်သူကို
မိမိဉာဏ်ပညာနဲ့
ရွေးချယ်ပေးတဲ့
မဲဆန္ဒရှင်သဘောထား

အများတင်မြှောက်ထားသူရဲ့
ဦးစီးခေါင်းဆောင်မှုမှာ
ပူးပေါင်းဆောင်ရွက်တတ်တဲ့
သင်းဖွဲ့စိတ်ဓာတ်

စတာတွေကို
ပြုစုပျိုးထောင်ပေးနိုင်တဲ့
ရေခံမြေခံကောင်းလည်း
ဖြစ်လာမှာပါ

သို့သော်လည်း
ရှေ့ဆောင်လမ်းပြမယ့်
သက်ဆိုင်ရာ
ပညာရေးဝန်ထမ်းများက
အထက်ဖော်ပြပါ
ဓလေ့တန်ဖိုးတွေကို
လျစ်လျူရှုပြီး
လက်လွတ်စပယ်
လုပ်ပစ်ကြမယ်ဆိုရင်လည်း
ဆန့်ကျင်ဘက်ဆိုးကျိုးသက်ရောက်မှုတွေကို
ကလေးငယ်တွေ
ခံကြရမှာမို့

သတိကြီးကြီးထားလုပ်ဆောင်ကြဖို့
တိုက်တွန်းလိုရင်းဖြစ်ပါတယ်

Sunday, 9 June 2019

နိုင်ငံတော်အတိုင်ပင်ခံရာထူး ပုဒ်မ ၂၃၂(ဋ) နှင့် ပါတီသို့ပြန်သွားခြင်း



ရန်ကုန်ခေတ်သစ်မှာရေးထားတဲ့ သတင်းတစ်ပုဒ်အရ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရတာဝန်များ ရပ်နား၍ ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီသို့ ပြန်၍ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နိုင် သည့် အခြေအနေများ ရှိနေပြီး ပါတီပြန်မည့် အခြေအနေများကို အရိပ်အမြွတ်ထုတ်ဖော်ပြောဆိုမှုများရှိနေကြောင်း” ဆိုပြီး ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ချို့ကို ကိုးကားပြီး ဖော်ပြထားတာကိုတွေ့မိတော့ အတိုင်ပင်ခံရာထူးနဲ့ပြည်ထောင်စုဝန်ကြီးရာထူးတွေယူထားတဲ့ အစိုးရအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါတီကို ဘယ်လိုပြန်သွားလို့ ရနိုင်မလဲဆိုတာတွေ တွေးမိပါတယ်။
.
အမှန်ပြောရရင် ကိုယ်က ဒီချုပ်ပါတီကို တော်တော်ကို မျှော်လင့်ထားခဲ့တာပါ။ သမ္မတကြီးဦးသိန်းစိန်လက်ထက်က မယ်မယ်ရရ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ ထင်သာမြင်သာပြုပြင်ပြောင်းလဲရေးတွေကို မြင်ခဲ့ရတော့ စစ်အစိုးရ အငွေ့အသက်မကင်းတဲ့ စစ်သားဟောင်းကြီးတွေတောင် ဒီလောက်လုပ်နိုင်တာ၊ ဒီမိုကရေစီကို ဆီမန်းမန်းသလို တတွတ်တွတ်ရွတ်ခဲ့တဲ့သူတွေက ပိုပြီးတောင် အစွမ်းပြနိုင်မှာပါလေဆိုပြီး မျှော်လင့်ခဲ့တာပါ။ အရင်အစိုးရလက်ထက်က အတိုက်အခံအဖြစ်နဲ့ ဘယ်အရာကိုမဆို ဝေဖန်ထောက်ပြနေတဲ့သူတွေဆိုတော့ သူတို့က ပိုလုပ်တတ်လို့ပါလေလို့ ထင်ခဲ့မိတာလည်း ပါတာပေါ့။
.
ပါတီရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပထမဆုံး သံသယကို ဘယ်မှာ စရှိခဲ့သလဲဆိုတော့ အစိုးရအဖွဲ့ဝင်တွေရဲ့ နာမည်စာရင်း လွှတ်တော်ကို တင်တဲ့အချိန်မှာပါ။ ကိုယ်ထင်ထားတာက တကယ့်ကို ဒိတ်ဒိတ်ကျဲ ပြည်တွင်းပြည်ပ ပညာရှင်တွေ တကယ့်ကို နိုင်ငံတော်တည်ဆောက်ရေးကို အားကောင်းမောင်းသန်လုပ်နိုင်မယ့်သူတွေနဲ့ ပွဲထွက်လာမယ်လို့ ထင်ထားရာကနေ ပါတီဥက္ကဌကိုယ်တိုင်တောင် ၀န်ကြီးရာထူး လေးနေရာ ယူထားရတဲ့အပြင် ပါလာတဲ့ သူတွေတစ်ချို့မှာလည်း ပညာအရင်အချင်းပိုင်းဆိုင်ရာဖော်ပြချက်တွေမှာ ဝေဖန်ထောက်ပြစရာတွေ ပါလာတာမို့ အရင်တုန်းက သံသယရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်း ပါတီ တည်ဆောက်ရေးကို သေချာရော လုပ်နေရဲ့လားဆိုတဲ့ အချက်ဟာ ပိုပြီး မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။
.
ကိုယ့်အတွေးအရဆိုရင် ဥက္ကဌဟာ ပါတီကို ဆက်လက်ပြီး တည်ဆောက်နေဖို့ လိုအပ်တယ်။ တကယ်လို့ အစိုးရရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ ၀င်လိုက်မယ်ဆို အခြေခံဥပဒေအရ ပါတီလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခွင့် မရှိတော့တာကြောင့် ပါတီကို ထင်ထင်ပေါ်ပေါ် ဆက်ပြီး ဦးစီးလို့ရမှာ မဟုတ်ဘူး။ ပါတီတည်ဆောက်ရေးမှာ အားနည်းသွားနိုင်တယ်။ တကယ်လို့သာ လွှတ်တော်ဥက္ကဌလို ဒုက္ကဌလို ရာထူးမျိုးကိုယူလိုက်မယ်ဆိုရင် ပါတီကိုလည်း ဆက်လက်ပြီး တရားဝင်ဦးစီးနေလို့ရတဲ့အပြင် ပါတီဥက္ကဌအနေနဲ့ရော အပြန်အလှန်ထိန်းကျောင်းခြင်းအနေနဲ့ပါ အစိုးရအဖွဲ့ကို ကောင်းကောင်းကြီးကြပ်နေနိုင်တာမို့ အစိုးရထဲမသွားဘဲ လွှတ်တော်ထဲမှာပဲ နေမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် သူက ပါတီကို ပစ်ပြီး အစိုးရထဲ သွားနေခဲ့တယ်။
.
အခု ပါတီကို ပြန်လာတော့မယ်ဆိုတော့ အခြေခံဥပဒေ ပုဒ်မ ၂၃၂(ဋ) အရ ပြည်ထောင်စုဝန်ကြီးရာထူးကို ကိုင်ထားပြီး ပြန်လာလို့တော့ မဖြစ်နိုင်ဘူး။ ပြည်ထောင်စုဝန်ကြီးရာထူးကိုစွန့်လွှတ်ပြီး အစိုးရထဲက ရာထူးကို ဆက်ယူထားအုံးမယ်ဆိုရင်လည်း စပြီး တီထွင်ကတည်းကိုက အခြေခံဥပဒေဆိုင်ရာ အငြင်းပွားဖွယ် ရာထူးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ဆက်ကိုင်ထားမယ့်သဘောရှိတယ်။ အခြေခံဥပဒေရဲ့ အနှစ်သာရ (spirit of law) အရ ပြည်ထောင်စုအဆင့်အုပ်ချုပ်ရေးအာဏာပိုင်တွေကို ပါတီလုပ်ငန်းတွေနဲ့ သီးခြားခွဲထားတာဖြစ်ပေမယ့် အခြေခံဥပဒေမှာ မပါတဲ့ အတိုင်ပင်ခံလိုရာထူးမျိုးကို ဂယ်ပေါက်ရှာပြီး ထွင်ထားမှတော့ အခြေခံဥပဒေထဲ မပါဘူးဆိုပြီး အတိုင်ပင်ခံက ပါတီလုပ်ငန်းမှာ ၀င်လုပ်ခွင့်ရှိတယ်လို့ ကောက်ချက်ဆွဲဖို့လည်း ၀န်လေးမယ်လို့ မထင်ဘူး။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးရာထူးကိုစွန့်လွှတ် အတိုင်ပင်ခံရာထူးကို ကိုင်ထားပြီး ပါတီကို ပြန်ဦးစီးမယ့်နည်းလမ်းတစ်ခုတော့ရှိတယ်။

အင်း

ကိုယ်ကသာ ဥပဒေ ဘောင်ဝင်အောင် လျှောက်စဉ်းစားနေတာပါ၊ တကယ်တမ်းကျတော့ လုပ်ချင်ရင်လည်း ဥပဒေကို ကိုယ်လိုသလို အဓိပ္ပာယ်ဖွင့်ပြီး လုပ်လို့ရနေတာကြီးကို၊ လွှတ်တော်တင်ပြီး မဲသာခွဲလိုက်၊ ဘာလာလာဒေါင်းနေတာ ရှေ့မှာ သာကေတတွေမှ ပုံလို့ပဲမဟုတ်လား

Ref: https://www.facebook.com/khitthitnews/posts/665474250556591

Friday, 19 April 2019

ငြိမ်းချမ်းရေး အနှစ်သုံးဆယ်



ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာကျင်းပတဲ့ ငြိမ်းချမ်းရေး အနှစ်သုံးဆယ်ပြည့်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်ကို မေးကြသူများကို ဒီနေရာကနေ ပြောပြပါ့မယ်။

၁) ပြည်ထောင်စုအလံတော်ကို အမြဲတမ်း ထိပ်မှာထားတတ်တဲ့ ၀ တွေရဲ့ အင်အားကြီးထွားမှုက ပြည်ထောင်စုကို ပြိုကွဲစေမယ့် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ မမြင်ပါဘူး။ သုံးတတ်ရင် ပြည်ထောင်စုအတွက် အားတစ်ခုဖြစ်ပါတယ်။ သမိုင်းကြောင်းများအရ ပြည်ထောင်စုကို ကာကွယ်ဖို့အတွက်လည်း အားထားရတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်ခဲ့ပါတယ်။

၂) ၀ တပ်ဖွဲ့ကို အားကျပြီး အခြားတပ်ဖွဲ့များက အင်အားတည်ဆောက်တာလုပ်လာနိုင်ခြေရှိတာကိုတော့ သတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်။

၃) ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ကနေ ပြည်နယ်အဆင့်ကို တိုးယူတောင်းဆိုတဲ့ အသံတစ်ချို့ကြားရပါတယ်။ လက်ရှိအခြေခံဥပဒေ ပြဌာန်းချက်တွေအရ ပြည်နယ်နယ်နိမိတ်ပြင်ဆင်သတ်မှတ်တဲ့ ပုဒ်မတွေကိုကိုးကားပြီး ပြည်နယ်အသစ်တစ်ခုအဖြစ် ပေါ်ပေါက်လာနိုင်ခြေရှိမရှိ ဥပဒေရှုထောင့်က သေချာမပြောတတ်ပေမယ့် ၀ ကို ပြည်နယ်ပေးလိုက်ရင် အခြားအင်အားကြီးများကလည်း သီးခြားပြည်နယ်တောင်းလာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်နယ်အဆင့်တောင်းဆိုတာက ပြည်ထောင်စုကခွဲထွက်ဖို့ မကြံရွယ်သမျှ ကာလပတ်လုံး ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်ပါဘူး။

၎) တပ်မတော်တစ်ရပ်တည်းသာရှိရမယ်ဆိုတဲ့ နိုင်ငံတကာစံနှုန်းနဲ့ ကြည့်မယ်ဆိုရင် ပြည်ထောင်စုတပ်မတော်ကွပ်ကဲမှုနဲ့ ကင်းလွတ်နေတဲ့ ၀ တပ်ဖွဲ့ရဲ့ တည်ရှိနေမှုက နည်းနည်းတော့ ဂွတီးဂွကျနိုင်ပါတယ်။ ပြည်ထောင်စုတပ်မတော်ထဲကို ၀င်ရောက်ပူးပေါင်းတာဟာ ဗမာလူမျိုးလက်အောက်ကို ၀င်တာမဟုတ်ဘူးလို့ သဘောပေါက်အောင် ပြောနိုင်ပြနိုင်တဲ့တစ်နေ့တော့ ပြည်ထောင်စုတပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

၅) ပြည်ထောင်စုက ခွဲထွက်မယ်ဆိုတဲ့ အရိပ်အယောင် နဲ့ လုပ်ဆောင်ချက် ပြောဆိုချက် မရှိသေးသမျှ ကာလပတ်လုံး ၊ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတစ်ခုခုကို လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်မလာသမျှ ကာလပတ်လုံး၊ ပြည်ထောင်စုတပ်မတော်နဲ့ ၀ တပ်ဖွဲ့ကြား စစ်ရေးပဋိပက္ခ ပေါ်လာစရာ အကြောင်းမရှိပါဘူး။

( သတင်းဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ထူးခြားချက်တစ်ခုက ဘာလဲဆိုရင် ၀တပ်ဖွဲ့ စစ်ရးပြမှာ အလံကိုင်တပ်ဖွဲ့ဟာ တပ်မတော်နေ့ စစ်ရေးပြလိုပဲ ပြည်ထောင်စုအလံတော်ကို ရှေ့ဆုံးမှာထားပြီး ချီတက်လာတာဖြစ်ပေမယ့် အဲသည်ဓာတ်ပုံကို သတင်းဌာနတွေရဲ့ ဓာတ်ပုံတွေထဲမှာ မတွေ့ရပါဘူး၊ သတင်းဌာနတွေက အမှတ်တမဲ့ပဲလား ရည်ရွယ်ချက်ရှိရှိပဲ အဲသည်ဓာတ်ပုံကို မသုံးတာလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်)

ဇေယျာနိုင်
ဓာတ်ပုံ
7 Day News

Wednesday, 10 April 2019

သံချပ်ထိုး၍ သံလျက်ကျိုးစေ



ဒီစကားလုံးကို တွေ့တွေ့နေရလို့
ဘယ်လိုအကောက်အယူမျိုးနဲ့ ဒီစကားလုံးကို ထွင်ထားတယ် မသိပေမယ့် သံလျက်ဆိုတာ အုပ်ချုပ်သူကို ရည်ညွှန်းပုံရပါတယ်၊ အုပ်ချုပ်သူရဲ့ လုပ်မှားကိုင်မှားတွေကို သံချပ်အနုပညာနဲ့ ဝေဖန်ထောက်ပြမယ်လို့ ဆိုလိုဟန်ရှိပါတယ်
သတိထားရမှာက
သံချပ်တွေက သံလျက်ကို ချိုးရမှာ မဟုတ်ပါဘူး၊
သံလျက်ဆိုတာ တစ်ခုကျိုးရင် နောက်တစ်ခုပေါ်လာစမြဲပါ၊ သံလျက်ကိုချိုးခဲ့ဖူးတဲ့ သင်ခန်းစာကိုယူပြီး နောက်ပေါ်လာတဲ့ သံလျက်က သံချပ်ကိုတောင် ပြန်ပြီး ကန့်သတ်တားဆီးလာနိုင်ပါတယ်
နောက်တစ်ချက်က
သံလျက်ကိုချိုးတာ အလုပ်မဖြစ်ဘူးဆိုတာ နားလည်ပြီး ပိုကောင်းတဲ့ ပြည်သူကိုပိုအကျိုးပြုတဲ့ သံလျက်ကောင်းဖြစ်လာအောင်သာ သံချပ်တွေက တစ်နည်းတစ်လမ်းနဲ့ ဝိုင်းဝန်းတည်ဆောက်ကြရမှာပါ
နေရာတကာတိုင်း သံလျက်ဆိုတဲ့ အုပ်ချုပ်သူကို ဆန့်ကျင်မယ် တော်လှန်မယ် ချိုးဖျက်မယ်ဆိုတဲ့ အဖျက်အားပဲကောင်းနေလို့မရပါဘူး အပြုအားကောင်းမှသာ လူ့ဘောင်က သာယာစည်ပင်မှာပါ
ဆန့်ကျင်မယ် တော်လှန်မယ် သံလျက်ချိုးမယ်ဆိုတာတွေပဲ အားကောင်းခဲ့တော့ တစ်ချို့တွေများ ကိုယ်တိုင်အစိုးရဖြစ်တာတောင် တော်လှန်ရေးအရှိန်က မကုန်ကြသေးတာ မမြင်ချင်မှတစ်ဆုံး
ဇေယျာနိုင်

Saturday, 6 April 2019

Problem or Condition



In a public policy process, recognizing a particular situation is quite important. If it is recognized as a PROBLEM then it would be solved or try to be solved. Otherwise it would be left just as a CONDITION. No solution would be sought.
.
As an NLD observer, Ko Aung Khant case is quite interesting. It seems to me that the executives and many NLD supporter assume it as an ordinary case of punishment for violating the rule governed. Academically, it seems to be a CONDITION for the NLD. (Daw Thet Thet Khine and U Kyaw Zaya cases can be taken as precedents, still party members but removed from the executive posts)
.
Is it really just a condition?
I don’t think so.
The situation vividly indicates that the existing rule and regulation does not support the youth-oriented policies of the party, and it could even create reluctancy for the potential membership of the talented youth. This situation could undermine the recruitment scheme if the party is expecting the participation of the youth elites from all walks of life.
.
To be continued ...

Tuesday, 2 April 2019

144


I wish the section 144 of the criminal procedure code works well enough in time in the effected area. Actually it should have been done earlier.
The very first order issued after the General Administration Department has been moved to the supervision of the ministry of president’s office from the ministry of home affairs.


https://www.facebook.com/permalink.php?story_fbid=1974063719587104&id=100009504854887&hc_location=ufi

တရားရေးဝန်ကြီးဌာန


တည်ထောင်မယ်ဆိုတဲ့ အရေးအပြောတွေ လေ့လာမိသလောက်က တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ကွပ်ကဲမယ်ဆိုတဲ့ သဘောမျိုးတွေ တွေ့နေရတယ်၊ အဲဒါဆို တရားစီရင်ရေးမဏ္ဍိုင်ရဲ့ လွတ်လပ်မှုကို မထိပါးပေဘူးလား
တချို့ကပြောတာကလည်း အကျဉ်းဦးစီးတို့ ရဲတပ်ဖွဲ့တို့ကို တရားရေးဝန်ကြီးအောက်ပို့မယ်ဆိုတာမျိုးတွေ့တယ်၊ ဒါတွေက နဂိုကတည်းက အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာ ရှိပြီးသားမို့ ကိစ္စမရှိပါဘူး
တရားရေးဝန်ကြီးဌာန တည်ထောင်ပြီး တရားစီရင်ရေးကို အုပ်ချုပ်ရေးက စွက်ဖက်ဖို့ ထိန်းချုပ်ဖို့ ကြိုးစားတာဆိုရင်တော့ ဒီမိုကရေစီစနစ်မှာ ကိစ္စအကြီးကြီးရှိလာမယ်
အလင်းပြပေးကြပါ
ဖတ်စရာလင့်လေးများ မျှပေးကြပါ

https://www.facebook.com/than.win.7906/posts/2117833518337293?hc_location=ufi
https://www.facebook.com/ukyawhoe/posts/2351194258224789?hc_location=ufi
https://www.facebook.com/ukyawhoe/posts/2451864541491093?hc_location=ufi
https://www.facebook.com/myanmarnownews/posts/1338405839640484?hc_location=ufi
https://www.facebook.com/ukyawhoe/posts/2351194258224789?hc_location=ufi

Thursday, 21 March 2019

The Underline Meaning???


In 2017, the NLD organized interfaith prayer for paece in Yangon and other parts of the country amongst the criticisms of the opposition group led by the USDP. The events were accused as an abuse of religions for political purposes, and the leading body of the Sangha known as Mahana officially banned its members in participating such events. However, a similar rally was organized in Mandalay and some buddhist monks attended it. It could be expected that the ruling party NLD is going to organize, directly or indirectly, many more mass mobilizations until the election campaign for 2020 are officially launched.
What do you think?

Sunday, 17 March 2019

မျက်တောင်မွေးတစ်ဆုံး


. . . ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ပါတီခေါင်းဆောင်က လူထုကို မဲဆွယ်တဲ့အခါ လူကိုမကြည့်နဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးကြပါလို့ ပြောခဲ့တယ်။ အဲသည်အပြောအရပဲ ခေါင်းဆောင်ကို ယုံကြည်ကိုးစားစိတ်နဲ့ ပုံအောပြီး မဲထည့်လိုက်ကြတာ သေသွားတဲ့သူတောင် မဲနိုင်ခဲ့တယ်မို့လား။ ဒီလိုဖြစ်ခဲ့တာဆိုတာကို လက်ခံတယ်ဆိုရင် ကျွန်တော်မေးမယ့်မေးခွန်းတစ်ခုကို သေသေချာချာ ဖြေစေချင်ပါတယ်
.
. . . လူကိုမကြည့်ပဲ ပါတီကိုကြည့်ပြီး မဲထည့်ပါလို့ လူထုကို စည်းရုံးခဲ့တဲ့နည်းလမ်းက ၂၀၁၅ တုန်းကလို အလုပ်ဖြစ်အုံးမယ်လို့ ထင်ပါသလား။ ထင်တယ်ဆိုရင် အောက်က စာတွေကို ဆက်မဖတ်ဘဲ ရပ်လိုက်ဖို့အကြံပေးချင်ပါတယ်။ မထင်ဘူးဆိုရင်တော့ ဆက်ဖတ်ကြည့်ပေးပါ။
.
. . . အခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွက် အရင်တုန်းက ရွေးကောက်တင်မြှောက်ထားတဲ့သူတွေကို ဥပဒေကြောင်းအရ အငြင်းပွားဖွယ်ရာ ဖြုတ်ပစ်လိုက်ပြီး စည်ပင်ဥပဒေအသစ်ထွက်လာပြီးတာတောင် ရွေးကောက်ပွဲကို နောက်ကျမှ လုပ်ခဲ့တယ်။ စည်ပင်ဥပဒေအရ ရွေးကောက်ခံကိုယ်စားလှယ်တွေ ဖြည့်ပါဖြည့်ပါဆိုပြီး တတ်သိနားလည်တဲ့သူတွေက ထောက်ပြနေတာကို ဂရုမစိုက်ဘဲ ဒီချုပ်ဦးဆောင်တဲ့ရန်ကုန်တိုင်းအစိုးရက မျက်နာပြောင်ပြောင်နဲ့ ကိုယ်စားလှယ်အသစ်တွေ ရွေးကောက်ပွဲမလုပ်ဘဲ ခန့်ထားတဲ့သူတွေနဲ့ချည်း အလုပ်လုပ်နေခဲ့တာမို့လား။ တစ်ပါတီတည်း အမတ်ကတောင် မြို့တော်ဝန်ကို ငဖြီးကြီးလို့ပြောတာကို ဘာမှ ပြန်မတုန့်ပြန်နိုင်ဘဲ ခံနေခဲ့ရတယ်မို့လား။
.
ဟုတ်ပါပြီ အခု ရွေးကောက်ပွဲ လုပ်ပါပြီတဲ့
.
. . . တစ်ချို့ကတော့ ဒီရွေးကောက်ပွဲကို ရန်ကုန်တိုင်းစည်ပင်ရွေးကောက်ပွဲ သက်သက်လို့ပဲ ယူဆသလားတော့မသိဘူး။ ကိုယ်ကတော့ အာ့လိုထက်ပိုတဲ့ အဓိပ္ပာယ်ရှိနိုင်တယ်လို့ ယူဆတယ်။ အခု ရန်ကုန်တိုင်းစည်ပင်ရွေးကောက်ပွဲဟာ ဒီအစိုးရသက်တမ်းအတွင်း နောက်ဆုံးသော လူစိတ်ဝင်စားမှုအများဆုံး ရွေးကောက်ပွဲ ဖြစ်နိုင်တယ်။ ဒီရွေးကောက်ပွဲဟာ ရန်ကုန်တိုင်း စည်ပင်ကော်မတီထဲ အဖွဲ့ဝင် တစ်ဝက်ကျော်ကျော်လောက် ဖြည့်မယ့်ရွေးကောက်ပွဲ ဖြစ်ပေမယ့် ဒါကို စိတ်ဝင်စားနေကြတာက ရန်ကုန်သားတွေတင်မဟုတ်ဘူး။ တစ်နိုင်ငံလုံးက ပါတီကို နိုင်ငံရေးကို စိတ်ဝင်စားနေသူတွေ တော်တော်များများက မျက်စိဒေါက်ထောက် ကြည့်နေကြတာ။
.
. . . ဒီချုပ်ကတော့ လူအင်အားလည်းတောင့်တင်း ထောက်ခံသူလည်း များလို့မို့ တစ်အိမ်တက်ဆင်း မဲဆွယ်နေကြတာတွေ မြင်နေရသပေါ့။ ရန်ကုန်က သက်ဆိုင်ရာမြို့နယ်ထဲ နေသူတွေလည်း ပါတီဝင်တွေ မဲဆွယ်အားကောင်းလို့ သူတို့ မဲထည့်ရမယ့်သူကို သိကြမှာပေါ့။ မဲဆွယ်ကောင်းလို့ပဲဖြစ်ဖြစ် ပါတီကျောထောက်နောက်ခံထဲကပဲ ကော်မတီကို လူအပြည့်ဖြည့်နိုင်ရင်လည်း နိုင်မှာပေါ့။ ဒါပေမယ့် အဲဒါနဲ့ ပြီးစတမ်းတဲ့လား
.
. . . လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပါဆိုပြီး မဲထည့်လိုက်တဲ့ သူတွေရဲ့ စွမ်းဆောင်ရည်ကို အကဲခတ်နေတဲ့ လူထုက အရင်လိုပဲ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပြီး မဲထည့်ပါလို့ ထပ်ပြီး စည်းရုံးအုံးမယ်ဆိုရင်တောင် ပါတီခေါင်းဆောင်ကို အားနာလို့ ချစ်လို့သာ ထောက်ခံကြမှာဖြစ်ပေမယ့် အရင်လို မျက်စိစုံမှိတ်ထည့်မယ့်သူ လျော့သွားပြီဆိုတာ လက်ခံတယ်ဆိုရင် အခု ရွေးကောက်ပွဲမှာ ငါတို့ထောက်ခံတဲ့ ပါတီက ကိုယ်စားလှယ်လောင်းတွေ ဘယ်လိုတွေများ မဲဆွယ်နေသလဲ အလုပ်လုပ်နေသလဲ ဆိုတာကို မြန်မာတစ်နိုင်ငံလုံးက စောင့်ကြည့်နေတယ်ဆိုတာက သတိပြုဖို့လိုပါတယ်။
.
. . . အခု ရန်ကုန်သူရန်ကုန်သား မဟုတ်တဲ့သူတွေ မြင်နေရတာက တစ်ခြား တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက ထင်ပေါ်ကျော်ကြားပြီး တက်တက်ကြွကြွနဲ့ လူတွေနဲ့ ထိတွေ့လို့ အလုပ်တွေလုပ်လို့ စိတ်ကူးတွေကို ပြည်သူလူထုကို ခင်းပြလို့ ဆွေးနွေးလို့ စည်စည်းကားကား ဖြစ်နေချိန်မှာ ဒီချုပ်နောက်ခံ ကိုယ်စားလှယ်လောင်းတွေကတော့ ဆိုင်းဘုတ်အနီကြီးမှာ ပင်နီအကျီင်္တွေ ဆင်တူဝတ်လို့ မြေပြင်မှာလည်း လူလုံးမကွဲဘူး။ မဲဆွယ်စာရွက်မှာတောင် ပါတီခေါင်းဆောင်ပုံကို ရှေ့တန်းတင်ပြီး သူတို့နာမည်က အောက်မှာ ရေးထားတဲ့ လက်ကမ်းစာစောင်နဲ့ မဲဆွယ်နေကြတာတွေ့နေရတယ်။ လူတွေက ပင်နီဝတ်တာတွေ့ရင် ခွပ်ဒေါင်းအလံကြီးမြင်ရင် မဲပေးကြမယ့်သဘော။ မျက်စိမှိတ် ထည့်ရမယ့်သဘော။ ရန်ကုန်မှအပ တစ်ခြားနေရာတွေက မြင်နေရတာက အက်လို
.
ဒါကြောင့်
လုပ်ကြပါလေ
. . . ဒီချုပ်က နိုင်မှာပါ။ ရန်ကုန်စည်ပင်အတွက် ရွေးကောက်ခံစည်ပင်အဖွဲ့ဝင်တွေနေရာအားလုံး ဒီချုပ်က ရမှာပါ။ ဒါ့အပြင် ထပ်ရတာတစ်ခုရှိသေးတယ်။ ဒီချုပ်အောက်ကသာ ၀င်ပြိုင်ဟေ့ မင်း ပင်နီဝတ်ပြီး အလံနီထောင်တာနဲ့ လူတွေက မဲပေးကြမှာပဲ။ မင်းမှာ အရည်အချင်းရှိတာမရှိတာ ကိစ္စမရှိဘူးဆိုတဲ့ သဘောတရားမျိုး အရင် ၂၀၁၅ တုန်းကလိုပဲ မပြောင်းလဲသေးဘူးဆိုတာ လူတွေ (တစ်နိုင်ငံလုံးက စိတ်ဝင်စားလို့ စောင့်ကြည့်နေတဲ့သူတွေနော်) သေသေချာချာ နားလည်သဘောပေါက်သွားတာကိုလည်း ရအုံးမှာဗျ
.
စဉ်းစားကြပေါ့လေ
ငယ်တော့တာမှ မဟုတ်တာကို
ပြောရတာမောတယ်
အကောင်းပြောမှန်းမသိ အဆိုးပြောမှန်းမသိ
ချောက်မှန်း ကမ်းမှန်း မသိတဲ့ဟာတွေ
.
ဇေယျာနိုင်
၁၇ မတ် ၂၀၁၉

Friday, 15 March 2019

စည်းကမ်းဖောက်သူများ


အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီလို့ သိမှတ်ထားကြတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၉ အပိုဒ် ၄ (ည) မှာ "ပူးပေါင်းကော်မတီ၏ သုံးသပ်ချက်များ၊ တင်ပြချက်များကို ပြည်ထောင်စုလွှတ်တော်သို့ မတင်ပြမီအချိန်အထိ ပေါက်ကြားခြင်းမရှိစေရန် လျှို့ဝှက်အဆင့် သတ်မှတ်ထိန်းသိမ်းရမည်" လို့ ဖော်ပြပါရှိပေမယ့် ကော်မတီတွင်း ဆွေးနွေးတင်ပြချက်များကို အချို့ကော်မတီဝင်များက ပြင်ပမီဒီယာများသို့ ပြောဆိုပေါက်ကြားစေလျက်ရှိနေတာကို တွေ့ရပါတယ်။
http://burmese.dvb.no/archives/316867…
https://www.facebook.com/678741785796579/posts/836993833304706?sfns=mo

Thursday, 14 March 2019

Thai-Myanmar Military Relations


What does really constitute the sound relations between Thailand military and its counterpart of Myanmar? One of my friends suggests it as “mentor and protégé” pattern since he assumes it as a Thailand-Myanmar version of “Operation Condor”. This idea is partly acceptable as both nations have a similar history of military intervention in the politics but what is missing here is the cooperation between the two militaries in political intervention although they share the same mindset of looking down on the politicians’ political will. Even they experienced the worst relations in 2001 border conflict when Myanmar was under the administration of the military council. Currently, they do have cooperation but exclusively in military affairs. The two armies are no more than the “birds with a feather flock together” rather than the metaphor of “Operation Condor”.

What do you think?

Friday, 1 March 2019

Smart but


The special commission of the Pyidaungsu Hluttaw widely known as U Shwe Mann Commission was abolished by the almost unanimous decision of the MPs just a day before its expiration date. The Tatmadaw members have always been making their objection of the existence of the commission since it is considered as unconstitutional. The irony was when the speaker asked for the approval of the hluttaw for the one year extension of the commission, the NLD MPs kept silent as if they all agreed the proposal but two MPs, one from the Tatmadaw and one from the opposition party USDP signaled their disagreement by standing up. Surprisingly, the silent majority of the parliament although they have already given instruction what to do, gave no vote for the extension of the term of the commission.
.
. . . Here, what the NLD did in the parliament seems to be smart. The speaker proposed the case, the opposition and the Tatmadaw showed their objection, and went voting for the decision. The NLD casted NO vote. The process seems to be very smart. It was really smart.
.
. . . But wait!
.
It was smart enough but was it a wise decision to orchestrate the plot in that way? Why did the NLD choose to do so? Didn’t they have no option to abolish the commission?
.
. . . Removing the Commission from the formal sovereign institution is a proper decision since the chairman of the commission has already registered a new political party. That was not the case. The case here is the way the NLD did it.
.
. . . Actually, the chairman of the current ruling party NLD, Daw Aung San Suu Kyi was nurtured and supported by the ex-Speaker of the hluttaw U Shwe Mann when her party won the byelection and entered into the parliament as a leader of the minority opposition party. They made ally in the parliament. When the NLD won a landslide victory in the 2015 general elections, the loser U Shwe Mann was appointed as the chairman of the special commission admist the objection of the Tatmadaw members. After three years term, the commission was abolished democratically without the prior knowledge of the chairman.
.
. . . The two events within the same session of the parliament clearly indicate that the NLD is going into RADICAL way for orchestrating the political plots in the parliament by the force of the majority. Did not they consider the backlash of over-smartness?
.
. . . I wish such plots were not orchestrated by Daw Aung San Suu Kyi who has a good reputation of reiterating such big words as NEGOTIATION, PEACEFUL WAY, and bla bla.
.
God bless Myanmar,
and
God bless Daw Aung San Suu Kyi.
.
Zay Yar Naing
1 March 2019