Wednesday 31 July 2019

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမ၀င်ခြင်းနှင့် ပတ်သက်ပြီး


 ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမ၀င်ခြင်းနှင့် ပတ်သက်ပြီး ဒီမေးခွန်းတွေ မေးခဲ့ပါတယ်

ဘာသာရေးကိုအခြေခံတဲ့
လူမှုရေးအသင်းအဖွဲ့တွေကို
ဥပဒေအရ ဖွဲ့ခွင့်ရှိသလား

သံဃာတော်တွေက
သံဃာ့အဖွဲ့အစည်းမဟုတ်တဲ့
လူမှုရေးအသင်းအဖွဲ့တွေမှာ
အဖွဲ့ဝင်ဖြစ်ခွင့်ရှိသလား

ဥပဒေကခွင့်ပြုထားတဲ့
အသင်းအဖွဲ့အမျိုးအစားက
ဘယ်နှခုလောက်ရှိလဲ

တရားမဝင်အသင်း
မတရားသင်းအဖြစ်
ဘယ်လိုအချက်တွေနဲ့ကိုက်ညီရင်
ကြေညာလို့ရသလဲ
အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသုံးခု တွေ့ပါတယ်
.
၁။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဥပဒေ
https://www.constitutionaltribunal.gov.mm/lawdatabase/my/law/226?fbclid=IwAR0KevSlekwluJYMRJ3jm7T-BNo-7uYx4SQuRg2elCFZeRpGkADtaOjE3oQ
.
၂။ THE UNLAWFUL ASSOCIATION ACT
https://www.constitutionaltribunal.gov.mm/lawdatabase/my/content/unlawful-association-act-india-act?fbclid=IwAR1PbE5m0_K2gW4YGha5zm_dT-GIXr2RwPkjaT97JWprnThUedWT6kxS6LQ
.
၃။ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ
https://www.constitutionaltribunal.gov.mm/lawdatabase/my/law/620

အခြေခံဥပဒေပုဒ်မ ၃၅၄(ဂ) နဲ့
ဒီဥပဒေသုံးခုရယ်ကို လေ့လာပြီးတဲ့အခါမှာ အောက်ပါအတိုင်း သုံးသပ်ရရှိပါတယ်

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမဝင်ခြင်းကို နိုင်ငံတော်ရဲ့ တည်ဆဲ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေများအရသာလျှင် သက်ဆိုင်ရာ ဥပဒေစောင့်ထိန်းရေးအဖွဲ့အစည်းများက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ မဘသက ဝင်ဆုံးဖြတ်ပေးရမယ့်ကိစ္စလို့ မမြင်ပါဘူး၊ မဘသမှာလည်း အဲ့သည်လိုဆုံးဖြတ်ပေးနိုင်တဲ့အာဏာရှိတယ်လို့ မတွေ့ပါဘူး၊ သက်ဆိုင်ရာ ဥပဒေများဟာလည်း အခြေခံဥပဒေကပေးထားတဲ့ နိုင်ငံသားတို့ရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းဆောင်ရွက်တာကို အားပေးကူညီဖို့ ပြဌာန်းထားတဲ့ ဥပဒေများဖြစ်ပါတယ်၊ ဆိုလိုတာက နည်းလမ်းမကျတဲ့ ဖွဲ့စည်းမှုဖြစ်နေသည့်တိုင်အောင် နည်းလမ်းတကျဖွဲ့စည်းဆောင်ရွက်ဖို့ ကူညီပေးရဖို့ပါ နှိပ်ကွပ်ဖို့မဟုတ်ပါ သာသနာရေးဝန်ကြီးဌာနသည်လည်း ဒီအဖွဲ့က တရားမဝင်ဘူးလို့ ဆုံးဖြတ်ပေးခွင့်ရှိတဲ့ ဝန်ကြီးဌာနတစ်ခုမဟုတ်ပါ၊ အခုက ဥပဒေအရ ဆုံးဖြတ်ပေးခွင့်ရှိတဲ့ သက်ဆိုင်ရာတွေမပြောဘဲ မဆိုင်သူတွေက ကြည့်မရလို့လျှောက်ပြောနေသလိုဖြစ်နေပါတယ်၊ ဒီမိုကရေစီစနစ်မှာ ဥပဒေလွတ် စည်းမျဉ်းလွတ် စိတ်ထင်ရာလျှောက်ပြောနေခြင်းက ဘောင်မဝင်ပါဘူး အားလည်းမပေးထိုက်ပါဘူး ဒီအဖွဲ့တရားဝင်ခြင်းမဝင်ခြင်းနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက ထိုက်သင့်တဲ့ကူညီစောင့်ရှောက်မှုမျိုးအစား နှိပ်ကွပ်တာတွေပဲ ဆက်လာနေမယ်ဆိုရင် ဖောင်ဒေးရှင်းအနေနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ သင့်တော်ရာစာချွန်တော်တစ်ခု ထုတ်ဆင့်ပေးဖို့ လျှောက်ထားပြီး မိမိတို့ရဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းဆောင်ရွက်ခွင့် မူလအခွင့်အရေးကို ကာကွယ်ဖို့ နည်းလမ်းရှာသင့်ပါတယ် ဆိုခဲ့တဲ့အထဲက အမှားအယွင်း အကောက်အယူလွဲနေတာများရှိရင် တည့်မတ်ပေးကြမယ်ဆို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်

 ဇေယျာနိုင်
 ၃၁ ဇူလိုင် ၂၀၁၉


No comments:

Post a Comment