Showing posts with label လွှတ်တော်. Show all posts
Showing posts with label လွှတ်တော်. Show all posts

Thursday, 22 November 2018

တပ်မတော်သားအမတ်များ

တပ်က မူရင်းလစာပဲ ယူခွင့်ရှိတဲ့
တပ်မတော်သားအမတ်များ

လွှတ်တော်ကိုယ်စားလှယ်များ ချီးမြှင့်ငွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေတွေထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ တပ်လစာ (သို့မဟုတ်) လွှတ်တော်ချီးမြှင့်ငွေ တစ်ခုခုကိုသာ ခံစားခွင့်ပြုထားပြီး ရွေးချယ်ခွင့်လည်း ပေးထားပါတယ်။

လွှတ်တော်တက်နေတဲ့ တပ်မတော်သားတွေအတွက်တော့ သာမန်အားဖြင့် လွှတ်တော်ချီးမြှင့်ငွေက တပ်လစာထက် ပိုများပါတယ်၊ ဒါပေမယ့် တပ်မတော်သားများက ဥပဒေအရ ရွေးချယ်မှုပြုရတဲ့အခါ မိမိရဲ့ မူရင်းတပ်မတော်လစာကိုသာ ရွေးချယ်ကြရပါတယ်။

https://www.facebook.com/100028459902293/posts/166508884307774/

နေ့တွက်စရိတ်နဲ့ပတ်သက်ရင်တော့ သီးခြားပြဌာန်းထားတာ မရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံး တစ်ပြေးညီ ထုတ်ပေးပါတယ်။

လွှတ်တော်အမတ်များ ပါဝင်စီမံသုံးစွဲခွင့်ပြုတဲ့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ သိန်းတစ်ထောင်နဲ့လည်း တပ်မတော်သားတွေ ပတ်သက်ရတယ်လို့ မကြားမိပါ။

လွှတ်တော်အမတ်များအတွက် ပေးထားတဲ့ အခြားသောအခွင့်အရေး ရပိုင်ခွင့်ကိစ္စများမှာလည်း တပ်မတော်သားများ ပါဝင်ခံစားခြင်းမရှိပါ

ဗိုလ်ကောင်း