Showing posts with label နိုင်ငံတကာရေးရာ. Show all posts
Showing posts with label နိုင်ငံတကာရေးရာ. Show all posts

Thursday, 23 March 2023




G C I
.
. . . ၂၀၂၁ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် (Global Development Initiative – GDI)၊ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် (Global Security Initiative – GSI) တို့ကို ထုတ်ဖော်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အခု ၂၀၂၃ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆင့်အတန်းမြင့်မားရေးအဆိုပြုချက် (Global Civilization Initiative – GCI) ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်ပါတယ်။
.
. . . တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး အနေနဲ့ မတ်လ ၁၅ ရက်နေ့က ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့်အစည်းအဝေးမှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး နဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားရေးတို့ကို အဓိကထား ပြောသွားခဲ့တာကို တွေ့ရပါတယ်။ “ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ” လို့ ခေါင်းစဉ်ပေးထားတဲ့ အဲသည် အစည်းအဝေးကို နိုင်ငံပေါင်း ၁၅၀ ကျော်က နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းများက ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
.
. . . ကမ္ဘာ့စီးပွားရေးက အားကောင်းမောင်းသန်ဆက်ပြီး တိုးတက်မှု မရှိသေးတာ၊ ဖွံ့ဖြိုးမှုကွာဟချက်တွေ ကြီးမားနေသေးတာ၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးနေတာ နဲ့ စစ်အေးခေတ်အတွေးအခေါ်တွေ အယူသည်းနေကြတုန်း ဒီနေ့ခေတ်အခါမှာ လူသားထုရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးက လမ်းဆုံလမ်းခွရောက်နေတယ်လို့ နိဒါန်းချီပြီး ခေတ်မီဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ အချက်ငါးချက်ကို တင်ပြခဲ့ပါတယ်၊ အဲဒါတွေကတော့
• ခေတ်မီဖွံ့ဖြိုးရေးလုပ်ဆောင်ရာမှာ ပြည်သူသာ အဓိကဖြစ်ရမယ်
• အမှီအခိုကင်းပြီး နည်းလမ်းပေါင်းစုံနဲ့ သွားရမယ်
• ခေတ်မီဖွံ့ဖြိုးရေးအခြေခံသဘောတရားတွေကို ဦးထိပ်ထားတဲ့ တစ်ချိန်တည်းမှာပဲ နည်းလမ်းသစ်တွေဖော်ထုတ်ရမယ်
• ကိုယ်တိုင်ရဲ့ ခေတ်မီတိုးတက်ရေးကို ကြိုးစားနေတဲ့ တစ်ပြိုင်တည်းမှာပဲ အခြားသူတွေလည်း တိုးတက်မှုအသီးအပွင့်ကို ခံစားနိုင်အောင် ကူညီရမယ်
• ခိုင်မာတဲ့ခေါင်းဆောင်မှုပေးရမယ်
.
. . . ယဉ်ကျေးမှုပေါင်းစံရောယှက်နေတဲ့ ရောင်စုံဥယျာဉ်ကြီးထဲမှာ ပန်းတွေပွင့်ဝေနိုင်ဖို့အတွက်ဆိုပြီး ကဗျာဆန်ဆန်စကားလုံးလေးနဲ့ နိဒါန်းပျိုးပြီးသကာလ “ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားရေး အဆိုပြုချက်” (Global Civilization Initiative) ကို အချက် ၄ ချက်နဲ့ တင်ပြခဲ့ပါတယ်။ အဲဒါတွေကတော့
.
(က) မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေးစားအသိအမှတ်ပြုဖို့ အားပေးတယ်။ တန်းတူညီမျှခြင်း၊ အပြန်အလှန်သင်ယူခြင်း၊ တွေ့ဆုံဆွေးနွေးကြခြင်း နဲ့ ယဉ်ကျေးမှုအသိုက်အဝန်းများ အားလုံးပါဝင်ခြင်း စတဲ့ အခြေခံမူတွေကို လက်ကိုင်ထားရမယ်။ ယဉ်ကျေးမှုမတူကွဲပြားတာတွေထက် အပြန်အလှန်ဖလှယ်မှုတွေ ပိုလုပ်ရမယ်၊ ပဋိပက္ခတွေထက် အပြန်အလှန်သင်ယူမှုတွေ ပိုများရမယ်၊ လွှမ်းမိုးတင်စီးလိုစိတ်တွေ ကျော်လွှားပြီး အတူယှဉ်တွဲနေကြရမယ်
.
(ခ) လူသားမျိုးနွယ်ထုရဲ့ ဘုံတန်ဖိုးသဘောထားတွေကို အားပေးထောက်ခံတယ်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှု၊ ဒီမိုကရေစီ နဲ့ လွတ်လပ်မှုတို့ဟာ လူသားထုအားလုံးရဲ့ ဘုံဆန္ဒဖြစ်တယ်။ နိုင်ငံအားလုံးဟာ မတူညီတဲ့ ယဉ်ကျေးမှု နဲ့ တန်ဖိုးတွေကို အသိအမှတ်ပြုကြရမှာ ပွင့်ပွင့်လင်းလင်းရှိဖို့ လိုအပ်တယ်။ ကိုယ့်ယုံကြည်ချက်စံနှုန်းတန်ဖိုးတွေကို တခြားသူတွေဆီမှာ သွားသွတ်သွင်းဖို့ ကြိုးစားတာမျိုးကို ရှောင်ကျဉ်ရမယ်။ အယူဝါဒရေးရာ ထိပ်တိုက်ရင်းဆိုင်ဖြစ်ခြင်းမျိုးကိုလည်း ရှောင်ကျဉ်ရမယ်။
.
(ဂ) ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခြင်းကို အမွေဆက်ခံခြင်းနဲ့ ဆက်လက်ထိန်းသိမ်းမြှင့်တင်ခြင်းရဲ့ အရေးပါပုံကို အသိအမှတ်ပြုတယ်။ နိုင်ငံအားလုံးဟာ သက်ဆိုင်ရာ သမိုင်းကြောင်း နဲ့ ယဉ်ကျေးမှုများရဲ့ ဆက်စပ်မှုကို မျက်မှောက်ခေတ်အထိ အပြည့်အဝ လက်ဆင့်ကမ်းသယ်ဆောင်လာကြဖို့ လိုအပ်ပြီး တီထွင်ဆန်းသစ်ပြောင်းလဲ မြှင့်တင်ကြဖို့ လိုအပ်တယ်။
.
(ဃ) နိုင်ငံတကာက ပြည်သူတွေ အချင်းချင်း အားကြိုးမာန်တက်ပူးပေါင်းဆောင်ရွက်ကြသင့်တယ်။ နိုင်ငံတွေအကြား အပြန်အလှန်နားလည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ဖို့နဲ့ လူသားယဉ်ကျေးမှု တိုးတက်ထွန်းကားလာစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းတွေ ချဲ့ထွင်ဖို့ နိုင်ငံတွေအကြား ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခု တည်ဆောက်ဖို့ လိုအပ်တယ်
.
. . . ဒီမိန့်ခွန်းရဲ့ တစ်နေရာမှာ တရုတ်နိုင်ငံရဲ့ ကတိကဝတ်နဲ့ အာမခံချက်လို့ ဆိုနိုင်တဲ့ စာပိုဒ်တစ်ပိုဒ်ကိုလည်းတွေ့ရတယ်၊ အနှစ်ချုပ်ပြီး ပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ဖို့အတွက် နိုင်ငံတကာ တရားမျှတမှုကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားမယ်ဆိုတာ၊ တစ်ချို့နိုင်ငံတွေ အင်အားကြီးလာရင် လုပ်ကြသလို ကိုလိုနီနယ်ချဲ့လမ်းဟောင်းကို လိုက်မှာ မဟုတ်တဲ့အပြင် ဗိုလ်ကျလွှမ်းမိုးမှုကိုလည်း လုပ်မှာမဟုတ်ဘူးဆိုတာ၊ မတူကွဲပြားမှုတွေကိုလည်း ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းမယ်ဆိုတာ၊ ဗိုလ်ကျစိုးမိုးမှုနဲ့ အင်အားသာတာကို အသုံးချတဲ့ နိုင်ငံရေးကစားကွက်တွေ ဘယ်လိုပုံစံမျိုးနဲ့ကျင့်သုံးသည်ဖြစ်စေ အဲဒါတွေကို တရုတ်က ခိုင်ခိုင်မာမာ ဆန့်ကျင်တယ်ဆိုတာ၊ စည်းလုံးညီညွတ်မှုနဲ့ သူသာကိုယ်သာ အခြေအနေကို လက်ကိုင်ထားပြီး ရှုပ်ထွေးတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ မျှတသင့်တော်တဲ့ လုံခြုံရေးပုံစံမျိုးကို အားလုံးအတူတကွ မျှဝေပါဝင်အသုံးချနိုင်အောင် တည်ဆောက်သွားမည်ဆိုတာ၊ ကမ္ဘာကြီးဟာ စစ်အေးတိုက်ပွဲအသစ်တစ်ဖန်ပြန်လည် စတင်ဖို့ မလိုအပ်ဘူး၊ ဒီမိုကရေစီကို ဗန်းပြပြီး ခွဲခြားခွဲခြားလုပ်တာ နဲ့ ထိပ်တိုက်ရင်ဆိုင်တာတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးကို တလွဲသုံးနေတာဖြစ်ပြီး အဲလိုလုပ်ခြင်းအားဖြင့် ထောက်ခံအားပေးမှုကို လက်လွတ်သွားမှာ သာမက အဆုံးအစမထင်တဲ့ အန္တရာယ်ကိုသာ ဖြစ်စေလိမ့်မယ်ဆိုတာ၊ တရုတ်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းက ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေး နဲ့ နိုင်ငံတကာ တရားမျှတရေးကို အားပေးခိုင်ခံ့စေမယ်ဆိုတာ၊ တရုတ်ကြီး ဘယ်လောက်ပင် ဖွံ့ဖြိုးတိုးတက်သွားပါစေ ဗိုလ်ကျစိုးမှုနဲ့ နယ်ပယ်ချဲ့ထွင်မှု မလုပ်ဘူးဆိုတာတွေကို ကတိကဝတ် အာမခံချက်များအဖြစ် ထည့်သွင်းပြောကြားသွားတာ တွေ့ရပါတယ်။
.
. . . ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး စကားလုံးအသုံးအနှုန်းရ ဆန်းစစ်ကြည့်မယ်ဆို တရားဝင်အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်ထဲမှာ Civilization ဆိုတဲ့ စကားလုံး ၁၉ ခါပါဝင်ပြီး သူနဲ့ အဓိပ္ပာယ်တူအဖြစ် ယူလို့ရတဲ့ 文明 စကားလုံးက မူရင်းတရုတ်ဘာသာ ထုတ်ပြန်ချက်ထဲမှာ ၂၇ ခါတောင် ပါနေတာတွေ့ရပါတယ်၊ အလားတူ Modernization ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဘာသာပြန်ဆိုချက်ထဲမှာ ၃၃ လုံးနဲ့ မူရင်းတရုတ်ဘာသာ ထုတ်ပြန်ချက်ထဲမှာ 现代化 စကားလုံးက ၃၆ ကြိမ်ပါဝင်နေတာကို တွေ့ရှိရပါတယ်။
.
. . . အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ တရုတ်-ရုရှားတို့ ဦးဆောင်တဲ့ အရှေ့အုပ်စုအကြား အုပ်စုဖွဲ့မှုနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်၊ တရုတ်နိုင်ငံက အမေရိကန်ကို နောက်ကောက်ချပြီး ကမ္ဘာကြီးကို ဦးဆောင်မှု လွှဲပြောင်းယူဖို့ ကြိုးစားနေချိန်မှာ ထွက်ပေါ်လာတဲ့ ဒီအဆိုပြုချက်ဟာ တရုတ်နိုင်ငံရဲ့ ကမ္ဘာကြီးကို အနုနည်းဦးဆောင်ဖို့ ကြိုးစားမှု တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူနိုင်တဲ့အပြင် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအင်အားကြီးတာကို အသုံးချပြီး ကမ္ဘာကိုပတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဗန်းပြ ခြိမ်းခြောက်နေတဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုကို စိတ်ကုန်နေကြတဲ့ ကမ္ဘာ့နိုင်ငံအများအတွက် တရုတ်ရဲ့ ယခုသဘောထားများဟာ မျှော်လင့်ချက်ရောင်ခြည်ဖြစ်လေမလားဆိုတာတော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဆက်လက်စောင့်ကြည့်နေရမှာ ဖြစ်ပါကြောင်း
.
ဗိုလ်ကောင်း
၂၃ မတ် ၂၀၂၃

Sunday, 26 February 2023

ယူကရိန်းအကျပ်အတည်းဆိုင်ရာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်



. . . လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခဆိုင်ရာ တရုတ်နိုင်ငံရဲ့ အချက် ၁၂ ရပ်ပါ ရပ်တည်ချက် သဘောထားတစ်ခုကို ဖေဖော်ဝါရီလ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာကို တွေ့ရပြီး အဲသည်မှာ ဖော်ပြထားတဲ့ အချက် ၁၂ ချက်နဲ့ပတ်သက်လို့ အရင့်အရင်က တရုတ်တို့ ထုတ်ပြန်ခဲ့တဲ့ သဘောတရားတွေနဲ့ ပူးတွဲဖတ်ရှုမှသာ ပိုမိုနားလည်နိုင်လိမ့်မယ်ဆိုတာ တွေ့ရပါတယ်။
.
. . . တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး နဲ့ လုံခြုံရေးဆိုင်ရာ ရပ်တည်ချက် သဘောတရားတွေကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က စတင်ပြောကြားခဲ့တာဖြစ်ပြီး အဓိအားဖြင့် အချက် ၆ ချက်ပါခဲ့တာနဲ့အခု ပြောတဲ့ ယူကရိန်းဆိုင်ရာ တရုတ်ရဲ့ ရပ်တည်ချက်မှာလည်း အရင်ပြောခဲ့တဲ့ အချက်တွေ သဘောတရားတွေ ထပ်တူနီးပါး ထင်ဟပ်နေတာကို တွေ့ရပါတယ်။ #Link1
.
. . . လုံခြုံရေးဆိုင်ရာ သဘောတရားတွေနဲ့ ပတ်သက်ရင် အရင်တုန်းက စပြီး သုံးခဲ့တဲ့ “Indivisible Security” ဆိုတဲ့ စကားရပ်အစား “the vision of common, comprehensive, cooperative and sustainable security” ဆိုတာကို သုံးသွားတာကို တွေ့ရပါတယ်။ #Link2 #Link3
.
. . . အချက် ၁၂ ချက်က ဘာတွေလဲဆိုရင်
1. နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာကို လေးစားရေး
2. စစ်အေးခေတ် အတွေးအခေါ်များကို စွန့်လွှတ်ရေး
3. ရန်လိုတိုက်ခိုက်မှုများ ရပ်ဆိုင်းရေး
4. ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ရေး
5. လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းများ ဖြေရှင်းရေး
6. အရပ်သားပြည်သူများနှင့် စစ်သုံ့ပန်းများအား ကာကွယ်စောင့်ရှောက်ရေး
7. နျူကလီးယားဓာတ်အားပေးစက်ရုံများလုံခြုံရေး
8. နျူလက်နက်အသုံးမပြုရေး
9. ကောက်ပဲသီးနှံများတင်ပို့ရောင်းချနိုင်ရေး
10. တစ်ဘက်သတ် အရေးယူပိတ်ဆို့မှုများ ရပ်ဆိုင်းရေး
11. စက်မှုလုပ်ငန်းနှင့်ထောက်ပံ့ရေးကွင်းဆက်များ မပြတ်တောက်ရေး
12. ပဋိပက္ခအလွန်ကာလ ပြန်လည်တည်ဆောက်ရေး တို့ပဲ ဖြစ်ပါတယ်။
.
. . . အမေရိကန်တို့ကတော့ ထုံးစံအတိုင်း တရုတ်ရဲ့ ရပ်တည်ချက်ကို လက်မခံတဲ့သဘော လေသံပစ်လာကြပါတယ်။ အဲသည်နေ့မှာပဲ လုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေအမေးကို ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ဖြေခဲ့တာက တရုတ်ကတော့ သူတို့ဟာ ဘယ်နိုင်ငံဘက်ကမှ ရပ်တည်နေတာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးကြဖို့ရယ် သမိုင်းရဲ့မှန်ကန်တဲ့အပိုင်းမှာရယ် တရုတ်က ရပ်တည်နေတာလို့ ပြောပါတယ်။ #Link4
.
. . . Nord Stream ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ရဲ့ အမြင်ကို မေးရာမှာလည်း ဒီကိစ္စကို နေတိုးနိုင်ငံတွေက စုံစမ်းစစ်ဆေးရေးလုပ်နေတယ်ဆိုတာ သူတို့အချင်းချင်းလက်ချက်တွေပဲမို့ ဘာမှ မထူးဘူး၊ တွေ့ရှိချက်တွေကိုလည်း ယုံကြည်နိုင်လောက်စရာ မရှိဘူးလို့ ပြောပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးလုပ်မယ်ဆိုရင်တော့ သူတို့ ထောက်ခံမယ်လို့ ပြောပါတယ်
.
. . . တရုတ်မိုးပျံပူပေါင်းကိစ္စကို ပြောရာမှာ သမ္မတဘိုင်ဒင်က ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက မိုးပျံပူပေါင်းကို ပစ်ချဖို့ အမိန့်ပေးထားပြီး ပျက်ကျလာတဲ့ အပိုင်းအစတွေကို စုစည်းလေ့လာစုံစမ်းနေတာ လေးပတ်ရှိသွားပြီ၊ အခုထိ ဘာတွေ့ရှိချက်ကိုမှ မထုတ်ပြန်နိုင်တာ အဲသည် စုံစမ်းစစ်ဆေးမှုရဲ့ ပွင့်လင်းမြင်သာမှု ရိုးသားမှုကို မေးခွန်းထုတ်ရလိမ့်မယ်၊ ဘာမှ မတွေ့ရသေးဘဲ တရုတ်ကို နာမည်ဖျက်ချင်တာနဲ့ သူတို့ပြည်တွင်းနိုင်ငံရေး အမှတ်လိုချင်တာနဲ့ တရုတ်မိုးပျံပူပေါင်းကို ရမယ်ရှာတာလို့ ဆိုပါတယ်။
.
ဗိုလ်ကောင်း
၂၆ ဖေဖော်ဝါရီ ၂၀၂၃
.

REAIM 2023



. . . ဉာဏ်ရည်တုနည်းပညာကို စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေမှာ တာဝန်သိသိသုံးကြဖို့ (Responsible Use of IA in Military Domain – REAIM 2023) ဖိုရမ်ကို ပထမဆုံးအကြိမ်အဖြစ် နယ်သာလန်နိုင်ငံ the Hague မြို့မှာ ဖေဖော်ဝါရီလ ၁၅-၁၆ နှစ်ရက် ကျင်းပခဲ့ရာမှာ တရုတ်နဲ့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း တစ်ရာကျော်က အစိုးရအဖွဲ့ဝင်အကြီးအကဲ အယောက် ၈၀ အပါအဝင် အဖွဲ့အစည်းအသီးသီးက တက်ရောက်သူပေါင်း နှစ်ထောင်ကျော် ရှိခဲ့ပါတယ်။ ရုရှားကိုတော့ မဖိတ်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲသည်ထဲမှာ ဉာဏ်ရည်တုနည်းပညာကို တာဝန်သိသိ သုံးကြရေး တိုက်တွန်းချက် Call to Actionကို နိုင်ငံပေါင်း ၆၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြပြီး အစ္စရေးကတော့ မထိုးခဲ့ဘူးလို့ ဆိုပါတယ်။ #Link1
.
. . . Call to Action မှာ အချက် ၂၅ ချက်ပါဝင်ပြီး အနှစ်ချုပ်ကတော့ နိုင်ငံအားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြဖို့ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ #Link2
.
. . . တစ်ဆက်တည်း ဆိုသလိုပဲ အမေရိကန်နိုင်ငံကလည်း ဒါနဲ့ပတ်သက်ပြီး သူတို့နိုင်ငံရဲ့ သဘောထား ရပ်တည်ချက်ကို အချက် ၁၂ ချက် ပါဝင်တဲ့ နိုင်ငံရေးကြေငြာစာတမ်း (Political Declaration on Responsible Military Use of Artificial Intelligenc and Autonomy) အဖြစ် ထုတ်ပြန်လိုက်တာကို တွေ့ရပါတယ်။ စာတမ်းအနှစ်ချုပ်ကတော့ ဉာဏ်ရည်တုနည်းပညာကို အားသွန်ခွန်စိုက် လုပ်လာကြရာမှာ နိုင်ငံတကာလုံခြုံရေးအပေါ်မှာ ဂယက်ရိုက်လာတာ၊ ဉာဏ်ရည်တုကို စစ်ရေးမှာ သုံးမယ်ဆိုရင် နိုင်ငံတကာဥပဒေတွေ၊ အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေတွေကို လိုက်နာဖို့ လိုတဲ့အပြင်၊ ဉာဏ်ရည်တုကို အသုံးပြုရာမှာ လူထိန်းချုပ်မှုစနစ်ကို မလွဲမသွေထားဖို့ လိုတယ်ဆိုတာ၊ ဒီကြေညာစာတမ်းက အမေရိကန်အစိုးရရဲ့ သဘောထားသာဖြစ်ပြီး နိုင်ငံတွေအနေနဲ့ မဖြစ်မနေလိုက်နာဖို့တော့ မလိုပါဘူး ဆိုတာကို ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။ #Link3
.
. . . အထက်မှာပြောခဲ့တဲ့ Call to Action နဲ့ အမေရိကန်အစိုးရကြေညာစာတမ်း တို့က မဖြစ်မနေ လိုက်နာစရာ မလိုတဲ့အပေါ်မှာ ဒါဟာ လျော့ရဲလွန်းတယ်ဆိုပြီး ဝေဖန်နေကြတာတွေ ရှိပေမယ့် နောက်ပိုင်းမှာတော့ မဖြစ်မနေ လိုက်နာရမယ့် နိုင်ငံတကာဥပဒေဆန်တဲ့ ကန့်သတ်ချက်တွေ စည်းမျဉ်းတွေ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဉာဏ်ရည်တုဆိုင်ရာကမ္ဘာလုံးဆိုင်ရာကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းကြဖို့ ပြောနေကြတော့ ဒါကပဲ ဆက်ပြီး ထိန်းသိမ်းကြပ်မတ်သွားမယ် ထင်ပါတယ် #Link4
.
. . . REAIM 2023 ဟာ နယ်သာလန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ဖိုရမ်ဖြစ်ပြီးတော့ လာမယ့်နှစ်မှာလည်း အလားတူ နှစ်နိုင်ငံပေါင်းပြီး တောင်ကိုရီးယားမှာ ကျင်းပမယ်လို့ ဆိုပါတယ်။
.
. . . ChatGPT လောက်နဲ့ ရပ်မနေဘဲ နိုင်ငံရေး၊ စစ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး နဲ့ ကမ္ဘာ့စီးပွားရေးတွေအပေါ်မှာ ဉာဏ်ရည်တုနည်းပညာ ဘယ်လိုတွေ သက်ရောက်မလဲ ဆိုတာကို သတိကြီးကြီးထား စောင့်ကြည့်နေရဖို့
.
ဗိုလ်ကောင်း
၂၆ ဖေဖော်ဝါရီ ၂၀၂၃

Sunday, 27 February 2022

အာဆီယံရဲ့သဘောထား



. . . အခုဖြစ်နေတဲ့ ဥရောပအရှေ့ပိုင်းက စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ သဘောထားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။(#LINK1)
.
. . . အပိုဒ်နှစ်ပိုဒ်ပါတဲ့ အဲသည် ထုတ်ပြန်ချက်မှာ အခုဖြစ်နေတဲ့စစ်ရေးပဋိပက္ခတွေအတွက် အလွန်ကိုစိုးရိမ်မိတဲ့အကြောင်း၊ အင်အားကိုအခြိုးခြံဆုံးသုံးကြဖို့အကြောင်း၊ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ကြိုးစားကြဖို့အကြောင်း၊ တင်းမာမှုလျော့ပါးရေးနဲ့ နိုင်ငံတကာဥပဒေ၊ ကုလပဋိညာဉ် နဲ့ TAC တို့အရ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးနည်းလမ်းတွေ ရှာကြဖို့အကြောင်း တစ်ပိုဒ်ရေးထားပြီး နောက်တစ်ပိုဒ်မှာတော့ အခြေအနေကို ထိန်းမနိုင်သိမ်းမရ မဖြစ်သွားစေရအောင် တွေ့ဆုံဆွေးနွေးကြဖို့ အချိန်ရှိနေသေးကြောင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ညီညွတ်မျှတစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် နိုင်ငံတိုင်းဟာ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံအားလုံးရဲ့ တန်းတူရည်တူအခွင့်အရေးရှိရေးအတွက် အချင်းချင်းအပြန်အလှန် လေးစားမှုကို မြှင့်တင်ကြဖို့ အားလုံးရဲ့တာဝန်ပါပဲ ဆိုပြီး ရေးထားပါတယ်။ အကြမ်းဖျင်းသုံးသပ်ရရင်တော့ဖြင့် သိပ်ပြီး ထူးထူးခြားခြား ရေးထားတာမျိုးမရှိဘဲ မင်းတိုင်းကျေထုတ်ထားတဲ့ ကြေညာချက်တစ်စောင်လို့ပဲ ပြောချင်ပါတယ်။
.
. . . အာဆီယံရဲ့ ဘုံသဘောထားက အထက်ကလို ရှိပေမယ့် အဖွဲ့ဝင် တစ်နိုင်ငံချင်းစီမှာလည်း မတူညီတဲ့ သဘောထားတွေ ရှိနေကြပါတယ်။ အထင်ရှားဆုံးကတော့ စင်ကာပူနဲ့ မြန်မာပါ။ စင်ကာပူနိုင်ငံကတော့ လေသံတော်တော်ပြင်းပါတယ်၊ ဘယ်အကြောင်းပြချက်နဲ့မဆို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်တိုက်ခိုက်တာကို ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။(#LINK2) အာဆီယံထဲမှာဆို တော်တော်ကို တင်းမာအစွန်းရောက်တဲ့ သဘောထားဖြစ်ပါတယ်။ စင်ကာပူရဲ့ တစ်ခြားတစ်ဘက်စွန်းမှာတော့ မြန်မာရှိပါတယ်။ မြန်မာအစိုးရ ပြောခွင့်ရက အခုကိစ္စက ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ပါတယ်ဆိုပြီး ပြောထားပါတယ်။(#LINK3)
.
. . . စင်ကာပူနဲ့ မြန်မာ ကြားမှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းတို့ ရှိပါတယ်၊ သူတို့က မယုတ်မလွန် သဘောထားထုတ်ပြန်ကြပါတယ်။ (#LINK4,5,6)
.
. . . ဗီယက်နမ်ကတော့ နည်းနည်း ထူးဆန်းပါတယ်။ နိုင်ငံတကာသိတဲ့ ထုတ်ပြန်ချက်မှာတော့ အထက်က နိုင်ငံတွေလို သမားရိုးကျ စကားလုံးတွေပဲ သုံးသွားပေမယ့် ပြည်တွင်းမီဒီယာတွေမှာတော့ ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။ (#LINK7,8)
.
. . . ဖိလစ်ပိုင်က စစ်ရေးတင်းမာနေတဲ့နေရာရောက်နေတဲ့ သူ့နိုင်ငံသားတွေ ကယ်ထုတ်ရေးကိစ္စပဲ ပြောပြီး ကျန်တာ ဘာသဘောထားမှ ထုတ်ပြောတာမရှိပါ။ (#LINK9)
.
. . . လာအို နဲ့ ဘရူနိုင်းတို့ကတော့ အရှင်းဆုံးပါပဲ၊ ဘာမှကို ဝင်မပြောတာပါ။ (#LINK10,11)
.
ဗိုလ်ကောင်း
၂၇ ဖေဖော်ဝါရီ ၂၀၂၂
.
သက်ဆိုင်ရာ လင့်တွေကို ကွန်းမင့်ဘောက်မှာ ထည့်ပေးပါမယ်

Thursday, 24 February 2022

MILAN 2022



. . . ဟင်ဒီဘာသာစကားနဲ့ मिलान (မီလန်) မြန်မာလိုဆို “ဆုံဆည်းစုရုံးစည်းဝေးကြခြင်း” လို့ နာမည်ပေးထားတဲ့ နိုင်ငံစုံ ရေတပ်စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းခြေက အန္ဒရာပရာဒက်ရှ်ပြည်နယ် မြို့တော် ဗစ်ရှာခါပါတနန် विशाखापत्तनम မြို့မှာ အခြေပြုပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ မတ်လ ၄ ရက်နေ့ထိ ရှစ်ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ပထမဆုံးအကြိမ်တုန်းက အိန္ဒိယနိုင်ငံရေတပ်နဲ့အတူ အင်ဒိုနီးရှား၊ စင်ကာပူ၊ သီရိလင်္ကာနဲ့ ထိုင်းရေတပ်တို့ ပါဝင်လေ့ကျင့်ခဲ့ကြတဲ့ ဒီလေ့ကျင့်ခန်းကို မြန်မာ့တပ်မတော်(ရေ)က ၂၀၀၃ ခုနှစ်မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်လေ့ကျင့်ခန်းမှာ စတင်ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒီနှစ်အတွက်လည်း မြန်မာနိုင်ငံက ပူးပေါင်းပါဝင်မယ့် ရေတပ်သင်္ဘော စစ်ရေယာဉ်(ဆင်ဖြူရှင်) က ရန်ကုန် သီလဝါဆိပ်ကမ်းကနေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတည်းက ထွက်ခွာသွားပြီဖြစ်ပါတယ်။
.
. . . မီလန်စစ်ရေးလေ့ကျင့်ခန်းကို ပုံမှန်အားဖြင့် နှစ်နှစ်တစ်ကြိမ်ကျင်းပတယ်ဆိုပေမယ့် ကြားထဲမှာ အကြောင်းကြောင်းကြောင့် မကျင်းပဖြစ်ခဲ့တာတွေရှိပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။ အခုကျင်းပတဲ့ မီလန် ၂၀၂၂ ကတော့ ၁၁ ကြိမ်မြောက်ဖြစ်ပြီး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားတဲ့နိုင်ငံ ၄၆ နိုင်ငံနဲ့ အများဆုံးလို့ ဆိုပါတယ်၊ ဖိတ်ခေါ်ထားတဲ့ နိုင်ငံတွေက လာရောက်ပူးပေါင်းကြမှာဖြစ်ပေမယ့် နိုင်ငံတိုင်းကတော့ ရေတပ်သင်္ဘောတွေ လွှတ်မှာမဟုတ်ဘဲ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆေးရှဲလ် နိုင်ငံပေါင်း ၁၆ နိုင်ငံက ရေတပ်သင်္ဘောတွေ လာရောက်ကြမှာဖြစ်ပါတယ်။
.
. . . ဒီနှစ်အတွက် ထူးခြားတာက အရင်နှစ်တွေက တစ်ခါမှ မပါခဲ့ဖူးတဲ့ အမေရိကန် နဲ့ ဂျပန်တို့ပါ စစ်သင်္ဘောတွေ စေလွှတ်ပူးပေါင်းမှာဖြစ်တဲ့အတွက် မီလန်လေ့ကျင့်ခန်းမှာ ပထမဆုံးအကြိမ်အဖြစ် QUAD အဖွဲ့ဝင် အိန္ဒိယ၊ ဩစတေးလျ၊ ဂျပန်၊ အမေရိကန်တို့ စုံစုံညီညီပါဝင်လာတဲ့အပြင် အခု ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားကလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။
.
. . . အခု လေ့ကျင့်ခန်းမှာ ပင်လယ်ပြင် ရေတပ်လေ့ကျင့်ခန်းချည်းသက်သက်မဟုတ်ဘဲ ဗစ်ရှာခါပါတနန် မြို့မှာလည်း ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွေလည်း ပါအုံးမှာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းလည်း ပါပုံရပါတယ်။ လေ့ကျင့်ခန်းရဲ့ ပထမ ၄ ရက်ကို အဲသည်မြို့မှာပဲ လုပ်မှာဖြစ်ပြီး ဒုတိယ ၄ ရက်ကျမှ ပင်လယ်ပြင်လေ့ကျင့်ခန်းတွေ လုပ်မှာဖြစ်တာကြောင့် တက်ရောက်ကြမယ့် နိုင်ငံတွေက ရေတပ်သားတွေ စုံစုံညီညီပျော်ပျော်ပါးပါးဖြစ်မယ့် ပွဲမျိုးကို ဖန်တီးပေးထားဟန်တူပါတယ်။
.
. . . အမေရိကန်က ထုတ်ပြန်ထားတဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာထဲမှာ အိန္ဒိယနိုင်ငံရဲ့ ဒေသတွင်းဦးဆောင်နိုင်ငံအဖြစ် တိုးတက်လာမှုကို အားပေးထောက်ပံ့ဖို့နဲ့ QUAD လေးနိုင်ငံလုံး စုံစုံညီညီ မျှဝေလုပ်ဆောင်ကြဖို့ဆိုတဲ့ အချက်အရ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာထဲ နယ်ပယ်ချဲ့ထွင်လာတာကို တန်ပြန်ဖို့ဆိုပြီး အိန္ဒိယဦးဆောင် စစ်ရေးအင်အားစုဖွဲ့တယ်လို့လည်း ရှုမြင်နိုင်တဲ့ အခြေအနေရှိပါတယ်။
.
. . . မြန်မာနိုင်ငံကတော့ တစ်ဘက်မှာလည်း တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေရသလို တစ်ဘက်မှာလည်း အိန္ဒိယဦးဆောင်တဲ့ စစ်ရေးအင်အားစုဖွဲ့မှုမှာ အမေရိကန်၊ ရုရှားတို့နဲ့အတူ ပူးပေါင်းပါဝင်နေတာဟာ စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေတစ်ခုဖြစ်တယ်ဆိုတာ
.
ဗိုလ်ကောင်း
၂၄ ဖေဖော်ဝါရီ ၂၀၂၂

Friday, 15 August 2014

Asian Century



Will the 21st Century be an Asian Century? Why or why not?
            The 21st Century will be an Asian Century because of the strategic power focus of the US shifting to Asia-Pacific, the rise of China, the dynamic development of the ASEAN countries, the Myanmar’s role in connecting the Southeast and the South Asia, and the role of ASEAN in the future development of Japan and South-Korea.
            Some years ago, the strategic power focus of the United States shifted to the Asian-Pacific region. The current super power of the world considered to vest his power in Asia for the national interest and security of their states. The involvement of the US created a big role of Asia region in International Relations. The US power focus is believed to be maintained in this region for coming decades. Therefore the strategic power focus of the US in the Asia-Pacific is an important reason of why the 21st century will be an Asian Century.
            The second reason in my view is the rise of China. The economic development of China has being very amazing in recent decades and it motivated China to take back the historical role in the region. The claim of East-China and South-China Sea area alarms that he is the great power of Asia and the historical contributor states must follow his desire. China, currently, can dominate the other Asian states economically, and China does not need to take care of the markets outside Asia. The rising power of China leads to a rising Asia, and it is a reason of why the 21st Century will be an Asian Century.
            When we talk about Asia, the role of ASEAN can’t be left. The key players of the association like Indonesia, Thailand, Malaysia, the Philippine and Singapore can maintain their economic development. Moreover, the new comers like Vietnam and Myanmar can also be expected as the new dynamics of the ASEAN. The regional association is now establishing a community and it will start in 2015. The setting up of the ASEAN Community is believed to lead to the dynamic development of the region economically. Currently, ASEAN is shaping a regional identity and it will lead to the strength of the multi-cultural inter-states relations. Therefore, the dynamic development of ASEAN is also an important reason of why the 21st century will be an Asian Century.
            In my opinion, there will be a big gap between Southeast and South Asian states unless Myanmar does not play as a bridge between these two sub-regions. Myanmar can overcome the suffering of military junta, and is now shaping a democratic nation. For the outside world, Myanmar is a new emerged exciting place for their investment. Economically developing and politically liberalizing Myanmar is believed to be a sole connection between the Southeast and South Asia. Myanmar plays a very important role for the communication of the people, the flow of goods, and for the strategic exit of the rising China to the India Ocean. Some decades ago, the Myanmar role in this region could not be expected very much but now the liberalization and democratization of Myanmar leads to the unity of the region. Therefore, the Myanmar role in connecting the sub-regions of Asia is also a reason of why the 21st century will be an Asian Century.
            Here, the view of Japan and South-Korea should be taken into consideration. Japan, an island country is surrounded by historical enemies like China and South-Korea. Japan has nowhere to go but ASEAN. For Japan, ASEAN is a main transit for the energy import as well as a market for its exports. This situation paves the way to having a good relation with the ASEAN countries, and Japan spends lots of money to assist Asia-Pacific nations. Moreover, China, Japan and South-Korea need to take care of the ASEAN because it is the only platform they can communicate. For the above reasons, the ASEAN, China, Japan and South-Korea become interdependence, and it leads to the unity of Asia. I would argue, hopefully, the unity and cooperation of the Asian states will be stronger in the coming decades and it will make the 21st century an Asian Century.
            However, I would not say that the Asian Century is perfect. There are some particular things which can undermine the Asian Century. The reunification of the Korea peninsula is still a big challenge for the two Koreas. The ASEAN cannot establish a mechanism to solve the South-China Sea dispute. The problem of China and Japan between Shinkaku Island still be a challenge to the security of the region. The claim of China in the East and South China Sea, and the involvement of the United States in the region need an understanding between the two powers.
            For resolving the above issues, I hope, ASEAN will set up a new agreement after 2015 which will lead to a stronger Asian cooperation including the biggest democratic India, the rising China and the US.
            To sum up, the 21st century will be an Asian Century although the Asian needs to resolve several issues. Nonetheless, the strategic power focus of the US shifting to Asia-Pacific, the rise of China, the dynamic development of the ASEAN countries, the Myanmar’s role in connecting the Southeast and the South Asia, and the role of ASEAN in the future development of Japan and South-Korea are the main reasons of why the 21st century will be an Asian century. Moreover, the emerging Asian Century will be a good example of the remaining regions of the world like Africa and Latin America.  
( This essay was written in the exam of Professor Thitinan Pondsudhirak, Professor of the  Chulalongkorn University, Thailand. The Professor appreciated the essay as the best of the class.)

Wednesday, 2 April 2014

ဂျပန်ရဲ့ အခြေခံဥပဒေ အကျပ်အတည်း


ဂျပန် အခြေခံဥပဒေ အာတီကယ် ၉ ကြောင့် အိမ်နီးချင်း တရုတ်၊ တောင်ကိုရီးယားနဲ့ လွတ်လပ်စ အရှေ့တောင်အာရှ နိုင်ငံတွေ ရတက်အေးခဲ့ရတယ်
    အခုတော့ အခြေအနေက တစ်မျိုးပြောင်းလာနေပြီ။ တက်နေ၀န်း တရုတ်ကြောင့် အမေရိကန်လည်း ချက်ချင်းကြီး ပြောင်းနေရတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားအပေါ် မိုးထားတဲ့ အမေရိကန် ထီးရိပ်က မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ အရှေ့တရုတ်ပင်လယ်ထဲမှာ တရုတ်နဲ့ အငြင်းပွားနေတာဟာ အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ကတိက၀တ်ကို ဂျပန်က ရည်ရွယ်ချက်ရှိရှိနဲ့ စမ်းသပ်နေတာလို့လည်း ဆိုကြတယ်။
    ရှင်ဇိုအာဘေး အစိုးရရဲ့ အခြေခံဥပဒေပြင်ဖို့ စိတ်အားထက်သန်နေတာ၊ ငြိမ်းချမ်းရေး အာတီကယ် ၉ အဓိပ္ပာယ်ဖွင့်ဆိုမှု ပြန်လုပ်ချင်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားကြမလဲ။
    ဂျပန်အများစုကတော့ အခြေခံဥပဒေကို ပြင်ချင်ပါတယ်လို့ ဆန္ဒပြုကြတယ်။
     Collective Self-Defence ဆိုတာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး။ အခြေခံ ဥပဒေရေးတုန်းကလည်း အခုကြုံနေရတဲ့ ကိစ္စတွေကို တုန့်ပြန်ဖို့ ထည့်မတွက်ခဲ့ကြဘူး။ ဒီလိုသာဆိုရင် အမေရိကန်ရဲ့ ဒေသတွင်း လုံခြုံရေး လှုပ်ရှားမှုတွေမှာ ဂျပန်က ပူးပေါင်း ပါဝင်နိုင်မှာ မဟုတ်ဘူး။ အဲသလိုဆိုရင်လည်း အမေရိကန်-ဂျပန် မဟာမိတ်ဖွဲ့ထားတာ ပျက်မှာပေါ့။ တစ်ခုရှိတာက ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းတွေမှာတော့ ဂျပန်က ပါဝင်လုပ်ဆောင်နေနိုင်ပြန်တယ်။
    Hitoshi Tanaka ထောက်ပြထားတာကတော့  တကယ်လို့ အခြေခံဥပဒေ ပြင်မယ်ဆိုရင် တရုတ်နဲ့ တောင်ကိုရီးယားတို့ မစိုးရိမ်အောင် သံခင်းတမန်ခင်းအရ လုပ်ထားသင့်ပါတယ်တဲ့။
    အရေးကြီးတာ နှစ်ချက် ရှိတယ်တဲ့။ တစ်ချက်က ပြင်မယ်ဆိုရင် အမေရိကန်-ဂျပန် မဟာဗျူဟာ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရမယ်တဲ့။ ဒေသတွင်း တည်ငြိမ်ရေးမှာ အဲဒါက အရေးပါနေတာမို့လို့ပါ။ နောက်တစ်ချက်က ဂျပန်များ အင်အားကြီးလာခဲ့ရင် ဆိုတဲ့အချက်။ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ယောက် အပြောအရဆိုရင် အရင်တုန်းက ဂျာမန် အင်အားကြီးလာတာနဲ့ ဂျာမန်-ဗြိတိန်ဆက်ဆံရေးအခြေအနေ ပြောင်းသွားတာ၊ ဥရောပမှာ ဖြစ်ပျက်ခဲ့တာတွေကို ဥပမာ ပေးချင်ပုံပါပဲ။
    ဂျပန် အခြေခံဥပဒေ ပြင်မယ်ဆိုရင် ဘေးနိုင်ငံတွေနဲ့ တိုင်တိုင်ပင်ပင် လုပ်ရင် ဘေးကင်းမယ်လို့ စာရေးသူက ခန့်မှန်းထားပါတယ်။

( 2014-March-10:  East Asia Forum, Japan's constitution dilemma မှ ကောက်နုတ်ချက် အချို့ ဖြစ်ပါသည်)

Tuesday, 25 March 2014

စစ်အေးကာလမပြီးသေးတဲ့ အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒ


ရုရှားက ခရိုင်းမီးယားကို ၀င်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်ပူပန်တဲ့အသံတွေ ထွက်လာခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂကတော့ အသံအကျယ်ဆုံးပေါ့။ တရုတ်တို့ အီရန်တို့လို နိုင်ငံမျိုးတွေကတောင်မှ ရုရှားရဲ့ လုပ်ရပ်ကို ဝေဖန်ပြစ်တင်ခဲ့ကြတယ်။ ကျူးဘားတို့ ဗင်နီဇွဲလားတို့ ဆီးရီးယားတို့ကတော့ ထောက်ခံကြတာပေါ့လေ။ ဒါပေမယ့် ရုရှားနောက်မှာ ရပ်တည်တဲ့သူတွေထဲမှာ အိန္ဒိယ ပါနေတာကတော့ စဉ်းစားစရာ ဖြစ်ပါတယ်။
ခရိုင်းမီးယားမှာ ရှိတဲ့ ရုရှားရဲ့ တရားဝင်အကျိုးစီးပွားနဲ့ ပတ်သက်ပြီး လေးစားသမှုပြုရမယ်လို့ အိန္ဒိယက ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားလိုက်တာ ကတော့ အိန္ဒိယနဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒကို မထင်မှတ်တဲ့ ရိုက်ချက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးသော ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်၊ အရင်းရှင်စီးပွားရေးစနစ်ကလည်း ကောင်းကောင်း အလုပ်ဖြစ်နေတဲ့အပြင် စစ်အင်အားကလည်း ကြီးထွားလာနေတဲ့ အိန္ဒိယဟာ ဒေသတွင်း အင်အားကြီးလာတဲ့ တရုတ်ကို ထိန်းညှိမယ့် ချိန်ခွင်လျှာတစ်ခုအဖြစ်သာမက အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံကို နေရာရွေ့မသွားအောင် ထိန်းသိမ်းပေးမယ့် ကျောက်ဆူးတစ်ခုလို ထင်မြင်ယူဆ ထားခဲ့ကြတာပါ။ ခရိုင်းမီးယားအရေးမှာ အိန္ဒိယက ရုရှားကိုထောက်ခံလိုက်တာကြောင့် အမေရိကန် မူဝါဒချမှတ်သူတွေ ဗျာများသွားသင့်ပါတယ်။
မကြာခင်တွေ့မြင်ရတော့မယ့် ဗဟုမဏ္ဍိုင်ကမ္ဘာကြီးမှာ အိန္ဒိယက ဘယ်လို အသုံးတော်ခံ တင်ဆက်တော့မလဲဆိုတာတော့ အင်မတန် ရှင်းပြရခက်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတော့မှာပါ။
ပူတင်ကို အိန္ဒိယက ထောက်ခံလိုက်တဲ့ကိစ္စဟာ အနောက်အင်အားအဖို့တော့ အိန္ဒိယကို မိတ်ဆွေအဖြစ် လက်မခံတော့ဖို့ အချက်ပေးလိုက်သလိုပါပဲ။ တကယ်တော့လည်း ဆိုဗီယက်ယူနီယံ ပြိုကွဲကတည်းက အိန္ဒိယ လေသံပြောင်းခဲ့တာပါ။ အိန္ဒိယက သူ့ရဲ့ စီးပွားရေးမှာ ဖြေလျှော့မှုတွေ လုပ်ပြီးတဲ့နောက် အဓိကကျတဲ့ အရေးအရာတွေမှာ မဟာဗျူဟာမိတ်ဘက် ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း နှစ်ပေါင်း နှစ်ဆယ်လောက် ရင်းရင်းနှီးနှီး လက်တွဲ လုပ်လာခဲ့တယ်ဆိုတာနဲ့ အိန္ဒိယ-အနောက်အုပ်စု အကျိုးစီးပွားတွေ အဝေတည့်နေတာကို သစ္စာတရားလို ခိုင်မြဲမယ်လို့တော့ မယူဆသင့်ပါဘူး။ ဥရောပမှာ စစ်အေးတိုက်ပွဲကို မေ့ထားချိန်မှာ အိန္ဒိယအတွက်ကတော့ စစ်အေးကာလာ နိုင်ငံတကာဆက်ဆံရေး ပုံစံတွေက ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ အထူးသဖြင့် အင်ဒို-ရုရှား ဆက်ဆံရေးဟာ အိန္ဒိယရဲ့ အဂ္ဂမဟာဗျူဟာအတွက် ဆက်လက် အရေးပါနေအုံးမှာပါပဲ။
ဆိုဗီယက်အင်ပါယာကြီး ပြိုကွဲပြီးတဲ့နောက်မှာ အိန္ဒိယရဲ့ နျူကလီးယား အစီအစဉ်တွေကို အမေရိကန်က မဟန့်တား နိုင်ခဲ့ပါဘူး။ ၉/၁၁ ကိစ္စဖြစ်ပြီးတဲ့နောက်မှာ အမေရိကန်ဟာ ပါကစ္စတန်နဲ့ ယုံယုံကြည်ကြည် လက်တွဲနေတဲ့ တစ်ချိန်တည်းမှာပဲ အိန္ဒိယနဲ့လည်း ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားခဲ့ပါတယ်။ ရလဒ်ကတော့ မော်စကိုဟာ နယူးဒေလီနဲ့ ဆက်ဆံရေး သိပ်ကောင်းနေခဲ့တာ အခုထိပါပဲ။
အိန္ဒိယနဲ့ ရုရှားတို့ဟာ နိုင်ငံရေး စစ်ရေး စီးပွားရေးတွေမှာ နက်နက်ရှိုင်းရှိုင်း လက်တွဲဆောင်ရွက်နေကြပါတယ်။ ရုရှားဟာ အိန္ဒိယနဲ့ ကုန်သွယ်ရေးမှာ အမေရိကန်နဲ့ အပြိုင် ဖြစ်နေပြီး ဘင်္ဂလားပင်လယ်အော်မှာ ရှိတဲ့ စွမ်းအင်စီမံကိန်းတွေနဲ့ ရုရှား စွမ်းအင် လုပ်ငန်းကြီးတွေမှာ အိန္ဒိယကုမ္ပနီတွေ အကြီးအကျယ် ရင်းနှီးမြှပ်နှံနေကြပါတယ်။ ဒါ့အပြင် ရှုရှားကနေ အာရေဗျပင်လယ်အော်ဘက်ကို ထွက်တဲ့ လမ်းကြောင်းကို နှစ်နိုင်ငံပူးပေါင်း ဖော်ဆောင်နေကြပြီး အဲဒါကလည်း အိန္ဒိယသမုဒ္ဒရာတစ်ခုလုံးမှာ ရှုရှားတွေ ကုန်သွယ်နိုင်ရေးကို အများကြီး အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။
အိန္ဒိယစစ်ဘက်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်သော လက်နက်စနစ်တွေကို ရုရှားက ထောက်ပံ့ထားတာဖြစ်ပြီး ခရုဒုံးပျံစနစ်၊ တိုက်လေယာဉ်နဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်စီမံကိန်းတွေကို နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်လျက်ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ အိန္ဒိယနဲ့ ပူးပေါင်းပြီး ၀န်ကြီးအဆင့် ကာကွယ်ရေးဆိုင်ရာ သုံးသပ်ခြင်းကို နှစ်စဉ်ဆောင်ရွက်နေတဲ့ နိုင်ငံနှစ်နိုင်ငံထဲမှာ ရုရှားက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အာကာသအစီအစဉ်တွေကိုလည်း ပူးပေါင်း ဆောင်ရွက်နေပြီး ဒေါ်လာသန်းထောင်ပေါင်းများစွာ တန်ဖိုးရှိတဲ့ နျူကလီးယား အစီအစဉ်တွေကိုလည်း နှစ်နိုင်ငံသဘောတူညီချက်တွေ ရယူထားကြပါတယ်။ ဒီလိုတွေ လုပ်နေကြတာက ၀ါရှင်တန်အတွက်တော့ ခေါင်းရှုပ်စရာကြီးပေါ့။
ဘုရှ်လက်ထက်က နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတွေထဲမှာ အိန္ဒိယလည်း ပါဝင်ခဲ့ပါတယ်။ စီးပွားဆက်ဆံရေးတွေ ပိုမို နက်ရှိုင်းလာခဲ့တယ်။ သံတမန်ဆက်ဆံရေး ပိုမို ခိုင်မြဲလာခဲ့တယ်။ ပြီးတော့ နျူကလီးယား သဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါတွေကို လေ့လာကြည့်ရင် အရှေ့အလယ်ပိုင်းဒေသနဲ့ အမေရိကန်ရဲ့ ဆုံမှတ်အသစ် အာရှတို့အကြား ပေါင်းကူးပေးရေးမှာ အိန္ဒိယက အမေရိကန်ရဲ့ သစ္စာရှိ ရဲဘော်ရဲဘက်တစ်ဦးအနေနဲ့ ရပ်တည်ပေးလိမ့်မယ်လို့ ယူဆစရာ ဖြစ်ခဲ့ပါတယ်။ သမိုးကြောင်းအရလည်း တရုတ်နဲ့ ဆက်ဆံရေးအားမကောင်းခဲ့တဲ့ အတွက် အိန္ဒိယဟာ တရုတ်စက်ကွင်းက လွတ်ခဲ့ပါတယ်။ တရုတ်ကို ၀ိုင်းပတ်ပိတ်ဆို့ထားဖို့ အိန္ဒိယကို အားကိုးလို့ ရနိုင်တယ်ဆိုတဲ့ သဘောပါ။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ။ အိန္ဒိယတွေဟာ စစ်အေးကာလက သူတို့ရဲ့ မဟာမိတ်ကို ဘယ်တော့မှ မျက်ခြေမဖြတ်ခဲ့သလို အနောက်နိုင်ငံတွေက သူတို့ကို တဖြည်းဖြည်းချင်း နယ်ချဲ့ ကျွန်ပြုသွားတာကိုလည်း အခုထိ သံသယစိတ်တွေ ထားနေတုန်းပါပဲ။ အမေရိကန် မူဝါဒချမှတ်သူတွေကတော့ ကုန်သွယ်ရေးမြှင့်တင်တာတွေ နျူသဘောတူညီချက် ရတာတွေနဲ့တင် အမေရိကန်ရဲ့ ထီးရိပ်အောက်ကို အိန္ဒိယကို ဆွဲသွင်းလို့ ရမယ်ဆိုပြီး ခပ်တုံးတုံး တွေးမိချင် တွေးမိနေကြမှာပါ။ အိန္ဒိယဟာ တရုတ်တို့ဘက်မှာ ဘယ်တုန်းကမှ မရပ်တည်ခဲ့ဘူးဆိုတာ မှန်ကောင်း မှန်ပေမယ့် စစ်အေးကာလအတွင်း ခိုင်မြဲခဲ့တဲ့ အင်ဒို-ရုရှား ဆက်ဆံရေးကိုတော့ ဘာနဲ့မှ ဖျောက်ဖျက်ပစ်လို့ မရတာကတော့ အမှန်ပါပဲ။
ခရိုင်းမီးယားမှာ ရုရှားရွှေ့လိုက်တဲ့ အကွက်ကလေးက ဘာကိုပြသလဲဆိုရင် ကမ္ဘာပေါ်မှာ သတိထားစရာနိုင်ငံဟာ တရုတ်တစ်ခုတည်းမဟုတ်ဘူးဆိုတာ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမေရိကန်ရဲ့ အဂ္ဂမဟာဗျူဟာ အစီအစဉ်မှာ အိန္ဒိယပါဝင်တဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ သေချာတာကတော့ လာမယ့် ဆယ်စုနှစ်တွေမှာ အိန္ဒိယဟာ အဓိက အခန်းကဏ္ဍမှာ တင်ဆက် အသုံးတော်ခံတော့မှာ ဖြစ်ပါတယ်။ဲ့ အင်အားကြီးထွားလာတဲ့ တရုတ်၊ စွမ်းအင်အရင်းအမြစ် အရှေ့အလယ်ပိုင်းဒေနဲ့ စီးပွားရေး ထွန်းသစ်စ အာဖရိက တို့အကြား ပထ၀ီအနေအထားအရ မဟာဗျူဟာကျလှတဲ့ အချက်အခြာနေရာကို အိန္ဒိယတို့က အပိုင်သိမ်းထားလိုက်ပါပြီ။ သင်္ဘောပေါင်း ၁၅၀ နဲ့ လေယာဉ်တင်သင်္ဘောများ ပါဝင်ဖွဲ့စည်းထားတဲ့ ရေတပ်ကို ပိုင်ဆိုင်တဲ့ အိန္ဒိယဟာ ပါရန်ပင်လယ်ကွေ့၊ မလက္ကာရေလက်ကြားနဲ့ စူးအက်ဒေသတို့ရဲ့ လည်မျိုကို ကိုင်ထားနိုင်ပြီး သွားလာနေတဲ့ ရေယာဉ်တွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ လက်ရှိ ရာစုနှစ် အလယ်လောက်ရောက်ရင် အိန္ဒိယရဲ့ ဂျီဒီပီဟာ အမေရိကန်ကို ကျော်တက်တော့မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
နိုင်ငံတကာစံနှုန်းတွေဟာ ရုရှားရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့အချိန်မှာ အိန္ဒိယဟာ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ဖြစ် ရုရှားနဲ့ ပူးပေါင်းသွားနိုင်တဲ့အရေးကို အမေရိကန် နိုင်ငံခြားရေးမူဝါဒအနေနဲ့ စိုးရိမ်ပူပန်သင့်လှပါတယ်။ ကမ္ဘာ့အကြီးဆုံးနိုင်ငံနဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတို့က လက်မခံရင် နယ်မြေပူးပေါင်းမှုဆိုင်ရာ စံနှုန်းတန်ဖိုးတွေဟာ ဘယ်လောက်အတိုင်းအတာထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာလဲ။ အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ သည်းခြေကြိုက် သဘောတရားတွေကို အဲသလိုသာ ငြင်းပယ်နေတော့မယ်ဆိုရင် အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာကြီးက ဘယ်လောက်တောင် တည်ငြိမ်အေးချမ်းတော့မှာလဲ။ မေးခွန်းနှစ်ခုအတွက် အဖြေကတော့ ဟင့်အင်း ပါတဲ့။
အမေရိကန် ဘာတွေ ဆက်လုပ်သင့်ပါသလဲ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ရဲ့ ၀ါရှင်တန် ရည်မှန်းချက်က အင်အားကြီးထွားလာတဲ့ တရုတ်ကို ပူးပြီးချုပ်တဲ့နည်းနဲ့ ထိန်းသိမ်းဖို့ ဖြစ်ပေမယ့် အလားတူ အင်အားကြီးထွားလာတဲ့ အိန္ဒိယကိုတော့ အဲသလို ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ အိန္ဒိယဟာ ဒီမိုကရေစီနိုင်ငံ ဆိုပေမယ့် အမေရိကန် အကြိုက်တွေနဲ့ အလိုလိုတော့ ထပ်တူမကျနိုင်တာကြောင့် အိန္ဒိယတွေ ဘ၀င်ခိုက်မယ့် ရေရှည်လည်း တည်တံ့တဲ့ နည်းလမ်းတွေနဲ့  သေသေချာချာ စီစဉ်လုပ်ဆောင်ဖို့ အမေရိကန်တို့ မလွဲမသွေ လိုအပ်နေပါပြီ။ အခုချိန်ထိတော့ အိန္ဒိယနဲ့ နီးစပ်ဖို့ အမေရိကန်ရဲ့ လိုလားချက်တွေဟာ စစ်အေးကာလ မဟာမိတ် ပါကစ္စတန်ရဲ့ သစ္စာစောင့်သိမှုနဲ့ အလဲအထပ် ဖြစ်နေတုန်းပါပဲ။ ရုရှားတို့အနေနဲ့ ကက်ရှမီးယားအရေးမှာ အိန္ဒိယကို သမိုင်းချီ ထောက်ခံခဲ့တာဟာလည်း နယူးဒေလီအတွက် ပေါ့သေးသေး သဘောထားရတဲ့ ကိစ္စ မဟုတ်ပါဘူး။ အနှေးနဲ့အမြန် ဆိုသလို ဒီနိုင်ငံနှစ်ခုအပေါ် အမေရိကန်ရဲ့ ကတိက၀တ်တွေကို ပြန်လည် ချိန်ဆရတော့မှာပါ။ ဒေသတွင်း လုံခြုံရေးအတွက် ပါကစ္စတန်က အရေးပါနေသလို ကမ္ဘာကြီးကို စိုးမိုးဖို့အတွက် ဆိုရင်လည်း အိန္ဒိယရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း မရှိမဖြစ် အရေးပါ နေတာကြောင့် ဖြစ်ပါတယ်။
အိန္ဒိယနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်လက် လက်တွဲဖို့ဆိုရင် အိုဘားမား လုပ်နိုင်တာ သုံးခု ရှိပါတယ်။ ပထမဆုံး တစ်ခုကတော့ အလွယ်ဆုံးပါပဲ။ အိန္ဒိယသံတမန် အမျိုးသမီး Devyani Khobragade နဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ အရေးယူဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး အိန္ဒိယကို ပြန်တောင်းပန်လိုက်ဖို့ပါပဲ။ ဒါမှလည်း အမေရိကန်အပေါ် အိန္ဒိယက အမြင်ပြန်ကြည်လာမှာ ဖြစ်ပါတယ်။
ဒုတိယတစ်ခုကတော့ အမေရိကန်ဟာ အိန္ဒိယနဲ့ လွပ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်တစ်ခုအတွက် ကတိပြုဖို့ လိုအပ်ပါတယ်။ အိန္ဒိယရဲ့ ခိုင်မာအားကောင်းတဲ့ ပစ္စည်းပိုင်ဆိုင်ခွင့် စနစ်ရယ်၊ တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ်ရယ် နဲ့ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောနိုင်တဲ့ လူဦးရေပမာဏတစ်ရပ်ကို ပိုင်ဆိုင်ထားတာတွေရယ်ဟာ အမေရိကန် ရင်းနှီးမြှပ်နှံမှုတွေ အတွက် အင်မတန်ကြီးမားလှတဲ့ အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ သဘောတူညီချက်တစ်ခုဟာ အမေရိကန်ရော အိန္ဒိယပြည်သူတွေအတွက်ပါ အကျိုးအမြတ် ဖြစ်ထွန်းစေမှာ ဖြစ်ပြီး နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုလည်း ပိုပြီး ခိုင်မြဲလာမှာ ဖြစ်တာကြောင့် ကမ္ဘာ့စီးပွားရေး လောကမှာလည်း ဂုဏ်သိက္ခာ ပိုတက်လာမှာ ဖြစ်ပါတယ်။
တတိယတစ်ခုကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အိန္ဒိယနိုင်ငံ အမြဲတမ်း တစ်နေရာ ရနေဖို့အတွက် မိမိတို့ထောက်ခံချက်နဲ့ ပတ်သက်ပြီး အမေရိကန်တို့အနေနဲ့ လေးလေးနက်နက် ပြန်လည်သုံးသပ်သင့်ပါတယ်။ ကာလရွေ့လျောတာနဲ့အမျှ အမေရိကန်ရဲ့ အင်အားတွေ အကျဘက်ရောက်လာတာကို အမြတ်ထုတ်ပြီး အနာဂတ် ဗဟုမဏ္ဍိုင်အခြေအနေမှာ နေရာယူ အသုံးတော်ခံလာတော့မှာကို အမေရိကန် သဘောပေါက်ပါတယ်။ ကမ္ဘာကြီးရဲ့ အနာဂတ် အစီအစဉ်တွေကို ကြိုတင် လက်ဦးထားပြီး အိန္ဒိယနဲ့ ဘရာဇီးတို့လို အမေရိကန်အလိုကျ လိုက်ပါပေးကြမယ့် တက်နေ၀န်းနိုင်ငံတွေနဲ့ ရင်းနှီးချစ်ကြည် ယုံကြည်မှု တည်ဆောက်ထားရင် အမေရိကန်တို့အနေနဲ့ ငြိမ်းချမ်းကြွယ်ဝတဲ့ ကမ္ဘာကြီးကို နောက်မျိုးဆက်တွေလက်ထဲ ကောင်းကောင်း လက်ဆင့်ကမ်းနိုင်မှာပါ။
ဝါရှင်တန်ကို သတိပေးလိုက်ပါရစေ
ခရိုင်းမီးယားမှာရှိတဲ့ ရုရှားရဲ့ အကျိုးစီးပွားတွေကို ကိုယ်ချင်းစာနာပေးတဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်ဟာ အရင်တုန်းက စွာနိုင်ခဲ့တဲ့ ငပွကြီးက အရေးမပါတော့ဘူးဆိုတဲ့အကြောင်း အမေရိကန် အရာရှိတွေကို သံချောင်းခေါက် သတိပေးလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမြဲတမ်း ထောက်ခံပေးခဲ့တဲ့ အိန္ဒိယကို ရှေ့ဆက်ပြီးတော့ မမျှော်လင့်တော့နဲ့လို့ အမေရိကန်ကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ထောက်ခံကာကွယ်ပေးမှုကို ဆက်ပြီး လိုချင်သေးတယ်ဆိုရင် မူဝါဒတွေ ပြောင်းဖို့ လုပ်တော့လို့ အမေရိကန်ကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ လစ်ဘရယ်မကျတဲ့ ဒီမိုကရေစီမဆန်တဲ့ ရုရှားလို နိုင်ငံမျိုးနဲ့ ကျားကန်နေမယ့်အစား ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေအပေါ်မှာပဲ အခြေပြုပြီး ကိုယ့်ကိုယ်ကို တည်ဆောက်ထားမှသာ အိန္ဒိယလို နိုင်ငံမျိုးကို မိမိ နိုင်ငံခြားရေးမူဝါဒရဲ့ အချက်အခြာမှာ အခိုင်အမာ လက်တွဲထားနိုင်မှာဖြစ်ကြောင်း အမေရိကန်တို့ကို သတိပေးလိုက်ပါတယ်။
( The Diplomat ၏ ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်၊ ဆောင်းပါးရှင် By တို့၏ Indian Foreign Policy: The Cold War Lingers ဆောင်းပါးအား ပြန်ဆိုပါသည်) မူရင်းဆောင်းပါးအား အောက်တွင် ဖတ်ရှုနိုင်ပါသည်။

http://thediplomat.com/2014/03/indian-foreign-policy-the-cold-war-lingers/

In the wake of the Vladimir Putin’s incursion into Crimea, almost every member of the international community voiced concern over Russia’s actions. While the U.S. and European Union were the most forceful in their criticism, non-Western states such as China and even Iran also made clear their support for the principles of non-intervention, state sovereignty and territorial integrity – oblique criticisms of Moscow’s disregard for cornerstone Westphalian norms. For the most part, support for Russia has been confined to the predictable incendiaries: Cuba, Venezuela and Syria, for example. Yet there is one unusual suspect among those lining up behind Putin that requires further investigation: India.
On its face, New Delhi’s enunciation of respect for Russia’s “legitimate interests” in Crimea is a surprising blow to the prevailing U.S. policy of reaching out to India. As the largest democracy in the world, a burgeoning capitalist economy and an increasingly important military power, India has been viewed as a counterweight to China’s rise and an anchor of the U.S.-led international order. India’s support for Russia’s revisionism in Crimea, then, is something that should trouble U.S. policymakers. In the long run, India’s response to the Crimean crisis might even be remembered as one of the more important implications of the whole episode. For how India aligns in the coming multipolar world will have enormous ramifications.
India’s support for Putin is a reminder that the West should not take India’s friendship for granted. To be sure, India made a necessary shift in tone towards the West following the collapse of the Soviet Union. India has liberalized its economy and become a strategic partner in several key areas. But the past two decades of broad cooperation should not be taken as an inexorable trend towards a complete harmonization of interests between India and the West. Amid all the talk of a renewed Cold War in Europe it has been forgotten that, for India, Cold War international relations never truly ended. In particular, the Indo-Russian relationship remains an important mainstay of Indian grand strategy – a hangover from that bygone era.
The years following the collapse of the Soviet empire saw the U.S. mainly concerned with a failed attempt to curb India’s nuclear program. After 9/11, America’s attention was focused on partnership with India while still maintaining the confidence and cooperation of Pakistan. Both periods of engagement, however, left the Indo-U.S. relationship well short of the kind of deep cooperation that marked Indo-Soviet relations during the Cold War. The result has been that Moscow still enjoys a thoroughly positive relationship with New Delhi.
India and Russia maintain deep cooperation on political, military and economic dimensions. Russian trade with India rivals the latter’s trade with the United States, and Indian companies have made huge investments in Russian energy firms and energy projects in the Bay of Bengal. In addition, the two nations are developing a southern route from Russia to the Arabian Sea that will increase Russian trade in the whole of the Indian Ocean region.
Russia still provides India’s military with more than 70 percent of its weapons systems and armaments and the two are currently cooperating in the development of cruise missile systems, strike fighters and transport aircraft. Russia is one of only two countries in the world that have annual ministerial-level defense reviews with India. The two cooperate on the advancement of a space program and they have bilateral nuclear agreement worth potentially tens of billions of dollars. Such deep and expansive ties with Russia complicate India’s multifarious importance from the perspective of Washington (as a cog in the U.S. “pivot” to Asia, an indispensable ally in the War on Terror and a bustling hub of the global economy).
After the Bush administration left office, India was heralded as one of the foreign policy success stories of his presidency. Economic relations had been deepened, diplomatic ties strengthened, a nuclear agreement signed. All indications were that India would be a stalwart American ally at a strategic nexus between the Middle East and the new focus on Asia. Historically poor relations with China would keep India safely out of the Chinese orbit. India could be relied upon to help encircle China, a vital link in a twenty-first century cordon sanitaire around the muscular Middle Kingdom.
But India never lost sight of its historic Cold War ally and the Indian people have never fully lost their suspicion of Western powers and creeping colonialism. American policymakers may have been overly naïve in thinking that economic growth, increased trade and a nuclear deal could move India safely into the American camp. Perhaps it is true that India will never cement itself on China’s side, but the fact is that nothing has been done to erase the deep Indo-Russian ties that formed during decades of Cold War.
Putin’s stratagem in Crimea has reminded the world that China is not the only rising or resurgent Great Power deserving of attention. As such, officials need to reconsider India’s place in American grand strategy. There is no doubt that India (itself a rising state with the potential to become a geopolitical pole in its own right) will remain a prominent player in the decades ahead. India occupies a crucial geostrategic location between a rising China, the energy producing regions of the Middle East and a newly vigorous African economy. An expanding Indian navy featuring 150 ships and multiple aircraft carriers will possess the capability to exercise veto power over key shipping choke points in the Persian Gulf, Strait of Malacca, and Suez region. Economic forecasts suggest India will surpass the GDP of the United States somewhere in the middle of the century.
It should greatly concern the American foreign policy establishment that, at a moment when international norms are under assault by Moscow, India has chosen to (at least partially) throw its lot in with Russia. How strong can a norm of territorial integrity be without the world’s largest nation and the world’s largest democracy? How stable can the American-led global order be with such a prominent repudiation of American foreign policy preferences? The answer to both of these questions is, unfortunately, “not very.”
What should be done? The past decade has seen a consistent focus by Washington to integrate and contain a rising China, but not enough has been done to integrate and build ties with a rising India. Simply because India is a democracy does not mean that it will automatically align itself to American preferences, and the United States must make a concerted effort to win India’s favor and goodwill in a lasting way. Until now, closeness with India has been compromised by competing demands to remain faithful to Pakistan, America’s own Cold War-era ally. Indeed, Russia’s historic support for Indian claims over Kashmir (sometimes explicit, sometimes implicit) has been no small part of Moscow’s appeal to New Delhi. Sooner or later, a new balance must be struck between U.S. commitments to these two nations. While Pakistan is integral to regional security, India’s cooperation will be essential to sustain the American vision of global governance.
The Obama administration can lay the groundwork for a more intimate relationship with India by doing three things. First, and easiest, the United States must clear up the detention and mistreatment of Devyani Khobragade. Far greater crimes have been excused for much less than would be gained in terms of Indian public opinion if the U.S. were to show flexibility towards Khobragade. Whether charges truly are warranted or not, Washington must at least apologize for her treatment in order to mitigate the blow that has been dealt to Indian impressions of the United States.
Second, the U.S. needs to commit itself to the establishment of a free trade agreement with India. India presents an enormous opportunity for American investment, with its stable system of property rights, consolidated democracy, and English-speaking population. An agreement will benefit both the Indian and American peoples, and intertwine the two nations to the high degree that their statures in the global economy mandate.
Third, the United States should seriously reconsider its support for a permanent Indian seat on the United Nations Security Council. If time is running out on the post-WWII international order, it makes sense for the U.S. to exploit its waning preponderant influence and play a major role in fashioning the future of the multipolar order. By seizing the agenda and winning the friendship and trust of rising countries (especially India and Brazil) that generally abide by an American-friendly set of global rules, the United States can promote the existence of a favorable global environment of peace and prosperity for generations to come.
Washington has been warned: India’s expression of sympathy for Russian interests in Crimea should serve as an alarm bell for American officials that a crucial player in world affairs has gone neglected. India’s enlistment as a card-carrying supporter of the existing international order simply cannot be counted upon going forward. If the U.S. wants India to serve as a bulwark of the international status quo, some form of policy change will be required. By shifting India to the front and center of American foreign policy, the United States can help to assure for itself – and the wider world – a future based on prevailing global norms rather than the designs of revisionist, illiberal and undemocratic states like Russia.
Andrew J. Stravers is a PhD student at the University of Texas at Austin, where he studies the global role of the American military. He is also an Aiddata Center for Development Policy Fellow and a researcher on the Department of Defense Minerva Initiative’s project on natural resource and armed conflict. Peter Harris is a doctoral candidate in Government at the University of Texas at Austin, where he is also a graduate fellow of the Clements Center for History, Strategy and Statecraft.

Monday, 24 March 2014

တရုတ်ရဲ့ ဦးဆောင်မှုကို ကမ္ဘာကြီးက လိုအပ်နေပြီလား


  နိုင်ငံတကာရေးရာမှာ ဘာသိဘာသာနေခဲ့တဲ့ တရုတ်ဟာ အခုတော့ တက်တက်ကြွကြွ ဦးဆောင်ဦးရွက်ပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။
    တရုတ်သမ္မတ ဇီကျင့်ဖျင်က ပိုပြီးတက်တက်ကြွကြွ လုပ်ရမယ် ပိုပြီးဦးဆောင်ဦးရွက် ပြုရမယ် ကမ္ဘာကြီးကို မျှဝေရမယ် စသည်ဖြင့် ပြောကြားခဲ့တာတွေ။ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက နိုင်ငံခြားအကူအညီတွေပေးဖို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေ လုပ်ဖို့၊ နျူမပြန့်ပွားရေး လုပ်ဆောင်ဖို့ နဲ့ ဒေသတွင်း လုံခြုံရေးလုပ်ငန်းစဉ် စတာတွေအတွက် တရုတ်တို့က ပိုမိုတာဝန်ယူသွားဖို့ အသင့်ရှိနေပြီလို့ ပြောကြားခဲ့တာတွေဟာ သိပ်မကြာသေးခင်ကမှပါ။
    တစ်ခြားကိစ္စရပ်တွေမှာလည်း အလားတူပါပဲ။ အရှေ့အာရှဒေသ မှာ လုံခြုံရေး လုပ်ငန်းစဉ်တစ်ခု တည်ထောင်ဖို့ ၀န်ကြီးချုပ် Li Kequang က မကြာသေးခင်က ပြောကြားခဲ့တာတွေ၊ အီရန် နဲ့ မြောက်ကိုရီးယား နျူကလီးယား  အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် တရုတ်အရာရှိကြီးတွေ ကြိုးပမ်းခဲ့တာတွေ၊ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်ဖ်တို့ကို ပခုံးချင်းယှဉ်နိုင်ဖို့အတွက် BRICS နိုင်ငံတွေနဲ့ လက်တွဲပြီး ကိုယ်ပိုင်ဘဏ်တစ်ခု တည်ထောင်ဖို့ ကြိုးစားနေတာတွေအပြင် အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ လက်တွဲပြီး နိုင်ငံတကာ လုံခြုံရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို ကာကွယ်ဖို့အတွက် တာဝန်ယူ လုပ်ဆောင်တာတွေကိုလည်း တွေ့နေရပါတယ်။
    အမေရိကန်အနေနဲ့လည်း ဘဏ္ဍာရေးလိုငွေပြနေတာ နိုင်ငံတကာ နိုင်ငံရေးကနေ ဆုတ်ခွာနေရတာ တွေကြောင့် အမေရိကန် ထီးရိပ်အောက်မှာ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ခဲ့တယ်ဆိုတာ သမိုင်းထဲမှာ ကျန်ခဲ့ပါပြီ။ အမေရိကန်ကလည်း ကမ္ဘာကြီးကို ဦးဆောင်မယ့်သူတွေ လိုချင်နေတာပါ။ ဥရောပအနေနဲ့ကလည်း သူ့အကြွေးပြဿနာတွေနဲ့ နစ်နေပြီး ဂျပန်ကလည်း နှစ်နှစ်ဆယ်ကျော်ကြာ စီးပွားရေးရပ်တန့်နေရာက နာလံထခါစ ရှိနေပါသေးတယ်။ တရုတ်ကတော့ ၂၀၀၈ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းကနေ မြန်မြန်ဆန်ဆန် ရုံးထနိုင်ပြီး အခုဆိုရင် ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်နေပါပြီ။   
    တရုတ်ရဲ့ ဦးဆောင်နိုင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးရာ ပညာရှင်တွေအားလုံးကတော့ တညီတညွတ်တည်း သဘောတူကြတာ မဟုတ်ပါဘူး
    ပထမတစ်ချက်အနေနဲ့ ပြောရရင် ဦးဆောင်မှုယူတယ်ဆိုတာ လွှမ်းမိုးချယ်လှယ်တာနဲ့ ကွာခြားလှပါတယ်။ တရုတ်က ဦးဆောင်မှု ယူတယ်ဆိုတာ ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးကို လွှမ်းမိုးခြယ်လှယ်တော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တရုတ်ရဲ့ သဘောဆန္ဒတွေကို တစ်ခြားနိုင်ငံတွေကို မသွတ်သွင်းသင့်သလို လုပ်မှာလည်း မဟုတ်ပါဘူး။
အဲသည်လို လုပ်ဆောင်မှုမျိုးတွေရဲ့ နာကျင်စရာ သင်ခန်းစာတွေကို ၁၈၄၀ ကတည်းကစပြီး အနောက်နဲ့ ဂျပန်နိုင်ငံတွေဆီက ရခဲ့ပြီးပါပြီ။ နောက်ပြီး  သပ္ပနပေါင်းစုံ ပြဿနာတွေ ရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့အတူ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့အပြင် တရုတ်ကိုယ်တိုင်ကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုသာ ဖြစ်နေပါသေးတယ်။ ဒါကြောင့်မို့လို့ တရုတ်ဟာ တစ်ခြား ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ နိုင်ငံငယ်လေးတွေကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး
    ဒုတိယတစ်ချက်ကတော့ တရုတ်ဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဦးဆောင်ဖြေရှင်းနိုင်စွမ်း မရှိသေးပါဘူး။သူ့မှာ ရှိတဲ့ စွမ်းရည်နဲ့ အရင်းအမြစ်တွေဟာ နှစ်ပေါင်းများစွာတိုင် အကန့်အသတ် ရှိနေအုံးမှာပါ။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၊ အရှေ့အာရှလူမှုအဖွဲ့အစည်း တည်ထောင်ခြင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကို အကူအညီ အထောက်အပံ့များပေးခြင်း နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး စတဲ့ နယ်ပယ်တွေမှာပဲ စတင်ပြီး ဦးဆောင်မှု ယူမယ်ဆို ယူနိုင်မှာပါ။
    တတိယတစ်ချက်အနေနဲ့ တရုတ်က ဦးဆောင်မှုတော့မယ်ဆိုရင် ပဋိပက္ခတွေများ ဖြစ်တော့မလားလို့ စိုးရိမ်ကြတာလည်း ရှိနေပါတယ်။ တရုတ်ရဲ့ ဦးစီးဦးဆောင် လုပ်ရပ်တွေကို အမေရိကန်က ဖျက်လိုဖျက်ဆီး လုပ်မယ်ဆိုရင်တော့ ဒီလို ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ တရုတ်ရဲ့ ဦးဆောင်ဦးရွက်ပြုမှုတွေက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကောင်းရာကောင်းကျိုးတွေ ပိုမိုဖြစ်ထွန်းစေမှာ ဖြစ်ပြီး အာရှတိုက်ကို ပိုမိုတည်ငြိမ် ငြိမ်းချမ်းစေမယ့်အပြင် တရုတ်ပြည်ကြီးကိုလည်း ပိုမိုလုံခြုံစေပြီး ပိုမို ယုံကြည်မှု ရှိစေမှာ ဖြစ်ပါတယ်။
    စတုတ္ထအချက်အနေနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေမှာ တရုတ်က သိပ်ပြီး တက်တက်ကြွကြွ လုပ်နေရင် တရုတ်ပြည်တွင်း လူမှုရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေကို လစ်ဟင်းသွားမှာလား စိုးရိမ်နေကြသူတွေက တရုတ်ပြည်ထဲမှာကို ရှိနေပါတယ်။ ဒီအကြောင်းပြချက်ကတော့ သိပ်ပြီး လက်ခံနိုင်စရာ မရှိလှပါဘူး။ တာဝန်ယူမှလည်း သြဇာအာဏာဆိုတာ ရှိလာမှာပဲလေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ တရုတ်ရဲ့ ပါဝါက သိသိသာသာ တိုးတက်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဖြစ်ထွန်းမှုနဲ့ စီးပွားရေး ပွင့်လန်းမှုတို့ကနေပြီး အမြတ်အများဆုံး ထွက်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အခုအချိန်ဟာဆိုရင် တရုတ်အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြန်လည်မျှဝေရမယ့် အခါကောင်း ကျရောက်နေပါပြီ။     
    ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ ဦးဆောင်မှု ယူတော့မယ်ဆိုရင် တရုတ်အနေနဲ့ ပြည်တွင်း စီးပွားရေး၊ နိုင်ငံရေး နဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ အမေရိကန်လိုပဲ ပြည်တွင်းအောင်မြင်ဖြစ်ထွန်းမှုတွေကနေ အစပြုပြီး ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို ရယူရမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ပြည်တွင်းမှာ ဂျီဒီပီ တိုးတက်ရေး ဇောင်းပေးလုပ်ဆောင်နေရာက စိတ်အားတက်ကြွမှုတွေ အားကောင်းမောင်းသန်ဖြစ်လာစေရေး ပြောင်းလဲ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ တစ်ခုကောင်းကာက လက်ရှိသမ္မတ ရှီကျင့်ဖျင်ဟာ ဒီပြဿနာတွေကို ကောင်းကောင်း နားလည် သဘောပေါက်ပြီး အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ပိုင်းဖြတ်ထားပြီး ဖြစ်ခြင်း ဖြစ်ပါတယ်။
    အထက်မှာ ပြောခဲ့တဲ့အချက်တွေကို ပေါင်းလိုက်ရင် တရုတ်ရဲ့ ဦးဆောင်မှုကို တစ်ချို့နိုင်ငံတွေက လိုလားချင်မှ လိုလားမယ်ဆိုတာ ပေါ်လွင်ပါတယ်။အလျင်အမြန် ဖွံ့ဖြိုးလာတဲ့ တရုတ်ဟာ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်တစ်ခုကို ပုံဖော်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ရသွားပြီဆိုတာကို  နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အသိအမှတ်ပြုဖို့ လိုပါတယ်။ ပိုမိုတည်ငြိမ်ပြီး ပိုမို ကြွယ်ဝချမ်းသာလာတဲ့ ကမ္ဘာကြီးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ တရုတ်နိုင်ငံရဲ့ တက်တက်ကြွကြွ လိုလိုလားလား ဦးဆောင်မှုတွေကို လိုအပ်လာမှာ ဖြစ်ပါတယ်။
( ၂၀၁၄ ခုနှစ် မတ်လ ၂၁ ရက် The Diplomats မဂ္ဂဇင်းပါ ဆောင်းပါးရှင် Dinagding Chen ရေးသားသော The World Needs China's Leadership ဆောင်းပါးကို ပြန်ဆိုပါသည်)