Wednesday 2 April 2014

ဂျပန်ရဲ့ အခြေခံဥပဒေ အကျပ်အတည်း


ဂျပန် အခြေခံဥပဒေ အာတီကယ် ၉ ကြောင့် အိမ်နီးချင်း တရုတ်၊ တောင်ကိုရီးယားနဲ့ လွတ်လပ်စ အရှေ့တောင်အာရှ နိုင်ငံတွေ ရတက်အေးခဲ့ရတယ်
    အခုတော့ အခြေအနေက တစ်မျိုးပြောင်းလာနေပြီ။ တက်နေ၀န်း တရုတ်ကြောင့် အမေရိကန်လည်း ချက်ချင်းကြီး ပြောင်းနေရတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားအပေါ် မိုးထားတဲ့ အမေရိကန် ထီးရိပ်က မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ အရှေ့တရုတ်ပင်လယ်ထဲမှာ တရုတ်နဲ့ အငြင်းပွားနေတာဟာ အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ကတိက၀တ်ကို ဂျပန်က ရည်ရွယ်ချက်ရှိရှိနဲ့ စမ်းသပ်နေတာလို့လည်း ဆိုကြတယ်။
    ရှင်ဇိုအာဘေး အစိုးရရဲ့ အခြေခံဥပဒေပြင်ဖို့ စိတ်အားထက်သန်နေတာ၊ ငြိမ်းချမ်းရေး အာတီကယ် ၉ အဓိပ္ပာယ်ဖွင့်ဆိုမှု ပြန်လုပ်ချင်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားကြမလဲ။
    ဂျပန်အများစုကတော့ အခြေခံဥပဒေကို ပြင်ချင်ပါတယ်လို့ ဆန္ဒပြုကြတယ်။
     Collective Self-Defence ဆိုတာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး။ အခြေခံ ဥပဒေရေးတုန်းကလည်း အခုကြုံနေရတဲ့ ကိစ္စတွေကို တုန့်ပြန်ဖို့ ထည့်မတွက်ခဲ့ကြဘူး။ ဒီလိုသာဆိုရင် အမေရိကန်ရဲ့ ဒေသတွင်း လုံခြုံရေး လှုပ်ရှားမှုတွေမှာ ဂျပန်က ပူးပေါင်း ပါဝင်နိုင်မှာ မဟုတ်ဘူး။ အဲသလိုဆိုရင်လည်း အမေရိကန်-ဂျပန် မဟာမိတ်ဖွဲ့ထားတာ ပျက်မှာပေါ့။ တစ်ခုရှိတာက ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းတွေမှာတော့ ဂျပန်က ပါဝင်လုပ်ဆောင်နေနိုင်ပြန်တယ်။
    Hitoshi Tanaka ထောက်ပြထားတာကတော့  တကယ်လို့ အခြေခံဥပဒေ ပြင်မယ်ဆိုရင် တရုတ်နဲ့ တောင်ကိုရီးယားတို့ မစိုးရိမ်အောင် သံခင်းတမန်ခင်းအရ လုပ်ထားသင့်ပါတယ်တဲ့။
    အရေးကြီးတာ နှစ်ချက် ရှိတယ်တဲ့။ တစ်ချက်က ပြင်မယ်ဆိုရင် အမေရိကန်-ဂျပန် မဟာဗျူဟာ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရမယ်တဲ့။ ဒေသတွင်း တည်ငြိမ်ရေးမှာ အဲဒါက အရေးပါနေတာမို့လို့ပါ။ နောက်တစ်ချက်က ဂျပန်များ အင်အားကြီးလာခဲ့ရင် ဆိုတဲ့အချက်။ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ယောက် အပြောအရဆိုရင် အရင်တုန်းက ဂျာမန် အင်အားကြီးလာတာနဲ့ ဂျာမန်-ဗြိတိန်ဆက်ဆံရေးအခြေအနေ ပြောင်းသွားတာ၊ ဥရောပမှာ ဖြစ်ပျက်ခဲ့တာတွေကို ဥပမာ ပေးချင်ပုံပါပဲ။
    ဂျပန် အခြေခံဥပဒေ ပြင်မယ်ဆိုရင် ဘေးနိုင်ငံတွေနဲ့ တိုင်တိုင်ပင်ပင် လုပ်ရင် ဘေးကင်းမယ်လို့ စာရေးသူက ခန့်မှန်းထားပါတယ်။

( 2014-March-10:  East Asia Forum, Japan's constitution dilemma မှ ကောက်နုတ်ချက် အချို့ ဖြစ်ပါသည်)

No comments:

Post a Comment