Thursday 18 November 2021

စူပါမွန်းနဲ့ဆေးပေါင်းခ



. . . ခုရက်ပိုင်း လူမှုကွန်ရက်မှာ လူပြောများနေတဲ့ တန်ဆောင်မုန်းလပြည့်မှာ စူပါမွန်းဖြစ်မှာတို့၊ ဆေးပေါင်းခတဲ့အချိန်က ဘယ်နနာရီမိနစ်စက္ကန့်တို့နဲ့ ပြောနေကြတာနဲ့ ပတ်သက်ပြီး တကယ်စိတ်ဝင်စားသူတွေအတွက် နည်းနည်းပြောပြမယ်
.
တန်ဆောင်မုန်းလပြည့်တဲ့အချိန်
.
. . . တန်ဆောင်မုန်းလပြည့်က ပြက္ခဒိန်မှာ နိုဝင်ဘာလ ၁၈ ရက်လို့ ပြပေမယ့် တကယ်လပြည့်တဲ့အချိန်က နိုဝင်ဘာလ ၁၉ ရက် နေ့လည်ပိုင်းဖြစ်ပါတယ်။ လပြည့်ချိန်မှာ ဆေးပေါင်းခတယ်လို့ ယုံကြည်ပြီး မယ်ဇလီဖူးသုပ် စားကြမယ့်သူများ အချိန်သိအောင်လို့ ပြောတာပါ။ မယ်ဇလီဖူးသုပ်ကလည်း မဟားတရား မစားရဘူးတဲ့ဗျ၊ တန်ဆေး လွန်ဘေးပေါ့၊ ကိုယ်ကတော့ မယ်ဇလီဖူးသုပ်ကြိုက်ပေမယ့် အခုထိတော့ စားရကိန်းမမြင်ပါ။ နီးတဲ့သူများ လာပို့မှ စားရမယ့် ဘဝပါ
.
စူပါမွန်း တကယ်ဖြစ်မှာလား
.
. . . စူပါမွန်းဆိုတာကတော့ လနဲ့ ကမ္ဘာနဲ့နီးတဲ့အချိန် လပြည့်ရင် ဖြစ်တာပါပဲ၊ ဒါပေမယ့် အခု တန်ဆောင်မုန်းလပြည့်ရက်ပိုင်းမှာ လဟာ ကမ္ဘာနဲ့ အဝေးပိုင်းကို ရောက်နေပါတယ်။ လနဲ့ကမ္ဘာက ဝေးလိုက်နီးလိုက် ဖြစ်နေတာဖြစ်ပြီး ပျမ်းမျှ အကွာအဝေးက ၂၃၈,၀၀၀ မိုင်ပါ။ နိုဝင်ဘာ ၁၈ ရက်နေ့မှာ လဟာ ကမ္ဘာရဲ့ ၂၅၁,၆၀၀ အကွာအဝေးကို ရောက်နေမှာမို့ ပျမ်းမျှအကွာအဝေးထက် ၁၃,၆၀၀ မိုင်လောက် ပိုဝေးနေမှာမို့ စူပါမွန်းဖြစ်စရာ မရှိပါ။
.
. . . လက်လှမ်းမီသမျှ လေ့လာပြီး ပြောတာဖြစ်လို့ အမှားပါသွားရင် ထောက်ပြပေးပါ၊ လိုတာရှိ ဖြည့်ပြောပေးခဲ့ကြပါခင်ဗျ
.
ဗိုလ်ကောင်း
၁၈ နိုဝင်ဘာ ၂၀၂၁

Wednesday 3 November 2021

1950s 60s Fashion ?


One of the favorite snapshots ever taken. The photo was retouched and modified as an antique one in which the characters dressed up as the university students of the old days.