Tuesday 31 July 2018


တရားစီရင်ရေးမဏ္ဍိုင်အကြီးအကဲကို အုပ်ချုပ်ရေးမဏ္ဍိုင်အကြီးအကဲက လမ်းညွှန်မှာကြားလို့ရသလား
???
ဥပဒေပြုရေးမဏ္ဍိုင်အကြီးအကဲတွေကိုတောင် သမ္မတက ပြောစရာရှိရင် သဝဏ်လွှာပို့ပြီး ပြောရတာမျိုးမဟုတ်ဘူးလား
???
Democratic constitutions are engineered to separate the three pillars deliberately in order to make sure that one pillar shall not be able to influence the others by designing a pattern of check and balance between and among them.

Friday 20 July 2018

တရားဥပဒေနဲ့အညီ ဆိုင်းငံ့ထား

လက်ကိုင်တယ်လီဖုန်းတွေမှာ အသံနဲ့စကားပြောတာကလွဲရင် အခြားဝန်ဆောင်မှုတွေ (အင်တာနက်၊ ဖေ့စဘုတ် စသည်ဖြင့်) ကို ငါးရက်တာ ရပ်တန့်ပစ်ဖို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁၉ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အမုန်းစကားဗီဒီယိုဖိုင်တွေ တမင်တကာဖြန့်ဖြူးနေတာဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတယ်ဆိုပြီး အရေးပေါ်အခြေအနေဆိုင်ရာ ဥပဒေတစ်ရပ်အရ အခုလို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
.
ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရတဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အစိုးရတစ်ခုက ထုတ်ပြန်လိုက်တဲ့ အခု အမိန့်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေကို အစိုးရက တရားဥပဒေနဲ့အညီ ဆိုင်းငံ့ထားလို့ရတယ်ဆိုတဲ့ ဥပမာကောင်းတစ်ခုဖြစ်ပါတယ်။
.
This is a very good example of how the government take action for restoration of the public order in the effected area by law. The government reserves the right to suspend the rights of the people under an emergency situation which poses a threat to the law and order, and stability of the area.
.
Please be noted that India is regarded as the biggest democracy country in the world, and this order is issued by the Governor of the State Government of Manipur, which lies next to the Sagaing Region of Myanmar.
.
Photo Credit: ꯔꯥꯖꯕꯣꯕꯣ ꯈꯨꯃꯨꯛꯆꯝ

Monday 16 July 2018

အီလစ်

.
. . . ဘီဘီစီ ဗွီအိုအေက သတင်းထောက် ဦးသန်းလွင်ထွန်း တင်ထားတဲ့ ပိုစ့်တစ်ခုမှာ အီလစ်တွေအကြောင်းပြောတာနဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်လာလို့ ဒီစာကိုရေးပါတယ်။
.
. . . အီလစ်ဆိုတဲ့ စကားလုံးကို စကြားဖူးတာက အောင်ထွဋ်လို့ အများက သိကြတဲ့ ဆရာနေ၀င်းမောင် ရဲ့ ခေါင်းကြီးပိုင်းတွေ ဆောင်းပါးတွေကနေ သိခဲ့ရတာပါ။ ဆရာနေ၀င်းမောင်က နိုင်ငံတော် တည်ဆောက်ရေးမှာ အီလစ်တွေရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကို တော်တော်လေး ပြောသွားခဲ့တာလို့ မှတ်မိနေပါတယ်။ .
.
. . . ဦးသန်းလွင်ထွန်းရဲ့စာမှာ အီလစ်ကို အခုလို အဓိပ္ပာယ်ဖွင့်ပြထားပါတယ်

Elitism ဆိုတာဟာ လူတန်းစားတခုက သူတို့ဟာ ပိုသိ ပိုတတ်လို့ (ဒါမှမဟုတ် ပိုအနစ်အနာခံခဲ့လို့) ထိုက်ထိုက်တန်တန် အားလုံးရဲ့အထက်မှာရောက်နေရတာဖြစ်တယ်ဆိုတဲ့အယူအဆဘဲ .. ရေပေါ်ဆီတွေပေါ့ ..
.
. . . လွှတ်တော်မှာ ပင်နီဝတ်တွေကို စစ်ယူနီဖောင်းဝတ်တွေက အစက နည်းနည်းလေးစားသလို ရှိပေမယ့် အခုတော့(လုံးဝ) အထင်မကြီးတော့တာ တွေ့ရပါတယ်ဆိုပြီး အစချီထားပေမယ့် နောက်ဆုံးမှာတော့ စစ်သားတွေက ကိုယ်စစ်သားမို့လို့ အသားလွတ် မာန်တက်ပြီး ပင်နီဝတ်တွေကို အထင်မကြီးတာဖြစ်သယောင် သုံးသပ်ထားတာ တွေ့ပါတယ်။ အဲဒီသုံးသပ်ချက်က လက်တွေ့အခြေအနေနဲ့ အတော်ကို ကွဲလွဲပါတယ်။
.
. . . စစ်ယူနီဖောင်းဝတ်တွေက အီလစ်ဖြစ်တယ်ဆိုတဲ့ အယူအဆ အရာရှိငယ်တွေကြား ပြန်လွှမ်းမိုးလာတဲ့ အဓိက အကြောင်းရင်းက လက်ရှိအာဏာရပါတီရဲ့ ၀ရုန်းသုန်းကားစီမံခန့်ခွဲမှုတွေကို နှစ်နှစ်ကျော်ကြာ မြင်ကြားသိနေရတာက လာတာပါလို့ ပြောချင်ပါတယ်။
.
. . . အာဏာရပါတီကို ကြိုက်ခြင်းမကြိုက်ခြင်းက တစ်ကဏ္ဍထားလို့ ရွေးကောက်ပွဲနိုင်ပြီး တက်လာတဲ့အချိန်မှာ ကောင်းတဲ့အပြောင်းအလဲတွေတော့ မြင်ရကောင်းရဲ့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ တပ်မတော်သားတော်တော်များများက အကောင်းမြင်ပေးခဲ့ကြပါတယ်။ တက်လာတဲ့အစိုးရ ငါ့အစိုးရဆိုပြီး လေးစားပေးခဲ့ပါတယ်။ လွှတ်တော်ထဲက တပ်မတော်သားတွေလည်း ဒီလိုပဲ နေမှာပါပဲ။ ပြည်သူက ရွေးကောက်တင်မြှောက်ပေးလိုက်တယ်ဆိုတဲ့ ဂုဏ်ဒြပ်ကို အသိအမှတ်ပြု လေးစားခဲ့ကြမှာပါပဲ။ အမျိုးသားရေးကို ဦးစားပေး နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေးစဉ်းစားတတ်အောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းခံလာရတဲ့တပ်မတော်လို အင်စတီကျူးရှင်းကြီးရယ် ခေတ်သစ်လစ်ဘရယ်ဝါဒကို အတင်းကာရော ရှေ့တန်းတင်ပြီး အမျိုးသားအကျိုးစီးပွားကို နောက်တန်းပို့ထားချင်တဲ့ အာဏာရပါတီရယ်ဟာ သဘောတရားရေးရာအရ ပြဒါးတစ်လမ်းသံတစ်လမ်းပါ။ အဲဒီလို ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်တဲ့ တပ်မတော်အင်စတီကျူးရှင်းဝင်အများစုက လေးစားအသိအမှတ်ပြုမှုတွေ တစ်ဖြည်းဖြည်းလျော့လာတာ လုံးဝကို အထင်မကြီး မလေးစားတော့တာကို ထားလိုက်ပါအုံး။ တစ်ချိန်တုန်းက အတူတူလက်တွဲပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြပါတယ်ဆိုတဲ့၊ ဒီမိုကရေစီပန်းတိုင်ကို အတူတူ ချီတက်ခဲ့ကြပါတယ်ဆိုတဲ့ သူတွေကတောင် အခုအချိန်မှာ (တစ်ချိန်တုန်းက သူတို့ရဲ့ ရဲဘော်ရဲဘက်) အာဏာရပါတီနဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားတွေ ရှိနေပြီလဲဆိုတာ သတင်းသမားဖြစ်တဲ့ ဦးသန်းလွင်ထွန်းက ပိုသိပါတယ်။ ဒီအခြေအနေတွေကို မျက်ကွယ်ပြုပြီး စစ်တပ်က အလကားနေရင်း မာန်တက်ပြီး နေရာယူချင်နေတာထင်ရင်တော့ မျှတတဲ့ သုံးသပ်ချက် မဖြစ်နိုင်ပါဘူး။
.
{https://www.facebook.com/photo.php?fbid=667127283650550&set=a.110405775989373.1073741828.100010598527758&type=3&theater}
.
. . . နိုင်ငံနဲ့ပတ်သက်ပြီး ဘာတာဝန်မှ ကြီးကြီးမားမား မယူထားဘဲ ကိုယ့်တပ်ကအလုပ်ကိုတောင် အလျဉ်မီအောင် မနည်းရုန်းကန်နေကြရတဲ့ တပ်မတော်သား အရာရှိငယ်တွေ အပါအ၀င် အခြားသော တပ်မတော်သားအများ လိုချင်တာက ကိုယ့်နိုင်ငံအကျိုးစီးပွားနဲ့ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး စွမ်းစွမ်းတမံ လုပ်ပြနိုင်တဲံ အစိုးရဖြစ်ပါတယ်။ တက်လာသမျှ အစိုးရတွေ သောက်သုံးမကျလို့ပဲဖြစ်ဖြစ် နိုင်ငံ့အကျိုးစီးပွား မျက်ကွယ်ပြုပြီး အမေကျော်ဒွေးဒေါ်လွမ်းပြနေလို့ပဲဖြစ်ဖြစ်၊ စာမတတ်ပေမတတ် ငမိုက်သားတွေ အစိုးရထဲများနေတာကို မြင်ရလို့ပဲဖြစ်ဖြစ် အထင်အမြင်သေးနေသမျှ ကာလပတ်လုံး ငါတို့တပ်မတော်က ၀င်မလုပ်ရင်မဖြစ်သေးပါဘူးလေဆိုတဲ့ အတွေးမျိုးကို ပိုပိုပြီးသာ တွေးစေမှာဖြစ်ပါတယ်။
.
. . . တပ်မတော်နဲ့ နိုင်ငံရေးပါတီဆိုတာ နှိုင်းယှဉ်ပြစရာ မဟုတ်ပေမယ့် တပ်မတော်အပါအ၀င် နိုင်ငံတစ်ခုလုံးကို စီမံခန့်ခွဲရမယ့် နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကို ကိုယ့်ထက်ပိုတတ် ပိုတော် ပိုစမတ်ကျပြီး ပိုအလုပ်လုပ်နိုင်တာကိုသာ တပ်မတော်သားတွေက လိုလားတာပါ။ သုံးယောက်ပေါင်းလို့ လေးတန်းမအောင်တဲ့ တပ်မတော်ဘ၀ကနေ နယ်ပယ်အသီးသီးမှာ ပညာရှင်တွေ အတွေ့အကြုံရင့်ကျက်သူတွေ အများကြီး ပြုစုပျိုးထောင်မွေးမြူထားပြီးဖြစ်တဲ့ ဆက်လက်ပြီးလည်း ပြုစုပျိုးထောင်နေပြီး ပညာတတ်မျိုးဆက်တွေ လက်ဆင့်ကမ်းနေတဲ့ တပ်မတော်က အတန်းပညာနတ္တိ၊ အတွေ့အကြုံမရှိ၊ ဆင်ခြင်တွေးခေါ်မှုချို့တဲ့ပြီး ပါတီခေါင်းဆောင်ပုံရိပ်နဲ့ လွှတ်တော်ထဲ အခန့်သားလာထိုင်နေသူကို ဘယ်လိုနည်းနဲ့ လေးစားနိုင်ပါ့မလဲ ခင်ဗျာ။
.
. . . ချုပ်ပြီးပြောရရင် လွှတ်တော်ထဲက ပင်နီဝတ်တွေကို ယူနီဖောင်းဝတ်တပ်မတော်သားတွေ လုံးဝ အထင်မကြီးတော့တာသာ မှန်တယ်ဆိုရင် အဲဒါဟာ ဦးသန်းလွင်ထွန်းသုံးသပ်သလို ငါတို့က စစ်သားမို့ပိုလုပ်နိုင်တယ်လို့ အရင်တွေးလို့ မဟုတ်ပါဘူး။ နိုင်ငံကို တာဝန်ယူနေတဲ့အစိုးရနဲ့ အာဏာရပါတီထဲက လူတွေရဲ့ ၀ရုန်းသုန်းကား အရူးချီးပန်း စီမံခန့်ခွဲမှုတွေတွေနဲ့ ပေါက်လွှတ်ပဲစား လူပြိန်းကြိုက်စကားလုံးတွေပိပြီး နိုင်ငံအကျိုးစီးပွားကို နောက်တန်းပို့ထားတဲ့ မူဝါဒတွေကြောင့်သာဖြစ်ကြောင်း ပြောပါရစေ
.
ဗိုလ်ကောင်း
၁၆ ဇူလိုင် ၂၀၁၈
.
စာကြွင်း ။ စိတ်ကြီးဝင်နေတယ်ဆိုတဲ့ တပ်မတော်သားတွေ အသာထားလို့ ဦးလေးရော အဲသည် ခပ်တုံးတုံးအမတ်တွေကို အထင်ကြီးလို့လား
.
ဦးသန်းလွင်ထွန်းရဲ့ ပိုစ့်ကို အောက်မှာ ဖတ်နိုင်ပါတယ် https://www.facebook.com/photo.php?fbid=10157498915175410&set=a.10150513263115410.464146.827665409&type=3&theater
.
တင်ထားတဲ့ပုံက ဦးသန်းလွင်ထွန်းပိုစ့်အောက်မှာ ဦးရော်နီငြိမ်း ပေးထားတဲ့ မှတ်ချက်ဖြစ်ပါတယ်

Monday 9 July 2018

ပန်းပွင့်လေးဘာသာဗေဒ


. . . ကိုယ်တွေ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ဘာသာဗေဒ နဲ့ ပတ်သက်ပြီး လေ့လာခဲ့ရတာတာတွေရှိတယ်။
Child Language Acquisition, English Language Teaching Methodology, Psycho-Linguistics စတဲ့ ဘာသာရပ်တွေ။ ဒါတွေ လေ့လာပြီးချိန်မှာ သိလိုက်ရတာက ဘာသာစကားတစ်ခုကို သင်ယူဖို့အတွက်က သင်ကြားရေးထက် အသုံးပြုနေဖို့က ပိုအရေးကြီးတယ်ဆိုတာ၊ ဘာသာစကားဆိုတာ တကယ်တမ်းပြောဆိုနေတဲ့ ၀န်းကျင် ရှိနေမှသာ တကယ်တမ်း ထဲထဲဝင်ဝင် သဘာဝကျကျ တတ်မြောက်နိုင်တယ်ဆိုတာ သဘောပေါက်လာရတယ်။
.
. . . အဖေတစ်ယောက်အနေနဲ့ ကိုယ့်သမီးကို အင်္ဂလိပ်စာ တတ်စေချင်တော့ အထက်က ပြောခဲ့တဲ့ သဘောတရားတွေထဲက ကိုယ်တိုင်ကျင့်သုံးလို့ရတာ ရှိသလို ကျင့်သုံးလို့မရတာတွေလည်းရှိတယ်။ အထင်ရှားဆုံးကတော့ အင်္ဂလိပ်စကားပဲ အဓိကထား အသုံးပြုတဲ့ လူမှုပတ်ဝန်းကျင်မှာနေတယ်ဆိုရင် အင်္ဂလိပ်စကားကို ကောင်းကောင်းတတ်မယ်၊ ဒါပေမယ့် ကိုယ်နေနေတာက မြန်မာပြည် မြန်မာစကားပြောတဲ့ မြန်မာလူမျိုးတွေကြားထဲမှာ။ အဲသည်တော့ သမီးအတွက် အင်္ဂလိပ်စကားပြောဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ဆိုတာ စိန်ခေါ်မှုအကြီးကြီးပဲ၊ ဒါတောင် ကိုယ်တွေ လင်ကိုယ်မယား နှစ်ယောက်လုံးက ဘွတ်ဘက်ရွှတ်ဒက်လေး မတောက်တစ်ခေါက်တတ်ထားလို့ ကိုယ်တတ်သရွေ့မှတ်သရွေ့လေး သမီးနဲ့ အာလူးဖုတ်လို့ရတာကို အားသာချက်အဖြစ် ယူထားရတာ။ နည်းနည်း ပိုက်ဆံလေးဘာလေး တတ်နိုင်ရင်တော့ သမီးကို အင်္ဂလိပ်စကားပြောပြီးသင်တဲ့ကျောင်းမှာ အင်္ဂလိပ်လိုစကားပြောတဲ့လူတွေကြားမှာ ထားနိုင်မယ့်အခွင့်အရေးမျိုး ဖန်တီးပေးရမှာပေါ့။ ဒါက ပတ်ဝန်းကျင်အပိုင်းကိုပြောပြတာ။ သင်ခန်းစာယူသင့်တာက ဘာလဲဆိုရင် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စေချင်ရင် ကိုယ်ကိုယ်တိုင်လည်း ကျွမ်းအောင်လုပ်ဖို့သင့်တယ်ဆိုတာပါပဲ။ အများကြီး မလုပ်ချင်ဘူး ဆိုရင်တောင် ကိုယ့်သမီးနဲ့ အပြန်အလှန်ပြောနိုင်တဲ့အတိုင်းအတာထိ တတ်ထားတယ်ဆို သမီးအတွက် စကားပြောဖော်ရှိတော့ အဆင်ပြေပါတယ်။
.
. . . ဟိုတစ်လောက ပုဂံသွားရင် သူငယ်ချင်းမိသားစုနဲ့ ထမင်းဆိုင်မှာ ဆုံဖြစ်တယ်။ သူ့သမီးနှစ်ယောက် အသက်က ဆယ်နှစ်ဝန်းကျင်လောက်ဖြစ်မယ်ထင်တယ်။ နှစ်ယောက်သား စကားတွေပြော တွတ်ထိုးနေကြတာ အင်္ဂလိပ်လို မွှတ်ထွက်နေတာပဲ။ အဲသည်မှာ စဉ်းစားမိတာက ကိုယ့်ကလေးက တစ်ယောက်တည်း မဟုတ်ဘူးဆိုရင် နှစ်ယောက်လုံးကိုလည်း ဘာသာစကားနဲ့ပတ်သက်တဲ့ ပံ့ပိုးမှု အတူတူ ပေးထားတယ်ဆိုရင် သူတို့ချင်း စကားပြော ငြင်းခုန်ရန်ဖြစ်နေရတာနဲ့တင် တစ်ယောက်တည်းရှိတဲ့ ကလေးထက် စကားပိုတတ်မယ်ဆိုတာပါပဲ။ သင်ခန်းစာက ဘာသာစကားတစ်ခုကို သင်ပေးချင်ရင် ကလေး အနည်းဆုံး နှစ်ယောက်မွေးပါ။ ရန်ဖြစ်ဖို့ ငြင်းခုန်ဖို့ စကားများဖို့ အခွင့်အရေးပေးပါ။
.
https://www.facebook.com/100010598527758/posts/660372810992664/
.
. . . ဘာသာစကားသင်ဖို့ဆိုတာက ကျောင်းနေတဲ့အထိ စောင့်နေစရာ မလိုပါဘူး။ အိမ်မှာကတည်းက စသင်လို့ရပါတယ်။ သင်တယ်ဆိုတာထက် အထိအတွေ့ပေးထားတာပေါ့။ ပန်းပွင့်လေး ကျောင်းမနေခင်က အိမ်မှာ ယူကျုကို စိတ်ကြိုက်ကြည့်ခွင့်ပေးထားတယ်။ (စိတ်ကြိုက်ဆိုတာ သတ်မှတ်တဲ့အချိန်အတိုင်းအတာအတွင်း သတ်မှတ်ထားတဲ့ အကြောင်းအရာအတွင်းကိုပြောတာ၊ ကလေးကို ငြိမ်အောင်ဆိုပြီး တစ်ချိန်လုံး အိုင်ပက်ပေးထားတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်)။ သူစိတ်ကြိုက်ဖြစ်မယ့်အထဲကမှ သူ့အတွက် ဘာသာစကားသင်ကြားရေးမှာ အထောက်အကူဖြစ်မယ့်ဟာလေးတွေကို များများတွေ့အောင်တော့ လုပ်ပေးထားရတာပေါ့)။ သူရင်းနှီးကျွမ်းဝင်နေတဲ့ အကြောင်းအရာတွေ အသုံးအနှုံးတွေ ၀ါကျတွေကို ကိုယ်တိုင်လည်း စိတ်ဝင်တစားနဲ့ လိုက်ကြည့်ပြီး အပြင်မှ တကယ်သုံးဖြစ်အောင် အခြေအနေဖန်တီးပေးထားတော့ သူက ကျောင်းမနေခင်ကတည်းက အင်္ဂလိပ်လိုနည်းနည်းပါးပါး တီးမိခေါက်မိရှိတယ်ပြောရတယ်။
.
. . . Error Analysis သင်ဖူးထားတော့ သမီး အင်္ဂလိပ်လိုပြောတဲ့အခါ သဒ္ဒါမှား အသုံးမှားတွေကို သတိထားမိနေပြီး တစ်ခါမှားတစ်ခါပြင်ပေးချင်နေမိတာ တော်တော်ဆိုးတယ် ပြောရမယ်။ Psycho-Linguistics သဘောအရ သူ့စကားတွေ ခဏခဏ အမှားပြင်ခံနေရရင် နောင်ကို အင်္ဂလိပ်လို မပြောချင်တော့မှာစိုးလို့ ပြင်ပေးချင်စိတ်ကို မနည်းအောင့်အည်းထားရတာ။ ဒါပေမယ့် တဖြည်းဖြည်း အင်္ဂလိပ်စာနဲ့ ထိတွေ့သက်လေး ကြာလာတော့ အဲသည်အမှားတွေကို သူကိုယ်တိုင် သတိပြုမိသွားတာတွေ့တယ်။ သူ့ဘာသာ ပြင်ဖို့ကြိုးစားတယ်၊ အမှားအသေးလေးတွေတော့ ပါနေတုန်းပေါ့။
.
. . . ဘာသာစကား သင်ကြားရေးနဲ့ ပတ်သက်ပြီး ပန်းပွင့်လေးတစ်ယောက်တည်းမှာပဲ ရနေတဲ့၊ တစ်ခြားကလေးတွေနဲ့ မတူတဲ့ ထူးခြားတဲ့ အခြေအနေတစ်ခုရှိနေပါတယ်။ ဆော့တဲ့အခါမှာ တစ်အိမ်လုံး ရစရာမရှိအောင် ပြောင်းဆန်နေအောင် ဆော့သလောက် စာလုပ်တဲ့အခါမှာလည်း သေသေချာချာ အာရုံစိုက်ပြီး လုပ်တတ်တာပါ။ စာလုပ်တယ်ဆိုတာ သူ့အတွက်က ဆော့နည်းတွေအများကြီးထဲက တစ်ခုလို ဖြစ်နေတဲ့အခါကျတော့ အာရုံစူးစိုက်မှုကလည်း တော်တော်ကို ကောင်းတယ်လို့ပြောရပါမယ်။ ကိန်းဘရစ်တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာသင်ကြားရေး စာစဉ်တွေဖြစ်တဲ့ starter, mover flyer စတာတွေကို သူက ကစားရင်းနဲ့ လုပ်နေတာဖြစ်ပါတယ်။ အပိုပြောတယ်လို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် ဒါက တကယ်ပြောတာပါ။ အင်္ဂလိပ်စာဆရာမ အမေလုပ်သူက တစ်ခြားကလေးတွေကို အချိန်ကန့်သတ်ချက်နဲ့ စားပွဲမှာထိုင်ပြီး သင်နေရပေမယ့် ပန်းပွင့်လေးကို အဲလို သင်ဖို့ မလိုပါဘူး။ သူ့အမေက အဲသည်လေ့ကျင့်ခန်းစာအုပ်တွေ အိမ်ကိုယူလာပြီဆိုတာနဲ့ သူ့ဘာသာ ထိုင်လုပ်၊ အမေက မအားတဲ့အခါ သူ့ဘာသာ အဖြေစစ် အမှတ်ပေးလုပ်ပါသတဲ့။ နားထောင်စွမ်းရည်လေ့ကျင့်တဲ့ စီဒီပြားတွေ ကိုယ့်ဘာသာဖွင့်ပြီး စာအုပ်ထဲက လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ တစ်ခါတစ်ခါ သူ့ထက်မြင့်တဲ့ အဆင့်တွေအတွက် ၀ယ်လာတဲ့ စာအုပ်တွေကို သူ့ဘာသာကြည့်ပြီး လေ့ကျင့်ခန်းတွေ လုပ်ပစ်လိုက်လို့ သူ့အမေက (စာသင်နေတဲ့ ကလေးအတွက်) စာအုပ်အသစ် ထပ်ဝယ်လိုက်ရတာမျိုး ရှိပါတယ်။ သူ့အမေက ကလေးတွေကို (ကျောင်းစာမဟုတ်တဲ့အပိုအင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေ) သင်နေတဲ့ အချိန်မျိုးဆိုရင်လည်း သူက အမေဘေးမှာ လေ့ကျင့်ခန်းတစ်စုံတောင်းပြီး စာအတူတူ ထိုင်လုပ်နေတတ်တဲ့ ကလေးမျိုးပါ။ အဲဒါကတော့ တစ်ခြားကလေးတွေနဲ့ မတူတဲ့ အခြေအနေဖြစ်ပါတယ်။
.
ဒီစာကို နိဂုံးမချုပ်ခင် အရေးကြီးတာတစ်ခု ပြောပြချင်ပါတယ်။
. . . ကလေးကို အင်္ဂလိပ်စာ တတ်စေချင်တယ်ဆိုတာ သူ့ရဲ့ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အထောက်အကူတစ်ခုအနေနဲ့ တတ်စေချင်တာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာက အဓိက မဟုတ်ဘဲ ဗလငါးတန်ဖွံ့ဖြိုးရေးကသာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် စာလုပ်ရင် ကလေးငြိမ်တယ်ဆိုပေမယ့် စာကို အမြဲတမ်းလုပ်ခွင့်မပေးပါဘူး။ တတ်နိုင်သမျှ ကျောင်းစာကလွဲတဲ့ တစ်ခြားကစားနည်းတွေ ကစားနိုင်အောင် အခြေအနေဖန်တီးပေးပါတယ်။ အိမ်ပြင်ထွက် ပြေးလွှားကစားလုပ်ဖို့ အခွင့်မသာတဲ့အခါမျိုးမှာလည်း အိမ်ထဲမှာတင် ကစားနိုင်အောင် စက္ကူ ကတ်ကြေး ကော် သံလိုက် ရောင်စုံခဲတဲ့ ဘောပင် ပန်းချီပစ္စည်း အရုပ် စာအုပ် နဲ့ တိုလီမိုလီတွေကို ပိုလျှံနေအောင် ၀ယ်ပေးထားပါတယ်။ သူ့စိတ်ကူးတစ်ခုခုရှိရင် အဲသည်စိတ်ကူးကို ပုံဖော်ဖို့ သူလိုချင်တာမှန်သမျှ လက်တစ်ကမ်းမှာရှိနေအောင် ထောက်ပံ့ပေးထားပါတယ်။ ပိုက်ဆံမကုန်ဘူးလားဆိုတော့ ကုန်ပါတယ်။ ဒါပေမယ့် ကျူရှင်ဆရာတွေကို ပေးရတဲ့ ပိုက်ဆံလောက်တော့ မကုန်ပါဘူး။ ကျူရှင်ဆရာတွေရဲ့ စားပွဲမှာထိုင်ရင်း စာတစ်ပုဒ်ကို အလွတ်ရသွားတာထက်ပိုတဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည် ကိုယ့်ကိုယ်ကို ယုံကြည်မှု စိတ်ကျေနပ်မှု အာရုံစူးစိုက်မှုတွေကိုရပါတယ်။ ငွေကြေးကုန်ကျစရိတ်နဲ့ တွက်ရင်တောင် ကျူရှင်ထားမလား ဆော့ခိုင်းမလား၊ ဆော့ခိုင်းရတာ ကျူရှင်ထားရတာထက် စရိတ်နည်းတဲ့အပြင် ကလေးအတွက်လည်း ပိုကောင်းပါတယ်။
.
. . . အင်္ဂလိပ်ဘာသာစကား သင်ကြားတယ်ဆိုတာ နိုင်ငံရပ်ခြားအကြောင်းအရာတွေကို ပညာရပ်ဆိုင်ရာအကြောင်းအရာတွေ လေ့လာရာမှာ ပိုပြီး အထောက်အကူဖြစ်တာ မှန်ပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်တိုင်းရင်းသား ကိုယ့်ယဉ်ကျေးမှု ကိုယ့်သမိုင်း ကိုယ့်ပထ၀ီဝင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ပိုပြီးသိ ပိုပြီးနားလည်နိုင်အောင် အာရုံထားထားပါတယ်။ အင်္ဂလိပ်စာနဲ့ပဲ သင်နေရလို့ဆိုပြီး ကိုယ့်မြန်မာနိုင်ငံနဲ့ဆိုင်ရာအကြောင်းတွေ မသိဘူးဆိုတာမျိုးကို အဖြစ်ခံမှာ မဟုတ်ပါဘူး။ သူနဲ့ရွယ်တူ အတန်းတူ ကလေးတစ်ယောက် မြန်မာအကြောင်း မြန်မာလိုပြောတတ်တာထက် မြန်မာအကြောင်း အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်အောင် ပြောရဲတဲ့ယုံကြည်မှုရှိအောင်သာ ပြုစုပျိုးထောင်မွေးမြူသွားမှာဖြစ်ပါတယ်။
.
. . . ပန်းပွင့်လေးက ဘာစကားပြောပြော ဘယ်နေရာရောက်ရောက် ဘာလုပ်လုပ် ယဉ်ကျေးလိမ္မာတဲ့ မြန်မာအမျိုးကောင်းသမီးလေးအဖြစ်က တစ်ပြားသားမှ လျော့မသွားအောင် တန်ဖိုးထားတတ်တဲ့ နှလုံးသားမျိုးကိုလည်း ခုကတည်းက ပြုစုပျိုးထောင်နေပါကြောင်း . . .
.
ပန်းပွင့်လေးဖေဖေ
၉ ဇူလိုင် ၂၀၁၈

Wednesday 4 July 2018

Cobra effect???


The attempt to rise the statue of the great person amongst the complaints of the locals obviously resulted in a negative impact of the intended purpose. The colonial stooges assassinated him only ONCE but his daughter’s supporters have been killing his reputation REPEATEDLY.