Friday 20 July 2018

တရားဥပဒေနဲ့အညီ ဆိုင်းငံ့ထား

လက်ကိုင်တယ်လီဖုန်းတွေမှာ အသံနဲ့စကားပြောတာကလွဲရင် အခြားဝန်ဆောင်မှုတွေ (အင်တာနက်၊ ဖေ့စဘုတ် စသည်ဖြင့်) ကို ငါးရက်တာ ရပ်တန့်ပစ်ဖို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁၉ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အမုန်းစကားဗီဒီယိုဖိုင်တွေ တမင်တကာဖြန့်ဖြူးနေတာဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတယ်ဆိုပြီး အရေးပေါ်အခြေအနေဆိုင်ရာ ဥပဒေတစ်ရပ်အရ အခုလို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
.
ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရတဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အစိုးရတစ်ခုက ထုတ်ပြန်လိုက်တဲ့ အခု အမိန့်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေကို အစိုးရက တရားဥပဒေနဲ့အညီ ဆိုင်းငံ့ထားလို့ရတယ်ဆိုတဲ့ ဥပမာကောင်းတစ်ခုဖြစ်ပါတယ်။
.
This is a very good example of how the government take action for restoration of the public order in the effected area by law. The government reserves the right to suspend the rights of the people under an emergency situation which poses a threat to the law and order, and stability of the area.
.
Please be noted that India is regarded as the biggest democracy country in the world, and this order is issued by the Governor of the State Government of Manipur, which lies next to the Sagaing Region of Myanmar.
.
Photo Credit: ꯔꯥꯖꯕꯣꯕꯣ ꯈꯨꯃꯨꯛꯆꯝ

No comments:

Post a Comment