. . . ခေတ်လူငယ်တစ်ယောက်အနေနဲ့ မြန်မာသံစဉ်တေးသွားလေးတွေကို မြတ်မြတ်နိုးနိုးရှိလှတယ်ဆိုတာ မဆန်းပေမယ့် တစ်ချို့ကတော့ အထူးအဆန်း လုပ်ပြီး မေးကြတယ်။ ကိုယ်ကိုယ်တိုင်လည်း သေချာတော့ မသိပေမယ့် အမေ့ရဲ့ ကျေးဇူးနဲ့ အခုလို မြန်မာသံစဉ် သီချင်းလေးတွေကို မြတ်နိုးတတ်လာတာလို့ ထင်ပါတယ်။ အမေက အဆိုတော်တစ်ယောက် မဟုတ်ပေမယ့် သီချင်းတွေ တော်တော်များများကို သံနေသံထားနဲ့ အမြဲ ဆိုလေ့ရှိတယ်။ မာမာအေး သီချင်းတွေ လေဘာတီမမြရင် သီချင်းတွေ တင်တင်မြ သီချင်းတွေဆိုတာ အမေဆိုပြနေတာနဲ့ပဲ ငယ်ငယ်ကတည်းက အလွတ်နီးပါး ရနေခဲ့တာကလား။ စန္ဒယားလှထွတ်တို့ဘာတို့ကတော့ ကြီးလာခါမှ ကိုယ့်ဘာသာ နားထောင်ရင်း ကြိုက်တတ်သွားခဲ့တာ။ အမေဆိုပြတဲ့အထဲမှာတော့ ယောက်ျားသီချင်းက နည်းနည်းပဲ ပါတာလေ။
မှတ်မှတ်ရရ ဆယ်တန်းတုန်းကဆိုရင် စာကျက်တာကို ထိုင်စောင့်တတ်တဲ့ အမေက လက်ဘက်သုပ်ပေးရင်း စာကျက်နားတဲ့အချိန်မှာ သီချင်းတွေ ဆိုဆိုပြတတ်တာလေ။ အခုလည်း စာတွေဖတ်တာများလို့ ခေါင်းတွေပူလာတဲ့အခါ အမေရဲ့ သီချင်းသံအေးအေးလေးကို တောင့်တမိပါရဲ့ . . .
Humming Mom
------------------
When I was young, my mother used to hum Myanmar old songs, and I was very familiar with those songs. Most of the guys in our age seem to prefer modern songs to those classic ones, but I still love Myanmar old songs. Sometimes, it is rather strange for some of my colleagues and they want to know why I have such an unusual favourite. I think that I might be a successor of my mother's favourite. I miss my mom's humming tunes . . .
Showing posts with label အမေ့အကြောင်း. Show all posts
Showing posts with label အမေ့အကြောင်း. Show all posts
Thursday, 19 March 2015
အမေ့သီချင်းသံအေးအေးလေးတွေ
အမေ ခေသူမဟုတ်
ကိုယ်တို့အမေ လေးတန်း စကောလားရှစ်ရတုန်းက အမှတ်တရ ရိုက်ထားတဲ့ပုံပါ။ ပုံထဲမှာ ပါတဲ့ ဆရာကြီး ဦးထွန်းခင်ကိုတော့ ကိုယ်တို့ မီလိုက်ပါသေးတယ်။ ဆရာကြီးကို ကြောက်ရချက်ကတော့ ညညများဆို ဆရာကြီးက တုတ်တစ်ချောင်းကိုင်ပြီး ရွာထဲ လှည့်သတဲ့။ စာကျက်သံမကြားတဲ့အိမ်ကို မှတ်ပြီး နောက်နေ့ကျ ရိုက်သတဲ့။ ဘယ်နှစ်ယောက်အရိုက်ခံရသလဲဆိုတာ သေချာ မသိပေမယ့် ဆရာကြီး ကိုယ့်အိမ်နားရောက်ရင် ကိုယ့်စာကျက်သံ ဆရာကြီး မကြားမှာစိုးလို့ စာကို အကျယ်ကြီး အော်ကျက်ရသတဲ့ဗျာတို့ရေ။ အမေ့ရဲ့ အမေ ကျွန်တော်တို့အဖွား ဒေါ်ရင်ကတော့ စာမတတ်ပါ။ ရွာကို အသုံးလုံး လာသင်တော့ ရှက်လို့ဆိုပြီး ပုန်းနေတယ်ဆိုလား။ စာသင်ရမှာကြောက်လို့တဲ့။ အဲသည် စာမတတ်တဲ့ အဖွားက အမေစကောလားရှစ်ရတော့ မိဘလက်မှတ်ထိုးပြီး ပိုက်ဆံ ထုတ်ရမယ်ဆိုတော့ အမေက အဖွားကို တစ်ညလုံး နာမည်ရေး သင်ပေးရသတဲ့။ အဖွားက စာရေးစာဖတ်ဆိုလို့ မရင် ဆိုတဲ့ နာမည်လေးတစ်လုံးပဲ ရေးတတ်ခဲ့တာပါ။ လေးတန်းမှာ စကောလားရှစ် ရခဲ့ပေမယ့် အမေက ကျောင်းဆက်တက်ခွင့် မရခဲ့ပါဘူး။ ခုနစ်တန်းအောင်ပြီး အထက်တန်းကျောင်း ပြောင်းရမယ်ဆိုတော့ အဖွားတို့က မိန်းကလေး သေစာရှင်စာတတ်ရင် တော်ပြီဆိုပြီး အမေ့ကို ကျောင်းနုတ်ခဲ့ပါသတဲ့။ ခုနစ်တန်းပဲအောင်တဲ့အမေက သားသမီးခုနစ်ယောက်ကို ဘွဲ့ရတွေဖြစ်အောင် ကျောင်းထားခဲ့ပါတယ်။ အမေက စာလည်းသိပ်ဖတ်ပါတယ်။ တစ်ခုခုဆို အမေ့ကို မေးရတာ အခုထိပါပဲ။ သတင်းစာလည်း ပုံမှန်ဖတ်တော့ ကိုယ့်နိုင်ငံမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ဘယ်ဟာက ဖြစ်သင့်မဖြစ်သင့်ဆိုတာ ဝေဖန်ပိုင်းခြားနိုင်တဲ့ အမေရယ်ပါ။ အသက်ကြီးပေမယ့် ရှေးအဖွားကြီး မဖြစ်ဘဲ အမြဲခေတ်မီနေတဲ့ အမေပါ။ အမေက မှတ်ဥာဏ်လည်း ကောင်းပါတယ်။ အမေ့နားမှာ နေရသခိုက်မှာ ရွာကအကြောင်းတွေ ပြန်ပြန်ပြောခိုင်း သေသေချာချာကို ပြောပြတတ်ပါတယ်။ အမေ့ရှေးစကားမှာ ကျွန်တော်တို့အတွက် မှတ်သားစရာ ဆင်ခြင်စရာတွေ အများကြီးပေါ့။ လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်လောက်ကတော့ အမေ့ကျန်းမာရေး မကောင်းဖြစ်ခဲ့ပေမယ့် အခုတော့ ဒေါင်ဒေါင်မြည်နေပါပြီ။ အခုမှပဲ အမေလည်း ကျိုက်ထီးရိုး ဘုရားသွားဖူးရတာနဲ့။ ဗိုလ်ချုပ်ရာပြည့်ပွဲကို နတ်မောက်သွားနွှဲရတာနဲ့။ ရွှေစက်တော် သွားရတာနဲ့ တော်တော် ဟန်ကျနေပါပြီ။ အမေ့ကို မဇ္ဈိမဘုရားဖူး ပို့ပေးချင်ပါသေးတယ်။ အရင်တုန်းက အမေ့ဆီကို စာရေးရင် အမေ မသေသေးနဲ့အုံးလို့ ထည့်ထည့် ရေးဖြစ်ပါတယ်။ ကျွန်တော့်ကို ချစ်တဲ့အမေက ကျွန်တော့်စကားကို နားထောင်ရှာပါတယ်။ ကျန်းမာရေးမကောင်းဖြစ်ပြီး အိပ်ယာထဲ လဲနေရာကနေ ထူထူထောင်ထောင် ဖြစ်လာလိုက်တာ အခုဆို ဒေါင်ဒေါင်ကို မြည်နေရော။ ဒါကြောင့်ပြောတာ ဗိုလ်ကောင်းအမေ ခေသူမဟုတ်ပါဘူးဆိုတာ။ စကားမစပ် အမေရေ့ ဒီပုံလေးကို ကူးပြီး ဦးလေးမြင့်အောင်တို့ကို ပေးလိုက်အုံး။ ဟိုတစ်ခါ ကျောင်းမှာ ထူးချွန်ကျောင်းသားပုံတွေ ချိတ်မယ်ဆိုလို့ ဒီပုံကိုတောင်းတော့ မတွေ့လို့။ အခုမှ ပြန်တွေ့လို့။
Subscribe to:
Posts (Atom)
