Tuesday 2 December 2014

ဂမ္ဘီရခရီး


မသိကိန်းပေါင်းများစွာနဲ့ တိုကျိုရွှေမြို့တော်ကြီးကို ချီတက်ခဲ့ရတယ်။ နောက်တစ်ရက်ကျော်မှာ ဖြေမယ့် စာမေးပွဲအတွက် စာအုပ်တွေလည်း ထည့်လို့ပေါ့။ တိုကျိုရောက်တော့ ဘယ်မှ မသွားရတော့ဘဲ ကောင်းကောင်းစား စာကြည့် အင်တာနက်သုံး မသိကိန်းကို အဖြေထုတ်ပေါ့။ ဟော ညတိုင်လည်းကျရော ပတ်စ်ပို့ မိတ္တူကူးမယ်ဆိုပြီး လာယူသွားပြန်ရော၊ ပြီးတော့ ပြန်လည်း မပေးဘူး။ ဘာလား ညာလား လာပေါင်းများစွာ မေးခွန်းတွေ ခေါင်းထဲမှာ စီရီနေတုန်း မနက်ကျရင် ခုနစ်နာရီမှာ မနက်စာစားမယ်ဆိုလို့ မနက်ကျတော့ အစောထပြီး ခုနစ်နာရီမှာ ထမင်းစားခန်းထဲကိုဆင်း၊ စားပြီးရင် အထုပ်အပိုး ကားပေါ်တင်ထားတဲ့။ သွားမယ်တဲ့၊ ကားသမားက ဘယ်ကိုမောင်းရမှာလဲ ဆိုတော့ ညကတည်းက ပြောထားပြီးသားအတိုင်းပဲတဲ့။ ညက လားပေါင်းများစွာမှာ နောက်ထပ် လားပေါင်းများစွာ ထပ်ဆင့်လို့ ဘယ်ဆီကို မသိတဲ့ခရီးဆီ အထုပ်အပိုးတင်ပြီး ထွက်လာခဲ့ရတယ်။ အထုပ်အပိုး ဆိုပေတဲ့ တိုကျို တစ်ညအိပ်စာလောက်ပဲ အ၀တ်အစားက ထည့်လာတာ။ ဘာမှ များများစားစား ပါလာတာ မဟုတ်။ သိပ်လှတဲ့ တိုကျိုပင်လယ်အော်ဘေးကပတ်တဲ့ အခါကျတော့လည်း အလှအပကို မခံစားနိုင်။ နာရီနဲ့ ချီပြီး ကြာတဲ့ ကားမောင်းချိန်ကြောင့် အိပ်ငိုက်တစ်လှည့် အတွေးမြိုက်တစ်လှည့်။ သေချာပါပြီ။ ကားမောင်းလာတာ နာရီတာ လေဆိပ်ကိုပဲ၊ လေဆိပ်ထဲကို ကားမောင်း ၀င်လာပြီးတဲ့ အချိန်မှာ မသိကိန်းတွေက ပိုများလာခဲ့တယ်။ လေဆိပ်ထဲကို ၀င်လာပြီဆိုတော့ ငါကလေယာဉ်စီးရမှာလား။ ညက ပတ်စ်ပို့ယူထားတာ လေယာဉ်လက်မှတ်ဝယ်ဖို့လား။ လေယာဉ်နဲ့ ဘယ်သွားရမှာလဲ၊ မြန်မာပြည်လား တစ်ခြားနေရာလား၊ ဘာလား ညာလား အတွေးပွားနေတုန်း ဗြုန်းဆို ကားရပ်တော့ ပစ္စည်းချ တဲ့။ တိုကျို တစ်ညအိပ်စာ ထည့်ထားတဲ့ အ၀တ်အစားအိတ်လေးကို ချပြီး လေဆိပ်ထဲကို ၀င်။ ANA လေကြောင်းကောင်တာတွေ ရောက်တော့မှ ကိုယ်ကသွားရမယ့်သူမဟုတ်ဘဲ လိုက်ပို့ရတဲ့သူ ဖြစ်တယ်ဆိုတာ သိလိုက်ရတာ။ လေဆိပ်ဝရန်တာကနေ လေယာဉ်ကြီး တက်သွားတာကို လက်ပြနုတ်ဆက်ပြီးမှ ကျည်ဆန်ရထားစီးပြီး ကျောင်းကို ပြန်ခဲ့ရတယ်။ မေးခွန်းပေါင်းများစွာ ကျောင်းကနေ ကြိုလင့်လို့ . . .

Mysterious Journey


A summon from Tokyo came to us anonymously. The march to Tokyo was full of unknowns. Tokyo hosted us nicely as usual, and it made us more frustrated. After having delicious dinner, we did not fail to do our academic discussion for the final exam going to be held within two-three days.

Unexpectedly but not surprisingly, our passports were collected by giving reason of making photo-copies. The discussion on “Essential of Economics” subject suddenly stopped. We looked at one another and I thought I saw something in the eyes of my colleagues. Similarly, they might also see the same thing in my eyes. We felt like we had nothing to discuss anymore and no one wanted to go on taking about anything. We went to bed so quietly. However, how could we go sleep well?

The next morning, we were asked to be in the dining room at seven. I did not remember how I finished my breakfast. Then the host invited three out of ten of us including me to board the car bringing our luggage. Actually, we did not bring much things with us since we had expected for two three days stay in Tokyo. We had no option but to receive the invitation.

The host, the driver, two staffs, and three of us had a good talk. The host told many jokes, and it appeared to be a funny conversation. However, how could we enjoy it without knowing what would be happening in the next one-two hours. I did not know what was going on with us, and I was not sure whether my colleagues knew it or not. Fortunately or unfortunately, no one expressed their anxiety on the mystery.

After driving for about one and a half hour, I felt like we were approaching Narita International Airport. And it really did. The host asked one of us to unload the luggage and. . .

2 December 2014

Sunday 30 November 2014

အလင်းရောင်

           အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစ်ခုခု ထွက်ပြောပေးစေချင်တယ်လို့ အရင်တစ်ခေါက်က ညီငယ် ညီမငယ်များသို့ ဆိုတဲ့ စာထဲမှာ ထည့်ရေးဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတစ်ယောက် ဦးစီးရေးဆွဲခဲ့တဲ့ ဥပဒေမို့လို့လည်း မြော်လင့်ချက် အများကြီး ထားခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဦးစီးရေးဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက တစ်ခုခု ပြောလာမှာကိုလည်း ဒီရက်ပိုင်းတွေမှာ နားစွင့်နေခဲ့မိပါတယ်။

ပြီးခဲ့တဲ့တစ်ရက်က ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။ အဆိုကတော့ လွှတ်တော်မှာ ဥပဒေတွေ ပြဌာန်းခဲ့ပေမယ့် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက နည်းဥပဒေတွေ ထုတ်ပြန်တာ လိုအပ်ချက်တွေ ရှိနေတာမို့ ဥပဒေတွေကို အသက်ဝင်ဆောင်ရွက်မှု အားနည်းတဲ့အကြောင်း အဓိက ထောက်ပြသွားတာပါ။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေမှာလည်း နည်းဥပဒေ မရှိသေးဘူးလို့ ပြောမိလို့ နည်းဥပဒေထွက်ပြီးပါပြီဆိုပြီး သက်ဆိုင်ရာက ပြန်လည်ရှင်းလင်းတာလည်း ကြားသိရပါတယ်။ သူ့ဘာသာ သတင်းအချက်အလက် အားနည်းလို့ မှားသွားတဲ့ ကိစ္စကိုတော့ မပြောလိုပါဘူး။ ဒါက သူ့တို့ကိုယ်တိုင်ရဲ့သမိုင်း၊ သူတို့ အဖွဲ့အစည်း သတင်းအချက်အလက် ထောက်ပံ့နေသူတွေရဲ့ သမိုင်းဖြစ်ပါတယ်။ ပြောလိုတာကတော့ အရေးကြီးအဆို တင်သွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားတွေထဲမှာ ကျွန်တော် စောင့်မျှော်နားစွင့်နေတဲ့ အကြောင်းအရာ ပါလာခဲ့တာကိုပါပဲ။ ပြောခဲ့တဲ့အတိုင်း တိုက်ရိုက်ရေးပြပါရစေ။

''အရေးကြီးတဲ့ဥပဒေတစ်ခုက အမျိုးသားပညာရေးဥပဒေပါပဲ။ အဲဒီ ဥပဒေဟာ အများသိတဲ့အတိုင်း အခုဆိုရင် ဒီဥပဒေရဲ့အပေါ် ကျောင်း သားများဟာ ဆန္ဒပြနေကြတယ်။ အမျိုးသားပညာရေးဥပဒေဟာ ကျွန်မ တို့နိုင်ငံရဲ့ အခုပစ္စုပ္ပန်အတွက်သာ မဟုတ်၊ အနာဂတ်အတွက် အင်မတန် မှ အရေးကြီးတဲ့ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကိုရေးဆွဲတဲ့နေရာမှာ အချိန် ယူပြီးတော့ သက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်မှုနဲ့ ရေးဆွဲခဲ့တာပါ။ အခုထိ တော့ နည်းဥပဒေ မထွက်သေးပါ ဘူး။ မထွက်သေးသရွေ့တော့ ဒီအမျိုးသားပညာရေး ဥပဒေဟာ ဘယ်လိုထိရောက်မှုရှိတယ်၊ မိမိတို့ဘဝ အတွက် ဘယ်လို ပတ်သက်မယ်ဆို တာကို ကျောင်းသားလူငယ်များဟာ မသိနိုင်ပါဘူး။ အမျိုးသားပညာရေး ဥပဒေနဲ့ဆက်စပ်နေတဲ့ နည်းဥပဒေ တွေ အမြန်ဆုံးထုတ်ပြန်ပေးဖို့ လို ပါတယ်။ ဒါမှလဲ ကျောင်းသားတွေ ရဲ့မကျေနပ်ချက်တွေကို သေသေချာချာ ဆွေးနွေးပြီးတော့ ညှိနှိုင်းတိုင်ပင် ပြီးတော့ အဖြေရှာနိုင်မှာဖြစ်ပါတယ်'' လို့ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အဆိုထဲမှာ ထည့်ပြောသွားတာပါ။ ပြောသွားခဲ့တဲ့ စကားတွေကိုတော့ ထပ်ပြီး အဓိပ္ပာယ် ဖွင့်ဆို မပြတော့ပါဘူး။

ဒီစကားကို ကြားရတော့ ကျွန်တော်ပျော်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရစဉ်က အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သူမ ပြောကြားခဲ့တာတွေကိုလည်း အခု ဆွေးနွေးချက်တွေက ထပ်လောင်း အတည်ပြုလိုက်သလိုပါပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေက ကျယ်ကျယ်ပျံ့ပျံ့ ရေးသားဆွေးနွေးကြမယ်။ ဆန္ဒပြနေတယ်ဆိုတဲ့ ကျောင်းသားကျောင်းသူတွေဆီကို သတင်းစကား ပါးကြလိမ့်မယ်လို့ အမျှော်လင့်ကြီး မျှော်လင့်လိုက်မိပါတယ်။

ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ။ ကျွန်တော် မှားခဲ့ပါတယ်။ ကျွန်တော့်အထင်တွေ မှားခဲ့မိပါတယ်။ ကျွန်တော့်မျှော်လင့်ချက်တွေ ပျက်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ဒီစကားဟာ တကယ်တော့ တော်တော်ကို တာသွားတဲ့ စကားပါ။ ဆန္ဒပြနေသူတွေအပေါ်ကို တော်တော်ကို အကျိုးသက်ရောက်မှု ရှိစေတဲ့ စကားပါလို့ ကျွန်တော်က ယူဆခဲ့ပေမယ့် မီဒီယာတွေကတော့ ယူဆခဲ့ဟန် မရှိပါဘူး။ မူရင်းအကြောင်းအရာထက် မိတ်ကပ်လိမ်းခြယ် လိုရာပုံသွင်းပြီးမှ လက်ဆင့်ကမ်းကြတဲ့ မီဒီယာတွေရဲ့ ကျေးဇူးရယ်၊ ၀ါဝါမြင်တိုင်း ရွှေအစစ်ထင်ကြတဲ့ မောင်မင်းကြီးသား မယ်မင်းကြီးမများရယ် ပေါင်းလိုက်တော့ ဘာမဟုတ်တဲ့ မလိုတစ်မျိုး လိုတစ်မျိုး အပြစ်တင်ဝေဖန်ကြတာတွေသား မကြားချင် မမြင်ချင်တစ်ဆုံး ထွက်လာပြီး တကယ်အနှစ်သာရဖြစ်တဲ့ အခုအချိန်မှာ ရေပန်းစားနေတဲ့ အမျိုးသားပညာရေးဥပဒေ ကန့်ကွက် ဆန္ဒပြကျောင်းသားများဆီကို အဖိုးတန်တဲ့ သတင်းအချက်အလက်တွေ ရောက်သွားဟန် မတူပါဘူး။

ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုသာဆိုရင်ဖြင့် နိုင်ငံရဲ့ အနာဂတ်အတွက် စိတ်အားထက်သန်မှုတွေ သတ္တိတွေ အပြည့်ရှိနေတဲ့ ကျွန်တော်တို့ ညီငယ် ညီမငယ်တွေကို ဘယ်သူတွေကများ လမ်းပြကြမှာပါလိမ့်။ ဘယ်သူတွေကများ အလင်းရောင်ပေးကြမှာပါလိမ့်။ စတုတ္ထမဏ္ဍိုင်လို့ ကိုယ့်ကိုယ်ကို ခံယူတဲ့ မီဒီယာများကို တစ်ခုလောက် တောင်းဆိုချင်ပါတယ်။ စောင်ရေတက်အောင်လည်း လုပ်ကြပါ။ ပိုက်ဆံလည်း ရှာကြပါ။ အရေးကြီးဆုံးဖြစ်တဲ့ အလင်းရောင်ပေး တည့်မတ်လမ်းညွှန်မှု တာဝန်ကိုလည်း မပျက်မကွက် ထမ်းဆောင်ပေးကြပါလို့ မျှော်လင့်တကြီး တောင်းဆိုလိုက်ပါတယ်။

( http://myanmaronlinenew.blogspot.jp/2014/11/blog-post_879.html )

Wednesday 26 November 2014

ညီငယ် ညီမငယ်များသို့


အိုဘာမား မြန်မာပြည်လာတော့ လူငယ်တွေနဲ့ တွေ့ဆုံစကားပြောတာ လူငယ်တွေမေးတာတွေကို ဖြေဆိုသွားတာကို ကြည့်ပြီးတော့ မြန်မာလူငယ် ညီငယ် ညီမငယ်တွေရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ ရဲရဲဝံ့ဝံ့ မေးခွန်းထုတ်တာတွေ မြင်ရပြီး အားတက်မိပါတယ်။ ဟုတ်တယ် ကိုယ်တွေတုန်းက မရခဲ့တဲ့ အခွင့်အရေးကို အခုညီငယ်ညီမငယ်တွေ ရပြီ။ မေးခွန်းထုတ်တာလည်း အလုပ်ဖြစ်ရုံ မေးတယ်ဆိုရုံ တစ်ယောက်စ နှစ်ယောက်စ မဟုတ်ဘဲ သူ့ထက်ငါ အလုအယက် မေးကြမြန်းကြတာကို ကြည့်ပြီး သူတို့ကိုယ်စား ဂုဏ်လည်း ယူမိပါတယ်။ ဒါမှ ငါတို့ မြန်မာကွ ဆိုပြီး ကြည်နူးအားတက်မိပါတယ်။ ငါတို့ရဲ့နိုင်ငံမှာ ဒီလိုလူငယ်တွေ ရှိနေပြီဆိုတာ သိရတော့ တော်တော်ကို ၀မ်းသာအားရဖြစ်မိပါတယ်။
တစ်နေ့တည်းမှာဘဲ ကျောင်းသားတစ်ချို့က အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြကြတယ်ကြားတော့ လေ့လာကြည့်မိပါတယ်။ စိတ်ထဲမှာလည်း သူတို့အတွက် တော်တော်ကို ဂုဏ်ယူရတော့မလို ခံစားရမိပါတယ်။ ငါတို့ ညီငယ်ညီမငယ်တွေ မျက်စိတွေ နားတွ ပွင့်လာကုန်ပြီ။ လေ့လာဆန်းစစ် ဝေဖန်တတ်ကုန်ပြီဆိုပြီးတော့ပါ။ ဒါပေမယ့် တက်လာတဲ့ပုံတွေ ကြည့်လိုက်တော့ ကျောင်းသားဆိုသူတွေကြားမှာ ကျောင်းအုပ်ကြီးအရွယ်တွေလည်း ပါနေတာ၊ နိုင်ငံရဲ့ လက်ရှိအချိန်နဲ့ အနာဂတ်အတွက် အလွန်ကို အရေးကြီးတဲ့ ပညာရေးဆိုင်ရာ လှုပ်ရှားမှုကြီးမှာ မသင့်တော် မအပ်စပ်တွေ မြင်ရကြားရတာကတော့ သိပ် အဆင်မပြေလှပါဘူး။ ဒါလည်း တစ်မျိုးတော့ ဖြေတွေးလို့ ရပါသေးတယ်။ သူတို့ခမျာ ငယ်တုန်းရွယ်တုန်းဆိုတော့ စိတ်မချတဲ့ အစ်ကိုမောင်ဖား မိဘများက ဆန္ဒပြပွဲထဲ အတူတူပါပြီး စောင့်ရှောက်တယ်လို့ပဲ မှတ်ယူလိုက်ပါတယ်။ နောက်ပြီးတော့ တက္ကသိုလ်ကျောင်းသားဆိုတာ ငယ်ကြရွယ်ကြသေးတဲ့အရွယ်ဆိုတော့ ကိုယ့်အသက်အရွယ် ကိုယ့်မျက်လုံးနဲ့ လိုက်ကြည့်လို့ကတော့ အရာရာ အံဝင်ခွင်ကျ မဖြစ်ဘူးဆိုတာလည်း ဖြစ်နေကျပေကိုး။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေ ဘာတွေ ဆိုတာလည်း ဖတ်ရပါတယ်။ ဘာမှ မဝေဖန်လိုပါဘူး။ ဥပဒေတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုတယ်ဆိုတာာ ဖွင့်ဆိုတဲ့လူအပေါ်မှာလည်း မူတည်သေးတာကိုး။ ဥပဒေက ရေးထားတဲ့အတိုင်းသာ လူတိုင်းအတူတူ နားလည်ဖွင့်ဆိုကြမယ်ဆိုရင် မြန်မာပြည်မှာ အခြေခံဥပဒေ ခုံရုံးဆိုတာလည်း ထားစရာ လိုမှာမဟုတ်ဘူး။ အမေရိကန်မှာလည်း အခြေခံဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုရေးအာဏာကို တရားရုံးချုပ်ကို အပ်နှင်းထားစရာ လိုမှာ မဟုတ်ဘူး။ သူတို့လို ဖြူစင်တဲ့ လူငယ်လေးတွေ မဆိုထားနဲ့။ အမေရိကန်လို ဒီမိုကရေစီ ရင့်ကျက်ပြီး နိုင်ငံကြီးမှာတောင်မှ ကွန်ဂရက်အမတ်တွေ ပြုလိုက်တဲ့ တစ်ချို့ ဥပဒေတွေကို တစ်ချို့ပြည်နယ်တွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ပယ်ချတာ။ တရားရုံးက အခြေခံဥပဒေနဲ့ မညီညွတ်ကြောင်း ဆုံးဖြတ်တာတွေ ရှိနေတာပဲ ဆိုတော့ အဓိပ္ပာယ်ဖွင့်ဆိုမှုအရ သူတို့ နားလည်သလို ဆန္ဒပြတာဟာ လက်မခံနိုင်စရာတော့ မရှိပါဘူး။ ဒီလိုဝေဖန်သုံးသပ်တတ်တဲ့ လူငယ်တွေရှိနေတဲ့ နိုင်ငံတစ်ခုအဖြစ် ဂုဏ်တောင်ယူရအုံးမှာပါ။
သူတို့ ဆန္ဒပြတဲ့နေရာမှာ မဖြစ်သင့်တာ မဖြစ်ရအောင် အသက်ငယ်ပေမယ့် အတွေးအခေါ် အပြုအမူ ရင့်ကျက်တဲ့ သူတွေအဖြစ် နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း တစ်ဘက်တစ်လမ်းက လုပ်နေကြတာကို အားတောင် အားပေးသင့်ပါသေးတယ်။ သူတို့လေးတွေနဲ့အတူ ပါနေတဲ့ အသက်ကြီးကြီး ပုဂ္ဂိုလ်တွေက သူတို့ကို လမ်းကြောင်း ထိန်းမတ်သွားမယ်လို့ပဲ ရိုးရိုးသားသား (ခပ်တုံးတုံး) ယုံကြည်ထားခဲ့မိပါတယ်။ သူတို့ ဆန္ဒပြ သတင်းတွေကို ကြည့်ပြီး တိတ်တိတ်လေး ဆုတောင်းနေမိပါတယ်။ ညီလေး ညီမလေးတွေ ငယ်ရွယ်တဲ့အလျှောက် စိတ်လိုက်မာန်ပါ မလုပ်မိကြပါစေနဲ့။ အစိုးရကလည်း သည်းခံနိုင်သရွေ့ သည်းခံကြပါစေ။ သပိတ်မှောက်သူများနဲ့ လုံခြုံရေးတာဝန်ရှိသူများ ထိပ်တိုက်တွေ့ကြရတဲ့အဖြစ်ကို ဘယ်လိုနည်းနဲ့မှ မရောက်ပါစေနဲ့။ သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များ အားလုံးကို စောင့်ရှောက်တော်မူကြပါလို့ ဆုတောင်းနေမိပါတယ်။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ
တကယ်ဖြစ်နေတာက ကျွန်တော် တွေးထားသလောက် မရိုးရှင်းဘူးဆိုတာ တဖြည်းဖြည်းနဲ့ သိလာရပါတယ်။ တူတံဇဉ်တံဆိပ်နဲ့ ကွန်မြူနစ်ပုံစံ ခမောက်ဆောင်းတာ တွေ့လာရတယ်။ ကွန်မြူနစ်သီချင်းဆိုဖို့ လှုံ့ဆော်တာ တွေ့လာရတယ်။ ပုံနှိပ်မီဒီယာတစ်ချို့ကဆို မြို့တော်ခန်းမကို သိမ်းပိုက်လိုက်သယောင်ယောင် ရေးတာတောင် ဖတ်ရပါတယ်။
နောက်တစ်ခုက ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်တစ်ချို့နဲ့ မီဒီယာတွေ စကားပြောခန်းတွေ ကြည့်ရတာလည်း သူတို့ သိထားတာတွေ သူတို့ပြောတာတွေမှာ ဘ၀င်မကျစရာတွေ တော်တော် တွေ့လာရပါတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အဲဒါက ဥပဒေကြမ်းလား ဥပဒေ ဖြစ်ပြီးပြီလား။ ဥပဒေဖြစ်ပြီး အကောင်အထည်ဖော်ဖို့ ဘာတွေ ထပ်လုပ်ရမှာလဲ။ မသိနိုးနားတွေ ထင်ရာမြင်ရာ ပြောနေကြတာတွေ မြင်ရတော့ စောစောတုန်းက လေးစားထားမိတာတွေ အားတက်မိတာတွေ အစား စိတ်ပျက်လက်ပျက် နဲ့ ဖြစ်မှဖြစ်ရလေလို့ တွေးမိလာပါတော့တယ်။
သိထားတာနည်း နည်းနည်း ပြန်ဝေမျှရရင် ဒီဥပဒေကို လွှတ်တော်က အချိန်ယူပြီး ရေးဆွဲခဲ့တာပါ။ ဥပဒေက ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ ဥပဒေဆိုတာ ရှိမှ မရှိတာကိုး။ ဒီဥပဒေ ရေးဆွဲရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရစဉ်က ဒီဥပဒေရေးဆွဲတဲ့ အခြေအနေကို မေးမြန်းကြည့်မိပါတယ်။ သူကလည်း ၀န်ခံထားပြီးသားပါ။ လူတိုင်းတော့ ကြိုက်မှာမဟုတ်ဘူးတဲ့။ ဒါလည်း မှန်တာပါပဲ။ လူတစ်ရာရှိရင် လူတစ်ရာလုံးက တစ်စိတ်တစ်ဝမ်းတည်း နှစ်သက်လက်ခံကြမယ်ဆိုတာ ဘုရားတောင် မရပါဘူး။ ကမ္ဘာပေါ်မှာ အကောင်းဆုံး မဟုတ်ပေမယ့် မြန်မာပြည်အခြေအနေအရတော့ အကောင်းဆုံး ဖြစ်အောင် ပညာရှင်တွေ အကူအညီယူပြီး ရေးဆွဲထားတာလို့ ဒေါ်စုက သေချာ ရှင်းပြခဲ့ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တိုင်းက ပညာရေးနဲ့ ပတ်သက်ပြီး မူဝါဒတစ်ခုကို ကောင်းကောင်းမွန်မွန်ချမှတ်နိုင်ပါ့မလားလို့ သံသယမေးခွန်း မေးတာတောင်မှ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ သေချာ ဆွေးနွေးတိုင်ပင်ပြီး ရေးဆွဲနေတာမို့လို့ စိတ်မပူပါနဲ့ဆိုပြီး ကျွန်တော့်ကိုနှစ်သိမ့်လိုက်ပါသေးတယ်။  ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပညာရှင်တစ်ယောက် ရေးဆွဲထားတာမို့လို့ ဒီဥပဒေကို မဖတ်မိခင်ကတည်းကိုက ပုဂ္ဂိုလ်ခင်လို့ တရားမင်ပြီးသားပါ။ အခုလို အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကသာ အခြေအနေကို ထွက်ပြီး ရှင်းပြလိုက်မယ်ဆိုရင် ကိစ္စတော်တော်များများ ငြိမ်းသွားမှာပဲလို့လည်း မျှော်လင့်တွေးလေး တွေးမိပါတယ်။
ဒီစာကို အဓိက ရေးဖြစ်တဲ့ အကြောင်းကတော့ သည်ဗွိုက်အင်တာနက်စာမျက်နှာမှာ ဖတ်ရတဲ့ သတင်းလေးတစ်ပုဒ်ကြောင့်ပါ။ သတင်းခေါင်းစဉ်က အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ လေးပွင့်ဆိုင် ဆွေးနွေးရန် ကျောင်းသားထု တောင်းဆို လို့ ရေးထားပါတယ်။ ဒီလိုဆိုရင်တော့ နည်းနည်းလွဲနေပြီလို့ ထင်လာပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ကျောင်းသားတစ်ချို့ဟာ  ဥပဒေကြမ်းလား ဥပဒေလား ဘာလား ညာလား မသိကြတာကတော့ လှုပ်ရှားနေသူတွေထဲက ကြုံရာကျပမ်းလူကို မေးမြန်းတင်ဆက်ရတာမို့ တစ်ချို့တွေ မသိကြဘူးဆိုတာကို အတိုင်းအတာတစ်ခုထိ နားလည်ပေးလို့ ရသလို မီဒီယာသမား တစ်ယောက်က ရုတ်တရက် မေးလိုက်တဲ့အခါ ဖြေမိဖြေရာ ဖြေလိုက်ကြတာမို့ အမြီးအမောက် မတည့် ဖြစ်ကြတာလို့ သဘောပေါက်ထားပြီးသာ ဖြေတွေး တွေးထားပြီးသားပါ။ အခုလို အစည်းအဝေးတစ်ခု ကျကျနန ကျင်းပပြီးတော့ တောင်းဆိုတယ် ဆိုတာကတော့ ကြုံရာကျပမ်းအဆင့် မဟုတ်တာ့ပါဘူး။ အခုလှုပ်ရှားမှု ခေါင်းစဉ်နဲ့ ဘယ်လိုမှကို အပ်စပ်လို့ မရတဲ့ ကိစ္စဖြစ်တာမို့ ဖတ်မိတဲ့လူတောင် ဇဝေဇ၀ါ ဖြစ်သွားမိပါတယ်။
တကယ်ဆိုရင် အစိုးရကလည်း ဒီကိစ္စကို ရှင်းရှင်းလင်းလင်း တုန့်ပြန်ထားပြီးသားပါ။ ဥပဒေပြုရေးဆိုတာ လွှတ်တော်ရဲ့ အလုပ်ဖြစ်တာမို့ အစိုးရ(အုပ်ချုပ်ရေးပိုင်းက) ကြားဝင်ဆောင်ရွက်ပေးမယ် ဆိုတာမျိုး၊ တစ်ဖွဲ့ချင်း တစ်ယောက်ချင်း လာရောက် ဆွေးနွေးနိုင်ကြောင်းတွေကို ကမ်းလှမ်းထားပြီးသားပါ။ ဒီလောက် သိမ်သိမ်မွေ့မွေ့ တုန့်ပြန်လာလိမ့်မယ်လို့တောင်မှ မမျှော်လင့်ထားခဲ့မိပါဘူး။ အလျဉ်းသင့်လို့ ရှင်းပြချင်တာက ဥပဒေပြုရေးအာဏာဟာ လွှတ်တော်လက်ထဲမှာပဲ တစ်ရာရာခိုင်နှုန်း ရှိနေတာပါ။ စကားကုန်ပြောရရင် သမ္မတက သဘောမကျလို့ လက်မှတ်မထိုးဘူး ဆိုရင်တောင် သတ်မှတ်ကာလပြည့်တာနဲ့ လွှတ်တော်က အတည်ပြုထားတဲ့အတိုင်း အာဏာတည်ရတာမျိုးပါ။  ဥပဒေပြုရေးနဲ့ ပတ်သက်လာရင် လွှတ်တော်အထက်မှာ ဘယ်သူမှ ရှိမနေပါဘူး။ နှစ်နှစ်လောက် အချိန်ယူ ရေးဆွဲခဲ့တုန်းက ဒီကျောင်းသားတွေ သတိမထားမိလိုက်တာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် အခု လွှတ်တော်ကို အကျိုးအကြောင်းနဲ့ ခိုင်ခိုင်လုံလုံ တင်ပြမယ်ဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေက နေမှာ မဟုတ်ပါဘူး။ အကြောင်းအကျိုး ဆီလျော်အောင် အများဆန္ဒအတိုင်း လုပ်ပေးကြမယ်လို့ ယုံကြည်ပါတယ်။
မြန်မာ့ပညာရေးကို မြှင့်တင်ဖို့ စိတ်အားထက်သန်စွာနဲ့ လှုပ်ရှားနေကြတဲ့ ညီငယ် ညီမငယ်များကို မောင်ရင်းနှမစိတ်ထားနဲ့ စကားလက်ဆောင်များ ပါးချင်ပါတယ်။ ညီငယ်ညီမငယ်များရဲ့ စိတ်အားထက်သန်တက်ကြွမှုကို လေးစားဂုဏ်ယူပါတယ်။ ဒီလိုပြောတာက ညီငယ် ညီမငယ်များ အခု လုပ်နေကြတာတွေ အကုန်လုံးကို အလုံးစုံ ထောက်ခံတယ်လို့တော့ မဆိုလိုပါဘူး။ ပညာဆိုတာ စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်မှုပါ။ မိမိတို့ရဲ့ စိတ်အားထက်သန်မှုကို ချင့်ချိန်ဝေဖန်ပိုင်းခြားမှုနဲ့ ပေါင်းစပ်ကြပါ။ စဉ်းစားပါ။ စဉ်းစားပါ။ စဉ်းစားပါ။ လေ့လာပါ။ အရင်က မသိခဲ့ဘူးဆိုရင်တောင် အခုကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေပြုရေး လုပ်ငန်းစဉ်ကို သေသေချာချာသိအောင် လေ့လာကြပါ။ ညီငယ် ညီမငယ်တို့ အမြော်အမြင်ရှိရှိ ပညာသားပါပါ လှုပ်ရှားလုပ်ကိုင်နိုင်တာနဲ့အမျှ အားလုံးမျှော်လင့်နေတဲ့ ပညာခေတ်ကြီးကို ချီတက်တဲ့နေရာမှာ အများကြီး အထောက်အကူ ရမှာပါ။ လွှတ်တော်တံခါးကြီးက ဖွင့်ထားပါပြီ။ ပညာကို လိုလားသူများပီပီ ပညာရှင်ဆန်ဆန် တွေးခေါ်မြော်မြင် ပြုမူကြပါ။ အနီးအနားက လူကြီးသူမများကလည်း လူငယ်များရဲ့ နုပျိုလန်းဆန်း တက်ကြွမှုကို တစ်လွဲ အသုံးမချမိကြအောင် ထိန်းသိမ်းပေးကြပါ။ ညီငယ် ညီမငယ်တို့ စဉ်းစားချင့်ချိန် လုပ်ကိုင်နိုင်တာနဲ့အမျှ သမိုင်းက ကောင်းရင်ကောင်းသလို မှတ်တမ်းတင်ပေးသွားပါလိမ့်မယ်။ မြန်မာ့အနာဂတ်ပညာရေးအတွက် စေတနာဗရပွနဲ့ လှုပ်ရှားနေတဲ့ ညီငယ်ညီမငယ်များ လူမိုက်တွေး လူမိုက်ပြော လူမိုက်ကျင့် လူမိုက်ကြံ များကို ရှောင်ရှားပြီး ပညာရှိတွေး ပညာရှိပြော ပညာရှိကျင့် ပညာရှိကြံ လုပ်ကိုင်ဆောင်ရွက်ရင်းနဲ့ အနာဂတ်နိုင်ငံတော်ရဲ့ ခေါင်းဆောင်များအဖြစ် နိုင်ငံတော် တည်ဆောက်ရေးကို အခုထက်မက ဆထက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်း ဆန္ဒပြုလိုက်ပါတယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

Monday 24 November 2014

ဦးရွှေရိုး နဲ့ ဒေါ်မိုး

IUJ Culti-Fiesta မှာ ကပြအသုံးတော်ခံခဲ့တဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးပါ။ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ ဖြစ်ပေမယ့် မြန်မာ့ရိုးရာ အကတစ်ခုကို အကောင်းဆုံးကြိုးစားပြီး တင်ဆက်သွားခဲ့တာကို မြင်နိုင်ပါတယ်။

ညီညာစေ ညီညာစေ

ယဉ်ကျေးမှုပွဲတော်မှာ မြန်မာအဖွဲ့ တင်ဆက်ပြီးတဲ့အချိန်မှာ ပရိသတ်ကို နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာတဲ့ အစီအစဉ်ဖြစ်ပါတယ်။

မြန်မာ့ခြင်းလုံး

ကျွန်တော်တို့ တက္ကသိုလ် ယဉ်ကျေးမှုပွဲတော်မှာ ဂုဏ်ယူစွာ တင်ဆက်ခဲ့တဲ့ မြန်မာ့ခြင်းလုံး သရုပ်ပြ


Wednesday 12 November 2014

ပါနိုင်လွန်းတဲ့ စစ်တပ်


. . . ဒီနေ့ အေပက်အစည်းအဝေး ပုံတွေကိုကြည့်ရင်း တစ်ခု သတိထားမိတယ်။ စစ်တပ် စစ်တပ်။ တရုတ်ပြည်က စစ်တပ်ပြောပါတယ်။ နေရာတကာဗျာ။ စစ်တပ် ကိုယ့်ဘာသာ စစ်တန်းလျားမှာ နေပေါ့ဗျာ။ အစည်းအဝေး လာတက်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လေယာဉ် လှေခါးရင်းက စောင့်ပြီး တန်းစီအလေးပြုရတာနဲ့။ နိုင်ငံတော် ခေါင်းဆောင်ချင်း တွေ့တဲ့အခါ ဂုဏ်ပြုတပ်ခွဲဆိုပြီး လာအလေးပြုရ စစ်ရေးပြရတာနဲ့။ တကယ်ဗျာ။ သူတို့တွေ စစ်တပ်လောင်းရိပ်အောက်က အခုထိကို မလွတ်နိုင်သေးဘူး။ ဒီပုံအတိုင်းဆို တစ်သက်လုံး လွတ်မယ်မထင်ဘူးဗျ။ ဒီနိုင်ငံတွေကိုကြည့်ပြီး ကျွန်တော်တို့တွေ သင်ခန်းစာ ယူရမယ်။ အခုတော့ ဟုတ်သေးပါဘူး။ နောက် ဘယ်သူဆိုလား ဘုရားဆိုလား အဲဒါ သမ္မတဖြစ်ရင်ပေါ့။ ကျွန်တော် စိတ်ကူးထားတယ်။ အဲဒီကျရင် ဓီမိုကလေဆီ ဗားမားနိုင်ငံဂျီးကို အခြားနိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေ လာလည်ကြပြီပေါ့။ ရွှေလမ်း ငွေလမ်း ဖောက်ကြပြီပေါ့ဆိုရင် အခု သူများတွေ လုပ်နေတဲ့ ကြိုဆိုနည်းတွေကို တော်လှန် ပြောင်းလဲပြီး နည်းလမ်းသစ်နဲ့ ကြိုဆိုကြမယ်။ စစ်တပ်က အလေးပြုပြီး ကြိုတယ်ဆိုတာ ဒီမိုကရေစီ သိက္ခာကျတယ်။ ဓီမိုကလေဆီ ကျက်သရေယုတ်တယ်။ ဘာစစ်တပ်မှ လာစရာလိုဘူး။ ဘယ်စစ်သားတွေမှ လာအလေးပြုနေစရာ လိုဘူး။ နိုင်ငံခြားသမ္မတကြီးတွေ လေယာဉ်ပေါ်က ဆင်းတာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကိုက ဒီနိုင်ငံဟာ ဓီမိုကလေဆီ နိုင်ငံဆိုတာ ကွင်းကနဲ ကွက်ကနဲ ပေါ်လွင်သွားစေမယ့် ကြိုဆိုနည်းတွေ စီစဉ်ထားရမယ်။ ပထမဆုံး လေယာဉ်လှေခါးခြေမှာ ပန်းစည်းကမ်းမယ့် မိန်းကလေးဟာ ၀တ်လစ်စလစ် ဆက်ဆီဓာ့ပုံတွေရိုက်တဲ့ မိန်းကလေးက ဓီမိုကလေဆီ နည်းကျကျ ပွင့်လင်းမြင်သာစွာ ဘာမှ မ၀တ်ဘဲ ပန်းစည်းကမ်းမယ်။ သေနတ်မြောက် အလေးပြုမယ့် စစ်သားတွေ နေရာမှာ နိုင်ငံရေး ပါတီ တစ်ခုစီက သက်ဆိုင်ရာ ပါတီအ၀တ်အစားနဲ့ သင်္ကေတတွေ ဆင်မြန်းထားတဲ့ ကိုယ်စားလှယ် တစ်ယောက် သို့မဟုတ် နှစ်ယောက်စီက ကိုယ့်ပါတီ ဆောင်ပုဒ်တွေကို တစ်ယောက်တစ်ပေါက် ရွတ်ဆိုအော်ဟစ် ကြိုဆိုနေရမယ်။ ဒါမှ အသံစုံတဲ့ တိုင်းပြည် ဓီမိုကလေဆီ ပီသတဲ့ တိုင်းပြည်ဆိုတာ ပေါ်လွင်မှာကိုး။ မြန်မာပြည်က ပါတီ အရေအတွက်နဲ့ ဆို တစ်ပါတီ တစ်ယောက် ဆိုရင်တောင် တပ်ခွဲတစ်ခွဲစာမက လူအင်အား ရနိုင်တယ်ဆိုတော့ တော်တော့်ကို အဆင်ပြေတယ်ဗျာ့ ဒီနည်းလေးက။
.
. . . လေဆိပ်က ထွက်ပြီ ဆိုတာနဲ့ လမ်းတစ်လျှောက်မှာ ဆန္ဒပြပွဲ ပေါင်းစုံ စီစဉ်ပေးထားရမယ်။ ပီအာစနစ်ကို ကန့်ကွက်တဲ့ မူလတန်း ကျောင်းသူကျောင်းသားများ ဆန္ဒပြပွဲ၊ ရှေ့တန်းက စစ်တပ်ရှိတဲ့နေရာကိုသွားလို့ အပစ်ခံရတဲ့ အသုဘသရုပ်ဖော် ဆန္ဒပြပွဲ၊ တောင်သူပုံဝတ်ဆင်ထားတဲ့ ထွန်တုံးတိုက်ပွဲ ဆန္ဒပြပွဲ၊ ပရိယတ်ပရိပတ်ပစ်ပယ်ပြီး အမျိုးသားရေးစိတ်ဓာတ် ထက်သန်ပြနေတဲ့ သင်္ကန်းဝတ်များ ဆန္ဒပြပွဲ၊ ဘာသမဂ္ဂ ညာသမဂ္ဂများ ဆန္ဒပြပွဲ၊ ဘာပုဒ်မပြင် ဘာပုဒ်မပြင် ဆန္ဒပြပွဲ၊ လက်ပတောင်းတောင် ကြေးနီတောင် မြင်းမိုရ်တောင် ဟိမ၀န္တာတောင် ဖူဂျီယာမားတောင် စတဲ့ တောင်ပေါင်းစုံ ဆန္ဒပြပွဲ၊ ငြိမ်းချမ်းရေးလမ်းလျှောက် ဗီနိုင်းတပ် ကားစီးသူများ ဆန္ဒပြပွဲ၊ သမ္မတထောက်ခံ သမ္မတကန့်ကွက် ဆန္ဒပြပွဲ၊ ဘာ ဆန္ဒပြပွဲ ညာဆန္ဒပြပွဲ စသည်ဖြင့် ဆန္ဒပြပွဲ ပေါင်းစုံကို လမ်းတစ်လျှောက်လုံးမှာ ခင်းကျင်း ပြသ သရုပ်ပြထားရမယ်။ လေဆိပ်နဲ့ သမ္မတအိမ်တော်ကြားက လမ်းနဲ့တင် မလောက်ဘူးဆိုရင် နေပြည်တော်ဗျာ လမ်းတွေပေါကပေါ ကျယ်ကကျယ်သနဲ့ ရှိသမျှလမ်းတွေ အကုန်ဆန္ဒပြပွဲတွေ လုပ်ပြီး ဧည့်သည် သမ္မတကို ပတ်ခေါ်ပြလိုက်ရုံပေါ့။
သမ္မတ အိမ်တော် ရောက်ပြီပေါ့ဗျာ။ ဂုဏ်ပြုတပ်ခွဲနဲ့ ကြိုဆိုတော့မယ်ပေါ့။ ငါတို့ ဓီမိုကလေဆီဘားမား နိုင်ငံတော်ကြီးဟာ ဖယ်ဒရယ်ဘယ်လောက်စစ်သလဲ အဲဒီမှာ ပြလို့ ရပြီ။ ဘယ်နှယ်အခုဟာက စစ်တပ်တစ်ခုတည်း ယူနီဖောင်းကလည်း ကြည်းရေလေ သုံးခုလောက်ရှိတာ။ ကြည့်ရတာတင် ပျင်းစရာကောင်းတာ။ ဧည့်သည်တော်ကြီးလည်း မပျင်းရအောင်။ ဖယ်ဒရယ်ဆိုတာလည်း သရုပ်ဖော်ပြီးသားဖြစ်အောင် မြန်မာပြည်က တိုင်းရင်းသားပေါင်းစုံ စစ်တပ်ပေါင်းစုံက အလေးပြုနည်းပေါင်းစုံ ယူနီဖောင်းပေါင်းစုံ သေနတ်ပေါင်းစုံ အမိန်ပေးနည်းပေါင်းစုံနဲ့ တစ်ယောက်တစ်ပေါက် အလေးပြုခိုင်းလိုက်။ နိုင်ငံတော်သီချင်းကလည်းဗျာ ဗမာလိုချည်းဆိုတော့ ဗမာလူမျိုးကြီးအုပ်စိုးနေသလိုလိုဆိုတော့ နားထောင်မကောင်းဘူး။ တိုင်းရင်းသားပေါင်းစုံ တူရိယာပေါင်းစုံ တီးချင်သလို တီးပြီး ဘာသာစကားပေါင်းစုံနဲ့ ဆိုချင်သလို ဆိုကြပစေ။ ဒါမှ ဧည့်သည်တော်ကြီးလည်း အော် ဖယ်ဒရယ်စနစ်ဆိုတာ ဒါပါလား ချက်ချင်း သဘောပေါက်သွားမယ်။ လေးစားသွားစေရမယ်။
.
. . . တော်ပြီ တော်ပြီ အကုန်ပြောလို့ မဖြစ်ဘူး။ အကုန်ပြောလိုက်ရင် နက်ဖြန် မြန်မာပြည်က အာဆီယံ ထိပ်လုံးစည်းဝေးပွဲ စပြီ။ တော်နေကြာ ဦးရဲထွတ်ကြီးက ဒီစာကို ဖတ်မိ၊ ဘပြောင်ကို ချက်ချင်း သတင်းပို့။ တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်တယ်ဆိုတာ ဒီနည်းနဲ့ ပြကြမယ်။ ညတွင်းချင်း စီစဉ်စေ ဆိုပြီးတော့များ အမိန့်တော်မြတ် ချမှလိုက်မှဖြင့် မောင်ဗိုလ်ကောင်းတို့ သမိုင်းတရားခံ ဖြစ်ရော့မယ်။ ဒီလိုတော့ အဖြစ်မခံနိုင်။ တို့မေမေ သမဒဂျီးဖြစ်မှ ဒီလိုလုပ်ပြနိုင်အောင် ဆရာစား ချန်လိုက်တော့မယ်။ (မေမေ သမဒဂျီးဖြစ်ရင်သားကို မေ့နဲ့နော်)
.
ဗိုလ်ကောင်း
၁၄ နိုဝင်ဘာ ၂၀၁၄

Friday 7 November 2014

Fresher Welcome









Autumn


Flea Market

 

    ဂျပန်နိုင်ငံမှာ အစစအရာရာ ဈေးနှုန်းကြီးမြင့်တယ်ဆိုတာ အရင်ကတည်းက ကြားဖူးခဲ့ပေမယ့် တစ်ကယ်ရောက်လာတဲ့အခါ ထင်တာထက် ဈေးကြီးနေတာကို တွေ့ရပါတယ်။ ပစ္စည်းတစ်ခု ၀ယ်ခါနီးရင် မြန်မာဈေးနဲ့ မတွက်နဲ့လို့ စီနီယာတွေက အမြဲပြောပါတယ်။ ဥပမာ လီတာဝက် ရေသန့်တစ်ဗူးကို ယန်းတစ်ရာ့သုံးဆယ်ဆိုပါစို့။ မြန်မာငွေ တစ်ထောင်ကျော်ပါတယ်။ ဒီလိုသာ မြန်မာငွေနဲ့ တွက်နေရင် ဘာမှလည်း ၀ယ်ဖြစ်မှာ မဟုတ်ဘူး ဘာမှလည်း စားဖြစ်မှာ မဟုတ်ဘူးတဲ့။
တစ်ပြည်ရပ်ခြားမှာ နှစ်နဲ့ချီပြီး နေမယ့်သူအတွက် မြန်မာပြည်က နိုင်သလောက် သယ်သွားခဲ့တယ် ဆိုပေမယ့် အကုန်တော့လည်း မသယ်နိုင်ပါဘူး။ ဂျပန်နိုင်ငံရောက်မှ ၀ယ်မယ်ဆိုရင်လည်း ဈေးတွေက ကြီးလွန်းတာကတစ်ကြောင်း မြန်မာပြည်ကို ပြန်ရင် သယ်ဖို့ခက်တာကတစ်ကြောင်းဆိုတာရယ် နှစ်ရှည်လများ အသုံးလိုအပ်နေမှာရယ် တွေ အားလုံးကို ထည့်တွက်ရပါတယ်။ ဒီလိုကျောင်းသားတွေအတွက် ဂျပန်ပြည်က ချစ်စရာကောင်းတဲ့ စနစ်လေးကတော့ အဟောင်းဆိုင်လေးတွေ ရှိနေတာပါပဲ။
    တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် အဆောင်က တစ်ယောက်ခန်းမှာ ပြည့်စုံသလောက် ရှိပေမယ့် လိုအပ်တာလေးတွေလည်း ရှိနေပါတယ်။ ကျွန်တော့်ရဲ့ လိုအပ်ချက်လေးတွေ ဘယ်လို ပြည့်စုံအောင်လုပ်ခဲ့သလဲဆိုတာ ပြောပြပါမယ်။
    ပထမဆုံးကတော့ မနှစ်က ကျောင်းပြီးသွားတဲ့ မြန်မာကျောင်းသားတွေ ထားခဲ့တဲ့ ပစ္စည်းတွေကို မဲနှိုက်ပြီး အမွေဆက်ခံတာပါ။ မနှစ်က ကျောင်းပြီးလို့ ပြန်သွားကြတဲ့ မြန်မာကျောင်းသားတွေက အမွေအနှစ်ထားချန်ရစ်တဲ့ ပစ္စည်းတွေကို ကျန်ခဲ့တဲ့ ဒုတိယနှစ်ကျောင်းသားတွေက ဂိုဒေါင်တစ်ခုမှာ သိမ်းထားပေးပြီး မြန်မာကျောင်းသားအသစ်တွေ စုံစုံညီညီ ရောက်တဲ့အချိန်မှာ နံပတ်တပ်ပြီး မဲဖောက်ပေးတာပါ။ ကျွန်တော်က ကံကောင်းထောက်မစွာ ရေခဲသေတ္တာအကြီးကြီးတစ်လုံး မဲပေါက်ပါတယ်။ အဟောင်းဈေးမှာဆို အနည်းဆုံး ဂျပန်ယန်း ငါးထောင်လောက် ပေးရမယ့် ၊ အသစ်ဆိုရင် အနည်းဆုံး ယန်း နှစ်သောင်းခွဲ သုံးသောင်းလောက်ပေးရမယ့် တံခါးနှစ်ပေါက်ပါ ဆန်ညိုတံဆိပ် ရေခဲသေတ္တာဟာ ကိုယ့်ဘာသာကိုယ် ချက်စားရမယ့် ကျောင်းသားဘ၀အတွက် မရှိမဖြစ်ကို အသုံးဝင်လှပါတယ်။ ဒီရေခဲသေတ္တာကြီး ထားသွားတဲ့ ကျောင်းသားကိုရော၊ အားလုံးကို စုစည်းဦးဆောင်ပေးတဲ့ ပါမောက္ခမျိုး အပါအ၀င် ဂျူနီယာတွေကို ဖေးမကူညီကြတဲ့ စီနီယာကျောင်းသား အားလုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ မှတ်တမ်း ပြုလိုက်ပါတယ်
    ဒုတိယကတော့ စက်တင်ဘာလ ၂၁ ရက် တနင်္ဂနွေနေ့ မနက် ဆယ့်တစ်နာရီကနေ ဆယ့်နှစ်နာရီထိဖွင့်တဲ့ SFC ဆိုတဲ့ ဈေးတန်းလေးပါ။ မြို့ထဲက ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ Snow Flakes Club က လာဖွင့်တာပါ။ ပစ္စည်းအဟောင်းမျိုးစုံကို ဈေးသက်သက်သာသာနဲ့ လာရောင်းပေးတာပါ။ ပစ္စည်းဟောင်းဆိုပေမယ့် ကျွန်တော်ရလိုက်တဲ့ ပစ္စည်းလေးတွေကတော့ အိမ်မှာ ၀ယ်ထားပြီး မသုံးဖြစ်လို့ ရောက်လာတဲ့ ပစ္စည်းလေးတွေ ဖြစ်ဟန်တူပါတယ်။ ကော်ဖီခွက်လေးတွေ ဇွန်းခက်ရင်း ပန်းကန်ခွက်ယောက် အနွေးထည် စောင် စသည်ဖြင့် စုံစုံလင်လင်လေး ခင်းကျင်းထားတာပါ။ ဈေးဆစ်လို့ ရတယ်ဆိုပေမယ့် ပစ္စည်းလေးတွေက ဈေးချိုပြီးသားမို့ မဆစ်ဖြစ်ပါဘူး။ ဂျပန်နိုင်ငံသားတွေရဲ့ စည်းစနစ်ကို ပထမဆုံးစတင်သဘောက်ပေါက်မိတာက ဒီဈေးလေးကို တွေ့ပြီးမှပါ။ ဆယ့်တစ်နာရီမှာ ဈေးစဖွင့်တယ်ဆိုပေမယ့် ဆယ်နာရီ လေးဆယ့်ငါးလောက်မှာ ခင်းကျင်းပြီး အသင့်ဖြစ်နေပါတယ်။ ၀ယ်မယ့်သူတွေလည်း သူ့ထက်ငါ ကြိတ်ကြိတ်တိုးနေပါပြီ။ ဒါပေမယ့် ဆယ့်တစ်နာရီ မထိုးမချင်း ဈေးစမရောင်းပါဘူး ခင်ဗျာ။ အချိန်တိကျတယ်ဆိုတာ အဲသလိုကို တိကျကြတာပါ။ စောစောခင်းပြီးလို့ စောစော စရောင်း မြန်မြန်ကုန် နားအေးတာပဲဆိုတဲ့ သဘောမျိုး ရှိပုံမရပါဘူး။ ရှေ့မှာ ကြိတ်ကြိတ်တိုးနေတဲ့ ဈေးဝယ်မယ့်သူတွေကိုလည်း အားနာပုံမရပါဘူး။ ဒါကတော့ ကျွန်တော် သတိထားမိလိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲဒီဈေးမှာ ခင်းထားပြီး မရောင်းတာကတော့ အင်္ကျီချိတ်တွေပါ။ ပစ္စည်းဝယ်တဲ့သူတွေကို တစ်ခုစီ လက်ဆောင်ပေးတာပါ။
    အခန်းထဲက ကျွန်တော့်အတွက် မရှိမဖြစ်သဘောမျိုး လိုအပ်တဲ့ ပစ္စည်းတွေကို ရလိုက်တာကတော့ မနှစ်က ကျောင်းသားဟောင်းတွေဆီက ပစ္စည်းတွေကို ကျောင်းသားအဖွဲ့တစ်ဖွဲ့က ကောက်ပြီး ဈေးချိုချိုနဲ့ ပြန်ရောင်းပေးတဲ့ ကျွန်တော်တို့က ဖရီးမတ်ကက်လို့ခေါ်တဲ့ Flea Market ဖြစ်ပါတယ်။ တကယ့်ကို ကျောင်းသား ဈေးပွဲတော်ကြီးပါပဲ။ ကျောင်းပြီးလို့ ပြန်သွားကြတဲ့ ကျောင်းသားတွေ ထားရစ်ခဲ့တဲ့ ပစ္စည်းတွေ ဖြစ်တာမို့ အဆောင်နေ ကျောင်းသားတွေအတွက် တကယ်အသုံးဝင်တဲ့ ပစ္စည်းတွေချည်းပါပဲ။ ဈေးပွဲတော် လုပ်မယ့်ရက်ကို ကြိုတင်ကြေညာထားပါတယ်။ အရင်ဦးသူ အရင်ယူစနစ်လို့လည်း ကြေညာထားပါတယ်။ ကျောင်းအားကစားရုံထဲမှာ ခင်းကျင်းထားတာမို့ မတိုင်ခင် တစ်ရက်ညနေခင်းမှာ အားကစားခန်းမသွားရင် ခင်းကျင်းထားတဲ့ ပစ္စည်းတွေကိုကြည့်ပြီး ရွေးထားမိပါတယ်။ တကယ့်နေ့ မနက်ခင်းမှာ အိပ်ယာက အစောကြီး နိုးပေမယ့် လူတွေမတွေ့သေးဘူးလေဆိုပြီး အချိန်ကပ်မှ သွားမိတာ တကယ်ကို နောင်တရမိပါတယ်။ ရှစ်နာရီ မတ်တင်းလောက်ရောက်တော့ ကျွန်တော်က တန်းစီထားတာ နံပါတ် ၉၅ ဖြစ်နေပြီ။ ဒါပေမယ့် ဈေးစဖွင့်တဲ့ ရှစ်နာရီမှာ ချက်ချင်း ၀င်သွားနိုင်တာမို့ လိုချင်တာ အားလုံးနီးပါး ရလာခဲ့ပါတယ်။ ရောင်းချတဲ့ ပစ္စည်းတွေကတော့ ရေခဲသေတ္တာ၊ စာအုပ်စင်၊ စောင်၊ အနွေးထည်၊ နှင်းစီးဖိနပ်၊ ရှူးဖိနပ်၊ အ၀တ်စင်၊ မီးဖိုခြင်း*၊ ပက်လက်ကုလားထိုင်၊ တံမျက်စည်း၊ ကြမ်းတိုက်တံ၊ စာကြည့်မီး၊ မီးပူ၊ ရေနွေးကြိုအိုး၊ ထမင်းပေါင်းအိုး၊ ကော်ဇော **ကလေးအသုံးဆောင်လေးတွေပါ။ *မီးဖိုခြင်းဆိုတာက အဆောင်မှာ မီးဖိုချောင်က တစ်ခုတည်းရှိပြီး ကျောင်းသားတွေ မျှဝေ သုံးကြရပါတယ်။ ထမင်းချက်ဖို့ မီးဖိုကိုသွားရင် ပန်းကန်ခွက်ယောက် ဇွန်းခက်ရင်း ဟင်းချက်စရာ ဓားကတ်ကြေး စသည်ဖြင့် ခြင်းတစ်ခုထဲမှာ အားလုံးထည့်ပြီး သွားကြလေ့ရှိပါတယ်။ ဈေးပွဲတော်က မီးဖိုခြင်းထဲမှာ အိုးခွက်ပန်းကန် ဇွန်းခက်ရင်းအပြင် အင်္ကျီချိတ်လေးတွေပါ ထည့်ထားပေးပါတယ်။ **ကျွန်တော်တို့ကျောင်းဟာ ဘွဲ့လွန်တက္ကသိုလ်ကျောင်းမို့ မိသားစုအဆောင်တစ်ဆောင် သတ်သတ်ထားထားပေးပြီး မိသားစုပါ လိုက်နေလို့ရတဲ့ ကျောင်းဖြစ်လို့ ကလေးတွေလည်း ပါလာတာရှိပါတယ်။ ဈေးပွဲတော်မှာ ဈေးဝယ်ပြီးတဲ့အချိန်မှာ ပစ္စည်းတွေကို အခန်းကိုပို့ဖို့ အချိန်မရတော့ပါဘူး။ နာဂါအူကာကိုသွားမယ့် ဈေးကားက ကိုးနာရီမှာ ထွက်မှာမို့ ညီမလေးတစ်ယောက်ကို အကူအညီတောင်းပြီး ပစ္စည်းတွေ အပ်ထားခဲ့ရပါတယ်။ ပစ္စည်းတွေ လက်ခံထားပေးတဲ့ ညီမလေးက စိတ်သဘောထား ကောင်းကောင်း စေတနာ ပါပါနဲ့ ပစ္စည်းတွေကို အခန်းထဲထိ အရောက် ပို့ပေးထားပါတယ်။ ညီမလေး အေးအေးမြတ် ကို ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်လိုက်ပါတယ်။ ပြီးတော့ ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ၀ယ်လို့ ရအောင် စီစဉ်ပေးတဲ့ လာအိုနိုင်ငံက ဈေးပွဲတော် ကျောင်းသားအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။
     ဂျပန်လို စကားမတတ် နားမလည်တဲ့ ဗိုလ်ကောင်းတစ်ယောက် အင်္ဂလိပ်လိုမတတ် နားမလည်တဲ့ ဂျပန်ဆိုင်တွေမှာ ဘယ်လို ဈေးဝယ်ရသလဲဆိုတာ နောက်တော့ ရေးပြပါ့မယ်။ ရွှင်လန်းချမ်းမြေ့ပါစေဗျ ###

Thursday 6 November 2014

တစ်နာရီခွဲ

    ကျောင်းသားက ပညာရပ်ဆိုင်ရာ တင်ဆက်မှုတစ်ခုကို လုပ်တာ တစ်နာခွဲတောင် အချိန်ပေးတယ်ဆိုတော့ မများလွန်းဘူးလား ဆရာရယ်။ အဖွဲ့လိုက်လုပ်တယ် ဆိုအုံးတော့ မိနစ်နှစ်ဆယ်ဆို လုံလောက်ပါပြီ။ ဘာသာရပ် တင်ဆက်မှုတွေ အများကြီး လုပ်ခဲ့ဖူးပေမယ့် တစ်နာခွဲကြာအောင်တော့ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူးဆရာရယ်။ ဒီတစ်ခါကတော့ တစ်ကယ့်ကို စံချိန်သစ် တင်လိုက်ရပါပြီ။ မေးခွန်းတွေအားလုံးကို ဖြေအပြီး ကျေးဇူးတင်စကားပြောအပြီး ပြန်ထိုင်တဲ့ အချိန်ကျမှ ဘယ်လောက်တောင် စကားတွေ အများကြီး ပြောဖြစ်ခဲ့သလဲ ဆိုတာ ကိုယ့်ဘာသာ သတိရမိတော့တယ်။ မောလိုက်တာ ရေငတ်လိုက်တာဗျာ။
    လူ့အခွင့်အရေး သင်ခန်းစာအတွက် တင်ဆက်မှု လုပ်ရမယ် ဆိုတော့ မြန်မာပြည်ထဲမှာ ရှိခဲ့တဲ့ ချင်းပြည်နယ်က ဖြစ်ရပ်လေး နှစ်ခုကို တင်ဆက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ချင်းပြည်နယ်က ဖြစ်ရပ်ကို ရွေးချယ်ဖြစ်တဲ့ အဓိက အကြောင်းရင်းက ချင်းပြည်နယ်က တောတောင်ရေမြေ နဲ့ ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာအလှအပလေးတွေကို တင်ဆက်ချင်တာကြောင့် ဒီခေါင်းစဉ်ကို ရွေးလိုက်ရတာပါ။ အကြောင်းအရာကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း အထုပ္ပတ္တိ မမြော်လင့်သောခရီးရှည် စာအုပ်မှာ ရေးထားတဲ့ ချင်းပြည်နယ်က ရိုးရာဓလေ့လေး နှစ်ခုအကြောင်းပါ။ အ၀တ်အစားမယ်မယ်ရရ ၀တ်တာမျိုးမရှိခဲ့တဲ့ နာဂတိုင်းရင်းသားတွေကို ကမ္ဘာစိုးဘောင်းဘီဝတ်အောင် စည်းရုံးဝတ်ဆင်စေခဲ့တာရယ် ပန်အိမ်လို့ခေါ်တဲ့ အပျိုလူပျိုတွေ့ကြတဲ့ ရိုးရာဓလေ့အိမ်လေးတွေကို ဖျက်သိမ်းစေခဲ့တာရယ် ဆိုတဲ့ ကိစ္စလေး နှစ်ခုကို မြန်မာပြည်က လူ့အခွင့်အရေးသမားတစ်ချို့က ဝေဖန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၇ မှာလည်း လူတိုင်းဟာ လူမှုအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဘ၀မှာ လွတ်လပ်စွာပါဝင်ခွင့်ရှိတယ်လို့ ဆိုထားတော့ အထက်မှာ ပြောခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကို လူ့အခွင့်အရေး ရှုထောင့်ကနေကြည့်ပြီး ပြောကြမယ့် ကမ္ဘာ့အရပ်ရပ်က ကျောင်းသားကျောင်းသူတွေရဲ့ အမြင်ကို သိချင်လို့ ရွေးချယ်လိုက်တာလည်း ပါပါတယ်။
    ဒီခေါင်းစဉ်နဲ့ ကျွဲကူးရေပါ ဆိုသလို ချင်းပြည်နယ်ရဲ့ သဘာဝ အလှလေးတစ်ချို့ကိုလည်း တင်ပြခွင့်ရခဲ့ပါတယ်။ ကျောင်းသားအများစုကတော့ ဒီကိစ္စနှစ်ခုဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ မရောက်ဘူး ဆိုတဲ့ ထင်မြင်ချက်ကို ပေးခဲ့ပါတယ်။ သိပ်ပြီး မမျှော်လင့်ထားတဲ့ စစ်မျက်နှာက ၀င်လာတဲ့ တိုက်စစ်တွေကတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပြင်ပကမ္ဘာမှာ ကြားထားသိထားတာတွေကို မေးခွန်းထုတ်ကြတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကိုလည်း မေးတဲ့သူတွေ စိတ်ကျေနပ်အောင် ဖြေနိုင်ခဲ့ပါတယ်။ မေးခွန်းနဲ့ အဖြေတစ်ချို့ကို တင်ပြလိုပါတယ်။ မေးခွန်းတွေ မေးမြန်းဆွေးနွေးနိုင်ပါပြီလို့ ဖိတ်ခေါ်လိုက်တော့ ဘယ်သူမှ မမေးခင် ပါမောက္ခက အရင်မေးပါတယ်။ မင်းတို့ ထင်မြင်ယူဆတာတွေကို လွတ်လွတ်လပ်လပ် ပြောလို့ ဖြစ်ရဲ့လားတဲ့။ ကျွန်တော်လည်း ပြန်ဖြေလိုက်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကဆိုရင်တော့ ဖြစ်ကောင်းမှ ဖြစ်ပေမယ့်လို့ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနေပြီမို့လို့ ဘယ်သူ့ကိုမှလည်း မထိခိုက်ဘဲ နိုင်ငံအတွက်လည်း အကျိုးရှိမယ်ဆိုရင် ကျွန်တော်တို့ ထင်မြင်ချက် ယုံကြည်ချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရပါတယ်ဆရာ ဆိုတော့မှ အိုကေ တဲ့။
    ပထမမေးခွန်းက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာကို ဘယ်လိုသဘောထားသလဲ ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော့်အဖြေက နိုင်ငံရေးအကျဉ်းသားဆိုတာ မြန်မာပြည်မှာ မရှိပါဘူးလို့ လက်ရှိအစိုးရ တက်လာကာစ အချိန်ထိအောင် အစိုးရက အစဉ်တစိုက် ပြောကြားနေခဲ့တာပါ။ လွှတ်တော်တွေ စတင်ကျင်းပတဲ့အချိန် မကြာခင်မှာပဲ လွှတ်တော်အမတ်တစ်ယောက်က ဒီလို အကျဉ်းသားတွေကို လွှတ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်ပြီး မကြာခင်မှာပဲ နိုင်ငံရေးအကျဉ်းသားဆိုသူတစ်ချို့ လွတ်မြောက်လာခဲ့ပါတယ်။ သိပ်မကြာခင်ကပဲ လက်ရှိ အစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ကိစ္စကို လက်ခံလာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဆိုတာမျိုးကို ဖွဲ့စည်းပြီးတော့ စိစစ်စေခဲ့တဲ့အတွက် အစိုးရက တရားဝင် အသိအမှတ်ပြုလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော့်ကိုယ်ပိုင်အမြင်ကို ပြောပြရရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေပါတယ်ဆိုတဲ့ လက်ရှိအာဏာလက်ရှိ သူတွေနဲ့ သဘောထား ကွဲလွဲလို့ အကျဉ်းချ ခံထားရတဲ့ ဘယ်သူ့ကိုမဆို အကျဉ်းထောင်တွေထဲမှာ ဆက်ပြီး မရှိစေချင်တာ အမှန်ပါပဲ။ လူတိုင်းမှာလည်း ကျွန်တော့်လို အမြင်မျိုး ရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘယ်သူက နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး ဘယ်သူက ရာဇ၀တ်အကျဉ်းသားလဲ ဆိုတာကတော့ သီးခြား ခေါင်းစဉ်တစ်ခုပါ။ အဲဒါကို ဘယ်လို သတ်မှတ်သလဲ ဆိုတာကတော့ ကျွန်တော့်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်လို့ ဒီနေရာမှာ ထည့်သွင်း မဆွေးနွေးလိုပါဘူး လို့ ဖြေကြားခဲ့ပါတယ်။
    ဒုတိယ မေးခွန်းကတော့ တိုင်းရင်းသားတွေအပေါ်မှာ အစိုးရက ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား ရှိပါသလဲ ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော့်ရဲ့ အဖြေက ဒီလိုစွပ်စွဲမှုမျိုးတွေ ပြင်ပကမ္ဘာမှာ ရှိနေတယ်ဆိုတာ ကျွန်တော်လည်း ကြားမိပါတယ်။ တိုင်းရင်းသားတွေအပေါ်မှာ အစိုးရက ဒီလို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာကတော့ ခပ်ရှင်းရှင်းပြောရရင် လုံးဝ မရှိပါဘူး။ မေးသူအနေနဲ့လည်း အချက်အလက်အပြည့်အစုံနဲ့ မေးတာမဟုတ်ဘဲ ကြားမိတာကို မေးတာဖြစ်တဲ့အတွက် ကျွန်တော်ဖြေတာကို အားရမှု ရှိချင်မှ ရှိပါလိမ့်မယ်။ ဒီကိစ္စကို ရှင်းပြရရင် ခိုင်မာတိကျတဲ့ အချက်အလက်တွေ အများကြီးနဲ့ ပြောပြရမှာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ ဒီလိုကိစ္စမျိုးတွေ မရှိဘူးလို့ပဲ မှတ်ထားပေးပါလို့ ဖြေကြားခဲ့ပါတယ်။
    တတိယမေးခွန်းက တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီမေးခွန်းကို အရင်ကြုံခဲ့တဲ့ ပါမောက္ခတိုင်းကလည်း မေးခဲ့တာတွေ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ အရင်တပ်မတော်အစိုးရက အခုဒီမိုကရေစီအပြောင်းအလဲကို ဘာကြောင့် လုပ်ပေးခဲ့တာလဲ ဘယ်လို လုပ်ပေးခဲ့တာလဲ ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းရဲ့ ပထမပိုင်းကို ဖြေရရင် ပါရဂူစာတမ်းတစ်စောင်စာလောက် ရှင်းပြမှ လိပ်ပတ်လည်မယ်ထင်ပါတယ်။ ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော်လည်း ဘက်ပေါင်းစုံက ခြုံငုံမိအောင် ဖြေနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ဒီအပိုင်းကို မဖြေကြားလိုပါဘူး။ မေးခွန်း ဒုတိယပိုင်းဖြစ်တဲ့ ဘယ်လိုပြောင်းလဲခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၁၉၈၈ ခုနှစ် တပ်မတော်က တာဝန်ယူတာကနေ ၂၀၁၁ ခုနှစ်မှာ လက်ရှိအစိုးရကို အာဏာလွှဲတာ၊ လက်ရှိအစိုးရကိုလည်း အစပိုင်းမှာ အမေရိကန်စတဲ့ နိုင်ငံကြီးတွေက ဟက်ဟက်ပက်ပက် မရှိ၊ ယုံကြည်မှု မရှိ ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ရှိလာတာ။ လူရာသွင်း ဆက်ဆံလာတာ။ နိုင်ငံတကာမှာ မျက်နှာပွင့်လန်းလာတာတွေ၊ လက်ရှိစိန်ခေါ်မှုတွေ ရှိတဲ့ကြားကပဲ လမ်းကြောင်းမှန်ပေါ်တက်ပြီး ဒီမိုကရေစီရှေ့ခရီးကို ဆက်လက် ချီတက်နေတာတွေ ရှင်းပြခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဖြေကြားချက်တွေထဲမှာ သဘောမတူတာတစ်ချို့ ရှိပေမယ့်လည်း အခု ဖြေကြားခဲ့တဲ့အပေါ် ကျေနပ်အားရတယ်လို့ မေးခွန်းရှင်က ပြောပါတယ်။
    နောက်ဆုံးပိတ်အနေနဲ့ ပါမောက္ခပြောပြတာလေးတွေကိုလည်း ပြန်လည်မျှဝေချင်ပါသေးတယ်။ မင်းတို့ဟာ နိုင်ငံရဲ့တကယ်အရေးကြီးတဲ့ အခြေအနေမှာ ဒီက ကျောင်းပြီးလို့ ပြန်ရင် နိုင်ငံတည်ဆောက်ရေးကို အားသွန်ခွန်စိုက် လုပ်ကိုင်ခွင့်ရကြမယ့် အင်မတန် ကံထူးတဲ့သူတွေ ဖြစ်တယ်။ မင်းတို့အခုကြုံနေရတဲ့ နိုင်ငံရေး အခြေအနေမျိုးကို မင်းတို့ တစ်သက် ဘယ်တော့မှ ပြန်မရနိုင်ဘူး။ အခု ပြောဆိုဖြေကြားသွားခဲ့တာတွေကို ကြည့်ရင် ကိုယ့်နိုင်ငံအရေးကို တကယ်စိတ်ဝင်တစားနဲ့ နိုင်ငံတည်ဆောက်ရေးကို အားကြိုးမာန်တက် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မင်းတို့ မိခင်နိုင်ငံရဲ့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ အားပေးတိုက်တွန်းပါတယ် လို့ ပါမောက္ခက အကြံပြု မှတ်ချက်ပေးပါတယ်။ ဒီမှတ်ချက်နဲ့ အကြံပြု အားပေးစကားပြောတဲ့ လူ့အခွင့်အရေးဘာသာရပ် ပါမောက္ခ ဆရာဆာဂျေးကို အများကြီး ကျေးဇူးတင်မိပါတယ်။
    ဒီတင်ဆက်မှုကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ ဥာဏ်ဝေဖြိုး၊ အောင်မျိုးလွင် နဲ့ ရဲဘုန်းကျော်။ တင်ဆက်မှုမှာ အားနည်းချက်အချို့ ရှိခဲ့တယ်ဆိုပေမယ့် သေသေချာချာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တဲ့အတွက် အများကြီး ၀မ်းသာဂုဏ်ယူပြီး ကျေးဇူးတင်တဲ့အကြောင်း ဒီနေရာကနေ မှတ်တမ်းပြုလိုက်ပါတယ်။

Saturday 1 November 2014

စီးပွားရေးဆရာများ

    ခေါင်းစဉ်ကို ဖတ်ပြီး ဗိုလ်ကောင်းတစ်ယောက်တော့ စီးပွားရေး သောင်းကျန်းတဲ့ ကျောင်းဆရာတွေကို ဝေဖန်တော့မလား၊ ကျူရှင်ပညာရေးခေတ်ကြီးကို သရော်တော့မလား မတွေးကြပါနဲ့ဗျာ။ ဗိုလ်ကောင်းကို စီးပွားရေးပညာရပ်တွေ စာတွေ့ သင်ပေးခဲ့တဲ့ ဆရာတွေအကြောင်း ပြောပြချင်လို့ပါ။
ပထမဆုံး စီးပွားရေး ဆရာက သာဝတ္ထိ အထက်တန်းကျောင်းမှာ ကိုးတန်း ဆယ်တန်း သင်ခဲ့ရတဲ့ ဆရာကြီး ဦးခင်ဇော်ပါ။ ဆရာကြီးက ဘာသာတရားလည်း အလွန်ကို ကိုင်းရှိုင်းပါတယ်။ ဆယ်တန်းကိုတောင်မှ ဘုရား တရား သံဃာ ရတနာသုံးပါးကို ဦးထိပ်ထားပြီး သုံးနှစ်ဖြေခဲ့ရတယ်လို့ ဆိုပါတယ်။ တော်သေးတာပေါ့ တို့ဆရာကြီး အနန္တောအနန္တငါးပါးကို ဦးထိပ်မထားလို့ ဆိုပြီး ဆရာကြီး ကွယ်ရာမှာ ကျွန်တော်တို့က ရယ်ပွဲဖွဲ့ကြပါတယ်။ ကျွန်တော်ဆယ်တန်းအောင်တဲ့ ၁၉၉၆ ခုနှစ်တုန်းက သိပ္ပံ ၀ိဇ္ဇာရယ်လို့ မဟုတ်ဘဲ ဘာသာရပ်ကိုးခုကို ငါးပိုင်းခွဲ ဖြေရတဲ့ စနစ်ဖြစ်ပါတယ်။ အဲသည်တော့ ဇီဝ ဓာတု ရူပ သင်ရသလို သမိုင်း ပထ၀ီ ဘောဂလည်း သင်ခဲ့ရပါတယ်။ ဆရာကြီး ဦးခင်ဇော်က ဘောဂဗေဒ သင်တာပါ။ ဆရာကြီး အသင်အပြ ကောင်းပုံကတော့ အခုထိကို ဆရာကြီး သင်ပေးခဲ့တဲ့ ၀ယ်လိုအားတို့ ရောင်းလိုအားတို့ မျှခြေဈေးနှုန်းတို့ သွင်းအားစုတို့ ဆိုတဲ့ စကားလုံးတွေ သဘောတရားတွေကို အကြောင်းတိုက်ဆိုင်တိုင်း မှတ်မိနေတုန်း။ အကြောင်းက ဘာလို့ တိုက်ဆိုင်သလဲ ဆိုတော့ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး ပညာရပ်ကို အခုထိ စာတွေ လေ့လာနေရတုန်းမို့လို့ပါ။
    ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့ ဘောဂဗေဒကို ဖြည့်စွက်ဘာသာရပ်အဖြစ်နဲ့ ယူရတယ်။ အဲသည်မှာ သင်ပေးတဲ့ဆရာက ဗိုလ်ကြီးသာမိုးအောင်။ ဒါပေမယ့် အဲသည်တုန်းက ဘာတွေ သင်ခဲ့ရသလဲ ဆိုတာ အခုတော့ မေ့နေပြီ။ ထားပါတော့။
    နောက် ဘွဲ့ရပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ မဟာဆက်တက်ရင်း အိုင်အာဒီပလိုမာတန်း ပထမဆုံး အပတ်စဉ်ဖွင့်တော့ တက်ဖြစ်တယ်။ ဒီသင်တန်းမှာတုန်းကလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စီးပွားရေး သဘောတရားတစ်ချို့ သင်ခဲ့ရပေမယ့် ခုတော့လည်း မမှတ်မိတော့သလောက်ပါပဲ။ အဲသည်တုန်းက သင်ခဲ့တဲ့ ပါမောက္ခတွေက ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်ကြည် နဲ့ ဒေါ်ကယ်ရယ်အင်ချစ်သာ။ ဆရာမကြီး ဒေါ်မြင့်ကြည်ကတော့ အခု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဖြစ်နေပါတယ်။
၂၀၀၄ ခုနှစ်မှာ အိုင်အာ ဒီပလိုမာရပြီး နောက် ဆယ်နှစ်နီးပါးလောက်ရှိတော့ ရန်ကုန်တက္ကသိုလ်မှာပဲ စီးပွားရေးပညာရပ်တွေ ထပ်ပြီး သင်ခွင့်ကြုံပြန်ရော။ ပထမဆုံး တွေ့တဲ့ဆရာက ဟားဗတ်တက္ကသိုလ်ကျောင်းထွက် ဒေါက်တာ ဂျက်ဖရီရေ့စ်။ သင်တဲ့ ဘာသာရပ်နာမည်က ဘောဂဗေဒ အခြေခံသဘောတရားများ ဆိုပေမယ့် သင်တဲ့စာတွေက မကြားဖူးတာတွေ အများကြီး။ ကောလိပ်ဂျင်နေ၀င်းလို့ ကျွန်တော်တို့က ချစ်စနိုးနာမည်ပေးထားတဲ့ ဆရာကြီးက ကျောင်းသားတွေကို သိပ်သိစေ တတ်စေချင်၊ ဖတ်စရာစာတွေ အသားကုန်ပေး။ ကျောင်းသားတွေကလည်း စာကလွဲရင် အကုန်စိတ်ဝင်စား ဆိုတာမျိုးနဲ့ တွေ့တော့ ဆရာကြီးလည်း စိတ်ညစ်ရှာလိမ့်မယ်၊ ကျွန်တော်တို့လည်း စိတ်ညစ်မိတယ်။ အစကတော့ ဒီပါမောက္ခ ငါတို့ မြန်မာကို နှိမ်လှချည်ရဲ့ အထင်သေးလှချည်ရဲ့ လို့ ထင်မိပြီး စိတ်ညိုငြင်မိတယ်။ ပရိုဂရမ်ဒါရိုက်တာ ဒေါက်တာကားဂျက်ဆင်ကိုတောင် စာရေးမိတယ်။ ကျွန်တော်တို့ဆီကို နောက်တစ်ခါကျရင် ဒီလို အထင်အမြင်သေးတတ် နှိမ်တတ်တဲ့ ဆရာမျိုး မခေါ်ပေးပါနဲ့ ဆိုပြီး။ နောက်တစ်ခုက ဆရာကြီးရဲ့ သင်ကြားတဲ့ ပုံစံ။ ဆရာကြီးက လက်ချာမှတ်စုလည်း မပေး၊ ကားချပ်လည်း မသုံး၊ ပါဝါပွိုင့်လည်း မသုံး ပြောသမျှ လိုက်မှတ်နေရတာမျိုးဆိုတော့ ကိုယ်တွေမှာလည်း တော်တော် ယက်ထွက်နေအောင် လက်ချာလိုက်ရတာ။ (ရှေးတုန်းတော့လည်း ဒီလိုပဲ လက်ချာလိုက်ခဲ့ကြရတာပါပဲ ကိုယ်တွေခေတ်ရောက်တော့မှသာ ပါဝါတွေဘာတွေ ပွိုင့်နိုင်တာကိုး) ကိုယ်သင်ဖူးတဲ့ ဘောဂဗေဒ သဘောတရားတွေနဲ့ သူရဲ့ သင်ကြားမှုနဲ့က တော်တော့်ကို လိုက်နေမှ တန်ကာကျတဲ့ အခြေအနေမျိုး။ ဒါပေမယ့် နောက်ဆုံး အောင်စာရင်းထွက်တော့ High Pass နဲ့ အောင်တယ်ဗျား။ တစ်ချို့ကျောင်းသားတွေဆို Fail တောင် ရကြသတဲ့။ ကိုယ့်ကို အမှတ်ကောင်းကောင်းနဲ့ အအောင်ပေးတော့မှပဲ ဆရာကြီး ဂျက်ဖရီရေ့စ်ကို စိတ်ထဲမှာ မကျေလည်သမျှ သင်ပုန်းချေလိုက်နိုင်သလိုပဲ။ ကန်တော့ပါတယ် ဆရာကြီးခင်ဗျား။ လွန်တာရှိရင် ၀န္ဒာမိပါ။
    နောက်တစ်ယောက်ကတော့ စီးပွားရေး ပညာရှင်တစ်ယောက်လို စဉ်းစားနည်း ဆိုတဲ့ ဘာသာရပ်ကို သင်တဲ့ စတန်းဖို့ ယူနီဗာစီတီကျောင်းထွက် ပါမောက္ခ ဒေါက်တာပီတာဝါး။ ဆရာကြီးက စီးပွားရေးပညာကို ဗုဒ္ဓဘာသာရှုထောင့်နဲ့လည်း သုံးသပ်ပြလေ့ရှိတယ်။ ဆရာကြီး ပီတာဝါးကတော့ စောစောကပြေခဲ့တဲ့ ကောလိပ်ဂျင်နေ၀င်းနဲ့ တစ်ခြားစီပဲ။ စာကို သေသေချာချာကို နားလည်ရေရာအောင် သင်ပေးပြီးတော့ သဘောလည်း အင်မတန်ကောင်းတယ်။
သြစတေးလျအမျိုးသားတက္ကသိုလ်ကျောင်းထွက် ဒေါက်တာပီတာမက်ကောလေး ကလည်း ဆရာကြီး ပီတာဝါးလိုပဲ သဘောကောင်းတယ်။ စာသင်တာလည်း ခေါင်းထဲကို စွဲနေအောင် သင်ပေးနိုင်တယ်။ ဆရာကြီးသင်တဲ့ မက်ခရိုစီးပွားရေးဆိုတာ ပထမဆုံး သင်ဖူးတာ ဖြစ်ပေမယ့် လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း နားစွဲသွားအောင် သင်နိုင်တဲ့ ပါမောက္ခတစ်ယောက်ပါပဲ။
    မိုက်ခရိုစီးပွားရေးဘာသာရပ်ကို သင်တဲ့ ဆရာကတော့ Tufts University ကျောင်းထွက် ပါမောက္ခ လက်ဇ်ရက်ဖယ်။ ဒီဆရာကျတော့ ကျော်ဟိန်းငယ်ငယ်ကလို စတိုင်များလို့ ကျောင်းသားတွေက ကျော်ဟိန်းလို့ ခေါ်ကြတယ်။ ဆရာကြီးက အိမ်စာပေးတာတော့ ကြမ်းတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေး ဒေတာတွေ လိုက်စုပြီး လုပ်ရမယ့် အိမ်စာများ ပေးလို့ကတော့ သွားပြီ။ ဒေတာတွေ စုရတာ အစုံကလည်း မရ။ ရသမျှလေးနဲ့ အိမ်စာလုပ်ပြန်တော့ ဆရာ့ဆီက ပြန်လာတဲ့ မှတ်ချက်တွေကလည်း ဖတ်ရဲစရာတောင် မရှိအောင် ပြတ်သားပွင့်လင်းလွန်းတော့။ အိမ်စာပေးပြီးရင် မှတ်ချက်ပြန်ပြောမှာကို ကြောက်နေရတဲ့ ဆရာမျိုး။ ဒါပေမယ့် ဆရာနဲ့ ဆရာကတော်နဲ့က ဟောပြောပွဲတွေဘာတွေရှိရင် မြန်မာအမျိုးသားဝတ်စုံ ၀တ်ကြတာတော့ တော်တော် ကြည့်ကောင်းသဗျ။
    အပေါ်မှာ ပြောပြခဲ့တာကတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ လာဖွင့်တဲ့ အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က အိုင်အာသင်တန်းမှာ ကြုံခဲ့ရတဲ့ စီးပွားရေး ဆရာတွေပါ။
အခုလက်ရှိ ဆရာကတော့ ကျွန်တော့်ရဲ့ ယောဂသင်တန်းနည်းပြလည်း ဖြစ် စီးပွားရေးပညာရှင်လည်း ဖြစ်တဲ့ ပါမောက္ခ ကိုရေး။ ဆရာက သီရိလင်္ကာနိုင်ငံသား ဆိုပေမယ့် စကားပြောရင် ကုလားသံ သိပ်မ၀ဲဘဲ နားထဲမှာ ရှင်းနေအောင် ပြောတယ်။ အတန်းထဲမှာ ဆိုရင်လည်း ရွှင်လန်းတက်ကြွပြီး ပျော်စရာစာသင်ချိန်လေးတွေ ဖန်တီးတတ်တယ်။ ထမင်းစားပြီး ပြန်တက်ရတဲ့ အချိန်တွေမှာ ဆိုရင်လည်း အိပ်ငိုက်တဲ့သူကို နောက်မငိုက်ရဲအောင် ပညာပေးတတ်တယ်။
    စီးပွားရေး ဆရာတွေအကြောင်း ပြောပြီးပြီဆိုတော့ ဘောဂဗေဒ ပါမောက္ခတွေရဲ့ တူညီတဲ့ အချက်တစ်ချို့ကို နောက်တစ်ခေါက်ကျ ပြောပြပါ့မယ်။ လောလောဆယ်တော့ နက်ဖြန်တက်ရမယ့် နိုင်ငံခြားရေးမူဝါဒ လေ့လာသုံးသပ်ချက်အတန်းမှာ ပါမောက္ခမျိုးရဲ့ မေးခွန်းတွေ ဖြေနိုင်အောင် စာဖတ်လိုက်ပါအုံးမယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ။


Wednesday 29 October 2014

ပထမဆုံး တင်ဆက်ခြင်း

    လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်လောက် ၂၀၀၂-၀၃ တုန်းက ရန်ကုန်တက္ကသိုလ်ကို စရောက်ရောက်ချင်း နှစ်မှာပဲ ပရိသတ်ရှေ့မှာ ဟောပြောတင်ဆက်ခြင်းကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ရပါတယ်။ အင်္ဂလိပ်စာဌာနက တီချယ်ဒေါ်ပိုးပိုး တီချယ်ဒေါ်ခင်မာဝေ နဲ့ ဒေါ်လွင်လွင်စိုးတို့ သင်ပေးခဲ့တာပါ။ ခုတော့ တီချယ်တွေလည်း ပါမောက္ခချုပ်တွေ ပါမောက္ခတွေတောင် ဖြစ်နေကြပါပြီ။ အဲသည်တုန်းက ဟောပြောတင်ဆက်ပုံကို သင်တဲ့နေရာမှာ ကိုယ်တင်ဆက်မယ့် ဘာသာရပ် အကြောင်းအရာကို ဘယ်လိုပိုင်းခြားတင်ပြရမလဲ ဆိုတာက စပြီး စကားလေသံ အသုံးအနှုန်း ကိုယ်ဟန်လက်ဟန် မျက်လုံးအကြည့် တွေတင်မက ကိုယ်သုံးမယ့် အထောက်အကူ ပစ္စည်း (အဲသည်တုန်းက စပြီး ကွန်ပြူတာ ပါဝါပွိုင့်ကို သုံးခွင့်ကြုံခဲ့တာ) ကို ဘယ်လို ထိထိရောက်ရောက် သုံးသင့်သလဲဆိုတာတွေ အပြင် ပရိသတ်ရဲ့ မေးခွန်းတွေကို ဘယ်လိုမေးရင် ဘယ်လို တုန့်ပြန်သင့်သလဲ ဆိုတာတွေအထိ အသေးစိတ်ကို သင်ပြပေးခဲ့တာ နာယူခဲ့ရပါတယ်။ အဲသည်အချိန်ကစလို့ ရန်ကုန်တက္ကသိုလ်မှာ သုံးနှစ်တာလုံး နောက် ကျောင်းပြီးတော့ ထပ်တက်ရတဲ့ သင်တန်းတွေမှာပါ ပရိသတ်ရှေ့ ဟောပြောတင်ဆက်ခြင်းပညာကို ကောင်းကောင်း အသုံးချခွင့် ကြုံခဲ့ရပါတယ်။ မြန်မာပြည်မှာ လာဖွင့်တဲ့ ကုလသမဂ္ဂသင်တန်း၊ စင်္ကာပူက လာသင်ပေးတဲ့ အင်္ဂလိပ်စာသင်တန်း၊ အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က လာဖွင့်တဲ့ အိုင်အာ သင်တန်းတွေမှာလည်း ဒီပညာကြောင့် ပွဲလယ်တင့်ခဲ့ရပါတယ်။ ပထမဆုံး ပြည်ပ အတွေ့အကြုံကတော့ အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်စာသင်တန်း သွားတက်တုန်းက မြန်မာနိုင်ငံအကြောင်း ဟောပြော တင်ဆက်ခဲ့ရတာပါ။ နိုင်ငံတကာ ကျောင်းသားတွေ ရှေ့မှာ ဆိုပေမယ့် ကိုယ့်နိုင်ငံအကြောင်းဆိုတော့ အကြောင်းအရာက ပိုင်ပြီးသားမို့ သိပ်ပြီး စိတ်မလှုပ်ရှားခဲ့ရပါဘူး။
    ဒီနေ့
    ၂၀၁၄ အောက်တိုဘာလ ၂၉ ရက် ဂျပန် နိုင်ငံတကာ တက္ကသိုလ် နိုင်ငံခြားရေးမူဝါဒ လေ့လာသုံးသပ်ချက် ဘာသာရပ်မှာ ကျွန်တော် တာဝန်ကျတဲ့ သင်ခန်းစာကို ပထမဆုံး ပြောခွင့်ရခဲ့ပါတယ်။ ခေါင်းစဉ်က နိုင်ငံခြားရေး မူဝါတွေ ဘယ်လိုပြောင်းသလဲ ဘာကြောင့်ပြောင်းသလဲ စသည်ဖြင့် လေ့လာထားတဲ့ စာတမ်းတစ်ခုကို ကျောင်းသားတွေရှေ့မှာ ဟောပြော တင်ဆက်ရတာပါ။ နေ့လည် နှစ်နာရီခွဲ အတန်းပြီးကတည်းက ပြင်ဆင်ပြီးသားကို အခန်းထဲမှာ ပြန်ဖတ် လိုတာပိုတာ ပြန်စစ်။ ည ခုနစ်နာရီခွဲ အတန်းစတဲ့အချိန်မှာ ပြောဖို့ဆိုဖို့ အသင့်ဖြစ်နေပါပြီ။ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို ဟောပြောတင်ဆက်မှု အများကြီး လုပ်ခဲ့ဖူးပေမယ့် ဒီလို နိုင်ငံတကာ ကျောင်းသားတွေရှေ့မှာတော့ ခုတစ်ခါက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ခါတိုင်း ကိုယ့်မြန်မာလူမျိုးတွေရှေ့မှာ အင်္ဂလိပ်လိုပြောရတာ သိပ်ပြီး ၀န်ကြီးတယ် မထင်ခဲ့ပေမယ့် အမေရိကန်ကျောင်းသား စကော့တလန်ကျောင်းသား စတဲ့ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောကြတဲ့ အနောက်နိုင်ငံသားတွေ ဥရောပသားတွေပါတဲ့ ကျောင်းသားတွေရှေ့မှာ ပြောရမှာကိုတော့ ရိုးရိုးသားသား ၀န်ခံရရင် စိတ်လှုပ်ရှားမိပါတယ်။ သေချာပြင်ဆင်ထားတာရယ် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိတာရယ် အတွေ့အကြုံရယ် ပေါင်းစပ်လိုက်တော့ ခွင့်ပြုထားတဲ့ မိနစ်နှစ်ဆယ်စာကို သေသေချာချာ ပြောနိုင်ခဲ့ပါတယ်။ မေးခွန်းတွေဖြေဖို့လည်း ပြင်ဆင်ထားပေမယ့် ကိုယ်ပြောပြီးတဲ့အခါ ပါမောက္ခက ဖြည့်စွက်ရှင်းပြ လုပ်ပေးတာမို့ မေးခွန်းတွေ ဖြေစရာမလိုဘဲ ပြီးသွားခဲ့ပါတယ်။
    ဂျပန်နိုင်ငံတကာတက္ကသိုလ် နိုင်ငံတကာ ကျောင်းသားတွေရှေ့မှာ ပထမဆုံးလုပ်ခဲ့တဲ့ ဟောပြောတင်ဆက်မှုကို ဒီစာစုလေးနဲ့ မှတ်တမ်းတင်ထားတာပါ။ စာကိုဆုံးအောင်ဖတ်တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေဗျ ###


Wednesday 22 October 2014

အကြွေစေ့လေး နှစ်စေ့


    ဗိုလ်ကောင်းရဲ့ အိုင်ယူဂျေ သမိုင်းကြောင်းကို ပြောမယ်ဆိုရင် ဒီပုံထဲမှာ ပါတဲ့ အကြွေစေ့လေး နှစ်စေ့ကို ချန်ခဲ့လို့ ဖြစ်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အိုင်ယူဂျေမှာ ဗိုလ်ကောင်း ပထမဆုံး ရဖူးတဲ့ ဆု ဖြစ်လို့ပါပဲ။ ထိုက်တန်တယ် မထိုက်တန်ဘူး အငြင်းမပွားကြဘူး ဆိုရင်ဖြင့် ဒီအကြွေစေ့လေး နှစ်စေ့ကို ဆုအဖြစ် ဘယ်လို ရခဲ့သလဲ ဆိုတာ ပြောပြချင်သားပါ။
    ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက စာကြည့်တိုက် အပေါ်ထပ်မှာ GSIR Happy Hour လုပ်ပါတယ်။ ကျောင်းသားတွေအချင်းချင်း ဆရာတွေနဲ့ ကျောင်းသားတွေ ရင်းနှီးနွေးထွေး ကြပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ သိရပါတယ်။ IR Dean ဦးစီးတက်ရောက်တဲ့ ဒီပွဲမှာ အိုင်အာကျောင်းသား ဗိုလ်ကောင်းလည်း တစ်ခြား နိုင်ငံစုံက သူငယ်ချင်းတွေ စီနီယာတွေနဲ့အတူ တက်ခဲ့ပါတယ်။ ပျော်စရာ ဂိမ်းအစီအစဉ်လည်း ပါတယ်ပေါ့ဗျာ။ အောက်က စာရွက်ထဲမှာ ရေးထားတဲ့ အကြောင်းအရာကို တစ်ယောက်နဲ့ တစ်ယောက် မေးကြ ဖြည့်ကြပေါ့။ ပထမဆုံး ဖြည့်ပြီးတဲ့သူက ဆုရတယ်ပေါ့ဗျာ။ ဗိုလ်ကောင်းက ပထမဆုံး ဖြည့်ပြီးတဲ့သူတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်က လာမေးလို့ နားအေးပြီးရော ဖြေလိုက်တာပါ။ မေးခွန်းက ဒီအစီအစဉ်ပြီးရင်တဲ့ ဟာသပြောမှာလားတဲ့ ။ နားအေးတာပဲကွာ ဆိုပြီး အေး လို့ ဖြေလိုက်တယ်။ ဘယ်သူကမှလည်း ဟာသပြောခိုင်းမယ်လို့ ထင်မထားဘူးလေ။ ဟော ပထမဆုံး စာရွက်အပ်နိုင်တဲ့ သုံးယောက်ကို မေးခွန်းတွေလည်း မေးပြီးသွားရော ကောင်း ဟာသပြောရန် ကြွပါတဲ့။ ( မြတ်စွာဘုရား ) ဟာသပြောမယ်လို့ ပြောလိုက်တာ တကယ်မဟုတ်ဘူးဆိုတာ သူတို့ ယုံအောင် ဘယ်လို ပြောရပါ့။ ဒါနဲ့ပဲ ဖိတ်ခေါ်တော့လည်း သွားရတာပေါ့။ စကားပြောစင်ရောက်တော့ အကျိုးအကြောင်း ပြောပြရတယ်။ ကျွန်တော် ခုနက သူငယ်ချင်းတစ်ယောက်ကမေးတော့ နားအေးပြီးရော ဖြေလိုက်မိတာပါလို့။ တကယ်လည်း ဟာသ မပြောတတ်ပါဘူးလို့။ ဒါပေမယ့် မရပါဘူး။ ဒီမေးခွန်း ဖြေတဲ့သူကို ဆုပေးမယ်လို့ နဂိုကတည်းက ရည်မှန်းထားလား မသိပါဘူး။
ညနေက GSIR Council က ကျောင်းသူလေးတစ်ယောက် ဖုန်းဆက်လာပါတယ်။ ကောင်း အခန်းမှာ ရှိသလားတဲ့။ ရှိပါတယ်ပေါ့။ စောင့်နေပေးပါတဲ့ ဟိုတစ်နေ့က ဟာသပြောတဲ့ဆု လာပေးပါမယ်တဲ့။ ခဏနေတော့ ရောက်လာရော။ ဖိလစ်ပိုင်က မာစီဆိုတဲ့ ကျောင်းသူလေး။ ယန်းနှစ်ရာကို လက်မှတ်တွေဘာတွေထိုးပြီး လက်ခံလိုက်ရတာ။ သူ့ကိုလည်း အခန်းထဲမှာ ချိတ်ထားတဲ့ မြန်မာပြည်က ယူလာတဲ့ နှစ်ပါးသွား ကနေတဲ့ ကားချပ်လေး လက်ဆောင် ပြန်ပေးလိုက်တယ်။
    ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။ စိတ်ဝင်စားစရာ မကောင်းတာကို ဆုံးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျ

Monday 20 October 2014

Fire Walking

ဂျပန်မီးနင်းပွဲ
20 October 2014
Hakkaisan Sonjinja Shrine
.
The Hakkai-san Fire Walking Festival takes place twice a year in spring and autumn, at two different shrines at the start of the hiking routes up Mount Hakkai. The autumn festival is always held on October 20th at the Hakkai Shrine. Groups from all over Japan come to the festival to walk across hot coals to ensure health and prosperity.

The shrine is a really nice place at the foot of Mount Hakkai with a main shrine sitting on a slope, and a smaller shrine set in the cedar forest next to a small waterfall (under which devotees shower in mid-winter at another event!)

The festival takes place on a large open space in front of the main shrine. Fireworks announce the start of the festival at 11am. There is about an hour of praying and offerings from priests in religious costume, and local dignitaries before the fire makes its way down the 88 steps from the main shrine to the big bonfire. This quickly catches and gives off an impressive amount of heat that drives the crowds back. The hot coals are raked and then the action begins. The priests cross first followed by groups of devotees. Everyone else is allowed to cross after that. Young children, the elderly and the infirm all line up to cross and receive their blessings.


Firewalk Festival

စနစ်တကျ တန်းစီ ကားစောင့်
 အခမ်းအနားဝင် နတ်ဆရာများ


 မီးနင်းပြီး ခြေဆေးကြ

 ဘိုးဘွားများ

 ဖျာနဲ့ ထိုင်ခုံနဲ့ နားနားနေနေ

 အပေါ်စီး မြင်ကွင်း

 မီးနင်းနေကြစဉ်

 မီးနင်းသူများ ၀တ်ကြသော ၀တ်စုံ

 မီးနင်းဖို့ စောင့်ဆိုင်းနေသော လူအုပ်ကြီး

 မီးနင်း ပစ္စည်းများ ရောင်းချ

 အ၀င်ဝ



Tuesday 7 October 2014

ကျောင်းဖွင့်ပြီ


သစ်ရွက်စိမ်းစိမ်းတွေက အ၀ါတွေ အနီတွေ အရောင်ပြောင်းစပြုတဲ့ အချိန်မှာပဲ ဆောင်းဦးရွက်ကြွေတန်းရဲ့ သင်ခန်းစာတွေ ဒီနေ့ စပါပြီ။ ပြီးခဲ့တဲ့ ရက်တွေက တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့ ရာသီဥတုက တမှိုင်းမှိုင်း တညို့ညို့ ရှိခဲ့ရာ ဒီကနေ့တော့လည်း သူပဲ မဟုတ်တော့သလိုနဲ့ သာယာလှပနေပြန်ပါပြီ။ ပထမဆုံး ကျောင်းတက်ရတဲ့နေ့ကို သာသာယာယာ လှလှပပ ထွေးပွေ့ခွင့်ရတဲ့အတွက်လည်း အတိတ်ကောင်း နိမိတ်ကောင်းအဖြစ် မှတ်ယူလိုက်ပါတယ်။ ဒီပုံကတော့ ကျောင်းကပြန်လာတဲ့အချိန် အခန်းထဲကနေ ရိုက်ထားတဲ့ပုံပါ။ မြင်ကွင်းထဲမှာ စိမ်းစိမ်းမြမြ လှပနေတဲ့ မြက်ခင်းပြင်ရယ်၊ ငလျင်လှူပ်ရင် ပြေးခိုရမယ့် အားကစား ခန်းမကြီးရယ် အဲသည်နောက်က ကျောင်းဆောင်တွေရယ် ဟိုးဝေးဝေးက မှိုင်းပျပျ တောင်တန်းတွေရယ် လက်ကျန်သစ်ရွက်တွေကို ပန်ဆင်ထားတဲ့ ချယ်ရီပင်တွေရယ် ပြီးတော့ ဦးတည်ရာမဲ့ လျှောက်သွားနေတဲ့ တိမ်လိပ်တိမ်စိုင် ဖြူ ဖြူ ဖွေးဖွေးကြီးတွေရယ်

Monday 6 October 2014

City Office

The first thing we are to do when we check in a new address is going to the city office for registering our residence. The public service procedure and system is amazingly smooth and efficient. The city office staff warmly welcomes the guest and gives necessary support willingly. There is an English-speaking staff for non-Japanese speakers. Every guest is treated very attentively. There is also enough space and furniture for the convenience of the visitors, and the paper-work procedure is surprisingly simple. I found no unpleasant red-tape at all.
.
In my country we can expect such customer-care from a very good private bank which is well-known with a good reputation of their customer service (but I am not sure whether you will be treated well every time)
.
6 October 2014

Sunday 5 October 2014

Group Work

FPA (Foreign Policy Analysis) class was one of the most challenging courses for everyone of us in the Fall Term of my first year student life in IUJ. We even did not know how to read an academic article properly, and it led to misunderstanding and misinterpretation of what the author wanted to argue. Although we collectively tried to digest the reading material, none of us could suggest a good way to deal with it. Even knowing every single word and each sentence of the article did not help understand the whole work of the author. Later, we got an idea to share the burden among the colleagues and assigned each of us to read a particular article, but it still was not workable. After getting over the failure of our attempt for several times, we came to know how to improve our way of reading.
.
The photo was taken in the lounge 2 of SD 2 where we gathered to discuss the article in the Fall Term of 2014.

Friday 3 October 2014

Fresher Welcome

Every single fresher’s name was called out and requested to show up. It was the welcome ceremony. The sponsor organizations were also invited to attend. The Chairman, the President, the city councilman gave their welcoming speeches and the Deans of the school introduced the professors to the students. The talk show was followed by a chaotic situation where almost everyone wanted to take pictures on the stage or before it. Organizing a group photo session of the nation was very challenging.
.
3 October 2014

Thursday 25 September 2014

Rice Planting Festival

The typical Japanese meal consists of a bowl of rice ご飯. My school area, Minamiuonuma-shi, is famous for Koshihikari and rice related product like sake. Family size farms in the area are mostly managed by old persons. In spite of mechanized farming, traditional techniques are also promoted to hand it over to the fresh generations. Rice harvesting event is always celebrated in mid-September to early October and students from primary schools to universities are invited to participate. The participants are provided with necessary stuff like sickle and gloves. Honestly speaking, I have never been to a farm for harvesting rice in my own country where agriculture is one of the main productive sectors. The farmers serve the guests with local foods, sake, and beer, and the oldies and the youths happily cheer together.
.
The photo was taken in 2014 rice harvesting season.

Tuesday 9 September 2014

ပါတီကူးပြောင်းခြင်းနှင့် စပ်လျဉ်း၍

 ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ပြီးတဲ့အချိန်မှာ အမျိုးသားလွှတ်တော်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ လွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးဟာ သူ့ရဲ့ မိခင်ပါတီကို စွန့်ခွာပြီး  ပြန်လည်မှတ်ပုံတင်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၀င်ရောက်သွားခဲ့တာ မှတ်မိကြအုံးမယ်ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲတောင် မ၀င်ရသေးတဲ့ ပါတီဟာ လွှတ်တော်ထဲမှာ အမတ်တစ်ယောက် ရောက်နှင့်လို့နေတာ နည်းနည်းတော့ ဆန်းတယ်လို့ ထင်စရာပါပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီလို လွှတ်တော်အမတ်တစ်ယောက် ပါတီကူးပြောင်းသွားတာဟာ အခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ မေးခွန်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
    လက်ရှိကျင့်သုံးနေတဲ့ အခြေခံဥပဒေမှာတော့ ဒီလို ပါတီကူးပြောင်းမှုနဲ့ ပတ်သက်ပြီး သီးခြား ပြဌာန်းထားတာ မတွေ့ရပါဘူး။ နိုင်ငံရေးပါတီများနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေမှာ ပါတီကူးပြောင်းမှုနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေ ထည့်သွင်းထားတာ မတွေ့ရပါဘူး။ အမျိုးသားညီလာခံ မှတ်တမ်းများကို ဖတ်ရှုလေ့လာကြည့်ရာမှာလည်း ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာ မတွေ့ရပါဘူး။ ( ကျွန်တော်မျက်စိလျှမ်းပြီး မတွေ့မိတာလည်း ဖြစ်နိုင်ပါတယ်။) အမျိုးသားညီလာခံ တက်ရောက်ခဲ့တဲ့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်အချို့ရဲ့ အပြောအရ ဒီကိစ္စကို အခြေခံဥပဒေထဲ ထည့်ရေးလိုက်ရင် တင်းကျပ်တဲ့ စည်းမျဉ်းတစ်ခု ဖြစ်သွားနိုင်တာမို့ ထည့်မရေးခဲ့တာလို့ ပြောပါတယ်။  ဒီတော့ ထုံးစံအတိုင်း တစ်ခြားနိုင်ငံတွေမှာရော ဒီလိုမျိုးတွေ ရှိသလားဆိုတာ လေ့လာကြည့်မိပါတယ်။ ကျွန်တော် နားလည်သလောက် ပြန်လည်တင်ပြ ပါရစေ။
    ပါတီကူးပြောင်းမှု တားမြစ်ချက် ဥပဒေရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံမှာ ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီ လုပ်ကြံခံရပြီးနောက် ရာဂျစ်ဂန္ဒီအစိုးရ တက်လာပါတယ်။ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီအာဏာရအပြီး ၁၉၈၅ ခုနှစ်မှာ အခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၅၂ ကို လုပ်ဆောင်ပြီး ဇယား ၁၀ ကို အခြေခံဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းခဲ့ပါတယ်။ ဇယား ၁၀ ကတော့ အထက်မှာ ပြောခဲ့တဲ့ ပါတီကူးပြောင်းမှုကို တားမြစ်တဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။
    ဆိုခဲ့ပါ ဥပဒေအရ လွှတ်တော်အမတ်တစ်ယောက်ဟာ ဒီလိုအချက်အလက်တွေ နဲ့ညိစွန်းရင် လွှတ်တော်အမတ်တစ်ယောက်ရဲ့ အရည်အချင်း ပျက်ယွင်းတယ်လို့ ပြဌာန်းထားပါတယ်။ အဲဒါတွေကတော့ အမတ်တစ်ယောက်ဟာ သူ့သဘောနဲ့သူ နိုင်ငံရေးပါတီဝင်အဖြစ်က နုတ်ထွက်လိုက်ခြင်း၊ မိခင်ပါတီ ဒါမှမဟုတ် မိခင်ပါတီကဲ့သို့ သူ့အပေါ် သြဇာသက်ရောက်သူရဲ့ ကြိုတင်ခွင့်ပြုချက်မရဘဲ ပါတီရဲ့ သဘောထားနဲ့ ဆန့်ကျင်မဲပေးခြင်း ဒါမှမဟုတ် မဲမပေးဘဲနေခြင်း တို့နဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာပါတီက ၁၅ ရက်အတွင်းမှာ ကိစ္စမရှိဘူးလို့ သဘောထား ထုတ်ပြန်ခြင်း မပြုရင် (သက်ဆိုင်ရာပါတီက ခွင့်မလွှတ်ရင်) လွှတ်တော်အမတ်တစ်ယောက်ရဲ့ အရည်အချင်း ပျက်ယွင်းပါတယ်။ ဆိုလိုတာက လွှတ်တော်အမတ်အဖြစ်က ရပ်စဲခံရမယ်ဆိုတဲ့ သဘောပါပဲ။
    အိန္ဒိယနိုင်ငံ လွှတ်တော်တွေထဲမှာ ရွေးကောက်ခံ အမတ်တွေသာမက သမ္မတက တိုက်ရိုက်အမည်စာရင်း တင်သွင်းတဲ့ အမတ်တွေလည်း ဒီပြဌာန်းချက်နဲ့ အကျုံးဝင်ပါတယ်။ အမည်စာရင်းတင်သွင်းလို့ ဖြစ်လာတဲ့အမတ်တစ်ယောက်ဟာ သူအမတ်ဖြစ်လာပြီး ခြောက်လမကျော်ခင်မှာ ပါတီတစ်ခုခုရဲ့ ပါတီဝင်ဖြစ်တယ်ဆိုရင် ဒီပြဌာန်းချက်နဲ့ အကျုံးဝင်ပါတယ်။
    ပါတီတွေ ခွဲထောင်ကြတာနဲ့ ပတ်သက်ပြီးတော့လည်း ပြဌာန်းပေးထားပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကနေ အမျိုးသားဒီမိုကရေစီပါတီသစ် ခွဲထောင်လိုက်တဲ့သဘောမျိုးကို ပြောတာပါ။ တကယ်လို့ ပါတီတစ်ခုတည်းက ပါတီခွဲ ထောင်လိုက်တယ်ဆိုရင် အသစ်တည်ထောင်လိုက်တဲ့ ပါတီမှာလည်း မူလပါတီက ပါတီဝင်အမတ် သုံးပုံတစ်ပုံထက်မနည်း ပါဝင်တယ်ဆိုရင်တော့ ဒီပြဌာန်းချက်နဲ့ အကျုံးမ၀င်ပါဘူး။ ဒီနည်းနဲ့ ပါတီခွဲထောင်တာက တရားဝင်တဲ့ သဘောဖြစ်ပါတယ်။
    နောက်တစ်ခါ ပါတီတွေ ပူးပေါင်းတည်ထောင်ကြတာနဲ့ ပတ်သက်ပြီးတော့လည်း ပြဌာန်းထားပါသေးတယ်။ ပါတီတွေ ပူးပေါင်းပြီး တစ်ပါတီတည်းမှာ စုစည်းလိုက်ကြတာ ဒါမှမဟုတ် ပါတီအသစ်တစ်ခု တည်ထောင်လိုက်ကြတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မူလပါတီဝင် အနည်းဆုံး သုံးပုံနှစ်ပုံက သဘောတူတယ်ဆိုရင် ဒီပြဌာန်းချက်နဲ့ အကျုံးမ၀င်ပါဘူးတဲ့။ အဲဒါ တရားဝင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ (အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၉၁ (၂၀၀၃))
    တကယ်လို့ အဲသည်လို လုပ်တဲ့အမတ်ဟာ သာမန်အမတ်တစ်ယောက်မဟုတ်ဘဲ လွှတ်တော် ဥက္ကဌ သို့မဟုတ် ဒုဥက္ကဌဖြစ်နေရင် ဘယ်လိုလုပ်မလဲ ဆိုတာလဲ ထည့်သွင်းပြဌာန်းထားပါသေးတယ်။ လွှတ်တော်ဥက္ကဌ သို့မဟုတ် ဒုဥက္ကဌတစ်ယောက်ဟာ ပါတီတစ်ခုကနေ မိမိဘာသာနုတ်ထွက်လိုက်ပြီး လွှတ်တော်ဥက္ကဌတာဝန် ဆက်လက်ထမ်းဆောင်နေစဉ်အတောအတွင်း အဲသည်ပါတီကိုလည်း ပြန်မ၀င် အခြားပါတီတစ်ခုခုကိုလည်း မ၀င်ဘူးဆိုရင်၊ ဒါမှမဟုတ် လွှတ်တော်ဥက္ကဌတာဝန်ကို ရပ်စဲပြီး ပါတီကို ပြန်ဝင်မယ်ဆိုရင် တရားဝင်ကြောင်း ပြဌာန်းထားပါတယ်။
    ဒီလိုရှုပ်ထွေးတဲ့ ပြဌာန်းချက်တွေကြောင့် လွှတ်တော်အမတ်တစ်ယောက်ရဲ့ လုပ်ရပ်တစ်ခုခုဟာ ဒီဥပဒေနဲ့ ညိစွန်းမှု ရှိမရှိ ဆုံးဖြတ်ပိုင်ခွင့်ကို လွှတ်တော်ဥက္ကဌလက်ထဲ အပ်နှင်းထားပါတယ်။ လွှတ်တော်ဥက္ကဌကိုယ်တိုင် ဒီလုပ်ရပ်ကို လုပ်ဆောင်တာဆိုရင် အမတ်တွေ အသစ်ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို တရားရုံးများက ဆုံးဖြတ်ပေးပိုင်ခွင့် မရှိပါဘူး။
    အခြေခံဥပဒေရဲ့ ဇယား ၁၀ ပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်မယ့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို လွှတ်တော်ဥက္ကဌများက ထုတ်ပြန်ပြဌာန်းပေးရမှာ ဖြစ်ပါတယ်။
    ဒီလောက်ဆိုရင် လွှတ်တော်အမတ်များ ပါတီကူးပြောင်းမှုနဲ့ ပတ်သက်ပြီး အိန္ဒိယ အခြေခံဥပဒေက ပြဌာန်းထားချက်တွေကို သဘောပေါက်ပြီလို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုဥပဒေပြဌာန်းချက်မျိုး လိုအပ်သလား မလိုအပ်ဘူးလားဆိုတာ စဉ်းစားသုံးသပ်ကြဖို့ပါ။
    ရွှင်လန်းချမ်းမြေ့ကြပါစေဗျ #


Sunday 31 August 2014

ကံ့ကော်မြေသို့ နောက်ထပ်ခေါက်

    ရန်ကုန်မြေကို ခွဲခွာရတော့မယ်ဆိုတော့ ရန်ကုန်မှာ ဘာတွေများ လွမ်းစရာကျန်ရစ်ခဲ့မှာပါလိမ့်လို့ ပြန်တွေးမိတယ်။ တစ်ခါမှ အတူတူ ဒီလောက်အကြာကြီး မနေဖူးတဲ့ ချစ်သမီး ပန်းပွင့်လေးရယ် ပန်းပွင့်လေးရဲ့ မေမေရယ်နဲ့ မိသားစုဘ၀လေးကို တစ်နှစ်တာ ပိုင်ဆိုင်ခဲ့ရတာကတော့ အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ပါးပါပဲ။ ရန်ကုန်မှာ နေရတဲ့အချိန်လေးမှာ ပျော်စရာကောင်းရဲ့လား ဆိုရင်တော့ ပျော်စရာလည်းရှိ ကြည်နူးစရာလည်းရှိ စိတ်ပျက်စရာလည်းရှိ အားတက်စရာ စိတ်ဓာတ်ကျစရာတွေလည်းရှိ ပြီးတော့ စိတ်ဖိစီးရတဲ့ နေ့တွေလည်း ရှိခဲ့တာပေါ့။
    မြန်မာစင်္ကာပူ သင်တန်းကျောင်းမှာဖွင့်တဲ့ အင်္ဂလိပ်စာ သင်တန်းကို တစ်လတာ တက်ရောက်ဖို့ ရန်ကုန်ရောက်နေတဲ့အချိန်မှာ နောက်ပိုင်းက သဘောထားတစ်ခု လှမ်းမေးပါတယ်။ ရန်ကုန်တက္ကသိုလ် အိုင်စီအိုအီးက ဖွင့်မယ့် ဆယ်လကြာ အိုင်အာသင်တန်းကို တက်မလားတဲ့။ အိုင်စီအိုအီးဆိုတာလည်း ဘာမှန်းမသိလို့ စုံစမ်းပါရစေ နက်ဖြန်မှ အကြောင်းပြန်ပါရစေ ဆိုတာတောင် နက်ဖြန်ထိ မစောင့်နိုင်လို့ ခုချက်ချင်း အဖြေပေးရမယ်ဆိုလို့ ရန်ကုန်မှာ ကျောင်းတက်တော့ ပန်းပွင့်လေးတို့နဲ့ နေရတာပေါ့ ဆိုတဲ့ အားသာချက်တစ်ခုတည်းနဲ့တင် တက်သင့်ပါတယ်လေလို့ ဆုံးဖြတ်ပြီး တက်ပါမယ်လို့ ကတိပြုလိုက်တယ်။ အဲဒါဆိုရင်တဲ့ ဒီအီးမေးကို ဆက်သွယ်ပြီး ကျောင်းတက်ဖို့ကိစ္စ ဆက်လုပ်ပါ ဆိုပြီး အီးမေး တစ်ခုပေးပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ဖို့ အီးမေးတစ်ခုက စခဲ့တယ်လို့ ဆိုရမှာပါ။ ဂျီတော့ဆိုတာတောင် ကောင်းကောင်း မသိသေးတဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ၂၀၀၃ ခုနှစ်လောက်ကတည်းက သုံးလာခဲ့တဲ့အီးမေး။ ရံဖန်ရံခါ လိုအပ်မှသာ သုံးဖြစ်တဲ့ အီးမေးဟာ ဒီသင်တန်း တက်ပါပြီ ဆိုကတည်းက ပြန်လည် နိုးကြား အသက်ဝင် အသုံးဝင်လာခဲ့ပါတော့တယ်။
    အိုင်စီအိုအီးကို အီးမေးလှမ်းပို့ပြီး အကျိုးအကြောင်း စုံစမ်းတော့ နက်ဖြန် လျှောက်လွှာတင်ရက် နောက်ဆုံးဖြစ်လို့ အမြန်ဆုံး လျှောက်လွှာတင်ဖို့ စာပြန်လာပြီး လျှောက်လွှာပုံစံတစ်စောင်ပါ တွဲပို့ပေးပါတယ်။ ညတွင်းချင်းပဲ လျှောက်လွှာဖြည့် လိုအပ်တဲ့ စာစီစာကုံးတစ်ပုဒ်ရေးပြီး နောက်တစ်နေ့မှာ ကိုယ်တိုင်ပဲ သွားပို့လိုက်ပါတယ်။ ၀င်ခွင့်အတွက် လျှောက်လွှာအက်ဆေး အရေးအသားနဲ့ အင်္ဂလိပ်စာ အရေးအဖတ်အပြောနဲ့ နားထောင်စွမ်းရည်တွေ စစ်ဆေးမယ့်ရက်ကို မှတ်ပြီး တက်လက်စ အင်္ဂလိပ်စာ သင်တန်း ဆက်တက်နေပါတယ်။
    အင်္ဂလိပ်စာ အရေးအဖတ် နဲ့ နားထောင်စွမ်းရည် စစ်ဆေးမယ့်နေ့မှာ ကျောင်းကို အစောကြီး ရောက်နေတာ။ သစ်ပုတ်ပင်ကြီးဘေးက အုတ်ခုံလေးတစ်ခုမှာ ထိုင်ပြီး တယ်လီဖုန်းကို ဟိုပွတ်ဒီပွတ် ပွတ်နေတုန်း ဖုန်းသံထမြည်တော့ ရုံးကဖြစ်နေပါတယ်။ ဦးစီးအရာရှိလေးတစ်ယောက် ဖုံးဆက်တာပါ။ ဘာများပါလိမ့်ဆိုပြီး မေးကြည့်တော့ အစ်ကိုကြီးတဲ့ အခု အစ်ကိုကြီး တက်မယ်ဆိုတဲ့ သင်တန်းကို အန်ဒီစီက အရာရှိကြီးတစ်ယောက်ကို ထည့်ဖို့ ဒုချုပ်က မှတ်ချက်ပေးပါသတဲ့။ အဲဒါ လှမ်းအကြောင်းကြားတာပါတဲ့။ စာမေးပွဲ ဖြေခါနီး လူက ဆောက်တည်ရာ ရှာနေရတဲ့အချိန်မှာ အဲသည်လို သတင်းစကားမျိုးကြားရတာ ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ဖြစ်လိမ့်မလဲ စဉ်းစားသာကြည့်တော့။ ဒါနဲ့ပဲ အကြောင်းပြန်လိုက်တယ်။ အေး ဘယ်သူ့ကိုပဲ တက်ခိုင်းခိုင်း အခု နောက်ထပ် နာရီဝက်နေရင် ၀င်ခွင့်စာမေးပွဲ စတော့မယ်။ ခုမှတော့ ဘယ်သူမှ ထပ်လာလို့လည်း မမီနိုင်တော့ဘူး။ အဲသည်တော့ ငါ ဒီစာမေးပွဲကို ၀င်ဖြေလိုက်မယ်။ ၀င်ခွင့်အောင်တယ်ဆိုရင် သတင်းပို့မယ်။ လျှောက်လွှာပိတ်ရက်က ကျော်သွားပြီမို့ ၀င်ခွင့်ကို ၀င်ဖြေပြီးပါပြီလို့သာ သတင်းပို့လိုက်တော့လို့ ပြောလိုက်ပါတယ်။ ဖုန်းဆက်တဲ့ ဦးစီးအရာရှိလေးက ဟုတ်ကဲ့ပါ အစ်ကိုကြီး ဆိုပြီး ဖုန်းချသွားပါတယ်။
    အရေးအဖတ်ကတော့ အထွေအထူး မရှိပါဘူး။ နားထောင်စွမ်းရည် စစ်ဆေးတာတော့ နည်းနည်း ဆန်းတယ်ပြောရမယ်ထင်တယ်။ ခါတိုင်း နားထောင်စွမ်းရည် စစ်ဆေးရင် အသံသွင်းထားတာကို ပြန်ဖွင့်ပြတတ်တာ ဖြစ်ပေမယ့် ဒီနေ့ကတော့ တာဝန်ကျဆရာက ဖတ်ပြတာကို နားထောင်ပြီး မေးခွန်းတွေ ဖြေရမှာတဲ့။ အခန်းနှစ်ခန်း ရှိတဲ့အထဲမယ် တစ်ဘက်ခန်းက ဂျွန်ဆိုတဲ့ ဗြိတိသျှဆရာတစ်ယောက် တာဝန်ကျပြီး ကျွန်တော်တို့အခန်းမှာတော့ ပီတာဆိုတဲ့ အမေရိကန်ဆရာတစ်ယောက် တာဝန်ကျပါတယ်။ အမေရိကန်သံကို နားမယဉ်သေးတဲ့ အတွက် တော်တော် ခက်တယ်လို့ ဆိုရမှာပါ။ ဟိုဘက်ခန်းက ဆရာကတော့ မြန်မာတွေ နားလည်လောက်တဲ့ လေသံမျိုးနဲ့ ကောင်းကောင်းလေး ဖတ်ပြလို့ ဖြေနိုင်ကြတယ်ဆိုတာ နောက်တော့ သိရပါတယ်။
    နောက်တစ်ရက်ကျော်မှာ လူတွေ့သဘောမျိုး ဖြေရပါတယ်။ ဒါကတော့ အပြောစွမ်းရည်ကို စစ်ဆေးတဲ့သဘော ထင်ပါရဲ့။ အဲသည်မှာလည်း ပီတာနဲ့ပဲ ကျပါတယ်။ သူနဲ့ စကားပြောရတာ ကောင်းပေမယ့် ကိုယ့်သဘောထားတွေ ပြောပြတဲ့နေရာမှာ ကိုယ့်ရဲ့ နောက်ခံဗဟုသုတ မပြည့်စုံမှုကြောင့် သေသေချာချာ မပြောပြလိုက်နိုင်တာလေးတွေလည်း ရှိခဲ့ပါတယ်။ နောက်ဆုံး မေးခွန်းကတော့ ဘယ်မှာနေတာလဲတဲ့ ကျောင်းတက်မယ်ဆိုရင် ရန်ကုန်မှာနေပြီး တက်နိုင်ပါ့မလားတဲ့။ တက်နိုင်ပါတယ်ပေါ့။
    မကြာခင် ရက်ပိုင်းအတွင်းမှာ ပီတာ့ဆီက အီးမေးတစ်စောင် ၀င်လာပါတယ်။ အိုင်စီအိုအီးမှာ တက်ရောက်ဖို့ လက်ခံလိုက်တဲ့အကြောင်း ၊ တက်ဖြစ်မတက်ဖြစ် အမြန်ဆုံး အကြောင်းပြန်ကြားပေးပါဆိုပြီး ရေးထားပါတယ်။ ၀င်ခွင့်အောင်တယ် ဆိုပေမယ့် တကယ်တော့ အပြည့်အ၀ မပျော်နိုင်သေးပါဘူး။ ၀င်ခွင့်အောင်တဲ့အကြောင်း ရုံးကို အီးမေး ဆက်လွှဲပြီး သတင်းပို့တော့ အထက်ကို ဆက်တင်ပြပေးမယ်လို့ ဆိုပါတယ်။ နောက်ဆုံးကျတော့ ၀င်ခွင့်အောင်တဲ့သူ တက်ရောက်စေ ဆိုတဲ့ အမိန့်ရောက်လာမှ သက်မချရပါတော့တယ်။ ၀င်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ကြောင်း သေသေချာချာ တက်ရောက်မှာဖြစ်တဲ့အကြောင်း အဲဒီအချိန်ကျမှ ပြန်စာ ရေးနိုင်ပါတော့တယ်။   
    ၂၀၁၃ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတဲ့ အင်္ဂလိပ်စာ တစ်လသင်တန်းမှာ ဆရာဆရာမ လေးယောက် သင်ပါတယ်။ ဆရာမ ဒေါ်မေပုလဲသွေး၊ ဆရာမ ကက်သလင်းသိန်း၊ ဆရာဂျွန်ဝင်းဝပ် နဲ့ ဆရာပီတာ တို့ပဲ ဖြစ်ပါတယ်။ ဆရာပီတာက အင်္ဂလိပ်စာ သင်တာထက် Critical Thinking နဲ့ ပတ်သက်ပြီး ဆွေးနွေးတာ များပါတယ်။ အင်္ဂလိပ်စာတန်း တစ်လ ပြီးခါနီးမှာ Presentation လုပ်တော့ မြန်မာ့ဥပဒေပြုရေးမဏ္ဍိုင်အကြောင်း တင်ဆက်ခဲ့ပါတယ်။
    အင်္ဂလိပ်စာသင်တန်း တစ်လအတွင်းမှာ စိမ်းလန်းစိုပြည် ပျော်ပွဲစားသဘောမျိုး တစ်ရက်သွားကြပါတယ်။ နောက်ဆုံးနေ့မှာတော့ ကျောင်းမှာပဲ ဒန်ပေါက်ထမင်းစား အအေးသောက်ပြီး သီချင်းဆိုကြ လက်ဆောင်ပေးကြ အမှတ်တရ ရေးကြပေါ့။ ဆရာမ ပုလဲရဲ့ စိတ်ကူးဖြစ်တဲ့ စာရွက်တစ်ရွက်စီပေါ်မှာ တစ်ယောက်ချင်းစီရဲ့ မှတ်ချက်လေးတွေ အမှတ်တရ စကားလေးတွေ ရေးဖြစ်ကြတာကတော့ အမြဲ သိမ်းထားရမယ့် ရတနာ တစ်ပါးပါပဲ။
    ပုံမှန်အတန်းတွေ ကို ဒီဇင်ဘာလမှာ စပါတယ်။ မြန်မာ့မြေပေါ်က အမေရိကန် ပညာရေးစနစ်အကြောင်း ကျွန်တော်တို့တွေ ဘယ်လို ဒရွတ်ဆွဲ လိုက်ပါခဲ့ရကြောင်းတွေကို နောက်စာတွေမှာ ရေးပေးပါ့မယ်။
    ရွှင်လန်းချမ်းမြေ့ကြပါစေဗျ #

အိုင်စီအိုအီးဆိုတာ


    မြန်မာ့မြေပေါ်က အမေရိကန် ပညာရေးစနစ်အကြောင်း မပြောပြခင် အိုင်စီအိုအီး ဆိုတာ ဘာလဲဆိုတာကို အရင် ပြောပြချင်ပါတယ်။ အိုင်စီအိုအီးဆိုတာ Johns Hopkins International Center of Excellence at Yangon University ရဲ့ အတိုကောက်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ပညာရေးပြုပြင်ပြောင်းလဲ မြှင့်တင်ရေး အစိတ်အပိုင်း တစ်ရပ်အဖြစ် စီအိုအီးတွေ တည်ထောင်ခြင်းရဲ့ နောက်ဆက်တွဲ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ အိုင်စီအိုအီးရဲ့ ရည်မှန်းချက်ထဲမှာ တစ်ချိန်တစ်ခါက အရှေ့တောင်အာရှ အကောင်းဆုံးတက္ကသိုလ်ကြီးဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ရဲ့ ကျယ်ပြောလှတဲ့ ပညာသင်ကြားမှုနယ်ပယ်ကို ချဲ့ထွင်တဲ့ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံက တက္ကသိုလ် ပညာရပ်ဆိုင်ရာ နည်းပြဆရာဆရာမငယ်တွေ၊ လုပ်ငန်းခွင်မှာ ၀င်ရောက်နေတဲ့ ကျွမ်းကျင်သူပညာရှင်တွေ၊ ဥာဏ်ကြီးရှင် အဖွဲ့အစည်းဝင်တွေကို အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ နိုင်ငံတစ်ခုမှာ လိုအပ်နေတဲ့ နိုင်ငံရေးရာသုတေသန နဲ့ ဆွေးနွေးငြင်းခုံမှုတွေမှာ အသိပညာနဲ့ ဝေဖန်ဆန်းစစ် ပိုင်းခြားနိုင်စွမ်းတွေ မြင့်မားလာစေဖို့အတွက် ကမ္ဘာ့အဆင့်မီ ပညာရှင်တွေကို စုစည်းပြီး သင်တန်းတွေ ပို့ချပေးဖို့ ရည်ရွယ်ထားပါတယ်။
    ၂၀၁၀ ခုနှစ်ကတည်းက စပြီး ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ဆေးပညာဌာန၊ ပြည်သူ့ကျန်းမာရေးပညာဌာနနဲ့ အဆင့်မြင့်နိုင်ငံတကာလေ့လာရေးပညာ သင်တန်းကျောင်းတွေက ပညာရှင်တွေဟာ ပညာသင်ဆုတွေ စီစဉ်ပေးတာ၊ ရန်ကုန်ဆေးတက္ကသိုလ် ၁ က ဆရာ ဆရာမတွေကို အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ပေးတာ၊ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးမှာ ပုဂ္ဂလိက အခန်းကဏ္ဍအဖြစ် ရန်ကုန်နဲ့ နေပြည်တော်မှာ အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတွေကိုလည်း အမေရိကန်နိုင်ငံ ၀ါရှင်တန်နဲ့ မြန်မာနိုင်ငံ နေပြည်တော်တို့မှာ နှစ်ကြိမ် ကျင်းပပေးခဲ့တာ၊ မြန်မာ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ကို ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်နိုင်ရေး စီစဉ်ပေးခဲ့တာ၊ ၀န်ကြီးအဆင့် ကျန်းမာရေး ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်နိုင်ငံ ဘာတီမိုးနဲ့ ၀ါရှင်တန်ကို ဖိတ်ခေါ်ပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုတွေကို အသိမှတ်ပြုတဲ့အနေနဲ့ ၂၀၁၁ ခုနှစ်မှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာ၊ ၂၀၁၃ ခုနှစ်မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ၀ါရှင်တန်မှာရှိတဲ့ နိုင်ငံတကာလေ့လာရေး အဆင့်မြင့်သင်တန်းကျောင်းကို ဖိတ်ကြားခဲ့တာတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်များဆီက ရန်ကုန်တက္ကသိုလ်ရဲ့ ထူးချွန်ပြောင်မြောက်မှုများကို မြှင့်တင်ပေးခဲ့တာကို အသိအမှတ်ပြုသောအားဖြင့် ဂျွန်ဟော့ကင်းတက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်ဆီ ပြန်လည်ပူးပေါင်းဖို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက ဂျွန်ဟော့ကင်းတက္ကသိုလ် အဓိပတိ ရွန်ဒန်နီယယ်နဲ့ တွေ့ဆုံစဉ် သမ္မတကြီး ဦးသိန်းစိန်က ဖိတ်ကြားခဲ့ပါတယ်။ အဲသည်ဖိတ်ကြားချက်ရဲ့ ရလဒ်အဖြစ် ရန်ကုန်တက္ကသိုလ်မှာ အိုင်စီအိုအီးကို ထူထောင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
    နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ နိုင်ငံ့ရေးရာစီးပွားရေးပညာရပ်များရဲ့ ရှေ့ပြေး အစီအစဉ်တစ်ခုကို တောင်ကိုရီးယား ချောင်အန်းတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ၂၀၁၃ ဇန်န၀ါရီလမှာ စတင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် မူဝါဒရေးဆွဲသူများကို သင်ကြားပို့ချမယ့် တက္ကသိုလ်ဆရာဆရာများကို အထက်ဖော်ပြပါ တက္ကသိုလ်နှစ်ခု ပူးပေါင်းပြီး ဘွဲ့လွန်အဆင့် သင်ရိုး ၁၂ ခု သင်ကြားပေးခဲ့ပါတယ်။ 
    ၂၀၁၃ အောက်တိုဘာလမှာ အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID)၊ အမေရိကန် မြန်မာ နဲ့ ထိုင်းနိုင်ငံတို့က ပုဂ္ဂိုလ်တစ်ချို့ဟာ အိုင်စီအိုအီး အစီအစဉ်များကို ကူညီထောက်ပံ့ဖို့ စုဖွဲ့ခဲ့ကြပါတယ်။ မြန်မာ့တက္ကသိုလ်များ၊ အစိုးရဌာနများနဲ့ ဥာဏ်ကြီးရှင် အဖွဲ့အစည်းများက ၂၆ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ အင်္ဂလိပ်စာနဲ့ ပညာလေ့လာမှုဆိုင်ရာ စွမ်းရည်မြှင့် အခြေခံ လေးပတ်သင်တန်း ပို့ချပေးပြီးတဲ့နောက် အဆိုပါ စာသင်သား ၂၆ ယောက်ဟာ နိုင်ငံတကာ ဆက်ဆံရေး ပညာ၊ စီးပွားရေးပညာ၊ နိုင်ငံရေးနှိုင်းယှဉ်လေ့လာပညာ နဲ့ သဘာဝပတ်ဝန်းကျင်မူဝါဒဆိုင်ရာများကို အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျနိုင်ငံတွေက ကမ္ဘာ့အသိအမှတ်ပြု တက္ကသိုလ်ကြီးတွေက အကြီးတန်း ပါမောက္ခများနဲ့ သင်ကြားပို့ချခဲ့ပါတယ်။     နိုင်ငံတကာ ပညာရှင်များနဲ့ အိုင်စီအိုအီး စာသင်သားများဟာ မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ပူးပေါင်း ကြိုးပမ်းလျက် ရှိပါတယ်။    
    သုတေသနဓလေ့ကို အားပေးမြှင့်တင်ဖို့အတွက် ရန်ကုန်တက္ကသိုလ် ဆရာ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများအတွက် အီလက်ထရောနစ် စာကြည့်တိုက်တစ်ခုကို ၂၀၁၄ ခုနှစ် မတ်လမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ စာကြည့်တိုက်မှာ စာအုပ်စာတမ်း ဆောင်းပါး နဲ့ ပါရဂူစာတမ်းပေါင်း လေးသန်းကျော်ကို ရှာဖွေဖတ်ရှုနိုင်ပါတယ်။
    ရန်ကုန်မြို့နဲ့ နေပြည်တော်တို့မှာ ပြည်သူ့ရေးရာ မူဝါဒများနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ နဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို အိုင်စီအိုအီးက ကမကထပြု လုပ်ဆောင်လျက် ရှိပါတယ်။ မြန်မာ့ပညာရေးလောကအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာက ပညာရှင်တွေ တက္ကသိုလ်တွေ စုစည်းတွေ့ဆုံ ပညာချင်းဖလှယ်နိုင်ကြစေဖို့ အိုင်စီအိုအီးက ပေါင်းကူးဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဆိုခဲ့ပါ အစီအစဉ်တွေ အခြားသော လုပ်ဆောင်ချက်တွေနဲ့အတူ အိုင်စီအိုအီးဟာ ရန်ကုန်တက္ကသိုလ်အတွက် အသစ်အသစ်သော ဗဟုသုတတွေ သယ်ဆောင်ဖြန့်ဖြူးပေးဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်လျက် ရှိနေပါတယ်။
    နောက်တစ်ပတ်မှာတော့ အိုင်စီအိုအီးရဲ့ မိတ်ဘက်အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်များအကြောင်း တင်ပြပေးပါ့မယ်။ ဒီစာကတော့ ဒီမှာ နားပါရစေပါ။ ဖတ်ရှုသူများ ရွှင်လန်း ချမ်းမြေ့ကြပါစေ #

သင်ကြားခဲ့ရတာတွေ


    ဒီတစ်ခါတော့ အိုင်စီအိုအီးမှာ သင်တဲ့ ဘာသာရပ်တွေအကြောင်း ပြောပြချင်ပါတယ်။ ဘာသာတစ်ခုချင်းစီအရ ပြောရမယ်ဆိုရင် နိုင်ငံတကာဆက်ဆံရေးပညာမိတ်ဆက်၊ အာရှတိုက်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအခြေအနေများ၊ နှိုင်းယှဉ်လေ့လာ နိုင်ငံရေးပညာမိတ်ဆက်၊ သက်ဆင်မတိုင်မီနှင့် သက်ဆင်ခေတ်လွန် ထိုင်းနိုင်ငံရေး၊ ဒီမိုကရေစီနှင့် အင်ဒိုနီးရှား၊ အာရှအရှေ့ဖျားဒေသ၏ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေ၊ ဂျပန်နှင့်ကိုရီးယား ခေတ်ပြိုင်ကိစ္စရပ်များ၊ ဒီမိုကရေစီသို့ ကူးပြောင်းခြင်း သင်ခန်းစာ၊ ခေတ်ပြိုင်အိန္ဒိယမှတ်တမ်း၊ အရှေ့တောင်အာရှ ခေါင်းဆောင်များအား လေ့လာခြင်း၊ ကမ္ဘာကြီးနှင့် တရုတ်နိုင်ငံ၊ စီးပွားရေးပညာရှင်တစ်ယောက်လို စဉ်းစားနည်း၊ စီးပွားရေးပညာအခြေခံ၊ စီးပွားရေး ငွေရေးကြေးရေးနှင့် မူဝါဒ ဆိုပြီး ဘာသာရပ် ၁၄ ခု သင်ကြားရပါတယ်။ ဘာသာရပ်တစ်ခုကို ပါမောက္ခ တစ်ယောက်နှုန်းနဲ့ ပါမောက္ခ ၁၄ ယောက်က သင်ကြားပေးတာ ဖြစ်ပါတယ်။
     သင်ကြားနည်းစနစ်ကတော့ အကြမ်းဖျင်းအားဖြင့် အားလုံး အတူတူ နီးပါးဖြစ်ပေမယ့် မတူတာလေးတွေလည်း ရှိကြပါတယ်။ တူညီတဲ့အချက်တွေကို အရင်ပြောရရင် ပါမောက္ခ အားလုံးက သင်ကြားမယ့် သင်ရိုးနဲ့ ဖတ်ရမယ့် စာစာရင်း၊ နေ့စဉ်အပတ်စဉ် သင်ကြားဆွေးနွေးမယ့် ခေါင်းစဉ်နဲ့ မဖတ်မဖြစ် စာ၊ ဖတ်ချင်ရင်ဖတ်ရမယ့်စာတွေ၊ အကဲဖြတ်အမှတ်ပေးစနစ်တွေကို ကြိုတင် ဖြန့်ဝေပေးထားပါတယ်။ မဟာတန်းတက်တုန်းက စာဖတ်စရာတွေ များလှတယ်လို့ ထင်ခဲ့မိတာ အခုမှ မှားမှန်း သိပါတော့တယ်။ ရိုးရိုးသားသား ၀န်ခံရရင် ပါမောက္ခက ဖတ်ဖို့ပေးထားတဲ့စာတွေအားလုံးကို အချိန်မီ မဖတ်နိုင် မဖတ်ဖြစ်ခဲ့ပါဘူး။ တစ်ချို့စာတွေကို အကြမ်းဖျင်း လှန်လှောကြည့်တာ၊ ခေါင်းစဉ်တွေကို နားလည်အောင် ဖတ်ထားတာ၊ တစ်ချို့ကိုတော့ စေ့စေ့စပ်စပ် ဖတ်တာ စသည်ဖြင့် အခြေအနေပေါ်မူတည်ပြီး စာကို ဖတ်ဖြစ်ခဲ့ပါတယ်။ အတန်းထဲရောက်လို့ ပါမောက္ခက စာဖတ်ခဲ့ကြသလား ဆိုရင် ဟုတ်ကဲ့လို့ ပြန်ဖြေနိုင်တာ ခပ်နည်းနည်းရယ်ပါ။ စာဖတ်ရမှာ ပျင်းပေမယ့်လည်း စာလုံးဝ မဖတ်ပဲလည်း မနေရဲပါဘူး။ အခန်းထဲမှာ ပါမောက္ခ ပို့ချမယ့် လက်ချာဟာ စာမှ ကြိုမဖတ်ထားရင် တစ်ခါတစ်လေ နားလည်ဖို့ ခက်ပါတယ်။ များသောအားဖြင့်တော့ တန်းလည်စာမေးပွဲ ဖြေရတာ တန်းဆုံးစာမေးပွဲ ဖြေရတာ စာစီစာကုံးရေးရတာ ဟောပြောတင်ပြချက် လုပ်ရတာတွေက အတူတူ နီးပါးပါပဲ။ ပို့ချချက် တော်တော်များများကိုလည်း ပါဝါပွိုင့်ဆလိုက်တွေနဲ့ လုပ်ကြတာများတော့ နားလည်ဖို့ အများကြီး အထောက်ကူ ဖြစ်ပါတယ်။
    ဘာသာရပ်ဆိုင်ရာ စာတွေ ဖတ်ရှုရာမှာ ရေးသားရာမှာ အထောက်အကူရစေဖို့ အင်္ဂလိပ်စာ အတန်းကိုလည်း တစ်နေ့တစ်ကြိမ် ထည့်သွင်းပေးထားပါတယ်။ ပါမောက္ခ ပို့ချမယ့် အကြောင်းအရာနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာကို မနက်ပိုင်းမှာ ဆွေးနွေးတာလုပ်ပေးပါတယ်။ နောက်ပြီး စာစီစာကုံး ရေးတာ၊ အခြား အိမ်မှာ ရေးရတဲ့ အိမ်စာတွေမှာဆိုရင် စာအရေးအသား သဒ္ဒါနဲ့ ပတ်သက်ပြီး အင်္ဂလိပ်စာအတန်းက အများကြီး အထောက်အကူ ပေးပါတယ်။ တကယ့်တကယ်တော့ အင်္ဂလိပ်စာ အရေးအသားပိုင်းက စိန်ခေါ်မှု ကြီးကြီးမားမား မရှိပေမယ့် ရေးမယ့် အကြောင်းအရာ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်း ထင်မြင်ယူဆချက်ကို ခိုင်ခိုင်မာမာ တင်ပြဖို့ကတော့ အစပိုင်းမှာ တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆရာဂျွန်ဝင်းဝပ်၊ ဆရာမ ဒေါ်မေပုလဲသွယ်၊ ပီတာ၊ ဆရာမ ကက်သလင်းသိန်း၊ ဟယ်လင် နဲ့ ဆုမိတြာတို့ရဲ့ ကျေးဇူးကြောင့် အမှားပြင်ရ မလွတ်သော်ငြားလည်း ကိုယ်ထင်မြင်ယူဆချက်ကို ခိုင်ခိုင်မာမာ တင်ပြရေးသားနိုင်တဲ့ ယုံကြည်မှုကို ရခဲ့ပါတယ်။ တစ်ခါတစ်လေများဆိုရင် ကိုယ်ရေးထားတာ အားမလိုအားမရ ဖြစ်မိတာတောင်မှ သက်ဆိုင်ရာ ပါမောက္ခတွေက ကောင်းတဲ့အချက်လေးတွေ ရွေးနုတ်ထောက်ပြပြီး အသိအမှတ်ပြု ချီးကျူး မှတ်ချက်လေးများ ရတဲ့အခါ စာရေးရတာ အတော်ကို အားတက်သရော ဖြစ်ရပါတယ်။ တစ်ခါတစ်လေကျတော့လည်း အကြောင်းကြောင်းသော အပျင်းတရားများကြောင့် ပြင်ဆင်ရက်တွေ ထိုက်သင့်သလောက် ရပေမယ့် မနက်ဖြန်ထပ်ရမယ့် စာစီစာကုံးကို ဒီနေ့ညကျမှ ထရေးဖြစ်လို့ ဒီတစ်ညတော့ အိပ်နိုင်မယ်မထင်ဘူး ဇာတ်တွေ ခင်းခဲ့ရတာလည်း ရှိခဲ့ပါတယ်။
    ဒီနေရာမှာ စာကြိုးကြိုးစားစား ဖတ်ကြတဲ့ အစ်မတွေ ညီမတွေရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့် အခြားသူတွေမှာပါ အကျိုးဖြစ်ထွန်းတဲ့ သာဓကလေးတွေကိုလည်း တင်ပြလိုပါသေးတယ်။ တစ်ခါတစ်လေ နက်ဖြန်စာမေးပွဲရှိတယ်ဆိုပေမယ့် စာကလည်း ကောင်းကောင်း မဖတ်နိုင်တဲ့အခါ ကျောင်းရောက်တာနဲ့ စာဖတ်ထားတဲ့သူတွေနားသွားပြီး ပြောပြပါအုံး ပွဲတောင်းရပါတယ်။ ငယ်ငယ်တုန်းက အတန်းနားချိန်မှာ ဗီဒီယိုဇာတ်ကားအကြောင်း ပြန်ပြီးဖောက်သည်ချသလို စာဖတ်ထားတဲ့သူက သူသိတာတွေ စီကာပတ်ကုံး ပြောပြတာကို ပါးစပ်အဟောင်းသားနဲ့ ၀ိုင်းဝန်းနားထောင်ပြီး စာမေးပွဲခန်းထဲ ၀င်ခဲ့ရတာတွေလည်း ရှိပါတယ်။ ကျေးဇူးအထူးတင်ပါတယ် ညီမလေးများနဲ့ မမများခင်ဗျား။
    အကြီးမားဆုံး ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုကတော့ ဆရာကြီး ဒေါက်တာ ကားဂျက်ဆင်ရဲ့ ခေါင်းဆောင်မှုသုံးသပ်ချက် စာတမ်း ရေးရတာပဲ ဖြစ်ပါတယ်။ စာသင်ကာလ တစ်လျှောက်လုံးရဲ့ အများဆုံးရေးရတဲ့ စာတမ်းဖြစ်တာမို့ တော်တော်ကို ပင်ပင်ပန်းပန်း လုပ်ခဲ့ရပါတယ်။ (မဟာဘွဲ့တွေ ပါရဂူဘွဲ့တွေ ယူထားတဲ့သူတွေကတော့ ဒီလောက်စာလေးကို ရေးတာ ဒီလောက်ဖြစ်ရသလားဟလို့ ကဲ့ရဲ့ရင်လည်း ခံရမှာပါပဲဗျာ. . .)
    ငယ်ငယ်က စာမေးပွဲ အသေးစားလေးလို မှတ်ထင်ခဲ့တဲ့ ကျူတိုရီယယ်ဆိုတာကတော့ တကယ့်ကို စာဆွေးနွေးတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ တစ်ချို့ပါမောက္ခတွေက ကျူတိုရီရယ်ချိန်မှာ ကိုယ်တိုင်ထိုင်ပြီး ဆွေးနွေးဖြေကြားပေးသလို တစ်ချို့လည်း ကျူတာတစ်ယောက်နဲ့ သီးခြား ဆွေးနွေးရပါတယ်။ ကျူတိုရီယယ် အချိန်ကတော့ ကျွန်တော်တို့အတွက် တကယ့်ကို အကြိတ်အနယ် ငြင်းခုံရတဲ့ အခွင့်အရေးပေါ့။
    အင်္ဂလိပ်စကားကို ဒေသိယလေသံနဲ့ အကျွမ်းတ၀င် မရှိလို့ အစပိုင်းမှာ အခက်အခဲ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နားထောင်ရတာ အသားကျလာပြီး အခက်အခဲ နည်းလာခဲ့ပါတယ်။ မိခင်အင်္ဂလိပ်စကားမဟုတ်တဲ့ ကျောင်းသားတွေကို သင်ကြားတဲ့ အတွေ့အကြုံရှိတဲ့ ပါမောက္ခ တစ်ချို့ကတော့ ကျောင်းသားတွေ နားလည်အောင် ဘယ်လို သင်ရမလဲဆိုတာ ကောင်းကောင်း သိကြတဲ့အတွက်လည်း အများကြီး အဆင်ပြေခဲ့ပါတယ်။
    ပါမောက္ခတွေ ဆရာဆရာမတွေ သူငယ်ချင်းတွေ ရုံးအဖွဲ့သားတွေ နဲ့ စာကြည့်တိုက်မှူးတို့အားလုံး ကျန်းမာရွှင်လန်း ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျ #
    ရွှင်လန်းချမ်းမြေ့ကြပါစေဗျ

Friday 15 August 2014

ICoE Course Outline

International Center of Excellence at Yangon University
Science Building, Adipadi Road, Yangon University Campus,
Kamayut Township, Yangon, Myanmar
Term 1
·       Environmental Safeguards in Asia by Jean Aden
·       Introduction to International Relations by Karl Jackson
·       Introduction to Comparative Politics by Meredith Weiss

Term 2
·       Thailand before and after Thaksin by Kevin Hewison
·       The Fundamentals of Economics by Jeffery Race
·       Democracy and Indonesia by Richard Robinson

Term 3
·       International Relations of East Asia by Thitinan Pongsudhirak
·       How to Think like an Economist by Peter Warr

Term 4
·       Contemporary Japan and Korea by Kent Calder
·       Transitions to Democracy by Nigel Gould-Davies

Term 5
·       Contemporary India by Walter Anderson
·       Leaders in Southeast Asia by Karl Jackson

Term 6
·       Contemporary China by Carla Freeman
·       Economic, Finance and Policy (macroeconomics) by Lex Rieffel
·       (Microeconomics) by Peter Mc Cawley