Showing posts with label သစ်ပင်. Show all posts
Showing posts with label သစ်ပင်. Show all posts

Thursday, 6 April 2023

သစ်ပုဂံ



သစ်ပုဂံ

Millettia brandisiana
.
ဒီပန်းက သင်းဝင် နဲ့ တော်တော်ကို ဆင်ပါတယ်၊ အရွက်ပဲ နည်းနည်း မတူတာပါ၊ ဒီပန်းကို ကိုယ့်ပတ်ဝန်းကျင်မှာ အနည်းဆုံး ဆယ်ပင်လောက် တွေ့ထားပါတယ်

ဝက်လျှော်ပန်း


ဝက်လျှော်ပန်း
.
တစ်ပင်ပဲတွေ့သေးတယ်

စိန်ပန်း ၅ အဝင် ဘာဘက်တောအုပ်လေးထဲ လမ်းဘေးမှာ
အပင်ကမြင့်တော့ ဖုန်းကင်မရာ မီသလောက်ပဲ အပင်ကိုရိုက်ပြီး အပင်အောက်မှာ ကြွေနေတဲ့ပန်းလေးတွေကို ရိုက်ခဲ့ရတယ်
.
ဒီပန်းကို ဝတ်ရည်စုပ်ငှက်လေးတွေ တော်တော်ကြိုက်ပုံပဲ ကွန်းမင့်မှာ သူများရိုက်ထားတဲ့ ပုံတစ်ချို့ တင်ပေးပါမယ်
.
Sterculia colorata Roxb.
Syn. Firmiana colorata (Roxb.)
Sterculia colorata,
Family Malvaceae
English names: The scarlet sterculia
bonfire tree, colored sterculia and Indian almond, in Assamese ওদাল (odal) and in Marathi known as "कौशी" [kaushi]),

Sunday, 12 March 2023

Survival of the Fittest


 နေပြည်တော် သူရဲကောင်းဗိမာန်နောက်က ရသေ့တောင် မုန်တိုင်ပင်

Monday, 6 March 2023

Wednesday, 1 February 2023

Sunday, 29 January 2023

The Pride of Burma


 သောက်ကကြီး

ပန်းမြိုင်လယ်ဥယျဉ်

မဟာလှေခါး


 မဟာလှေခါး ရွှေစံကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပဝင်းကုန်သော

အဆင်းလှဆန်း


 ပန်းမြိုင်လယ်ဥယျဉ်

တမာ ခရမ်း


 ပျဉ်းမနား အိုကေ အအေးဆိုင်ရှေ့

Sunday, 22 January 2023

မောင်မခေါ်နွယ် Combretum latifolium blume


အလက ကျောင်းမျက်နာချင်းဆိုင် စမ်းချောင်းစပ်



 

Thursday, 31 March 2022

နေရသရွေ့.



. . . အပင်တွေကို စိတ်ဝင်စားတတ်တဲ့ ကိုယ့်အတွက် အခုလိုခေတ်မှာ အပင်အကြောင်းသိချင်ရင် ဓာတ်ပုံလေးနဲ့ Google photo search လုပ်ရင် သိနိုင်ကောင်းပေမယ့် မြန်မာနာမည် သိဖို့ကြတော့ အာ့လောက် မလွယ်သေးပြန်ဘူး၊ မြန်မာ့မြေမှာရှိနေတဲ့ အထူးသဖြင့် ကိုယ့်ရဲ့မွေးရပ်မြေမှာ ရှိနေတဲ့ အပင်တွေ ပန်းတွေကို ဘာပင်မှန်း ဘာပန်းမှန်း ကိုယ်လည်းမသိ မေးရမယ့်သူလည်းမရှိ ဖြစ်နေတာကို တော်တော်လေး အားမလိုအားမရ ဖြစ်နေခဲ့ရတာ ကြာပါပေါ့၊ ကိုယ့် ဒေသနဲ့ပတ်သက်ပြီး လုပ်ချင်နေတဲ့အထဲမှာ ဒေသပေါက်အပင်တွေကို မှတ်တမ်းတင်တာလည်း တစ်ခုအပါအဝင်ပေမယ့် လုပ်ချင်နေတာတွေ များတော့ ကျကျနန မလုပ်ဖြစ်သေးဘူးရယ်
.
. . . အခုလည်း တွေ့တဲ့ပန်းကို ဓာတ်ပုံရိုက်ပြီး ကိုယ့် database မှာ မှတ်တမ်းတင်တဲ့အခါ အပင်တွေ့ခဲ့တဲ့နေရာ အတိအကျကိုပါ မှတ်တမ်းတင်ချင်တာကိုး၊ ဒီခေတ် နည်းပညာအရ ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်တဲ့အခါ နေရာကိုပါ မှတ်ထားပေးတာမျိုးပါလို့ အဆင်ပြေပေမယ့် တကယ်တမ်း အပင်တစ်ပင်ချင်းစီကို မှတ်တမ်းတင်ဖို့ကျတော့ လုပ်ရမှာက လက်ဝင်ပြီး အလုပ်မတွင်ဖူးဆိုသော်လည်း တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ဆိုတဲ့ထုံး နှလုံးမူပြီး လုပ်နေရတာပါပဲ
.
. . . မွေးရပ်မြေက ဒေသပေါက်ပင်တွေကို သိနေတော့ရော ဘာလုပ်လို့ ရမှာလဲ လို့ မေးချင်ကြမှာပဲ၊ တကယ်တော့ ကျွန်တော်တို့ မြန်မာတွေ မှတ်တမ်းမှတ်ရာ အားနည်းကြလို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းမှုမှာပါ တနွယ်ငင်တစင်ပါ အားနည်းနေခဲ့ကြတာဆိုတဲ့သဘောကို နားလည်ရင် ဒေသပေါက်ပင်တွေကို မှတ်တမ်းတင်ထိန်းသိမ်းဖို့လိုတယ်ဆိုတာကိုလည်း သိမှတ်နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်
.
. . . ကိုယ်နေဖူးတဲ့ နိုင်ငံရပ်ခြားက မြို့သေးသေးလေးမှာ ဒေသပေါက်တဲ့အပင်တွေကို တခုပ်တရ မှတ်တမ်းပြုစုပြီး ဂုဏ်ယူစွာနဲ့ အမှတ်တံဆိပ်တွေလုပ်တာ၊ မြို့သင်္ကေတဖြစ် ဖော်ကျူးထားတာ၊ မြို့အမှတ်တရ ရောင်းကုန်ပစ္စည်းတွေအနေနဲ့ လုပ်တာတွေကို မြင်ခဲ့ရတော့ ငါတို့မွေးရပ်မြေမှာ ဒီလိုသာ မှတ်တမ်းတင်ကြေးဆို မှတ်တမ်းတင်စရာ ဂုဏ်ယူစရာတွေ အများသားပါလား ငါတို့ ဘာလို့များ ဘာသိဘာသာ နေခဲ့မိပါလိမ့်လို့ ထပ်ပြီး အားမလိုအားမရ ဖြစ်ခဲ့ရပြန်ပါတယ်
.
. . . ခုရက်ပိုင်း ကိုယ်တွေ့တဲ့ အပင်လေးတွေကို နာမည်နဲ့တကွ ရုက္ခဗေဒအမည်နဲ့တကွ မှတ်တမ်းတင်ထားနိုင်တာ ဖေ့ဘုတ်ပေါ်က မြန်မာပြည်ကပန်းများဆိုတဲ့ မှတ်တမ်းတင်ထားတဲ့ စာမျက်နာတစ်ခု ကျေးဇူးကြောင့်ပဲဖြစ်ပါတယ်၊ ဒီထက်ပိုပြီး အွန်လိုင်းမှာ အလွယ်တကူ ရှာလို့ဖွေလို့ လေ့လာလို့ စူးစမ်းလို့ ရနိုင်မယ့် ဝက်ဆိုက်လိုမျိုးရှိနေရင်ကောင်းမှာပဲ၊ ဖုန်းထဲမှာ ထည့်ထားပြီး ကိုယ်တွေ့တဲ့အပင်ကို ဓာတ်ပုံရိုက်ပြီး ဒီအပင်အကြောင်း မြန်မာအမည်နဲ့တကွ ဖော်ပြပေးနိုင်တဲ့ mobile app မျိုးရှိရင် ကောင်းမှာပဲလို့ တောင့်တမိပါတယ်
.
. . . ကိုယ့်မွေးရပ်မြေမှာပဲ အကြောင်းအားလျော်စွာ နေခွင့်ရနေတုန်း ဒေသအပင်တွေ ပန်းတွေကို အခွင့်ရသလောက် ရှာရှာဖွေဖွေ မှတ်တမ်းတင်ခွင့်ရနေတယ်ဆိုပေမယ့် မင်းခယောကျ်ားဆိုတာ အချိန်မရွေး ဘယ်အရပ်ကိုမဆို စေလွှတ်ခံရနိုင်တာမို့ သွားခါမှသွားရရော ရနိုင်သလောက်တော့ လုပ်ထားအုံးမယ်လေဆိုပြီး
.
ဗိုလ်ကောင်း
၃၁ မတ် ၂၀၂၂
.
အပင်များကို မှတ်တမ်းတင် မျှဝေပေးပါသော ဆရာ Kothet Naing Oo ရဲ့ Flowers From Myanmar page ကနေ အများကြီးသင်ယူခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျ
See less

Wednesday, 30 March 2022

ဝင်အူပင်

၀င်အူပင်
Millettia cinerea Benth.
Family Fabaceae
နွယ်ပင် အပင်မြင့်ကိုတွယ်တက်ပြီး ထိပ်မှာပွင့်တာ
တစ်နေရာပဲတွေ့သေး

 

လက်ထုတ်ကြီး


လက်ထုတ်ကြီး (လက်ထုပ်ကြီး)
Holarrhena pubescens Wall.& G. Don.
*Nerium antidysentericum L.,
*Echites pubescens Buch-Ham,
*Holarrhena antidysenterica (L.) Wall. ex. DC.,
Family : Apocynaceae
အပင်က နည်းနည်းမြင့်ပေမယ့် အပွင့်ကိုသေချာမြင်ရပါတယ် ခါချဉ်တွေ ပန်းခိုင်မှာ တော်တော်များတယ်
တစ်ပင်ပဲတွေ့သေးတယ်

အညာကုက္ကို


အညာကုက္ကို
.
ကားလမ်းဘေးမှာ မြင်နေကျ ကုက္ကိုနဲ့ တော်တော်လေးဆင်ပါတယ်၊ အပွင့်က အဖြူဖြစ်နေတာရယ်၊ အရွက်က ပိုနူးညံ့ပြီး စားလို့ရတာရယ် ကွာတာပါ၊ အပင်က မြင့်တော့ ပန်းပွင့်ပုံပေါ်အောင် မနည်းရိုက်ရတယ်
ဒီအပင်က တော်တော်များများတွေ့ရပါတယ်
.
Albizia lebbek (L.) Benth.
Family. Fabaceae
Common names: Lebbeck, lebbek tree, flea tree, frywood, koko and woman's tongue tree.

ပျဉ်းကတိုး.


ပျဉ်းကတိုး.
သစ်မာပင်ပေမယ့် အပွင့်လေးတွေကို တော်တော်ကို နူးညံ့တာပါ၊ အသီးကတော့ သစ်မာပင်ရဲ့အသီးပီသပါပေတယ်၊ အသီးက ခြောက်ပြီး အက်ကွဲရင် ခွမ်းကနဲ ခွမ်းကနဲ အသံမြည်အောင် ကွဲတာမို့ အိမ်ကို ယူလာပြီး ဝရန်တာမှာ ချထားတုန်းက ဒီလောက်ပြင်းတဲ့အသံ ဘယ်ကလာပါလိမ့်လို့တောင် အောက်မေ့မိတယ်၊ အသီးထကွဲတဲ့အချိန် မျက်လုံးတွေဘာတွေထိရင် ဒဏ်ရာတောင်ရနိုင်ပါတယ်
.
Myanmar ironwood
Xylia xylocarpa
Family: Fabaceae
False ironwood