Tuesday 31 January 2023

သာမန်မဟုတ်သောအခြေအနေ



According to the press release of the state media, the NDSC will issue necessary statement on the 1st of February.


Many people are expecting an extension of the state of emergency for another six months since the press release leaves a hint about “the current situation is not normal yet “ which has opened the window of extraordinary interpretation of the section 425 of the constitution for granting the extension more than twice.
It is believed that someone might have sought the interpretation of the section 425 from the constitutional tribunal.
Who is someone?
The acting president in the name of the president?
The speaker of the lower house?
The chief justice of the Supreme Court?
Or
The chairman of the election commission?

Sunday 29 January 2023

လူငယ်နှင့် စာပေပွဲတော်

 

စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်

MICC2 Nay Pyi Taw

The Pride of Burma


 သောက်ကကြီး

ပန်းမြိုင်လယ်ဥယျဉ်

မဟာလှေခါး


 မဟာလှေခါး ရွှေစံကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပဝင်းကုန်သော

အဆင်းလှဆန်း


 ပန်းမြိုင်လယ်ဥယျဉ်

တမာ ခရမ်း


 ပျဉ်းမနား အိုကေ အအေးဆိုင်ရှေ့

Sunday 22 January 2023

မောင်မခေါ်နွယ် Combretum latifolium blume


အလက ကျောင်းမျက်နာချင်းဆိုင် စမ်းချောင်းစပ်



 

Tuesday 3 January 2023

Food for Thoughts on the Independence Day


. . . လွတ်လပ်ရေးနေ့မှာ အင်္ဂလိပ်လိုပြောတာဆိုတာလေးတွေ ပြိုင်ပွဲ ထည့်မယ်ဆိုတော့ အကိုကြီး တစ်ဖွဲ့လောက် ဖွဲ့ပေးဆိုလို့ ကိုယ်နဲ့ ပုံမှန်စကားဝိုင်းဖွဲ့နေကျ ညီလေးတွေ ညီမလေးတွေနဲ့ တစ်ဖွဲ့ဖွဲ့လိုက်တယ်။ ကိုယ်တွေက English Language Club ဖွဲ့ထားပြီး အပတ်စဉ် တစ်ပတ်တစ်ရက် ဆုံကြပြီး ပြောနေဆိုနေကျဆိုတော့ အပန်းလည်း မကြီးလှပါဘူး၊ ခေါင်းစဉ်တစ်ခုခု တင်ပေးလိုက်ပြီး ထင်ရာမြင်ရာ ဝိုင်းဆွေးနွေးနေကြတာအပြင် အင်္ဂလိပ်စာစကေးလည်း ကောင်းကြတဲ့သူတွေဆိုတော့ ကိုယ်တွေအတွက်က အေးဆေးပါ
.
. . . ဒီဝင်းထဲမှာ ပထမဆုံးလုပ်တဲ့ ပွဲမို့ စကားဝိုင်းဆွေးနွေးပွဲဆိုတာ ဒီလိုလုပ်ရတယ်လို့ ဥပမာကောင်းပြဖို့က အဓိက ဖြစ်ပြီး ဆုရတာတွေ မရတာတွေလည်း စိတ်မဝင်စားဘဲ ကိုယ့်အပိုင်းကိုယ် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြဖို့ တစ်ဖွဲ့လုံး သဘောတူကြတယ်။ ကိုယ်က စကားဝိုင်းထိန်းကျောင်းသူ moderator လုပ်မယ် ညီလေးနှစ်ယောက် ညီမလေးနှစ်ယောက်နဲ့ စုစုပေါင်း ငါးယောက်၊ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာကတော့ အချင်းချင်း တိုင်ပင်ကြပြီး ခေါင်းစဉ်သဘောမျိုးလေးတွေ ထုတ်တယ်၊ ယောက်ျားလေးတစ်လှည့် မိန်းကလေးတစ်လှည့် အကြောင်းအရာ လေးပင်တာတစ်လှည့် ပေါ့ပါးတာတစ်လှည့် ပျင်းစရာမကောင်းအောင် ပြောကြမယ်လို့ လည်း သဘောတူကြတယ်၊ အားလုံးက သူ့နည်းသူ့ဟန်နဲ့ အင်္ဂလိပ်ဘာသာစကားစကေး ကောင်းပြီးသားတွေမို့ ကိုယ့်အပိုင်းကိုယ် တာဝန်ယူပြီး ပြင်ဆင်ကြတာမို့ ကိုယ့်အတွက်လည်း ပေါ့ပေါ့ပါးပါးပါပဲ၊ တစ်ယောက်ပြင်ဆင်တာကို အခြားသူတွေက ဝိုင်းပြီး အကြံပေးကြတာမျိုးကလွဲရင် ဘာမှ သိပ်လုပ်ပေးစရာမလိုခဲ့ဘူး
.
. . . ဒီကြားထဲ အင်မတန်ကြောက်တတ်တဲ့ ဌာနက လူတွေကိစ္စက ရှိသေးတယ်၊ ကိုယ်တို့အလုပ်လုပ်နေတဲ့ Team မှာက ဌာနတော်တော်များများက လာစုပြီးလုပ်နေကြတာမို့ ကိုယ့်အဖွဲ့မှာကလည်း ဌာနက နည်းနည်းစုံတယ်ပြောရမယ်၊ အဲသည်မှာ အရင်ဆုံးစုဖွဲ့တုန်းက စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ဝင်တစား ပါထားတဲ့ ညီလေးတစ်ယောက်က ကိုယ့်ကို အကျိုးအကြောင်း လာပြောတယ်၊ သူပြောပုံအရဆို ကိုယ်တွေက ပြောမယ့် စာသားကိုတောင် သူတို့ဌာနဆီ အရင်တင်ပြီး ဆင်ဆာအစစ်ခံရအုံးမယ့်ပုံ၊ ဆောရီးပဲလေ၊ ညီလေးရဲ့ စိတ်အားထက်သန်မှုနဲ့ ပြောချင်ဆိုချင်စိတ်ကို သူတို့က ကြိုးချည်လိုက်သလို ဖြစ်တာမို့ စင်ပေါ်တက်ပြောတဲ့အထဲ မပါစေတော့ဘဲ ပြင်ဆင်တဲ့အခါ ဝိုင်းကူပေးဖို့ပဲ စီမံလိုက်ရတယ်။
.
. . . အကြီးမားဆုံး စိန်ခေါ်မှုကတော့ ငါးယောက်လုံးဆုံကြဖို့ ခက်တဲ့ ကိစ္စပဲ၊ အစောပိုင်း ပြင်ဆင်ချိန်တွေမှာ ဆုံနိုင်ခဲ့ကြပေမယ့် တကယ်တမ်း လေ့ကျင့်ကြမယ်ဆိုတော့ မဆုံနိုင်ကြတော့ဘူး၊ ပွဲနေ့ နီးလာလေလေ အလုပ်တွေက များကြလေလေ ဆုံကြဖို့ ခက်လေလေပဲ၊ ပြောရမယ်ဆိုရင် စင်ပေါ်ရောက်တော့မှသာ တကယ်ဆုံပြီး ပြောဖြစ်ကြတဲ့သဘောပဲ၊ ဒါတောင်မှ အဲသည်နေ့ မနက်ပိုင်းမှာ ခဏလောက်တောင် မဆုံနိုင်ကြလို့ မနည်းလူစုပြီး ခေါ်ခဲ့ရတာ
.
. . . မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အခြားအဆင့် အမျိုးသားအမျိုးသမီး၊ မိသားစုဝင်တွေ အိမ်ထောင်ဘက်တွေ၊ အရာရှိ အမျိုးသားအမျိုးသမီး၊ တစ်ဦးချင်း စကားပြောပြိုင်တာ၊ နှစ်ယောက်တွဲ၊ ငါးယောက်တွဲ ဆွေးနွေးကြတာတွေပြီးတော့ ကိုယ်တို့ ငါးယောက်ဆွေးနွေးတဲ့အလှည့်က နောက်ဆုံးမို့ ညနေတော်တော် နောက်ကျနေပြီး ပရိသတ်လည်း မရှိတော့ပေမယ့် ဒိုင်အဖွဲ့ကတော့ စိတ်ဝင်တစားရှိတာမို့ ပြင်ဆင်ထားရကျိုးနပ်တယ်လို့ ဆိုနိုင်တယ်
.
. . . ကိုယ်ကတော့ ပြိုင်ပွဲသုံးရက်မှာ အချိန်နည်းနည်းပဲ အကဲခတ်ခွင့်ရတဲ့ အခြေအနေအရဆို စင်ပေါ်တက်လာကြတဲ့ ကလေးတွေအပါအဝင် တော်တော်များများက ထိုက်သင့်တဲ့ အရည်အသွေးရှိကြတာကို မြင်ရတယ်၊ ဒိုင်အဖွဲ့က ညီကိုတွေ အပြောအရလည်း အလယ်တန်း အထက်တန်းကလေးတွေကအစ တော်တော်လေး ပြင်ဆင်ထားကြပြီး ကောင်းကြတယ်လို့ သိရတာ ဝမ်းသာစရာပါပဲ
.
. . . ပြိုင်ပွဲဆိုတော့ ပထမတို့ ဒုတိယတို့ ရှိတာပေါ့လေ၊ အဖွဲ့လိုက်ပြိုင်ပွဲမှာ ကိုယ်တို့ ရုံးကချည်းပဲ ငါးယောက်နှစ်ဖွဲ့လုံးက ပ နဲ့ ဒု ရတာကတော့ သိပ်စိတ်လှုပ်ရှားစရာ မရှိလှပါဘူး။ စကားဝိုင်းဆွေးနွေးပွဲဆိုတာ ဒီလိုလုပ်ရတယ်ဆိုတာ ဥပမာကောင်းပြနိုင်ခဲ့တာက ပထမရတာထက် ပိုပြီး ကျေနပ်စရာကောင်းပါတယ်။ နောင်အခါ ဒီလိုပြိုင်ပွဲမျိုးတွေရှိရင် ကိုယ်တို့ပြောခဲ့တဲ့ မှတ်တမ်းဗီဒီယို ပြန်ကြည့်ကြတာပေါ့။ လောလောဆယ်တော့ နှစ်ဖွဲ့ပေါင်းဆုရတဲ့ ပိုက်ဆံ နဲ့ တစ်နေရာရာ သွားကဲကြဖို့ ဆိုင်ရွေးနေတာ
.
ဗိုလ်ကောင်း
၉ ဇန်နဝါရီ ၂၀၂၃
.
မှတ်ချက်။ ပုံလေးတင်ချင်တာ နောက်ခံစာသားကို သဘောမကျလို့ မတင်တော့ပါဘူး၊ နောင်အခါတွေမှာတော့ နောက်ခံစာသားရေးတဲ့အခါ ပြင်ဆင်ချိန်အမီ သိတဲ့တတ်တဲ့သူတွေနဲ့ သေချာ တိုင်ပင်ပြီးရေးကြဖို့တော့ ပြောလိုက်တာပဲ၊ တာဝန်ခံတစ်ယောက်ပြောင်းလို့ အခုလိုမျိုး ထပ်ပြီးလွဲကောင်းတော့ လွဲအုံးမှာပေါ့လေ

Monday 2 January 2023

သီချင်းဆိုပြိုင်ပွဲ


ပြိုင်ပွဲရယ်ဘာရယ်တော့ မသိခဲ့ဘူးပေါ့ ဆိုမလားဆို ဆိုမယ်ပေါ့ သီချင်းက တီးရနည်းနည်းခက်တယ် ပြောင်းပေးလို့ရမလားဆိုတော့ မပြောင်းပါရစေနဲ့ဆိုပြီး အားနာနာနဲ့လေ့ကျင့် တိုင်တွေလည်းပတ်ကြတာပေါ့၊ တကယ်ဆိုတဲ့အချိန်ကျ အဆင်ပြေပါစေဆိုပြီး သံဗုဒ္ဓေ ၃၂ ခေါက်လောက်ရွတ်ရတယ် အိုကေတယ်ပေါ့ ပြီးသွားပြီပေါ့
.
ဟော အခုကျတော့ နောက်လယ်ဗယ်တစ်ခု ထပ်ပြိုင်ရဖို့တဲ့ ဖုန်းဆက်လာတယ် ဘာသီချင်းလဲတဲ့ အရင်သီချင်းပဲလို့ အကြောင်းပြန်လိုက်တယ်
.
တီးဝိုင်းအဖွဲ့က ဝိုင်းပြီးဩဘာပေးကြအုံးတော့မှာပဲ