Thursday 19 March 2015

အမေ့သီချင်းသံအေးအေးလေးတွေ

. . . ခေတ်လူငယ်တစ်ယောက်အနေနဲ့ မြန်မာသံစဉ်တေးသွားလေးတွေကို မြတ်မြတ်နိုးနိုးရှိလှတယ်ဆိုတာ မဆန်းပေမယ့် တစ်ချို့ကတော့ အထူးအဆန်း လုပ်ပြီး မေးကြတယ်။ ကိုယ်ကိုယ်တိုင်လည်း သေချာတော့ မသိပေမယ့် အမေ့ရဲ့ ကျေးဇူးနဲ့ အခုလို မြန်မာသံစဉ် သီချင်းလေးတွေကို မြတ်နိုးတတ်လာတာလို့ ထင်ပါတယ်။ အမေက အဆိုတော်တစ်ယောက် မဟုတ်ပေမယ့် သီချင်းတွေ တော်တော်များများကို သံနေသံထားနဲ့ အမြဲ ဆိုလေ့ရှိတယ်။ မာမာအေး သီချင်းတွေ လေဘာတီမမြရင် သီချင်းတွေ တင်တင်မြ သီချင်းတွေဆိုတာ အမေဆိုပြနေတာနဲ့ပဲ ငယ်ငယ်ကတည်းက အလွတ်နီးပါး ရနေခဲ့တာကလား။ စန္ဒယားလှထွတ်တို့ဘာတို့ကတော့ ကြီးလာခါမှ ကိုယ့်ဘာသာ နားထောင်ရင်း ကြိုက်တတ်သွားခဲ့တာ။ အမေဆိုပြတဲ့အထဲမှာတော့ ယောက်ျားသီချင်းက နည်းနည်းပဲ ပါတာလေ။
မှတ်မှတ်ရရ ဆယ်တန်းတုန်းကဆိုရင် စာကျက်တာကို ထိုင်စောင့်တတ်တဲ့ အမေက လက်ဘက်သုပ်ပေးရင်း စာကျက်နားတဲ့အချိန်မှာ သီချင်းတွေ ဆိုဆိုပြတတ်တာလေ။ အခုလည်း စာတွေဖတ်တာများလို့ ခေါင်းတွေပူလာတဲ့အခါ အမေရဲ့ သီချင်းသံအေးအေးလေးကို တောင့်တမိပါရဲ့ . . .

Humming Mom
------------------
When I was young, my mother used to hum Myanmar old songs, and I was very familiar with those songs. Most of the guys in our age seem to prefer modern songs to those classic ones, but I still love Myanmar old songs. Sometimes, it is rather strange for some of my colleagues and they want to know why I have such an unusual favourite. I think that I might be a successor of my mother's favourite. I miss my mom's humming tunes . . .

No comments:

Post a Comment