Thursday 19 March 2015

ကိုယ်လုံးတီးပွဲတော်


အမှန်ကတော့ နွေဦးပေါက်တော့မယ်ဆိုပြီး ကြိုဆိုကြတဲ့ သဘောရယ်၊ ဆန်ရေစပါး ပေါများအောင်ရယ် ဆုတောင်းကြတဲ့ပွဲပါ။ ဆုတောင်းကြတဲ့သူတွေက ပျော်လွန်းအားကြီးလို့ အ၀တ်အစားတောင် မကပ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ်လုံးတီးပွဲတော်လို့ ခေါ်ကြတာပါ။ စခဲ့တာကတော့ မေဂျီ ခုနစ် လောက်တုန်းကလို့ ပြောပါတယ်။ မေဂျီ ခုနစ်ဆိုတာ ခရစ်သက္ကရာဇ် ၁၈၇၄ ခုနှစ်ပါ။ ခါတိုင်းနှစ်တွေကတော့ ဇန်န၀ါရီ ဖေဖေါ်ဝါရီလောက်မှာ ကျင်းပပေမယ့် ဒီနှစ်တော့ မတ်လ ၃ ရက်နေ့မှာ ကျင်းပပါတယ်။ ကျွန်တော်တို့နေတဲ့ အူရာဆာ မြို့လေးက ဘစ်စရာမွန်ဒူ နတ်ကွန်းမှာပါ။ ကျွန်တော်တို့ အိုင်ယူဂျေ ကျောင်းသားတွေလည်း ဒေသခံတွေနဲ့အတူ တပျော်တပါး ၀င်ရောက် ဆင်နွှဲကြပါတယ်။ ပွဲရက်မတိုင်ခင်ကတည်းက ပါဝင်ဆင်နွှဲမယ့်သူတွေ နာမည်ကောက်ပြီး အ၀တ်အစားတွေ ပေးထားပါတယ်။ အ၀တ်အစားကတော့ မြင်တဲ့အတိုင်းပဲ။ အောက်ခံ ဘောင်းဘီပါးလေးတစ်ထည်။ အဲဒီအပေါ်က ပတ်တဲ့ အ၀တ်ရှည်စတစ်ခု။ ဟာရှီမာကီခေါ်တဲ့ အူရာဆာမြို့တံဆိပ်ပါတဲ့ နဖူးပတ်တစ်ခု၊ တာဘီလို့ခေါ်တဲ့ ရိုးရာခြေစွပ် နဲ့ ကောက်ရိုးညှပ်ဖိနပ် တစ်ရံတို့ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆာကေလို့ခေါ်တဲ့ ဂျပန်ရိုးရာ ဆန်အရက်ဖြစ်ပါတယ်။ သုညလောက်အေးနေတဲ့ ရာသီဥတုမှာ နှင်းတွေတဖွေးဖွေးထဲ အ၀တ်ပိုင်းလေးနဲ့ နေဖို့၊ ရေခဲရေလောက်အေးနေတဲ့ ရေထဲကို ဆင်း တစ်ကိုယ်လုံးနှစ်ပြီး ဆုတောင်းဖို့ ဆိုတာ တော်ရုံတန်ရုံ သာမန်သတ္တိနဲ့ လွယ်တာမှတ်လို့။
ကျောင်းကနေ ကားနဲ့သွားပြီး ဟိုမှာ ဓမ္မာရုံတစ်ခုထဲမှာ အ၀တ်လဲတယ်။ စောစောကပြောတဲ့ အ၀တ်အစားလဲရတာပေါ့။ အ၀တ်အစားလဲတဲ့ ဓမ္မာရုံပေါ်မှာလည်း ဆာကေးတွေ အများကြီးဗျာ ဆာကေးသောက် ဓာတ်ပုံရိုက်။ ဓာတ်ပုံထဲမှာ ပါတဲ့ ကုတ်အင်္ကျိနဲ့ပုဂ္ဂိုလ်က အိုင်ယူဂျေ တက္ကသိုလ် ဥက္ကဌ ရှိနီရှီ ကီတာအိုကာ လည်း ကျောင်းသားတွေကို လာအားပေးပါတယ်။

“Naked Man Festival 2015”
Naked Man Festival 2015 was held at Bisya-mon-do, Urasa and a lot of IUJ students joined it. They drank sake and yelled “IUJ! IUJ.”
Shinichi Kitaoka who is president of IUJ came and encouraged students.
 This festival notice spring coming and people pray a good harvest. From Meiji 7, this festival has been held in March 3. Before that, it had been held January or February.
【裸押し合い祭り】
 昨日、3月3日(火)に開催された浦佐の裸押し合い祭りにIUJの学生が多数しました!!
練り歩く寸前まで参加者は杯を交わし、「IUJ!IUJ!」とかけ声をかけて盛り上がっていました。本学の北岡学長も学生を激励するためかけつけ言葉を交わしました。
 このお祭りは、南魚沼に春を迎えて1年の豊作と安寧を毘沙門天に祈願し,その加護を得ようと,裸になった人々が堂内で押合う祭りで、多くの人で賑わいます。祭り日が3月3日になったのは明治7年からでそれ以前は1月や2月に行われていました。
Photos and Japanese Script credit to IUJ President Office, Reiko Iriuchijima
ဟေ့ရောင် မင်းခေါင်းကြီးက ဘေးဖယ်အုံး ငါ့ပုံ မပါတော့ဘူး။ ဟိုကောင် ဆာကေးခွက် သေချာကိုင်ထား ငါ့ပေါ်ဖိတ်ကျကုန်ပြီ
ဟေ့ရောင် မင်းဘောင်းဘီတော်လား။ ငါ့ဟာက ကွက်တိပဲ။ ဒီဖိနပ်က ဘယ်လို စီးရတာတုန်း။ ဒီမှာလေကွာ ခြေထောက်စွပ်ပြီး ကြိုးလေးစည်းလိုက်။ ဒီအ၀တ်ကြီးက ဘာလုပ်ရမှာတုန်း။ ဘောင်းဘီပေါ်ကနေ အုပ်ပြီး ပတ်ဖို့လေကွာ။ မြန်မြန်ဝတ်ဟေ့ရောင် ဆာကေးကုန်သွားလို့ မသောက်ရဘဲ နေအုံးမယ်
ကဲ ကဲ သွားကြမယ်ဟေ့။ လေးယောက်တန်း တန်းစီ။ ဖယောင်းတိုင်ကြီး ဒီဘက်လာအုံးဟ။ ဖယောင်းရည် နည်းနည်း သုတ်လိုက်အုံးမယ်။ အပြင်မှာ တော်တော် အေးတာပဲဟ။
ဟေ့ရောင် ဘာတွေ အော်နေကြတာလဲ။ ငါလဲသိဘူး။ စံရာကိုဆွဲ ဆိုလား။ မသိလည်း ကိစ္စမရှိဘူးဟေ့ရောင် အာ့အတိုင်းသာ လိုက်အော်
ဟာ ဟာ ရှေ့ရေကန်က ဘာလုပ်ဖို့တုန်း။ အာ့ထဲ ဆင်းရမှာလေ။ အမငီး။ မင်း အရင်ဆင်း။ မင်းအရင်ဆင်းကွာ။ အေးတယ်ကွ။ ဟေ့ရောင် ဒီနားရောက်မှ နောက်ပြန်ဆုတ်လို့ မရတော့ဘူးကွ။ ဟေ့ရောင် ဟိုမှာ မင်းကျူနေတဲ့ ကပ္ပလီမလေး ကင်မရာကြီးချိန်ထားတယ် မင်းကို။ သိပ်ဟန်မပျက်စေနဲ့ကွာ။ ဒါအခွင့်အရေးပဲ။ မင်းသတ္တိရှိရှိနဲ့ ရေထဲ ဆင်းပြလိုက် ရှေ့ဆုံးကနေ။ ငါတို့ကို ချိန်ထားတဲ့ ကင်မရာတွေက အများကြီးပဲ။ သောက်ရမ်းများနေပြီကွာ။ သူတို့ ရေထဲ မဆင်းရတိုင်း ရေထဲဆင်းမယ့်သူတွေကို ကြည့်ပြီး ပျော်သလိုလို ဘာလိုလိုနဲ့။
နတ်ရုပ်
အမယ်ငီး။ အေးလိုက်တာ။ ငါ့ဟာတော့ ပျောက်ပါပြီဗျ။ တစ်ကိုယ်လုံးနှစ်ရမှာတဲ့ဟ။ လာမိတာ မှားပါပြီကွာ။
မရတော့ဘူး ဆုမတောင်းရရင် နေပေ့စေတော့ ပြန်တက်တော့မယ်။ ဟေ့ရောင် ငါ့ကို စောင့်အုံးလေ။ မင်းက နောက်ဆုံးမှ ဆင်းပြီး အရင်ဆုံး ပြန်တက်လို့ ရမလားကွ။
အစ်ကိုကြီးရယ် ကျွန်တော့်ကို ဆွဲတင်ပေးပါအုံးဗျာ။ အေးလွန်းလို့ ပြန်မတက်နိုင်တော့ဘူးဗျ။ ကျေးဇူးတင်လိုက်တာဗျာ။
ဝင်မပြောသေးဘူး ။ ကြည်နေ့တယ်။ ဘယ်လောက် အရူးထနိုင်ကြမလဲဆိုတာ။
အာ့လူအုပ်ထဲ တိုးလို့ ဖြစ်ပါ့မလား။ မတိုးချင်ရင် အပြင်မှာနေလေ။ ဟာ အပြင်မှာနေလို့တော့ ဖြစ်ဖူးဟ အေးလွန်းလို့ သေလိမ့်မယ်။ ဒါဆိုလာတိုးလှည့်။ တိုးပြီး ဘာလုပ်ရမှာတုန်း။ ဟိုမှာလေ မင်းကို စောင့်နေကြတယ်။ ဆွဲတင်ပေးလိမ့်မယ်။ အပေါ်ရောက်ရင် ဆုတောင်းပေါ့။
လာကြပြန်ပြီ နောက်တစ်ဖွဲ့
ချမ်းလိုက်တာဗျာ ။ ချမ်းလိုက်တာဗျာ။ ဒီဖယောင်းရည်တွေသာ တစ်ကိုယ်လုံး လောင်းချပလိုက်ချင်တယ်

No comments:

Post a Comment