Thursday 19 March 2015

သတင်းထောက်များနဲ့သက်ဆိုင်လာမယ့်ဥပဒေ

မြန်မာပြည်က သတင်းထောက်များနဲ့ ပတ်သက်ပြီး ပြောရမှာဖြင့် ၀န်လေးလှပါတယ်။ သို့သော်လည်း မပြောမပြီး မတီးမမြည် ဆိုသလို ပြောဖို့ လိုအပ်လာတယ်ထင်လို့ ပြေလိုက်ပါအုံးမယ်။ အခုနေအခါမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းသမားများ ထိတွေ့ဆက်ဆံလာကြပြီး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သတင်းထောက်များဟာ တပ်မတော် စစ်ကြောင်းများနဲ့အတူ ရှေ့တန်းစစ်မျက်နှာများမှာ လိုက်ပါ သတင်းရယူနိုင်မယ့် အခွင့်အရေးတွေ ရကောင်း ရလာမှာပါ။ ဒီလို အခွင့်အရေးမျိုးရလို့ တပ်မတော် စစ်ကြောင်းများနဲ့အတူ လိုက်ပါ သတင်းယူကြမယ့် သတင်းထောက်များအနေနဲ့ တပ်မတော်သားများ လိုက်နာကျင့်သုံးရတဲ့ ၁၉၅၉ တပ်မတော် အက်ဥပဒေကို လိုက်နာကျင့်သုံးဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ သတင်းထောက်များနဲ့ သတင်းထောက်များကို ရှေ့တန်းစစ်မျက်နှာကို လိုက်ပါခွင့်ပေးကောင်းပေးကြမယ့် အရာရှိများ သတိမူနိုင်အောင် အခုလို တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။
၁၉၅၉ တပ်မတော်အက်ဥပဒေ
ပုဒ်မ ၂ (၁) အောက်တွင် ဖော်ပြထားသူများသည် မည်သည့်နေရာအရပ်၌မဆို ရောက်ရှိနေစေကာမူ ဤအက်ဥပဒေကို လိုက်နာကြရမည်။
(က) တပ်မတော်တွင် အမှုထမ်းနေကြသော အရာရှိများ၊
(ခ) ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသောသူများ၊
(ဂ) -------------------
(ဃ) အခြားနည်းအားဖြင့် စစ်ဘက်ဥပဒေကို လိုက်နာရသည် မဟုတ်စေကာမူ တန်းပြည့်စစ်မှုထမ်းချိန်၌ စစ်စခန်းတွင် စစ်ချီနေသည့်အခါတွင် သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဤကိစ္စအလို့ငှာ အမိန့်ကြော်ငြာစာဖြင့် သီးခြား သတ်မှတ်ထားပြီးဖြစ်သော နယ်စပ်စစ်စခန်း တစ်ခုခုတွင် တပ်မတော်၏ အစိတ်အပိုင်းတစ်ခုခုက စေခိုင်းခြင်းခံရသူများ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတစ်ခုခုတွင် အမှုထမ်းရွက်နေရသူများ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတစ်ခုခုတွင် နောက်လိုက်နောက်ပါ ဖြစ်ကြသူများ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတစ်ခုခုနှင့် လိုက်ပါလာကြသူများ။

No comments:

Post a Comment