Thursday 19 March 2015

စာတမ်းနဲ့ မှတ်ချက်


ပြီးခဲ့တဲ့အတန်းတုန်းက တင်ရတဲ့ စာတမ်းတစ်စောင်နဲ့ ပတ်သက်ပြီး ဒီနေ့ ဆရာ့ကို သွားတွေ့ပါတယ်။ ဆရာ မှတ်ချက်ရေးထားတဲ့ မူရင်းစာတမ်းကို ပြန်ပေးလိုက်ပါတယ်။ ရေးထားတဲ့ အကြောင်းအရာက Pogge ရဲ့ World Poverty and Human Rights စာအုပ်ထဲက Achieving Democracy ဆိုတဲ့ အခန်းကို ဝေဖန်သုံးသပ်တဲ့ စာတမ်းဖြစ်ပါတယ်။ မူရင်းပညာရှင် တင်ပြထားတဲ့ အယူအဆတွေနဲ့ ကိုက်ညီတာတွေရှိသလို မူရင်းပညာရှင် ရေးသားတင်ပြရာမှာ အားနည်းချက်ရှိတဲ့ လစ်ဟာချက်ရှိတဲ့ အချက်လေးတွေကို မြန်မာ့ဒီမိုကရေစီအကူးအပြောင်း အတွေ့အကြုံနဲ့ ချိန်ထိုးသုံးသပ် ရေးသားခဲ့တာပါ။ ဆရာ့မှတ်ချက်က ပုံမှာ ပါတဲ့အတိုင်းပါပဲ။ သိပ်ကောင်းတဲ့စာတမ်းတစ်စောင်ပဲ ဆိုတာကတော့ ကျောင်းသားတော်တော်များများကို ပေးလေ့ရှိတဲ့ မှတ်ချက်လားတော့ မသိပါဘူး။ ကျွန်တော်ရေးတဲ့ စာတမ်းမှာ ရှေ့နောက် မညီတာလေးတွေကိုလည်း ထောက်ပြထားပါတယ်။ အကြိုက်ဆုံး မှတ်ချက်ကတော့ ပြီးခဲ့တဲ့ ဆောင်းဦးရွက်ကြွေတန်းတစ်လျှောက် အတန်းထဲမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့တာကို အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဆရာ့မှတ်ချက်အရ ထောက်ပြထားတဲ့ အချက်လေးတွေကို ပြန်လည်မွမ်းမံပြီးရင်တော့ စိတ်ဝင်စားတဲ့ မိတ်ဆွေများ ဖတ်နိုင်အောင် ကျွန်တော့် ဘလော့စာမျက်နှာမှာ တင်ထားပေးမယ်လို့ စိတ်ကူးထားပါတယ်။ လောလောဆယ်တော့ အမြည်းအဖြစ်နဲ့ ကျွန်တော့်စာတမ်း နိဂုံးလေးကို ဖတ်ကြည့်ကြပါအုံး။
In this small paper, I made my arguments based on the work of Pogge. Some of his ideas are agreeable and some of his proposals have weaknesses. I tried to point out the shortcomings of his arguments and I proposed my own arguments on achieving democracy. In the developing countries like Myanmar, we are facing many challenges as Pogge had suggested and we need to consider how we could develop our democratic culture, and how we could deter the enemies of democracy. This paper made me consider those important factors very critically based on the real experience of my own country’s former authoritarian regime and current democratic transition. My conclusion is that it would be very hard to build a democratic society without active participation of the people.
ရွင်လန်းချမ်းမြေ့ကြပါစေဗျ

No comments:

Post a Comment