Friday 4 April 2014

ပစ်တိုင်းထောင် (ဆရာကြီး - ဇ၀န )

 
 
 


-

ပစ်တိုင်းထောင်လေး ပုတိုတို

မျက်နှာ ပြုံးချိုချို

ပစ်ချင်သလို ပစ်လို့ချ

ကျရာ ထောင်လို့ထ။

သူ့ဘ၀နှင့် သူ့ဖြစ်ထွေ

အံ့သြလောက်ပါပေ

ခြေတွေ လက်တွေ မရှိပဲ

ကိုယ်ထူ ကိုယ်ထမြဲ။

အခက်အခဲ သူရင်ဆိုင်

စိတ်ဓာတ် မယိမ်းယိုင်

အနိုင်မခံ ရှုံးမပေး

အပြေး ပြိုင်ချင်သေး။
 

No comments:

Post a Comment