Friday 23 November 2018

တပ်လှန့်

ဟေမိုဂလိုဘင် A1c က သွေးထဲမှာ 6.2% အောက်ရှိနေရင်အကောင်းဆုံး၊ 6.5% ထက်များနေတယ်ဆိုရင် သွေးချိုရှိနေတယ်ဆိုတဲ့ သဘောပဲ။ ကိုယ်က 6.8% ဆိုတော့ . . . အင်း

မကောင်းတဲ့ အဆီဓာတ် (low density lipoprotein) ကိုလက်စထရောက တစ်ဒက်စီလီတာမှာ 70-149 မီလီဂရမ်ပဲ ရှိသင့်ပေမယ့် ကိုယ့်မှာက 155 မီလီဂရမ်တောင်ရှိနေတယ်။ အရင်တစ်ခါ စစ်တုန်းကတောင် 151 ပဲရှိတာ။ အင်း . . .

သွေးထဲမှာ သွေးဖြူဥတွေ များနေတာ ပြန်ကျသွားပေမယ့် သွေးနီဥတွေ များနေတာက နည်းနည်းတောင် ထပ်တက်လာတယ်။ 400-570 ကြားရှိရမယ့်ဟာက အရင်တစ်ခါ 586 ကနေ အခု 600 ထိတောင် ရောက်လာပြီဆိုတော့ . . . အင်း . . .

ကိုယ်အလေးချိန်ကလည်း ငါးနှစ်အတွင်း ကိုးပေါင်လောက် တက်လာတယ်ဆိုတော့ . . . အင်း . . .

ဘ၀ကဖြင့် မစသေးဘူး ပျက်စီးမယ့် အရိပ်လက္ခဏာတွေက ပြနေပြီ၊ ကိုယ်တွင်းကလီစာတွေ ကောင်းနေသေးတာပဲ ကျေးဇူးတင်ရတော့မလို၊ ဆေးရုံကို ရှောင်ပြေးနေတာ ကြာပြီပေမယ့် ဒီတစ်ခါတော့ တကယ်သွားဖြစ်အောင်သွားပြီး ဆရာဝန်နဲ့ စကားပြောမှ ရတော့မယ်ထင်တယ် :(

၂၃ နိုဝင်ဘာ ၂၀၁၈


No comments:

Post a Comment