သူငယ်ချင်း...၊
နေ့စဉ်နဲ့အမျှ ဘာသာစကားမျိုးစုံနဲ့ ထွက်ရှိ/ထုတ်ဝေနေကြတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေကို ဖတ်တဲ့အခါ မင်းတို့၊ ငါတို့ ဖတ်ရှုကြရတဲ့ သတင်းတွေရဲ့ ရာခိုင်နှုန်းအများစုဟာ လုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေ ဖြစ်တယ်ဆိုတာကို မင်းအနေနဲ့ သတိထားမိမလားပဲ။ တစ်ဦးချင်းစီရဲ့ လုံခြုံရေးမှသည် ကမ္ဘာ့လုံခြုံရေးအထိ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းတရားတွေဆိုတာ ငါတို့တွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတာပဲ မဟုတ်လား။ နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးအတွက် ဘယ်လောက်အထိ အလေးထားပြီး လုပ်ဆောင်နေကြတယ်၊ အကုန်အကျခံနေကြတယ်ဆိုတာ မင်းအသိပဲ မဟုတ်လား။ အမေရိကန်တွေရဲ့ အယူအဆအရ လုံခြုံမှုကို ခြိမ်းခြောက်နိုင်တာ ၃ ခု ရှိသတဲ့။ ပြည်တွင်းခြိမ်းခြောက်မှု၊ ပြည်ပခြိမ်းခြောက်မှုနဲ့ ပြည်တွင်းခြိမ်းခြောက်မှုအပေါ် ပြည်ပက အကူအညီပေးတဲ့ တစ်ဆင့်ခံခြိမ်းခြောက်မှုတို့ ဖြစ်ကြတယ်။ ဒီနေရာမှာ ငါတို့နဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယရဲ့ အယူအဆကတော့ ထူးခြားတယ်ကွ။ အိန္ဒိယနိုင်ငံက သူ့လုံခြုံရေးအပေါ် ခြိမ်းခြောက်နေတဲ့ ပြည်တွင်းရန်သူ မရှိဘူးလို့ ယူဆတယ်။ ကက်ရှ်မီးယားကို ပြည်တွင်းခြိမ်းခြောက်မှုလို့ လက်ခံပေမယ့် ပြည်ပ (ပါကစ္စတန်)က လှုံ့ဆော်တဲ့ တစ်ဆင့်ခံစစ်ပွဲလို့ ယုံကြည်ကြတယ်တဲ့။ ဒီနေရာမှာ ငါတို့ရဲ့ ပါမောက္ခ ပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြန်ပြောပြချင်တယ်။ ဒီနေ့ခေတ်ကာလမှာ လုံခြုံရေးဆိုတာဟာ စစ်တပ်တစ်ခုတည်းနဲ့ သက်ဆိုင်တဲ့အရာလို့ မှတ်ယူလို့ မရတော့ဘဲ အဲဒီသဘောတရားဟာ အရမ်းကို ကျယ်ပြန့်လာနေပြီတဲ့။ ငါတို့အနေနဲ့ သာမန်အမြင်နဲ့ပဲ မြင်ခဲ့၊ ဖတ်ခဲ့ကြတဲ့ နိုင်ငံသားခံယူခွင့်ပြုခြင်း ဆိုတာမျိုးဟာလည်း ကိုယ့်နိုင်ငံကို သစ္စာခံအောင်လုပ်နိုင်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တစ်ခုဆိုပဲကွ။ ဒါ့အပြင် နိုင်ငံအလိုက် လုံခြုံရေးနဲ့ပတ်သက်တဲ့ အမြင်တွေကလည်း မတူညီကြဘူးတဲ့။ ဥပမာ... ကနေဒါနိုင်ငံရဲ့ လုံခြုံရေးဆိုတာဟာ ပြည်သူတွေကို ကာကွယ်ပေးဖို့တဲ့။ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဆိုတာကတော့ လူတွေရဲ့ လိုအပ်ချက်တွေနဲ့ ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးနိုင်ဖို့တဲ့ကွ။ စိတ်ဝင်စားစရာတွေပါကွာ...။ ဒီနေ့အချိန်အခါမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောလာနေကြတဲ့ Human Security (လူသားမျိုးနွယ်လုံခြုံရေး) နဲ့ ပတ်သက်လို့လည်း တစ်စိတ်တစ်ပိုင်း သင်ယူလေ့လာကြရတယ်။ လုံခြုံရေးလို့ ပြောလိုက်တာနဲ့ ငါတို့တွေအများစုက အစိုးရမှာ တာဝန်ရှိတယ်လို့ပဲ အလွယ်မြင်တတ်ကြတယ်။ မမှားဘူးဆိုပေမယ့် အပြည့်အ၀ မမှန်ဘူးလို့ ပြောရမယ်။ အစိုးရရဲ့ လုပ်ဆောင်မှုနဲ့အတူ တစ်ဦးချင်းစီရဲ့ စိတ်ဆန္ဒနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ တွေးမိတယ်။ ၁၉၅၇ ခုနှစ်လောက်က စတင်ခဲ့တဲ့ အယူအဆတစ်ရပ်ဖြစ်တဲ့ လုံခြုံရေးအသိုက်အ၀န်းစနစ်နဲ့ ပတ်သက်လို့လည်း နားထောင်ရတာ လေ့လာရတာ ဗဟုသုတရသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒါ့အပြင် နေတိုးအဖွဲ့ရဲ့ "မ" သုံးလုံး မူဝါဒ (3 No Policy)၊ နစ်ဆင်ရှော့(ခ) (Nixon Shock)၊ စုပေါင်းလုံခြုံရေးစနစ် (Collective Security)၊ စုပေါင်းကာကွယ်ရေးစနစ် (Collective Defence)၊ ပူးပေါင်းဆောင်ရွက်သော လုံခြုံရေးစနစ် (Cooperative Security)၊ လုံခြုံရေးအသိုက်အ၀န်းစနစ် (Security Community) စတဲ့ အကြောင်းအရာတွေကိုလည်း မြည်းစမ်းခွင့်ရခဲ့တယ်။
အိုး.. ဟုတ်ပါရဲ့၊ ငါကလည်း ပြောကောင်းကောင်းနဲ့ ပြောနေလိုက်တာ ဖတ်ရတဲ့မင်းအဖို့ ဘာတွေရေးနေပါလိမ့်ဆိုပြီး ဖြစ်နေရောပေါ့။ မယူမဖြစ် ဘာသာရပ် ၈ ခုထဲက ပြောဖို့ကျန်နေတဲ့ နောက်ဆုံးတစ်ခုဖြစ်တဲ့ "နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ လုံခြုံရေးနှင့် မဟာဗျူဟာ" (Security and Strategy in International Relations) ဆိုတဲ့ ဘာသာရပ်မှာ ငါတို့သင်ခဲ့ လေ့လာခဲ့ရတဲ့ အကြောင်းတွေကို ပြောပြနေမိတာပါကွာ။ သင်ကြားပို့ချပေးသူက ပါမောက္ခ မျိုး (Prof. Myoe) ဖြစ်တယ်။ သူစာသင်ကြားတဲ့ ပုံစံတွေ၊ သင်ကြားနည်းစနစ်တွေ၊ အမှတ်ပေးပုံတွေကို သူသင်ကြားတဲ့ အခြားဘာသာရပ်တွေမှာ ပြောပြထားပြီးသားမို့ ဒီနေရာမှာ အထူးအထွေ ထပ်ပြောဖို့ မလိုဘူးလို့ ငါယုံကြည်တယ်။ အခြားလူတွေရဲ့ အမြင်အယူအဆကို ငါမသိပေမယ့် ငါ့အတွက်ကတော့ ပါမောက္ခ မျိုး နဲ့ ဒီဘာသာရပ်ဟာ တစ်သားတည်းအကျဆုံးလို့ မြင်မိတယ်။ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး သူသင်ကြားပို့ချတာ ကောင်းပါတယ်။ သံခင်းတမန်ခင်းအကြောင်း သင်ကြားတော့လည်း စိတ်ဝင်စားအောင် သင်နိုင်တာပါပဲ။ ဒါပေမယ့် ဒီဘာသာရပ်မှာတော့ စာသင်ခန်းထဲက ငါတို့ရှေ့မှာ ဆွန်ဇုကိုယ်တိုင် လာပို့ချနေသလို၊ ကောလင်းပါဝဲ(လ)ကိုယ်တိုင် လာဟောပြောနေသလို၊ မောင့်ဂိုမာရီကိုယ်တိုင် အတွေ့အကြုံတွေ ပြန်ပြောင်းပြောပြနေသလို၊ ကလော့ဝစ်(ဇ)ကိုယ်တိုင် သင်ပုန်းပေါ်မှာ အယူအဆတွေချရေးပြီး လက်ချာပေးနေသလို ထင်မိလောက်အောင် တစ်သားတည်း ကျလွန်းလှတယ်ကွာ။ ပြီးခဲ့တဲ့နှစ် ဒီဘာသာရပ်တွေ သင်တဲ့အချိန်မှာသာ မင်းဆီကို ဒီလိုမျိုးတွေ ရေးခဲ့ရင် မင်းအနေနဲ့ ငါ့အပေါ် အံ့သြတကြီးနဲ့ အမြင်တွေဘာတွေစောင်းပြီး တောင်တွေးမြောက်တွေးတွေတောင် တွေးမိနိုင်တယ်။ ငါလည်း အဲဒီအချိန်တုန်းကဆိုရင် အခုလို ရေးဖြစ်ချင်မှ ရေးဖြစ်မှာပါကွာ။ အခုတော့ လိပ်ပြာသန့်သန့် ရေးရဲပါပြီ။ နောက်စာသင်နှစ်မှာ ပါမောက္ခ မျိုး ရဲ့ ဘယ်ဘာသာရပ်ကိုမျှ ငါ့အတွက် မှတ်ပုံတင်စရာ၊ တက်စရာ မရှိတော့ပါဘူးကွာ။ ပြီးခဲ့တဲ့ စာသင်နှစ်မှာ ပါမောက္ခမျိုးရဲ့ အတန်း ၄ ခုကို ငါတက်ခဲ့ရတယ်။ အဲဒီအထဲမှာ ဒီဘာသာရပ်အတန်းကို ငါသဘောအကျဆုံးပဲ။ စာသင်နေရတယ်လို့တောင် မထင်မိဘူး။ ငါ့အမြင်တော့ သူကိုယ်တိုင်လည်း ဒီဘာသာရပ်ကို ပို့ချဆွေးနွေးရတာ အာရုံအရဆုံး ဖြစ်မယ်ထင်မိပါရဲ့။ ဆရာနဲ့ ကြုံမှပဲ အဲဒီမေးခွန်းကို မေးကြည့်ရဦးမယ်။
ဒီဘာသာရပ်မှာ အပိုင်း ၂ ပိုင်း ပါဝင်တယ်။ တစ်ခုက လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ နောက်တစ်ခုက မဟာဗျူဟာနဲ့ ပတ်သက်တာတွေ။ အဲဒီလိုဆိုတဲ့အတွက် သီးခြားစီ အကြောင်းအရာတွေလို့ မထင်မှတ်စေလိုဘူး။ သူ့ဟာနဲ့သူ ဆက်နွှယ်နေကြတာပါပဲလေ။ မဟာဗျူဟာနဲ့ ပတ်သက်လို့ ငါတို့လေ့လာ သင်ယူရတဲ့အထဲမှာ အစ္စရေးနိုင်ငံဟာ ဘာဖြစ်လို့ အမြဲတစေ စစ်တိုက်ချင်နေရတာလဲ၊ မြန်မာက ထိုင်းကို ရန်သူအဖြစ် အမြဲတမ်း ဘာလို့မြင်နေရတာလဲ၊ အမေရိကန်က ဘာဖြစ်လို့ အမြဲတမ်း use of force သုံးရတာလဲ စတဲ့ အကြောင်းအရာတွေဟာ ဖတ်ကြည့်တာနဲ့တောင် ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းသလဲကွာ။ မင်းကိုယ်တိုင်လည်း ဒီရောက်တဲ့အခါ မဖြစ်မနေ သင်ယူရမှာမို့ ဋီကာချဲ့ပြီး တစ်ထောင့်တစ်ည ပြောမနေတော့ပါဘူးကွာ။ အဲဒီဘာသာရပ်နဲ့ သက်ဆိုင်ပြီး ရက်သတ္တပတ်အလိုက် ဆွေးနွေးပို့ချတဲ့ အကြောင်းအရာတွေကို ဖတ်ကြည့်ပါဦး။
ဒီလောက်ဆိုရင် ဒီဘာသာရပ်ကို ဘာကြောင့် ငါစိတ်ဝင်စားရသလဲ မင်းသဘောပေါက်လောက်ပြီ ထင်ပါရဲ့။ အကြောင်းအရာအားလုံးဟာ ဒီနေ့ခေတ်ကာလမှာ နိုင်ငံတိုင်း၊ အစိုးရတိုင်းက အလေးထားပြီး စဉ်းစားပြောဆိုနေကြရတဲ့ ကိစ္စရပ်တွေ မဟုတ်လား။ သြော်... နောက်တစ်ခုက ဒီဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း မင်းအနေနဲ့ ပါမောက္ခနဲ့အတူ ကြည့်ခွင့်ရဦးမယ်ကွ။ ငါတို့ကြည့်ဖူးပြီးသားတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရင်တုန်းက ဖျော်ဖြေရေးအနေနဲ့ ကြည့်ခဲ့ကြတာ။ အခုဟာက အတန်းထဲမှာ ပါမောက္ခရယ်၊ အခြားသော အတန်းဖော်ကျောင်းသားတွေရယ်နဲ့ ဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းတွေကို သင်ခန်းစာတွေနဲ့ ချိန်ထိုးဖို့ ကြည့်ကြရတာ။ အခွင့်အရေးပေးရင်၊ ကံကောင်းရင်တော့ မင်းအနေနဲ့ ၂ ကြိမ်လောက် ကြည့်ခွင့်ရမယ် ထင်ပါရဲ့။ စာသင်ချိန်မှာမဟုတ်ဘဲ ညဘက်မှာ အချိန်ပိုခေါ်ပြီး သွားကြည့်ရတာ တစ်ခုကတော့ ကိုယ်ပိုင်ချိန်ကို အထိမခံ သည်းသည်းလှုပ်သူတွေအတွက် စိတ်ညစ်စရာပေါ့။ တစ်ခုပျော်စရာကတော့ အဲဒီလို ရုပ်ရှင်ကြည့်တဲ့ အချိန်တိုင်းမှာ ငါတို့ရဲ့ လူပျိုပါမောက္ခကြီးက အအေးတွေ၊ ပေါ့ပေါ့ပါးပါး စားသုံးနိုင်တဲ့ မုန့်တွေ စီစဉ်ပေးတာပါပဲ။ တကယ့်ကို ပျော်စရာကြီးပါကွာ။ ဥပမာ... Tora! Tora! Tora! ဇာတ်ကားဆိုပါတော့။ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတဲ့ အဲဒီဇာတ်ကားကို မင်းရော ငါရော ကြည့်ခဲ့ဖူးတာပဲ။ ဒါပေမယ့် ဘယ်တုန်းကမျှ လုံခြုံရေးအမြင်၊ မဟာဗျူဟာအမြင်နဲ့ မကြည့်ခဲ့ပါဘူးကွာ။ အခုလောလောဆယ်တော့ ဒီလောက်ပဲ အမြည်းပေးပါရစေ...။
မင်း သိပ်ပြီးတော့ သဘောကျလေးစားတဲ့ တရုတ်က စစ်ပညာရှင်ကြီး ဆွန်ဇုရဲ့ သီအိုရီတွေ၊ ဒဿ နတွေကိုလည်း မင်းလေ့လာသင်ယူရမယ်။ မင်းအားကျပါတယ်ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲ(လ)ရဲ့ မဟာဗျူဟာ အမြင်တွေကိုလည်း လေ့လာမှတ်သားရမယ်။ မင်း အမြဲတမ်း ဖတ်နေတဲ့ အမေရိကန် FM စာစောင်တွေထဲက ဆောင်းပါးတွေကိုလည်း ဖတ်ရှု၊ ဝေဖန်၊ ဆွေးနွေး၊ အနှစ်ချုပ်ရေးသား လုပ်ရဦးမယ်။ မင်းစိတ်ဝင်စားတယ်ဆိုတဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ သဘောတရားတွေကိုလည်း တ၀ကြီး နားထောင်မှတ်သား လေ့လာသင်ယူခွင့် ရလိမ့်မယ်။ ကဲ... နိဂုံးချုပ်အနေနဲ့ အခုတလော ငါတို့နိုင်ငံမှာ နာမည်ကြီးနေတဲ့ ဖုန်းလိုင်းကြော်ငြာတစ်ခုရဲ့ စာသားတစ်ပိုင်းတစ်စကို ယူသုံးပြီး ပြောရမယ်ဆိုရင်တော့ "အိုင်ယူဂျေမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဘာသာရပ်တွေ ရှိနေပါပြီ။ မင်းကို ကြိုဆိုနေပါတယ်" ပေါ့ကွာ။ ရွှင်လန်းချမ်းမြေ့ပါစေ။
Last Edited: 12 August 2014, 11:41 am
( Ichiro Nyamyokyaw)

- Introduction to Security and Strategy
- Military Security in International Relations
- Strategy and Principles of War
- Evolution of Strategic Thoughts and Modern Warfare
- Technology and Warfare: Revolutions in Military Affairs
- Effect-Based Operation and Network-Centric Warfare
- Asymmetric Warfare and 4th Generation Warfare
- Insurgency and Counter-Insurgency Strategy
- Air Power Theories and Air Operations
- Sea Power and Naval Warfare in the 21st Century
ဒီလောက်ဆိုရင် ဒီဘာသာရပ်ကို ဘာကြောင့် ငါစိတ်ဝင်စားရသလဲ မင်းသဘောပေါက်လောက်ပြီ ထင်ပါရဲ့။ အကြောင်းအရာအားလုံးဟာ ဒီနေ့ခေတ်ကာလမှာ နိုင်ငံတိုင်း၊ အစိုးရတိုင်းက အလေးထားပြီး စဉ်းစားပြောဆိုနေကြရတဲ့ ကိစ္စရပ်တွေ မဟုတ်လား။ သြော်... နောက်တစ်ခုက ဒီဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း မင်းအနေနဲ့ ပါမောက္ခနဲ့အတူ ကြည့်ခွင့်ရဦးမယ်ကွ။ ငါတို့ကြည့်ဖူးပြီးသားတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရင်တုန်းက ဖျော်ဖြေရေးအနေနဲ့ ကြည့်ခဲ့ကြတာ။ အခုဟာက အတန်းထဲမှာ ပါမောက္ခရယ်၊ အခြားသော အတန်းဖော်ကျောင်းသားတွေရယ်နဲ့ ဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းတွေကို သင်ခန်းစာတွေနဲ့ ချိန်ထိုးဖို့ ကြည့်ကြရတာ။ အခွင့်အရေးပေးရင်၊ ကံကောင်းရင်တော့ မင်းအနေနဲ့ ၂ ကြိမ်လောက် ကြည့်ခွင့်ရမယ် ထင်ပါရဲ့။ စာသင်ချိန်မှာမဟုတ်ဘဲ ညဘက်မှာ အချိန်ပိုခေါ်ပြီး သွားကြည့်ရတာ တစ်ခုကတော့ ကိုယ်ပိုင်ချိန်ကို အထိမခံ သည်းသည်းလှုပ်သူတွေအတွက် စိတ်ညစ်စရာပေါ့။ တစ်ခုပျော်စရာကတော့ အဲဒီလို ရုပ်ရှင်ကြည့်တဲ့ အချိန်တိုင်းမှာ ငါတို့ရဲ့ လူပျိုပါမောက္ခကြီးက အအေးတွေ၊ ပေါ့ပေါ့ပါးပါး စားသုံးနိုင်တဲ့ မုန့်တွေ စီစဉ်ပေးတာပါပဲ။ တကယ့်ကို ပျော်စရာကြီးပါကွာ။ ဥပမာ... Tora! Tora! Tora! ဇာတ်ကားဆိုပါတော့။ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတဲ့ အဲဒီဇာတ်ကားကို မင်းရော ငါရော ကြည့်ခဲ့ဖူးတာပဲ။ ဒါပေမယ့် ဘယ်တုန်းကမျှ လုံခြုံရေးအမြင်၊ မဟာဗျူဟာအမြင်နဲ့ မကြည့်ခဲ့ပါဘူးကွာ။ အခုလောလောဆယ်တော့ ဒီလောက်ပဲ အမြည်းပေးပါရစေ...။
မင်း သိပ်ပြီးတော့ သဘောကျလေးစားတဲ့ တရုတ်က စစ်ပညာရှင်ကြီး ဆွန်ဇုရဲ့ သီအိုရီတွေ၊ ဒဿ နတွေကိုလည်း မင်းလေ့လာသင်ယူရမယ်။ မင်းအားကျပါတယ်ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲ(လ)ရဲ့ မဟာဗျူဟာ အမြင်တွေကိုလည်း လေ့လာမှတ်သားရမယ်။ မင်း အမြဲတမ်း ဖတ်နေတဲ့ အမေရိကန် FM စာစောင်တွေထဲက ဆောင်းပါးတွေကိုလည်း ဖတ်ရှု၊ ဝေဖန်၊ ဆွေးနွေး၊ အနှစ်ချုပ်ရေးသား လုပ်ရဦးမယ်။ မင်းစိတ်ဝင်စားတယ်ဆိုတဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ သဘောတရားတွေကိုလည်း တ၀ကြီး နားထောင်မှတ်သား လေ့လာသင်ယူခွင့် ရလိမ့်မယ်။ ကဲ... နိဂုံးချုပ်အနေနဲ့ အခုတလော ငါတို့နိုင်ငံမှာ နာမည်ကြီးနေတဲ့ ဖုန်းလိုင်းကြော်ငြာတစ်ခုရဲ့ စာသားတစ်ပိုင်းတစ်စကို ယူသုံးပြီး ပြောရမယ်ဆိုရင်တော့ "အိုင်ယူဂျေမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဘာသာရပ်တွေ ရှိနေပါပြီ။ မင်းကို ကြိုဆိုနေပါတယ်" ပေါ့ကွာ။ ရွှင်လန်းချမ်းမြေ့ပါစေ။
Last Edited: 12 August 2014, 11:41 am
( Ichiro Nyamyokyaw)
No comments:
Post a Comment