Friday 3 July 2015

ပွဲပြီး မီးသေ မဖြစ်စေနဲ့

မြန်မာ့ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများခင်ဗျား
ယခုပြီးခဲ့သော ဆီးဂိမ်း မြန်မာ-စင်္ကာပူ ဘောလုံးပွဲတွင် စင်္ကာပူအသင်းက ညစ်ပတ်စုတ်ပဲ့စွာ ကစားခဲ့သည်ကို တွေ့ခဲ့ရပါသည်။ တစ်ဘက်အသင်းက နည်းလမ်းပေါင်းစုံသုံး ညစ်ပတ်ခြင်း လူချခြင်းများကို မျက်ဝါးထင်ထင် ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း ဒိုင်ဖြစ်သူက ထိထိရောက်ရောက် အရေးယူခြင်း မပြူသည်များကိုလည်း မြင်တွေ့ခဲ့ရပါသည်။ အဆိုပါ ရုပ်သံမှတ်တမ်းများကို အထောက်အထားပြုပြီး စုံစမ်းစစ်ဆေး အရေးယူပေးပါမည့်အကြောင်း သက်ဆိုင်ရာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သို့ တင်ပြ တိုင်ကြားသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment