Friday 3 July 2015

ဗိုလ်မိုးကြိုး သမီးနဲ့ တွေ့မယ်



နက်ဖြန် ခရီးစဉ်ကတော့ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။ မနက်ပိုင်း ဟာမမတ်ဆု လေတပ်အခြေစိုက်စခန်းကို သွားလည်ပြီးရင် မြန်မာ့သမိုင်းထဲက ဗိုလ်မိုးကြိုးရဲ့ မျိုးဆက်နဲ့ တွေ့ခွင့် စကားပြောခွင့် ရမှာမို့လို့ ဖြစ်ပါတယ်။ " ထီးရိုးကို မိုးကြိုးခမယ်" ဆိုတဲ့ အတိတ်တဘောင်အရ ထီးရိုးဆိုတဲ့ ဗြိတိသျှတွေကို တော်လှန်ဖို့ ပေါ်ပေါက်လာတဲ့ ဂျပန်စစ်တပ်က ဗိုလ်မှူးကြီး ဆူဇူကီးကို မြန်မာနာမည် ဗိုလ်မိုးကြိုးလို့ ပေးခဲ့ကြတာပါ။ ဗိုလ်မိုးကြိုးရဲ့ သက်ရှိထင်ရှား သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကင်ပါရာစံနဲ့ နက်ဖြန် တွေ့ရမှာ ဖြစ်ပါတယ်။ ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်တိုင်မှာ စတွေ့ရမှာ ဖြစ်ပြီး သူတို့နဲ့အတူ နေ့လည်စာ စားပါမယ်။ အဲသည်နောက် ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူမှာ ပန်းခွေသွားချပြီး ဗိုလ်မိုးကြိုးသမီး ကင်ပါရာစံ တို့ ဇနီးမောင်နှံနဲ့ လက်ဘက်ရည်ဝိုင်းဖွဲ့ပြီး အေးအေးဆေးဆေး စကားပြောခွင့် ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိတ်ဆွေ သူငယ်ချင်းအချို့ ပြောပြသိချင်ကြတဲ့ အကြောင်းအရာတွေကိုလည်း နက်ဖြန်ကျရင် သေချာမေးမြန်းမှတ်သားခဲ့ပါမယ်။
နက်ဖြန် ဗိုလ်မိုးကြိုးသမီးနဲ့ တွေ့တဲ့အခါ ပြောပြပေးစေချင်တာ မေးမြန်းပေးစေချင်တာများရှိရင် ကွန်မန့်ဘောက်မှာ ၀င်ရေးပေးခဲ့လို့ ရပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျ

ဒီနေ့မနက်ပိုင်း ဟာမမတ်ဆု လေတပ်အခြေစိုက်စခန်းကို လေ့လာပြီး နေ့လည်ပိုင်းမှာ ဂျပန်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ကျောက်တိုင်ကို သွားပါတယ်။ အဲသည်နေရာမှာ ဗိုလ်မိုးကြိုးရဲ့ သမီးက သူမခင်ပွန်းနဲ့အတူ စောင့်နေတာပါ။ အထိမ်းအမှတ်ကျောက်တိုင်မှာ အမှတ်တရ ဓာတ်ပုံရိုက်ပြီးတော့ နေ့လည်စာအတူစား စကားစမြည် ပြောကြပါတယ်။ နေ့လည်စာ စားပြီးတော့ ဗိုလ်မိုးကြိုးတို့ ဆွေစဉ်မျိုးဆက် ဆူဇူကီးဂူသိင်္ချိုင်းမှာ ပန်းစည်းချ ဂါရ၀ပြုပြီး ဆုတောင်းမေတ္တာပို့သပါတယ်။ အဲသည်နောက် လက်ဖက်ရည်အတူသောက်ကြရင်း စကားစမြည် ပြောပါတယ်။ ဗိုလ်မိုးကြိုးသမီး ကင်ပါရာစံကို ကျွန်တော်တို့ သိချင်တာတွေ မေးကြမြန်းကြရင်း သူကလည်း သူသိသမျှကို သေသေချာချာ ပြောပြပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်လို ပြောတာကို သူက ကောင်းကောင်းနားလည်ပေမယ့် ပြောရင်တော့ ဂျပန်လိုပဲ ပြောပါတယ်။ ကျွန်တော်တို့အိုင်အာ ကျောင်းက Dean ကာကီနာက က အင်္ဂလိပ်လို ပြန်ပြောပေးပါတယ်။ သူပြောတာတွေကို ခုချက်ချင်း ရေးသားတင်ပြဖို့ အခက်အခဲ ရှိတာမို့ ရေးပြီးတဲ့အခါကျမှပဲ တင်ပေးပါတော့မယ်။ မေးခွန်းတွေ မေးပေးထားတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အားနာပေမယ့် နောင်များမှပဲ တင်ပါရစေ။ ဗိုလ်မိုးကြိုးရဲ့ သမီးတစ်ယောက်ဖြစ်တဲ့ ကင်ပါရာစံဟာ ကျွန်တော်တို့ကို ဆွေမျိုးရင်းချာလို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ရှိလှတဲ့အတွက် ဆွေမျိုးသားချင်း လူကြီးသူမတစ်ယောက်နဲ့ တွေ့ခဲ့ရသလို ခံစားရပါကြောင်း

No comments:

Post a Comment