Wednesday 6 January 2016

သောက်ချိုးတွေ ပြင်ချိန်သင့်ပြီ


. . . သတိထားမိနေတာတော့ တော်တော့်ကို ကြာပါပြီ။ အရင်ကတော့ အတိုက်အခံဆိုတော့ အစိုးရဘာလုပ်လုပ် ငါတို့က ဆန့်ကျင်လိုက်မဟဲ့ တော်လှန်လိုက်မဟဲ့ ကန့်လန့်တိုက်လိုက်မဟဲ့ စိတ်မွေးပြီး အစိုးရလွှင့်တဲ့ နိုင်ငံတော်အလံ ငါတို့ မလွှင့်ဘူးဟေ့ဆိုပြီး နှုတ်ခမ်းစူသလို စိတ်ကောက်သလိုလုပ်တာတွေက တစ်ချို့နေရာတွေမှာ တော်တော် အကျည်းတန်ပေမယ့် ကလေးဆန်တာကို နားလည်ပေးလို့ ရနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကလေးဆန်လို့ မရတော့ပါဘူး။ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအာဏာကို အနည်းဆုံးတော့ လာမယ့် ငါးနှစ်တာ အပ်နှင်းခြင်း ခံရတော့မယ့် ဦးဆောင်အဖွဲ့အစည်း ဖြစ်နေပါပြီ။
.
. . . တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဥက္ကဌတစ်ယောက် ဦးဆောင်တယ်၊ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တယ်၊ အဲဒီပါတီကြီး တစ်ခုအနေနဲ့ နိုင်ငံတော်အလံကို ထိုက်သင့်တဲ့ တန်ဖိုးထားမှုမျိုး မလုပ်တာက ဘာသဘောလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ တစ်ချို့နေရာတွေမှာဆို နိုင်ငံတော်အလံကို ပါတီအလံအောက် နိမ့်တဲ့နေရာမှာ လွှင့်ထူတဲ့အထိ ပါတီစွဲကြီးကြတာကိုတော့ အခုအချိန်မှာ (ရိုင်းရိုင်းပြောရရင်) သောက်ချိုးတွေ ပြင်သင့်ပြီလို့ ထင်ပါတယ်။
.
. . . အခုနောက်ဆုံး ပါတီဥက္ကဌကိုယ်တိုင်တက်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ နိုင်ငံတော်အလံကို (အားနာပါးနာလေးတောင်) အရိပ်အယောင်လေး မလွှင့်တာ တန်ဖိုးမထားတာကတော့ တော်တော့်ကို များသွားပါပြီ။ ဒါနိုင်ငံတော်တစ်ရပ်လုံးနဲ့ဆိုင်တဲ့ နေ့ဗျ။ ရှင်းရှင်းပဲ ပြောချင်ပါတယ်။ ခင်ဗျားတို့ မကြိုက်ရင် အာဏာရတဲ့အခါ အခြေခံဥပဒေပြင်ပြီး ခင်ဗျားတို့ပါတီအလံကိုပဲ နိုင်ငံတော်အလံ သတ်မှတ်သတ်မှတ် အခုအချိန်မှာတော့ ခင်ဗျားတို့ ခေါင်းငုံ့ပြီး ၀င်လာခဲ့တဲ့ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲကို ၀င်ပြိုင်ပြီး နိုင်လာခဲ့ပြီဆို အခြေခံဥပဒေက သတ်မှတ်ထားတဲ့ နိုင်ငံတော်အလံကို အလေးထားပါလို့ ပြောချင်တယ်။ ရွံစရာကောင်းတဲ့ ခပ်ပဲ့ပဲ့ လုပ်ရပ်တွေ နောက်မျိုးဆက်တွေကို အတုယူမှားအောင် အမွေမပေးခဲ့ပါနဲ့
.
ခင်ဗျားတို့ သောက်ချိုးတွေ ပြင်ချိန်သင့်ပြီ
.

No comments:

Post a Comment