Thursday 16 May 2013

မြန်မာဥပဒေ အတွဲ (၃) Myanmar Code Volume III

ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေ နိဒါန်း
    ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြင်ဆင်ထားသော မြန်မာပြည်နှင့် သက်ဆိုင်သည့် တရားဥပဒေများကို စုပေါင်း၍ ၁၉၄၄ ခုနှစ်တွင် ပုံနှိပ်ဖြန့်ချီခဲ့ပါသည်။ ထို့နောက် ဒုတိယ ကမ္ဘာစစ်ကြီးဆိုက်ရောက်သဖြင့် ဗြိတိသျှဘုရင်ခံသည် ၁၉၃၅ ခုနှစ် မြန်မာပြည်စီရင်မှု အက်ဥပဒေအရ တရားဥပဒေပြဌာန်းပိုင်ခွင့်အာဏာကို သုံးစွဲလျက် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်ခြင်းမရှိမီ ကြားကာလ၌ အက်ဥပဒေပေါင်း ၂၁၅ ခု ပြဌာန်းခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုလိုက်သောအခါ ယခင်လက်ရှိ တရားဥပဒေများသည် အခြေခံဥပဒေနှင့် မညီမညွတ်ဖြစ်သည်အထိလည်းကောင်း၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အကျိုးသက်ရောက်စေရမည်ဟု နိုင်ငံတော်သမ္မတက အမိန့်ထုတ်၍ပြဌာန်းသည့် ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ (တရားဥပဒေများ သင့်တင့်ဆီလျော်အောင် ပြုပြင်ချက်) အမိန့်ကို လေးစားထောက်ထား၍လည်းကောင်း ဆက်လက်၍အာဏာတည်ခဲ့ပါသည်။ ထို့နောက် ပါလီမန်က ၁၉၅၄ ခုနှစ်ကုန်အထိ နောက်ထပ်အက်ဥပဒေ ၄၆၇ ခုကို ပြဌာန်းခဲ့ပါသည်။ သို့ဖြစ်၍ မြန်မာပြည်တရားဥပဒေများကို စုပေါင်းပြီး ယခင်အကြိမ် ပုံနှိပ်ဖြန့်ချီပြီးသည့်နောက် အက်ဥပဒေ စုစုပေါင်း ၆၈၂ ရပ်ကို ပြဌာန်းခဲ့ပြီးဖြစ်ရာ ထိုဥပဒေများအနက် ၃၉၇ ခုမှာ ပြင်ဆင်ချက်အက်ဥပဒေများ ဖြစ်ပါသည်။
    ယခု တင်ပြထားသော ဥပဒေများသည် ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြင်ဆင်ပြီးသမျှကို ဖော်ပြထားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် အထိ ပယ်ဖျက်ခြင်း မပြုရသေးသော ဥပဒေများကို တင်ပြထားပါသည်။ ပယ်ဖျက်ပြီး ဥပဒေများကို ထည့်သွင်း တင်ပြခြင်း မရှိပါ။
    ဥပဒေများကို ဒေါင်းလုတ်ချရာတွင် အင်တာနက်လိုင်းကောင်းပါက မြန်မာဥပဒေအတွဲ (၃) ကို တိုက်ရိုက်ဒေါင်းလုတ်ချ ရယူနိုင်ပြီး အင်တာနက်လိုင်း အနှေးကို သုံးသူဖြစ်ပါက ဥပဒေများကို တစ်ခုချင်း ဒေါင်းလုတ်ချ ရယူနိုင်ပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။



မြန်မာဥပဒေ အတွဲ (၃)

No comments:

Post a Comment