Monday 13 May 2013

အခြေခံဥပဒေရှင်းလင်းချက် အကျဉ်းချုပ်


ဥပဒေပညာရှင် ဒေါက်တာ အေးမောင် ပြုစုထားတဲ့ အခြေခံဥပဒေ ရှင်းလင်းချက် အကျဉ်းချုပ် စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို အပြင်မှာ ဖြန့်ချိသလား မသိပေမယ့် မိတ်ဆွေတစ်ယောက်ဆီက ရလို့ စိတ်ဝင်စားသူများ ဖတ်ရှုလေ့လာနိုင်အောင် တင်ပေးလိုက်တာ ဖြစ်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ တစ်ခုချင်းစီကို ရှင်းလင်းတင်ပြပေးထားတာကို တွေ့ရပါတယ်။ တစ်ခု သတိပြုရမှာက အခြေခံဥပဒေ ပုဒ်မ ၃၂၂ (က) အရ အခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ အာဏာကို အခြေခံဥပဒေခုံရုံးကို အပ်နှင်းထားတာပါ။ အဲသည် ခုံရုံးကသာ အခြေခံဥပဒေကို တရားဝင် အဓိပ္ပာယ်ဖွင့်ဆိုခွင့် ရှိပါတယ်။ ဒီစာအုပ်ကတော့ အခြေခံဥပဒေကို ပိုမိုနားလည်စေဖို့ အထောက်အကူ ပြုမယ်လို့ ယူဆပါတယ်။  စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုတ် ရယူနိုင်ပါပြီ ခင်ဗျာ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments:

Post a Comment