Tuesday 7 May 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အသံစာအုပ်



          ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ဝင်စားသူများ အလွယ်တကူ လေ့လာနိုင်ပါစေတော့ ဆိုတဲ့ စိတ်ကူးနဲ့ အခြေခံဥပဒေကို အပိုင်းလိုက် အသံသွင်းယူခဲ့ပါတယ်။ ပုဒ်မ တစ် ကနေ ငါးအထိကို အသံဖိုင်တစ်ခုတည်းမှာ ပေါင်းထည့်ခဲ့တာကလွဲရင် ပုဒ်မတစ်ခုကို အသံဖိုင် တစ်ခုနဲ့ အပိုင်းလိုက် အသံသွင်းခဲ့ပါတယ်။ အခြေခံဥပဒေ အခန်း ၁၅ ခန်းနဲ့ ဇယား ၅ ခုအတွက် အသံဖိုင်ပေါင်း ၄၅၇ ဖိုင် ရှိပါတယ်။ အသံသွင်းတာကတော့ အသံသွင်းခန်းမထဲမှာ အသံသွင်းတာ မဟုတ်ဘဲ ကိုယ့်အခန်းထဲမှာကိုယ် လူခြေတိတ်ချိန်တွေမှာ ကွန်ပျူတာ ဂျက်အော်ဒီယို ဆော့ဝဲသုံးပြီး အသံသွင်းထားတာ ဖြစ်တဲ့အတွက် အသံအရည်အသွေး အကောင်းဆုံး အဆင့် မရှိပေမယ့် တော်တော်လေး ကြည်ကြည်လင်လင် ရှိတာကို တွေ့ရပါတယ်။ တစ်ဆက်တည်း ဖွင့်မယ်ဆိုရင် လေးနာရီ ၄၈ မိနစ်နဲ့ ၃၈ စက္ကန့်ကြာမှာ ဖြစ်ပြီး ဖိုင်တွေ အားလုံး စုစုပေါင်း ပမာဏက ၂၇၄ မီဂါဘိုက် ရှိပါတယ်။ အခန်းတစ်ခန်းချင်းအလိုက် ဇယားတစ်ခုချင်းအလိုက် ဖိုင်တွေ ဖွဲ့ထားပြီး ဖိုင်တစ်ခုချင်းစီကို ဒေါင်းလုတ်ချလို့ရအောင် တင်ပေးထားပါတယ်။ အခြေခံဥပဒေကို စိတ်ဝင်စားပေမယ့် စာဖတ်ဖို့ မအားလပ်တဲ့သူတွေ တစ်ခြားအလုပ်တစ်ခု လုပ်နေရင်းနဲ့ ဖွင့်ပြီး နားထောင်နိုင်တဲ့အတွက် အများကြီး အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အခြေခံဥပဒေ စာအုပ်ကို လိုချင်တယ်ဆိုရင်လည်း ဒီနေရာမှာ ဒေါင်းလုတ်ချ ရယူနိုင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

အသံဖိုင်အစအဆုံး
အခန်း (၁)    နိုင်ငံတော်အခြေခံမူများ
အခန်း (၂)    နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
အခန်း (၃)    နိုင်ငံတော်အကြီးအကဲ
အခန်း (၄)    ဥပဒေပြုရေး
အခန်း (၅)    အုပ်ချုပ်ရေး
အခန်း (၆)    တရားစီရင်ရေး
အခန်း (၇)    တပ်မတော်
အခန်း (၈)    နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ
အခန်း (၉)    ရွေးကောက်တင်မြှောက်ခြင်း
အခန်း (၁၀) နိုင်ငံရေးပါတီများ
အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ
အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
အခန်း (၁၃) နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်
အခန်း (၁၄) ကူးပြောင်းရေးကာလဆိုင်ရာပြဌာန်းချက်များ
အခန်း (၁၅) အထွေထွေပြဌာန်းချက်များ

ဇယား (၁)    ပြည်ထောင်စုဥပဒေပြုစာရင်း
ဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း
ဇယား (၃)    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း
ဇယား (၄)    ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက် ပုံစံ
ဇယား (၅)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ

1 comment:

  1. For your good intention, time and effort are greatly appreciated. Thank you.

    ReplyDelete