Wednesday 30 May 2018

အရပ်ကတို့ရေ ဟောသည်မှာ . . .


. . . သမ္မတရုံးကနေ သူ့ကွပ်ကဲမှုအပြည့်ရှိတဲ့၊ အချိန်မရွေး ဖြုတ်ပစ်လိုက်လို့ရတဲ့ ၀န်ကြီးချုပ်တွေနဲ့ ၀န်ကြီးတွေကို အခြေခံဥပဒေကို လိုက်နာဖို့ လူသိရှင်ကြား စာထုတ်တယ်ဆိုတာ နည်းနည်းတော့ ဆန်းသလိုပဲ။ တပ်က နယ်လုံဝန်ကြီးတွေ ဘောင်ကျော်လုပ်နေတယ်ဆိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အကြောင်းကြားလိုက်ပေါ့။ အမိန့်မနာခံတာ ဘောင်ကျော်တယ်ဆိုတာ တပ်မတော်မှာတော့ တော်တော်ကို ကြီးလေးတဲ့ ပြစ်မှုမို့ ဘယ်တပ်မတော်ခေါင်းဆောင်ကမှ လက်ခံမှာမဟုတ်ဘူး။ အခုက ဘာနဲ့တူလဲဆိုတော့ ကိုယ့်သားသမီးကို နိုင်အောင်မထိန်းသိမ်းတဲ့ ခပ်ညံ့ညံ့မိန်းမကြီးတစ်ယောက်က သူ့သား ငမူးငရူးကို မနိုင်တာနဲ့ အော်ကြီးဟစ်ကျယ် အရပ်ထဲလှည့် တိုင်တည်နေသလိုပဲ။ ဒီလောက်တောင် ပုဒ်ထီးပုဒ်မတွေ ညွှန်းပြီးပြောနေရမှတော့ မထူးတော့ပါဘူး၊ သမ္မတက အဲလို ငမိုက်သားတွေကို အချိန်မရွေးဖြုတ်ပစ်လို့ရတယ်ဆိုတာ ပြဌာန်းထားတဲ့ ပုဒ်မ ၂၆၄ ပါ တစ်ခါတည်း ထည့်ရေးလိုက်ရောပေါ့ . ၀ုတ်ဒေ
.
. . . ဒါမှမဟုတ် အခြေခံဥပဒေအရ နိုင်ငံတော်အကြီးအကဲ အစိုးရအဖွဲ့အကြီးအကဲကို ကျော်၊ ဟိုတစ်ယောက်နဲ့ပေါင်းပြီး သမ္မတကို ဘာထင်တဲ့အပေါက်ချိုးလို့များ စောင်းပါးရိပ်ခြည် မိတ္တူပေးတဲ့အနေနဲ့ ဒီစာကိုထုတ်သလား မဆိုနိုင်ဘူး၊ ဟုတ်တယ်လေ အခြေခံဥပဒေမှာ သမ္မတကိုတာဝန်ခံရမယ်လို့ပဲပါတာ၊ တစ်ခြားသူကို တာဝန်ခံရမယ်လို့မှမပါဘဲ၊ ခုသမ္မတကိုလည်း အရင်တစ်ယောက်လိုပဲ အောက်မေ့ပြီး ကျော်တာခွတာတွေ ရှိချင်ရှိနေမှာ ပြောမရဘူးရယ်
.
. . . မြန်မာလဆန်း ၁၅ ရက်ဆိုတာ လပြည့်နေ့ဆိုတာ သမ္မတရုံးက စာကြမ်းရေးစာစီတဲ့သူတွေရော တာဝန်ခံလက်မှတ်ထိုးတဲ့သူတွေရော သတိထားမိရင်ကောင်းမှာပဲ။ တစ်ခါလည်းမဟုတ် နှစ်ခါရှိနေပြီ၊ အရင်တစ်ခါ လစာတိုးအမိန့်စာတုန်းကလည်း ဒီလိုရေးခဲ့ကြသေးတယ်
.
https://www.facebook.com/bokaunghtetsan/posts/627704080926204
.
. . . ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေထဲ စာမတတ်ပေမတတ်တွေပါလို့ အခြေခံဥပဒေကို စာနဲ့ မဖတ်တတ်ဘူးဆိုရင်လည်း ဗိုလ်ကောင်းအကောင့်ကို လာအက်ခိုင်းထားလိုက်၊ အခြေခံဥပဒေ အသံစာအုပ်ပေးမှာပေါ့၊ ညအိပ်ယာဝင်ခါနီးတိုင်း ဘုရားရှိခိုးပြီးတာနဲ့ ဗိုလ်ကောင်းအသံစာအုပ်လေးနားထောင်ပြီး အဆုံးမှာ သာဓုလေးခေါ်၊ ဘယ်လောက်အထာကျသလဲဆွာ
.
ငါးပိရည်ကို အသီးအရွက်မျိုးစုံနဲ့ နယ်ဖတ်စားရတာကြိုက်တဲ့
ဗိုလ်ကောင်း
၃၀ မေ ၂၀၁၈

No comments:

Post a Comment