Wednesday 2 May 2018

တပ်မတော်နဲ့ အာနန်ကော်မရှင်


.
. . . ရခိုင်ဒေသဖွံ့ဖြိုးရေးဆိုင်ရာအကြံပေးကော်မရှင်ဖွဲ့ပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကော်မရှင်ကို သုံးကြိမ်လက်ခံတွေ့ဆုံခဲ့တယ်။ ကော်မရှင်အဖွဲ့ မြန်မာပြည်ကို ပထမဆုံးလာတဲ့ ၈ စက်တင်ဘာ ၂၀၁၆ မှာတစ်ကြိမ်၊ အစီရင်ခံစာရေးနေတဲ့ ၆ ဒီဇင်ဘာ ၂၀၁၆ မှာတစ်ကြိမ်၊ အစီရင်ခံစာလာတင်တဲ့ ၂၄ သြဂုတ် ၂၀၁၇ မှာတစ်ကြိမ် သုံးကြိမ်တွေ့ခဲ့တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကော်မရှင်ကို ဘာတွေပြောလိုက်ပြီး ဘယ်သတင်းအချက်အလက်တွေ ပေးလိုက်သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
.
၈ စက်တင်ဘာ ၂၀၁၆ မှာ ပထမဆုံးအကြိမ်လက်ခံတွေ့ဆုံခဲ့တယ်။ အဓိက ပြောခဲ့တာ ၇ ချက်ရှိတယ်။
.
၁။ . . . ကိုလိုနီခေတ်တုန်းက စပါးစိုက်ဖို့ ဘင်္ဂလားကနေ ခေါ်သွင်းလာတဲ့ ဘင်္ဂါလီတွေ သမိုင်းကြောင်း
.
၂။ . . . ဘင်္ဂါလီတွေ တိုက်ခိုက်လို့ ဒေသခံ ရခိုင်တိုင်းရင်းတွေ ထွက်ပြေးခဲ့ရတဲ့ သမိုင်းကြောင်း။ ၁၉၄၂ မှာ ရခိုင်လူမျိုး နှစ်သောင်းကျော် အသတ်ခံခဲ့ရတဲ့အကြောင်း
.
၃။ . . .၁၉၄၇ ကစခဲ့တဲ့ မူဂျာဟစ်သောင်းကျန်းသူတွေ အကြောင်း
.
၎။ . . . ၁၉၇၀ ၀န်းကျင်မှာ ဗကပ သောင်းကျန်းသူတွေကြောင့် အ၀င်အထွက် မထိန်းသိမ်းနိုင်ဘဲ အခုအခြေအနေကို ရောက်ခဲ့ရတဲ့အကြောင်း၊
.
၅။ . . . လူဦးရေများတဲ့ နိုင်ငံတွေကြားထဲနေရလို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်း အမှားမခံနိုင်ကြောင်း၊ စိစစ်မှုလုပ်ငန်းစဉ်အတွက် စိတ်ရှည်ဖို့လိုအပ်ကြောင်း
.
၆။ . . . လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတဲ့ နိုင်ငံဖြစ်ကြောင်း။ ခုကိစ္စက ဘာသာရေးပြသနာမဟုတ်ဘဲ ဘာသာရေးကိုအခြေခံပြီး လှုံ့ဆော်ခံနေရတဲ့ ပြသနာဖြစ်နေကြောင်း
.
၇။ . . . ကော်မရှင်နဲ့ပတ်သက်ပြီး တပ်မတော်က လိုအပ်တာ ကူညီပေးသွားမှာဖြစ်ကြောင်း
.
ကိုဖီနာအန်ပြော
. . . Mr. Kofi Annan က ယခုကဲ့သို့ရှင်းလင်းပြောကြားပေး၍ မိမိ အတွက် သမိုင်းအသိရသွားပြီး အနာဂတ်ကိုမြော်မြင်နိုင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကော်မရှင် အနေဖြင့် ယခုကိစ္စအတွက် ဆုံးဖြတ်ချက်ပေးခြင်း မဟုတ်ဘဲ Stakeholder များ၊ နှစ်ဖက် အသိုက်အ၀န်းများနှင့်တွေ့ဆုံ၍ လေ့လာသုံးသပ်ပြီး အကြံပေးခြင်း၊ အကြံပြုခြင်းများသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကိစ္စတစ်ခုတည်းသာမက ဒေသဖွံ့ဖြိုးတိုးတက်မှုအပါအ၀င် ဘက်စုံထောင့်စုံမှ လေ့လာဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိမိရခိုင် ဒေသသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် နှစ်ဖက်အသိုက်အ၀န်း၏ စိုးရိမ်ပူပန်မှုအသီးသီးကိုလည်း ကြားသိခဲ့ရပါကြောင်း၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် ဆက်လက်ဆောင်ရွက်သင့်ပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်းဖြင့် ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လေ့လာလုပ်ဆောင်သွားမည် ဖြစ်ကြောင်း
.
https://www.facebook.com/seniorgeneralminaunghlaing/posts/1314670058567479
--------------------------------
၆ ဒီဇင်ဘာ ၂၀၁၆ တွေ့ဆုံမှု

၁။ . . . နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး လွတ်လပ်ရေးမရမီနဲ့ ရပြီး အခြေအနေနှစ်ရပ်၊ ရခိုင်တစ်ဒေသတည်း မဟုတ်ဘဲ တစ်နိုင်ငံလုံးနဲ့ ခြုံငုံစဉ်းစားရကြောင်း၊ ယခင်ဥပဒေများနဲ့ မခိုင်လုံလို့ ၁၉၈၂ ဥပဒေနဲ့ ထပ်မံစိစစ်ခဲ့၊ ဥပဒေနဲ့ညီသူများကို အသိအမှတ်ပြုမယ်
.
၂။ . . . အောက်တိုဘာ အကြမ်းဖက်မှုဖြစ်စဉ်အကြောင်း
.
၃။ . . . NVC ကတ် အကြောင်း၊ စိစစ်ရေးလုပ်ငန်းစဉ်အကြောင်း
.
၎။ . . . တပ်မတော်အပေါ် စွပ်စွဲချက်များ မမှန်ကြောင်း
.
လူငယ်များက ပူးပေါင်းဆောင်ရွက်မှုအားကောင်းသော်လည်း သက်ကြီးရွယ်အိုများ ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုအကြောင်း ကိုဖီအာနန်ကပြောတော့ သမိုင်းမီခဲ့တဲ့ လူကြီးပိုင်းအနေနဲ့ တွေ့မြင်သိရှိခဲ့တဲ့ ခံစားချက်တွေကြောင့်ဖြစ်ကြောင်း တပ်ချုပ်ကြီးက ပြန်ပြောခဲ့တယ်။
.
https://www.facebook.com/seniorgeneralminaunghlaing/posts/1408676469166837
---------------------------------
. . . ၂၄ သြဂုတ် ၂၀၁၇ အစီရင်ခံစာ တင်တဲ့အချိန်မှာ တစ်ခါထပ်တွေ့တယ်။ ပြောခဲ့ကြတာတွေက
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
၁။ . . . ကော်မရှင်အနေဖြင့် အချိန်ကန့်သတ်ချက်၊ သွားလာမှုကန့်သတ်ချက်များကြောင့် အကြောင်းအရာအချက်အလက်ပိုင်းတွင် မပြည့်စုံနိုင်ဟု ယူဆပါကြောင်း၊ ကော်မရှင်၏အစီရင်ခံစာပါ အချက်အလက်အချို့မှာ လွဲမှားမှုလိုအပ်ချက်များရှိနေကြောင်း
.
၂။ . . . ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေမှာ တည်ဆဲဥပဒေဖြစ်၍ ယင်းဥပဒေနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်၊ ကုလသမဂ္ဂ၏ အထွေထွေပြဋ္ဌာန်းချက်မှာပင် လူတစ်ယောက်နိုင်ငံသားဖြစ်မှုအတွက် မှတ်ပုံတင်ရန်လိုကြောင်း၊ သို့ဖြစ်၍ ရခိုင်ဒေသရှိ ဘင်္ဂါလီအားလုံး မှတ်ပုံတင်ရန်လိုကြောင်း၊ NVC ကတ်သည် ယင်းဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ပေးရေးအတွက် ခွဲခြမ်းစိတ်ဖြာရန် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ သို့မှသာ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံသားဖြစ်တည်မှုများအား ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခွဲခြား၍မရသောသူများကို ထိန်းသိမ်းထားရပြီး ခွဲခြား၍ရသူများကို လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပြု ထား
.
၃။ . . . လုံခြုံရေးဆိုသည်မှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကာကွယ်ရေး စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင် ရကြောင်း၊ ဘူးသီးတောင်-မောင်တောဒေသ အခြေအနေသည် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် သာမန်ရဲတပ်ဖွဲ့တို့က ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တာဝန်ပေးထားကြောင်း၊
.
. . . ယင်းနယ်မြေတွင် လက်ရှိပုဒ်မ-၁၄၄ ထုတ်ပြန်ထား ကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေး အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် တပ်များက ၀င်ရောက်ကာကွယ်ရခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင်ပင် ဒေသခံပြည်သူများ အသတ်ခံရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ပျောက်ဆုံးနေခြင်းများ ရှိနေကြောင်း၊ ယင်းကိုထိန်းသိမ်းရန် လိုအပ်သကဲ့သို့ ယခုထက်ပိုမိုဆိုးရွားသည့် အရေးအခင်းများ ထပ်မံဖြစ်မလာစေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း၊
.
. . . မေယုတောင်တန်းပေါ်တွင် ဘင်္ဂါလီများ၏ စစ်ရေး အထောက်အကူစခန်းများ၊ စစ်ရေးလေ့ကျင့်မှုများကို ဖော်ထုတ်တွေ့ရှိရကြောင်း၊ ကာကွယ်ရေးအဆင့်အထိ ရောက်ရှိလာ၍ တပ်မတော်က ပါဝင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ တိုင်းရင်းသားများသည် နံပါတ်တစ်ဖြစ်ပြီး နိုင်ငံတွင်ရှိသည့် နိုင်ငံသားအားလုံးကိုလည်း ကာကွယ်ရမည်ဖြစ်ကြောင်း
.
၎။ . . . ၂၀၁၂ ခုနှစ် ဖြစ်စဉ်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်း အဝေးခေါ်ယူ၍ သမ္မတ၏ဦးဆောင်မှုဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအခြေအနေသည် လုံခြုံရေးစိတ်ချရမှုမရှိသေးကြောင်း၊ တစ်ဖက်နိုင်ငံနယ်စပ်တွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ ရောက်ရှိနေသည့် သတင်းများရရှိထားကြောင်း၊ မေယုတောင်တန်းတွင်လည်း နယ်မြေရှင်းလင်းမှုများ မပြီးပြတ်သေးကြောင်း၊ ဒေသခံများအတွက် လုံခြုံမှုစိတ်ချရသည်အထိ လုပ်ဆောင်ရန်လိုကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလဖြစ်စဉ်ကြောင့် တပ်များဖြင့်နယ်မြေရှင်းလင်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလတွင် စစ်ဆင်ရေးအားလုံးရပ်ဆိုင်းခဲ့ကြောင်း၊ ယခုထပ်မံဖြစ်ပွားလာသည့်အတွက် တပ်များဝင်ရောက်ရခြင်း ဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းမှု အခြေအနေပေါ်မူတည်၍ တပ်များ၏လုပ်ဆောင်မှုကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်း
.
၅။ . . . သတင်းအဖွဲ့များအား သွားလာခွင့်ပေးထားကြောင်း၊ မှန်မှန်ကန်ကန် ရေးသားရန်သာ လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် လူသားချင်းစာနာမှုအကူအညီ ပေးသည့် လုပ်ငန်း များတွင် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း၊ သို့သော် ၎င်းထောက်ပံ့ရေးပစ္စည်းများအား အကြမ်းဖက်သမားများ၏ စစ်ရေးလေ့ကျင့်ရေးစခန်းများတွင် တွေ့ရှိရခြင်းကိုလည်း စဉ်းစားသုံးသပ်ရန် လိုကြောင်း၊ ဒုက္ခသည်စခန်းတွင်နေထိုင်၍ စားနပ်ရိက္ခာများရယူပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေပါက အကြမ်းဖက်ကူညီသူဟု သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် တာဝန်ရှိသကဲ့သို့ ဒုက္ခသည်များကလည်း စိစစ်မှုကိုခံယူရန်တာဝန်ရှိကြောင်း၊ ဘင်္ဂါလီများအနေဖြင့် စိစစ်ခံရန်လက်မခံ မှုများကို အစီရင်ခံစာတွင်ထည့်သွင်းရေးသားရန် လိုအပ်ကြောင်း
.
၆။ . . . ရခိုင်ပြည်နယ်၏စီမံခန့်ခွဲမှုဖြင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် ပညာရေးကျောင်း များစွာဖွင့်လှစ် ပေးထားကြောင်း၊ သို့သော်၎င်းတို့၏ ဘာသာရေးခေါင်းဆောင်များက အကြောင်းအမျိုးမျိုးပြ၍ သင်ကြားခွင့်မရအောင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ တက္ကသိုလ်များတွင် လာရောက်ပညာသင်ကြားနေသော ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂါလီများရှိကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ စိစစ်ပြီးပါက ဥပဒေနှင့်အညီ ပညာရေး၊ ကျန်မာရေးစသည်ဖြင့် အခွင့်အရေးများ ပိုမိုရရှိမည်ဖြစ်ကြောင်း
.
၇။ . . . က်ာမရှင်အနေဖြင့် နိုင်ငံတော်အစိုးရ၏သဘောထား၊ တပ်မတော်၏သဘောထား၊ ဒေသခံပြည်သူများ၏ သဘောထားများကို ခြုံငုံစဉ်းစားသုံးသပ်ရန်လိုကြောင်း၊ ဒေသခံရခိုင်တိုင်းရင်းသားများက လက်ခံရန် အရေးကြီးကြောင်း၊ ရခိုင်တိုင်းရင်းသားများ လက်မခံပါက ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲ မည်ဖြစ်ကြောင်း၊ ဘက်လိုက်၍ ထည့်သွင်းရေးသားရန်မဟုတ်ဘဲ မျှတမှုရှိရန် အကြံပေးခြင်းသာဖြစ်ကြောင်း
.
ကိုဖီအာနန်ပြော
. . . အစီရင်ခံစာမထုတ်ပြန်မီ တပ်မတော်ဘက်မှ အကြံပြုချက်တစ်ချို့အား မိမိအစီရင်ခံစာတွင် ပြင်ဆင်ရေးသားခဲ့ပါကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာထုတ်ပြန်ပြီးဖြစ်၍ ယခုတပ်မတော်မှ ဆွေးနွေးအကြံပြုမှုများအားလုံးကို ပြင်ဆင်ရန် အခက်အခဲရှိပါကြောင်း၊ ယင်းအကြံပြုချက်များကို ပြန်လည်လေ့လာပြီး လိုအပ်လျှင် အချက်အလက်မှားယွင်းမှုတစ်ချို့ကို ပြင်ဆင်ချက်ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း
.
https://www.facebook.com/seniorgeneralminaunghlaing/posts/1689496554418159
https://www.facebook.com/seniorgeneralminaunghlaing/videos/1689602944407520/
.
ရခိုင်ကိစ္စနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ နဲ့ ပတ်သက်တာတွေ ဒီနေရာမှာ ရယူနိုင်ပါတယ်။
https://www.facebook.com/bokaunghtets…/posts/615157352180877
.
Compiled by
https://www.facebook.com/bokaunghtetsan
.

No comments:

Post a Comment