Monday 7 May 2018

ပေါအီဒီယော်လော်ဂျီ


. . . လက်ရှိ မြန်မာ့နိုင်ငံရေးလောကမှာ စစ်ဘက်နဲ့အနီကြောင်ဘက် နှစ်ဘက်ပဲရှိတယ်လို့ သုံးသပ်ရင်တော့ ဆင်းကတ်တစ်ထောင့်ငါးရာမျိုးဆက်မှာ ဖောဖောသီသီ လေတိုက်တိုင်းသီးပွင့်နေတဲ့ ပေါအိုင်ဒီယော်လော်ဂျီတစ်မျိုး လို့ပဲ ကင်ပွန်းတပ်လိုက်ချင်တယ်။ စစ်ဘက်ကိုလိုက်တဲ့သူဆိုရင် စနစ်တကျရိုက်သွင်းစုဖွဲ့ထားတဲ့ မဟာဗျူဟာဂိုဏ်းဝင်ဖြစ်သွားပြီး အနီကြောင်တယ်ဆိုရင်တော့ ကိုယ့်စိတ်ကိုယ့်စေတနာနဲ့ကိုယ်လုပ်ကြရင်း အုပ်စုဖွဲ့မိသွားတာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်ကလဲ အထက်ကပြောခဲ့တဲ့ ပေါအိုင်ဒီယော်လော်ဂျီ တစ်စိတ်တစ်ပိုင်းပဲ။
.
. . . အာဏာရှင်စနစ်ကို မုန်းတီးသူများနှင့် အာဏာကို ဖက်တွယ်ထားလိုသူများ ဆိုပြီး အမျိုးအစားခွဲပြတာကလည်း လူ့သဘောသဘာဝကို လျစ်လျူရှုရာကျတယ်။ လူတိုင်းနီးပါးက အာဏာမရှိတဲ့အချိန်မှာ အာဏာရှင်တွေကို မုန်းတီးပြီး အာဏာရပြီဆိုတာနဲ့ အာဏာကိုဖက်တွယ်ထားချင်ကြတယ်ဆိုတာ မသိတာလား မသိခြင်ထောင် ထောင်နေတာလားတော့ ပြောတဲ့သူကိုယ်တိုင်သာ သိနိုင်လိမ့်မယ်။
.
. . . အာဏာရှင် လော်ဘီ သို့မဟုတ် စစ်ဝါဒလော်ဘီများနှင့် ဒီမိုကရေစီလော်ဘီ သို့မဟုတ် လူထုဆန္ဒကို အလေးထားသော ဒီမိုလော်ဘီ တဲ့။ ဖြေးဖြေးလုပ်ပါ ဆရာသမားရယ်။ ကိုယ့်စကားလုံးနဲ့ကိုယ် ပိနေပါအုံးမယ်။ အာဏာရအစိုးရဘာလုပ်လုပ် မေမေလေလည်တာ မွှေးနေတဲ့သူတွေက စစ်ဝါဒလော်ဘီတွေလား၊ နိုင်ငံမှာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ ထိပါးယိမ်းယိုင်စေမယ့် အာဏာကြီးသုံးရပ်အပြန်အလှန် ထိန်းကျောင်းကျင့်သုံးတဲ့ ဟန်ချက်ကို မပျက်ပျက်အောင် ဖျက်ချင်နေသူတွေနဲ့ အဲဒါကို အားပေးနေကြသူတွေက လူထုဆန္ဒကိုအလေးထားတဲ့ ဒီမိုလော်ဘီတွေလား၊ စဉ်းစဉ်းစားစားလည်း ပြောပါအုံးတော့။
.
. . . သေချာတာကတော့ "အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရား၊ သဘောတရား နိမ့်ပါးသိမ်ဖျင်းမှု၊ ရင့်ကျက် သဘောထားကြီးမှု အားနည်းချက်" ကင်းကင်းနဲ့ သမာသမတ်ကျကျသာ ဝေဖန်သုံးသပ်တတ်မယ်ဆိုရင် ဒီလို တစ်ရာဖိုးသုံးပုဒ်တန် ပေါအိုင်ဒီယိုလော်ဂျီမျိုး စာမျက်နာပေါ်ရောက်လာစရာအကြောင်းမရှိဘူး
.
. . . ဒီမိုကရေစီမျက်နာဖုံးတပ်ထားတဲ့ အာဏာရူးတွေကို နောက်တစ်ခါ "သစ္စာတိုင်ဝန်ချတောင်းပန်" ရမှာကြောက်လို့ ဘယာဂတိနဲ့ ဒီလိုစာမျိုးရေးခဲ့ရတာပါဆိုရင်လည်း မောင်ရင်ကိုယ်တိုင်ရေးတဲ့သမိုင်း မောင်ရင့်သမိုင်းပေါ့
.
. . . သူပြုစုပျိုးထောင်ခဲ့တဲ့ သစ်ပင်ကြီးက ဒီလိုအဆိပ်သီးတွေသီးနေတာသာ သိရင် ဆရာအောင်ထွဋ်တစ်ယောက် ရင်ကွဲနာကျပြီး နောက်တစ်ခါ ထပ်သေလိမ့်မယ်
.
ဗိုလ်ကောင်း
၇ မေ ၂၀၁၈
.
Ref:
https://www.facebook.com/photo.php?fbid=617510075278938&set=a.110405775989373.1073741828.100010598527758&type=3&theater

No comments:

Post a Comment