Monday 14 May 2018

စိတ်နယ်လွန်


. . . ဆရာဝန်တင်ရွှေတို့ဘာတို့ဆိုတာ ကိုယ်တွေ ဆယ်ကျော်သက်တုန်းက အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ ကျန်းမာရေးပညာပေး စာအုပ်တွေ ရေးသူတစ်ယောက်ပါ။ စိတ်ပိုင်းရုပ်ပိုင်း အပြောင်းအလဲနဲ့ ယောက်ျားလေးသဘာဝတွေ တိုးတက်ဖွံ့ဖြိုးလာစအချိန်မှာ အဲသည် ပညာပေးစာအုပ်တွေကို တိုးတိုးတိတ်တိတ်ဖတ်ခဲ့ရတာပေါ့။
.
. . . ဒေါက်တာတင်ရွှေနဲ့ မသက်သက်ရွှေ ပူးတွဲနာမည်နဲ့ ထုတ်တဲ့ စာအုပ်တွဲတစ်ခု ဖတ်ခဲ့ရတာကိုတော့ ခုထိ မမေ့နိုင်သေးပါဘူး။ အခုပြောမယ့်စာအုပ်တွဲကို ရေးခဲ့တဲ့ ဒေါက်တာတင်ရွှေဆိုတာ အဲသည်ပညာပေးစာအုပ်တွေရေးတဲ့ ဒေါက်တာတင်ရွှေဟုတ်မဟုတ်တော့ မသိပါဘူး။ အလယ်တန်းကျောင်းသားဘ၀လောက်တုန်းက အဖေတို့ မိတ်ဆွေတစ်ယောက် အိမ်ကိုယူလာပေးဖတ်တဲ့ စာအုပ်တွဲ ဖြစ်ပါတယ်။ စာအုပ်က စုစုပေါင်း ကိုးတွဲလား ဆယ့်နှစ်တွဲလားရှိတာကို အဖေ့မိတ်ဆွေက သူဝယ်ထားဖြစ်တော့ အကုန်ယူလာပြီး ကျွန်တော်တို့ကို ပေးဖတ်ခဲ့တာပါ။ စာအုပ်ဆိုပေမယ့် စာတွေ များများစားစား သိပ်မပါဘဲ ဓာတ်ပုံတွေအဓိကတင်ပြထားပြီး စာကတော့ ဓာတ်ပုံတွေကို ရှင်းပြသလောက်ပဲ ပါတာပါ။ ဓာတ်ပုံစာအုပ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။
.
. . . စာအုပ်တွဲနာမည်က မှတ်တမ်းဝင်စိတ်နယ်လွန်ဖြစ်ရပ်မှန်များ တဲ့။ စာအုပ်နာမည်ကိုက စိတ်ဝင်စားစရာ ဆွဲဆောင်မှု ရှိပါတယ်။ စိတ်နဲ့တွေးကြည့်လို့ လိုက်မမီနိုင်တဲ့၊ ခေတ်မီ သိပ္ပံနည်းပညာက သေချာ ရှင်းမပြနိုင်သေးတဲ့ ကိစ္စတွေ အဖြစ်အပျက်တွေကို စုစည်းမှတ်တမ်းတင်ထားတဲ့ စာအုပ်တွဲဖြစ်ပါတယ်။ အဲသည်စိတ်နယ်လွန်ဖြစ်ရပ်တွေ တကယ်ဖြစ်ခဲ့တယ်ဆိုတာကိုပဲ တင်ပြထားတာဖြစ်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဝေဖန်ပိုင်းခြားပြထားတာ မဟုတ်ပါဘူး။
.
. . . ဘယ်အရာမှာမဆို အထောက်အထားမရှိလျှင် မယုံကြည်နိုင်ဟု ပြောဆိုနေကြသော သိပ္ပံခေတ်လူငယ်များ အထူးသဖြင့် ဘာသာရေးစာပေတွင် ဖော်ပြပါရှိသော တန်ခိုးဣဒ္ဓိပတ်နှင့် ပတ်သက်၍ သံသယရှိသူများသို့ ရည်ရွယ်ရေးသားထားသည် လို့မိတ်ဆက်ထားတဲ့ အဲသည်စာအုပ်တွဲဟာ Nigel Blundell ရဲ့ Marvels and Mysteries of the Unexplained ကို မြန်မာလိုပြန်ထုတ်ထားတဲ့စာအုပ်လို့ ဆိုပါတယ်။ စာအုပ်တွဲအားလုံးမှာပါတာတွေကို မှတ်မိသလောက်ပြောရရင် ဈာန်ကိစ္စ၊ တန်ခိုးပြတာ၊ သချိင်္ုင်းထဲက အခေါင်းတွေ သူ့ဘာသာရွေ့နေတာမျိုး၊ လယ်ကွင်းတွေထဲမှာ ဘယ်သူမှမလုပ်ဘဲ ပေါ်လာတဲ့ စနစ်ကျလှတဲ့ ဂျီသြမေတြီဒီဇိုင်းတွေ၊ သေတဲ့သူကို သက်သေခေါ်တာ၊ စိတ်စွမ်းအင်နဲ့ဆေးကုတာ၊ ပန်းကန်ပြားပျံ၊ ရာဂါဘယများကို ကုသခြင်းအကြောင်း၊ ဘုရားကိုဆုတောင်းရာက ရောဂါပျောက်ကင်းသူများအကြောင်း၊ နတ်ဝင်သည်များ၏ အကူအညီဖြင့် ဖော်ထုတ်နိုင်ခဲ့သည့် လန်ဒန်လူသတ် မုဒိန်းကျင့်မှုခင်းများအကြောင်း၊ ပျောက်ကွယ်သွားသော အတ္တလန္တိတ်ကျွန်းအကြောင်း၊ ရုရှားနိုင်ငံ ဆိုင်ဘေးရီးယားဒေသမှ ထူးဆန်းသော မီးလုံးကြီးများအကြောင်း၊ ကမ္ဘာတစ်ဝန်းမှ မပုပ်မသိုးသော အလောင်းကောင်များ၊ ရှေးလောကီပညာများနှင့် ပတ်သက်၍ လေ့လာ၍ မကုန်နိုင်အောင် တွေ့ရှိနေရသည့် အီဂျစ်ဒေသအကြောင်း၊ မွေးရာပါ ဉာဏ်ရည်ထူးသော ပိဋကတ် မောင်ထွန်းကြိုင်၊ ဟိန္ဒူဘာသာဝင်တို့၏ အံ့သြဖွယ် မီးနင်းပွဲ၊ ဥရောပတိုက် မြေပြင်ပေါ်မှ အံ့သြဖွယ် မျဉ်းကြောင်းကြီးများ၊ ခရစ်တော်နှင့် ပတ်သက်၍ အံ့သြစရာ ဖြစ်ရပ်များ၊ ပြင်သစ်နိုင်ငံမှ သွေးယိုစီးနေသော ဘာသာရေးရုပ်တုများ၊ အမည်မသိ ကောင်းကင်ထဲ ပျံသန်းနေသော အရာဝတ္ထုများအကြောင်း၊ စကြာဝဠာမှ ဂြိုဟ်သားများအကြောင်း၊ မြောက်အမေရိက ရေကန်ထဲမှ အမည်မသိ သတ္တ၀ါကြီး၊ ထူးဆန်းသည့် ဘာမူဒါတြိဂံ၊ မိုးကုတ်ဆရာတော်ကြီး၏ အံ့သြစရာ ဖြစ်ရပ်ထူးများ၊ အံ့သြဖွယ် တိရစ္ဆာန်ဉာဏ်ရည်၊ အဂ္ဂိရတ်ပညာအကြောင်း၊ အီဂျစ် ပစ်ရမစ်များမှ စိတ်ဝင်စားစရာ ဖြစ်ရပ်ဆန်းအချို့၊ ပုဏ္ဏကတိုက်တာ စသည်ဖြင့် တော်တော်အမျိုးစုံပါပါတယ်။ စာအုပ်မှာပါတဲ့ အကြောင်းအရာတွေကို ညပိုင်းမှာ တစ်အိမ်လုံးအိပ်သွားတဲ့အချိန် စောင်လေးခြုံပြီးများ ဖတ်လိုက်ကြည့်လိုက်ရရင် ကြက်သီးမွေးညင်း ထစရာကောင်းလောက်အောင် ကြောက်စရာတွေလည်းပါပါတယ်။
.
. . . အခု ရန်ကုန်က အိမ်တစ်အိမ်က ရှေးဘီဒိုကြီးတစ်လုံးက တဒုန်းဒုန်း အသံတွေမြည်နေတာလို ဖြစ်ရပ်မျိုးတွေလည်း အဲသည်စာအုပ်ထဲ ရေးထားတာပါပါတယ်။ တစ်ချို့များဆို အဲသည်ထက် အခြေအနေဆိုးရင် ဇွန်းတွေ ပန်းကန်တွေ လေထဲပျံဝဲကျကွဲ မှန်တွေကွဲ အိမ်ကလူတွေ အိပ်မရအောင် ခုတင်တွေဆွဲ လူတွေတွန်းချ၊ ထိုင်ခုံတွေ လေထဲမြောက်တက်ပြီး ရိုက်ချိုးသလို ကျိုးပဲ့တာတွေအထိဖြစ်တာတွေတောင် ရှိပါသတဲ့။
.
. . . ကမ္ဘာကြီးမှာ ဘာကြောင့်မှန်း ရှင်းပြလို့မရနိုင်သေးတဲ့ ကိစ္စတွေ ဖြစ်တော့ဖြစ်နေကြတာပဲ

No comments:

Post a Comment