Thursday, 5 December 2019
သမုဒယဆိုသော တဏှာရယ်
. . . တစ်ခါတစ်လေလည်း စဉ်းစားမိတယ်၊ အချစ်တို့ မေတ္တာတို့အကြောင်းပေါ့၊ ချစ်တာဆိုတာ ဘာကိုခေါ်တာလဲ၊ အချစ်ရဲ့အဓိပ္ပာယ်က ဘာတွေလဲ၊ ပန်းလေးတစ်ပွင့်ကို သဘောကျတာက ချစ်တာလား၊ ရေမြေတောတောင်သာယာတဲ့ ရှုခင်းကို သဘောကျတာက ချစ်တာလား၊ တယ်လီဖုန်းအကောင်းစားလေးတစ်ခုကို ကြိုက်မိတာက ချစ်တာလား ကြိုက်တာလား၊ ချစ်တာနဲ့ ကြိုက်တာနဲ့ အတူတူပဲလား၊ ဘာကွာလဲ၊ သက်မဲ့အရာဝတ္ထုတွေကို မြတ်နိုးစွဲလန်းရတာနဲ့ လူတစ်ယောက် ဒါမှမဟုတ် လူတွေကို ဒါမှမဟုတ် လူအချင်းချင်း ခင်မင် နှစ်သက် ချစ်ကြိုက် ကြည်ညို လေးစား ချစ်ခင်ရတာနဲ့ ဘာကွာလဲ၊ ခုနပြောခဲ့တဲ့ လူတစ်ယောက်အပေါ် ကိုယ့်ရဲ့သဘောထားရေချိန်ကို ဖော်ပြတဲ့ စကားလုံးတွေရဲ့ တစ်လုံးချင်းအဓိပ္ပာယ်တွေမှာ ပါဝင်တဲ့ သဘောတရားတွေက အတူတူပဲလား ဘယ်လောက်ထိတူပြီး ဘာတွေ ကွဲပြားနေတာလဲ
.
. . . ကိုယ်နားလည်မိသလောက်ဆိုရင် တစ်ခုခုကို စွဲလန်းမိတာမှန်သမျှ တဏှာဆိုတဲ့ တရားကိုယ်နဲ့ဆိုင်ပြီး နှစ်သက်စဖွယ် ရနဲ့လေးတစ်ခုကို အာရုံရလို့ သဘောကျသွားတာကနေ လူတစ်ယောက်ကို အရူးအမူးချစ်မိတာတွေအထိ အကုန်လုံး ဒီတရားကိုယ် သဘောတရားနယ်ပယ်ထဲမှာပဲ ရှိနေတယ်ဆိုတာပါပဲ၊ ဒါဆိုရင် သက်မဲ့တစ်ခုကို မြတ်နိုးစွဲလန်းရတာနဲ့ လူတစ်ယောက်ကို မြတ်နိုးစွဲလန်းရတာကရော ဘာတွေ ကွာခြားလဲ၊ ဒါကတော့ တော်တော်ကွာမှာပါ၊ သက်မဲ့ကို မြတ်နိုးစွဲလန်းမှုမှာ တစ်လမ်းသွားသဘောပဲရှိပြီး ကိုယ့်ရဲ့သူ့အပေါ် နှောင်ဖွဲ့မိတဲ့ စိတ်ခံစားချက်သက်သက်ပဲရှိတာ၊ လူတစ်ယောက်ကို မြတ်နိုးစွဲလန်းမိတာကတော့ အပြန်အလှန်သဘောဆောင်တာလေ၊ လူတစ်ယောက်ရယ်လို့မှ မဟုတ်ပါဘူး၊ မွေးထားတဲ့ ခွေးလေး ကြောင်လေးတွေ အသိဉာဏ်မြင့်လို့ ချစ်ခင်စွဲလန်းမှုကို ခံစားတတ်တဲ့ အသိများတာနဲ့အမျှ အချင်းချင်းကြား နှောင်ဖွဲ့မှုက ပိုများတတ်တာမဟုတ်လား
.
. . . ချစ်ခင်မှုနဲ့သံယောဇဉ်အနှောင်အဖွဲ့ကို ခံစားနိုင်စွမ်းရှိကြတဲ့ လူတွေအချင်းချင်းပဲဖြစ်ဖြစ် လူနဲ့ တစ်ခြားခွေးကြောင် တိရစ္ဆာန်တွေကြားမှာပဲဖြစ်ဖြစ် သက်မဲ့ကို စွဲလန်းမိတာနဲ့ မတူတဲ့အချက်က သတ္တဝါအချင်းချင်းမှာက ကိုယ့်ဘက်က သံယောဇဉ်ထားသလို သူ့ဘက်က သံယောဇဉ်ကိုလည်း မျှော်လင့်တတ်ကြတာပဲ၊ ရရင်ပျော်ရတယ် မရတော့ ဝမ်းနည်းကြရတယ်၊ ဒါထက်ဆိုးရင် ဆုတ်နစ်တဲ့ ဒေါသတရားကိုယ်ကနေ တက်ကြွတဲ့ဒေါသတရားကိုယ်အဖြစ်ကိုပြောင်းပြီး မခံချင်စိတ်တွေဖြစ်ကြတယ်၊ နေမထိထိုင်မသာတွေဖြစ်တယ်၊ ငါမင်းကို သတ်ချင်တယ်တွေဘာတွေထိ ဖြစ်ကြရတယ်၊ တကယ်တမ်းကျတော့ လူ့ဘဝတိုတိုလေးမှာ ကိုယ်ချစ်တဲ့သူကို ချစ်နေရရင်ပြီးရော မဟုတ်ဘူးလား၊ ဘာလို့များ သူ့အချစ်ကို ပြန်မရတာနဲ့ ကိုယ့်ဘာသာလောင်မြိုက်ခံနေအုံးမှာလဲ
.
. . . အခု နားလည်သလိုသာဆိုရင် လူတွေပြောပြောနေတဲ့ ဖြူစင်ပါတယ်ဆိုတဲ့ မေတ္တာအဖြစ် တင်စားနေကြတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း သားအမိသားအဖ အချင်းချင်း ချစ်ခင်မြတ်နိုးကြချင်းတွေမှာ စွဲလန်းမှုဆိုတဲ့ တဏှာပါနေသေးတာပဲ၊ သူတစ်ထူးကောင်းရာကိုသာလိုလားတဲ့ မေတ္တာအပြင် ချစ်ခင်မြတ်နိုးစွဲလန်းခြင်းတွေ ရောယှက်ပါနေတော့ အတူတူရှိကြသခိုက်မှာ ပျော်ကြရတယ်၊ ဝေးသွားရင် လွမ်းရတယ် ဆွေးရတယ် စိတ်မကောင်းဖြစ်ရတယ်၊ ခွဲခွာရတဲ့အခါ ငိုကြရတယ်၊ ကိုယ်က အဘိဓမ္မာမသင်ဖူးတော့ စိတ်တွေကို သရုပ်မခွဲတတ်ပေမယ့် အခုပြောတာက တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းခိုင် ဝတ္ထုထဲမှာပါတဲ့ သူငယ်ချင်း မိဘ မောင်နှမ သားအမိအချစ်တွေဟာ အေးချမ်းတဲ့ မေတ္တာနယ်ပယ်ကို ကျော်လွန်ပြီး ပူလောင်တဲ့ ကိလေသာနယ်ပယ်ထဲထိ ရောက်နေကြလို့ လွမ်းရဆွေးရ ငိုကြရတာပါဆိုတာကို ကိုးကားပြီးပြောတာပါ
.
. . . ဒါဆိုရင် ကိုယ့်ရဲ့ ငယ်ချစ်ဦးလေးကို အခုထိ ချစ်နေသေးတာကရော ဘာစိတ်လဲ၊ အဲသည်စိတ်ထဲမှာ သူနဲ့အတူရှိစဉ်ကအချိန်လေးတွေကို ပြန်ပြောင်းအောက်မေ့ပြီး ကြည်နူးသာယာတာ လွမ်းဆွတ်တာကလွဲရင် အခုနေသူနဲ့တွေ့ချင်နေတာတွေ သူ့ကိုမှ မမြင်ရရင် စားမဝင်အိပ်မပျော်တာတွေ မပါတော့ဘူးနော်၊ ဒါပေမယ့် ကိုယ်သိပ်ချစ်တယ် အခုထိလည်း ချစ်နေတုန်းပဲလို့ ကိုယ့်ဘာသာထင်နေတဲ့ ငယ်ချစ်ဦးအကြောင်း တွေးမိတိုင်း ကြည်နူးရတဲ့ ချိုမြိန်မှုလေးက ဘာနဲ့မှမတူတဲ့ ခံစားချက်လေးပဲ၊ အမြဲတမ်းကြီးမဟုတ်ပေမယ့် သူနဲ့ပတ်သက်တဲ့ အကြောင်းတိုက်ဆိုင်တဲ့အခါ ကိုယ့်ရဲ့စိတ်ထဲ သူတစ်ယောက်ဖြတ်ပြေးသွားတဲ့ တစ်ဒင်္ဂအချိန်လေးမှာ လှိုက်နဲနွေးသွားတဲ့ နှလုံးသားရဲ့ ခံစားချက်လေးက တစ်စက္ကန့်လောက်ပဲ ကြာချင်မှတောင်ကြာမယ်ဆိုပေမယ့် အာ့တာလေးကိုပဲ စွဲလန်းတသနေတတ်တဲ့ စိတ်ကိုရော ဘာလို့ နာမည်တပ်လို့ရမလဲ ၊ ဒါလည်းပဲ အချစ်ပဲလား အထက်ကပြောခဲ့တဲ့ တရားကိုယ်တွေနဲ့ ဘာကွာလဲ ၊ ကိုယ်လည်းမသိတော့ဘူးရယ်
.
နောက်ပြီး
ဒီသံသရာတစ်လျှောက်လုံး ချစ်ရခင်ရစွဲလန်းရ မြတ်နိုးရဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ထမ်းပြီး ဘယ်ချိန်ထိအောင် လွမ်းရဆွေးရ ငိုနေကြရအုံးမှာလဲ
.
မောင်လွမ်းဝေ
၅ ဒီဇင္ဘာ ၂၀၁၉
Tuesday, 3 December 2019
ယင်ကောင်လေး
.
. . . ဒီနေ့တော့ ဒင်းကို တော်တော်စိတ်ကဆိုးနေပေမယ့် စိတ်ဆိုးနေလို့လည်း မပြီးသေးပါဘူးဆိုပြီး စိတ်အေးအေးထားပြီး ဘယ်လိုနှိမ်နင်းရမလဲ စဉ်းစားတယ်၊ အတွေးတစ်ခုရလာတယ်၊ လုပ်ကြည့်မယ်ဆိုပြီး အခုညနေမှာ စာကြည့်စားပွဲမှာထိုင်ပြီး လိုအပ်တဲ့ လက်နက်ကို လက်တစ်ကမ်းမှာထားပြီး စိတ်ရှည်ရှည်နဲ့စောင့်တယ်၊ အမယ် သကောင့်သားက ဒီနေ့မှ မျက်ခုံးတွေဘာတွေလှုပ်လို့လား အိမ်မက်တွေ မကောင်းလို့လားမသိဘူး လူနားကို သီကို မသီတာဗျ၊ ဒါပေမယ့် သူလည်း ကံကုန်တဲ့နေ့မို့လို့ ထင်ပါရဲ့ ရေတကောင်းပေါ် လာနားတယ်၊ အသင့်ဆောင်ထားတဲ့ လက်နက်နဲ့ ပစ်ချလိုက်တာ ချက်ချင်းတော့ မသေဘူး၊ တန်းမှာချိတ်ထားတဲ့ အကျႌပေါ်သွားနားတယ်၊ လက်နက်နဲ့ တစ်ချက်လိုက်ပစ်တယ်၊ ကြမ်းပေါ်ပြုတ်ကျတယ် မသေဘူး၊ ယက်ကန်ယက်ကန်လုပ်နေတုန်း ငါ့ကို ဒီလောက်စိတ်ဒုက္ခပေးတဲ့ကောင်ဆိုပြီး စိတ်ရှိလက်ရှိဖနောင့်နဲ့ပေါက်ပစ်လိုက်တယ် သေသွားရော
.
. . . ခဏနေတော့ ဂျူနီယာတစ်ယောက်က စာမေးမလို့ဆိုပြီး အခန်းထဲဝင်အလာ အကိုကြီးအခန်းက ရေမွှေးနံ့တွေ မွှန်နေတာပဲတဲ့၊ အေး အဲသည်ရေမွှေးနဲ့ သတ္တဝါတစ်ကောင်ကို ဇီဝိန်ခြွေခဲ့ပြီကွလို့တော့ မပြောပြလိုက်ပါဘူး စိတ်မကောင်းဖြစ်နေမှာစိုးလို့
.
ယင်ကောင်လေး ကောင်းရာသုဂတိလားပါစေ
.
ပုံက အင္တာနက္က
Monday, 2 December 2019
Do not disturb
မင်းနှလုံးသား
တံခါးဝမွာ
မနှောင့်ယှက်ပါနဲ့ လို့
စာတစ်ကြောင်းသာရေးထားလိုက်
ငါက
မဖြစ်မနေ
ရပ်နေမှာပါ
.
.
.
.
.
ရင်တွေဘယ်လောက်ကွဲကွဲ
Saturday, 30 November 2019
ချောနကျယ် ဖြစ်ချင်တယ်
ကိုယ်သာ ကိုယ်မဟုတ်ဘူးဆို
ချောနကျယ် ဖြစ်ချင်တယ်
စောက်သဲကွဲတဲ့အကြောင်းတွေကို
ဟာသလုပ်ပြီးရေးတော့
ဖတ်ရတဲ့သူမှာ
ရယ်နေရင်းပဲငိုရလား
ငိုနေရင်းပဲရယ်ရလား
ဘာမှန်းကိုမသိအောင်
ဖမ်းစားတတ်တဲ့စာတွေ
ရေးတတ်ချင်လို့
ဟုတ်တယ်လေ
အသဲကွဲလို့ဆိုပြီး
တစ်ယောက်တည်း
တိတ်တိတ်လေးကြိတ်
ငိုနေရမယ့်အစား
ရင်ဘတ်တူတဲ့သူတွေနဲ့ပေါင်းပြီး
ဟီလာတိုက်နေတော့မပေါ့
ရင်ထဲမှာဘာတွေရှိရှိ
အပြင်မှာဟီနေနိုင်ဖို့အတွက်
ကိုယ်သာ ကိုယ်မဟုတ်ဘူးဆို
ချောနကျယ်ဖြစ်ချင်တယ်
ချောနကျယ် ဖြစ်ချင်တယ်
စောက်သဲကွဲတဲ့အကြောင်းတွေကို
ဟာသလုပ်ပြီးရေးတော့
ဖတ်ရတဲ့သူမှာ
ရယ်နေရင်းပဲငိုရလား
ငိုနေရင်းပဲရယ်ရလား
ဘာမှန်းကိုမသိအောင်
ဖမ်းစားတတ်တဲ့စာတွေ
ရေးတတ်ချင်လို့
ဟုတ်တယ်လေ
အသဲကွဲလို့ဆိုပြီး
တစ်ယောက်တည်း
တိတ်တိတ်လေးကြိတ်
ငိုနေရမယ့်အစား
ရင်ဘတ်တူတဲ့သူတွေနဲ့ပေါင်းပြီး
ဟီလာတိုက်နေတော့မပေါ့
ရင်ထဲမှာဘာတွေရှိရှိ
အပြင်မှာဟီနေနိုင်ဖို့အတွက်
ကိုယ်သာ ကိုယ်မဟုတ်ဘူးဆို
ချောနကျယ်ဖြစ်ချင်တယ်
Wednesday, 27 November 2019
မေးချင်ပေမယ့်
Tuesday, 19 November 2019
မချစ်တတ် မမုန်းတတ်တဲ့သူ
ဆရာတော် အရှင်ဆန္ဒာဓိကရဲ့
မချစ်တတ်မမုန်းတတ်တဲ့သူ ဆိုတဲ့စာအုပ်ကို ဖတ်ရတုန်းက ကိုယ့်အသက်က နှစ်ဆယ်ကျော်အစိတ်ပိုင်း အရွယ်တော် တစ်စိတ်ဟိုင်းနေပေမယ့် ကိုယ့်မှာ လူပျိုပေါက်လေးလို အသည်းတွေ ကွဲလို့ကောင်းနေတုန်း၊ ရန်ကုန်တက္ကသိုလ်ကနေ ကျောင်းပြီးခါစ တောထဲမှာ တာဝန်ကျတော့ အထွေအထူးလည်း လုပ်စရာမရှိချိန်မို့ စာအုပ်တွေမှာဖတ်ပြီး တစိမ့်စိမ့်စဉ်းစားသုံးသပ်ချိန် ရတဲ့အခိုက်အတန့်ပဲ
.
.. . ဆရာတော်ရဲ့ စာတွေဖတ်ပြီး သံယောဇဉ်တွေ အနှောင်အဖွဲ့တွေရဲ့ ပူလောင်မှုနဲ့ မေတ္တာရဲ့ ငြိမ်းအေးမှုကို ခွဲခွဲခြားခြား ခံစားနားလည်တတ်လာခဲ့တာမို့ ဆရာတော်ဘုရားရဲ့ ကျေးဇူးကြီးမားပါတယ်
.
.. . ကိုယ့်စိတ်ရဲ့အခြေအနေကို စောင့်ကြည့်တဲ့အလေ့အကျင့်လည်း ချမ်းမြေ့ရိပ်သာမှာ ရလာခဲ့ပြီမို့ ကိုယ်ချစ်တဲ့သူတွေအပေါ် ကိုယ့်ရဲ့ ယိုင်ညွတ်မှုအခြေအနေကို အေးအေးချမ်းချမ်း စဉ်းစားသုံးသပ်ဖြစ်ခဲ့တယ်
.
.. . ပုထုဇဉ်ပီပီ သံယောဇဉ်အနှောင်အဖွဲ့နဲ့ တွယ်တာစွဲလန်းမှုတွေကို မပယ်သတ်နိုင်တာပေမယ့် ရှင်းရှင်းလင်းလင်းတော့ မြင်အောင်ကြည့်တတ်ပြီမို့ ဘယ်လောက်ပဲချစ်ချစ် ဘဝဆက်တိုင်းတို့ဘာတို့ဆိုတာမျိုး မတောင်းအပ်တဲ့ဆုကို ဘယ်တော့မှ မတောင်းဖြစ်ခဲ့တော့ဘူး၊ တစ်ဘဝစာရဲ့ နှစ်အပိုင်းအခြားလောက်လေး ချစ်ရတာတောင်မှ ဘယ့်ကလောက်ပူလောင်ပင်ပန်းရသလဲဆိုတာ သံယောဇဉ်ဝဋ်ကြွေးကြီးပုံရတဲ့ ကိုယ်တွေလိုလူမျိုးတွေသာ အပ်ချမတ်ချသိန်ုင်တာမျိုးမို့
.
.. . ကိုယ်ချစ်ခင်မြတ်နိုးစွဲလန်းမိသူတွေ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ကြစေဖို့ ၊ ကိုယ့်ကိုအကြောင်းပြုပြီး ကုသိုလ်တရားသာ ပွားများနိုင်စေဖို့၊ ကိုယ့်ကိုချစ်ကြသူတွေအပေါ် တုန့်လှယ်မေတ္တာ များများကြီးထားနိုင်ဖို့ နဲ့ ကိုယ်ကချစ်ပါလျက် ကိုယ့်ကိုစိမ်းကားသူတွေအပေါ် လျစ်လျူရှုခြင်းဖြင့် ကိုယ့်ရဲ့ချမ်းသာကိုမွေးမြူဖို့ ကြိုးစားလေ့ကျင့်ဖြစ်ခဲ့တယ်
.
.. . နောက်ဆုံးတစ်ခုကလွဲရင် ကျန်တာတွေတော့ တော်တော်အလုပ်ဖြစ်နေတုန်း ထင်ပါရဲ့

Friday, 15 November 2019
ဖြတ်လျှောက်
.
. . . အပြင်လောကမှာ ကိုယ်ကိုယ်တိုင် ဇာတ်လိုက်နေရာမှာ နေနေကြရတဲ့ လောကနိယာမကြီးကို မေ့ထားပြီး ကိုယ်ရေးတဲ့ ဝတ္ထုတွေထဲမှာတော့ မထင်မရှား မပေါ်မလွင် ခပ်မှိန်မှိန် အဖြည့်ဇာတ်ကောင်လေးအဖြစ် သရုပ်ဆောင်ကြည့်ချင်တယ်
.
မောင်လွမ်းဝေ
၁၉ ႏိုဝင္ဘာ ၂၀၁၉
Subscribe to:
Posts (Atom)