.
. . . ဒီနေ့တော့ ဒင်းကို တော်တော်စိတ်ကဆိုးနေပေမယ့် စိတ်ဆိုးနေလို့လည်း မပြီးသေးပါဘူးဆိုပြီး စိတ်အေးအေးထားပြီး ဘယ်လိုနှိမ်နင်းရမလဲ စဉ်းစားတယ်၊ အတွေးတစ်ခုရလာတယ်၊ လုပ်ကြည့်မယ်ဆိုပြီး အခုညနေမှာ စာကြည့်စားပွဲမှာထိုင်ပြီး လိုအပ်တဲ့ လက်နက်ကို လက်တစ်ကမ်းမှာထားပြီး စိတ်ရှည်ရှည်နဲ့စောင့်တယ်၊ အမယ် သကောင့်သားက ဒီနေ့မှ မျက်ခုံးတွေဘာတွေလှုပ်လို့လား အိမ်မက်တွေ မကောင်းလို့လားမသိဘူး လူနားကို သီကို မသီတာဗျ၊ ဒါပေမယ့် သူလည်း ကံကုန်တဲ့နေ့မို့လို့ ထင်ပါရဲ့ ရေတကောင်းပေါ် လာနားတယ်၊ အသင့်ဆောင်ထားတဲ့ လက်နက်နဲ့ ပစ်ချလိုက်တာ ချက်ချင်းတော့ မသေဘူး၊ တန်းမှာချိတ်ထားတဲ့ အကျႌပေါ်သွားနားတယ်၊ လက်နက်နဲ့ တစ်ချက်လိုက်ပစ်တယ်၊ ကြမ်းပေါ်ပြုတ်ကျတယ် မသေဘူး၊ ယက်ကန်ယက်ကန်လုပ်နေတုန်း ငါ့ကို ဒီလောက်စိတ်ဒုက္ခပေးတဲ့ကောင်ဆိုပြီး စိတ်ရှိလက်ရှိဖနောင့်နဲ့ပေါက်ပစ်လိုက်တယ် သေသွားရော
.
. . . ခဏနေတော့ ဂျူနီယာတစ်ယောက်က စာမေးမလို့ဆိုပြီး အခန်းထဲဝင်အလာ အကိုကြီးအခန်းက ရေမွှေးနံ့တွေ မွှန်နေတာပဲတဲ့၊ အေး အဲသည်ရေမွှေးနဲ့ သတ္တဝါတစ်ကောင်ကို ဇီဝိန်ခြွေခဲ့ပြီကွလို့တော့ မပြောပြလိုက်ပါဘူး စိတ်မကောင်းဖြစ်နေမှာစိုးလို့
.
ယင်ကောင်လေး ကောင်းရာသုဂတိလားပါစေ
.
ပုံက အင္တာနက္က
No comments:
Post a Comment