Saturday 30 November 2019

ချောနကျယ် ဖြစ်ချင်တယ်

ကိုယ်သာ ကိုယ်မဟုတ်ဘူးဆို
ချောနကျယ် ဖြစ်ချင်တယ်

စောက်သဲကွဲတဲ့အကြောင်းတွေကို
ဟာသလုပ်ပြီးရေးတော့
ဖတ်ရတဲ့သူမှာ
ရယ်နေရင်းပဲငိုရလား
ငိုနေရင်းပဲရယ်ရလား
ဘာမှန်းကိုမသိအောင်
ဖမ်းစားတတ်တဲ့စာတွေ
ရေးတတ်ချင်လို့

ဟုတ်တယ်လေ
အသဲကွဲလို့ဆိုပြီး
တစ်ယောက်တည်း
တိတ်တိတ်လေးကြိတ်
ငိုနေရမယ့်အစား
ရင်ဘတ်တူတဲ့သူတွေနဲ့ပေါင်းပြီး
ဟီလာတိုက်နေတော့မပေါ့

ရင်ထဲမှာဘာတွေရှိရှိ
အပြင်မှာဟီနေနိုင်ဖို့အတွက်
ကိုယ်သာ ကိုယ်မဟုတ်ဘူးဆို
ချောနကျယ်ဖြစ်ချင်တယ်


No comments:

Post a Comment