. . . It sounds interesting that the idea of import substitution for the improvement of trade deficit still survives in the country like Myanmar. It seems very old-fashioned thinking of political economy popular in the era of Burmese Way to Socialism. The C-in-C’s speech emphasized import-substitution as a mean of reducing foreign currency spending. In my understanding, trade deficit occurs when the import value is bigger than the export value, and just reducing the importing goods is not the solution (probably part of the solution) for the improvement of the trade-deficit especially in this trade war age. The example of Japan and Korea does not fit into the current status of Myanmar and any country else in the world today. Establishing factories for fine goods production is anyway good for either import-substitution or creating jobs for the citizens but why not for promoting exports, why not for earning more foreign currencies, why not for taking comparative advantages of the available domestic resources?
.
. . . More interesting question for me is what factors are constituting such idea of import-substitution behind the scene. I really don’t know. God might know it probably.
.
Ref:
http://cincds.gov.mm/node/1411?fbclid=IwAR3iZ2aOtsVUc-1rDYC8RFAIuP3ki-Pkhs7NskB3huZkBJZgNJwKrAHdtnk
Sunday, 6 January 2019
Monday, 31 December 2018
Forever Youth
မနှစ်က နှစ်သစ်ကူးနေ့က ရိုက်ထားတဲ့ပုံ၊ ဒီပုံထဲက အကြီးဆုံးကလေးက ကိုယ့်ထက် အသက်ဆယ့်ရှစ်နှစ်တောင်ငယ်တယ်၊ ကိုယ်တွေ ကျောင်းဆင်းစမှာ ဒီကလေးကို စတွေ့ဖူးတုန်းက သူငယ်တန်းတောင်မတက်သေးတဲ့ကလေးလေး၊ အခုကျတော့ သူကလူလားမြောက်လာပေမယ့် ကိုယ်က ဘယ်အရွယ်ကတည်းက စိတ်ရောရုပ်ရော လူလားမြောက်တာ ရပ်နေခဲ့လဲမသိဘူး၊ ငယ်ရွယ်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ရတာ တကယ်ကိုနုပျိုတယ်၊ အပြင်ကို ထုတ်မပြောကြရင်တောင် နုပျိုတာကိုတော့ လူတော်တော်များများ လိုချင်ကြမှာပဲ၊ ကိုယ်က အသက်လေးဆယ်အရွယ်မှာ စိုင်းစိုင်းခမ်းလှိုင်လို မနုပျိုနိုင်ခဲ့ပေမယ့် အသက်ခြောက်ဆယ့်ငါးကျရင် မြန်မာအိုက်ဒေါက ဦးလတ်ကြီးလို ဂေါ်နေချင်သေးတာ၊ အာ့လို ဂေါ်နေမှ ကိုယ်လုပ်ချင်တာတွေကို မသေခင် ပြီးအောင်အကုန်လုပ်သွားနိုင်မယ်၊ ကိုယ်လုပ်တာရဲ့ အသီးအပွင့်တွေကို ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်းနဲ့ ကျေကျေနပ်နပ်ကြီး ကြည့်နေချင်နိုင်မယ်၊ တစ်ချို့ကကျ ကလေးကလားနေတာ အမြင်မတင့်တယ်ဘူးပြောကြမှာပဲ ကိုယ်ကတော့ တတ်နိုင်သလောက် ငယ်ပြီးနေချင်တယ်၊ နောင်ဘယ်လောက်ထိ နေနိုင်မလဲ စောင့်ကြည့်ရအုံးမှာပ
Monday, 24 December 2018
ပန်းပွင့်လေးအတွက်ပုံပြင်တွေ
. . . မနှစ်က ဒီလိုအချိန် ဆရာမြန်မာပြည်ပြန်လာသခိုက် ကိုယ်လည်း မြန်မာပြည်ရောက်နေတဲ့အချိန်မို့ ပန်းပွင့်လေးတို့သားအမိနဲ့အတူ လေဆိပ်မှာ သွားကြိုနုတ်ဆက်တော့ ဆရာက စာအုပ်နှစ်အုပ် လက်ဆောင်ပေးတယ်။ Japanese Children's Favourite Stories နဲ့ More Japanese Children's Favourite Stories ဆိုတဲ့ ကလေးပုံပြင်စာအုပ်နှစ်အုပ်။ စာအုပ်က အေဖိုးဆိုက်ထက်ကြီးတဲ့ အဖုံးကတ်ထူ အတွင်းကြွေသားရောင်စုံပုံတွေနဲ့ စာမျက်နှာ တစ်ရာကျော်စီပါတယ်။ ဆရာက ဒီလိုပဲ ကြုံရင်ကြုံသလို စာအုပ်ဆိုင်တွေမှာ တွေ့ရင် ၀ယ်လာပေးနေကျ။ အရင်လည်း ကလေးပုံပြင်စာအုပ်လေးတွေ ဆရာဝယ်ဝယ်ပေးတာ အများကြီးပဲရှိတယ်။ ပန်းပွင့်လေးရဲ့ အခုရှိနေတဲ့ စာဖတ်အားအခြေအနေက အဲသည်စာအုပ်တွေအပေါ် တော်တော်လေး မူတည်ခဲ့တယ်ဆိုတာ တဖြည်းဖြည်း သဘောပေါက်လာပါတယ်။
.
. . . ပုံပြင်စာအုပ်လေးတွေကို သူကြိုးစားပြီး စဖတ်တဲ့ အချိန်တုန်းက အသက်က လေးနှစ်ပြည့်ပြီး ငါးနှစ်ထဲရောက်စပဲ ရှိသေးတယ်။ ဖအေနဲ့မအေကလွဲလို့ ကစားစရာ အဖော်လည်းမရှိ၊ တီဗီတွေ ကွန်ပြူတာတွေ ဖုန်းတွေ ကြည့်တာလည်း အချိန်ကန့်သတ်ပေးထားတာမို့ စာအုပ်တွေဘက်ကို အချိန်ပေးဖို့ အခွင့်အလမ်းပိုရသွားတာထင်ပါတယ်။ ရိုးရိုးသားသားပြောရရင် ဆရာဝယ်ပေးတဲ့ ပုံပြင်စာအုပ်တွေထဲက တစ်ချို့ပုံပြင်တွေဆို ကိုယ်လည်း သိပ်မကြားဖူးဘူးရယ်။ ပန်းပွင့်လေးက သူတတ်သမျှ စာအုပ်တွေထဲ လျှောက်ကြည့် ဖတ်ပြခိုင်းတော့မှ ကိုယ်လည်း အဲပုံပြင်တွေကိုသိတာ။ တစ်ခုရှိတာက ပန်းပွင့်လေးက ပုံပြင်တိုင်းကို မြန်မာလို မရှင်းပြခိုင်းဘူး။ သူ့ကို ဖတ်ပြဆိုပြီး အင်္ဂလိပ်လို ဖတ်ပြတာကိုပဲ နားထောင်တယ်။ အိပ်ခါနီးရင် သူကြိုက်တဲ့ စာအုပ်တစ်အုပ်နှစ်အုပ် ဆွဲလာပြီး ဖတ်ပြခိုင်းတာပဲ။ သူက သေချာနားထောင်တယ် တစ်ချို့နေရာတွေဆို သူက အဲဒါလေး ပြန်ဖတ်ပြပါဆိုရင် ထပ်ထပ်ဖတ်ပြရတာလည်းရှိတယ်။
.
. . . အခုကျတော့ သူကို ပုံပြင်ဖတ်ပြပေးစရာ မလိုတော့ဘူး။ (ဒါပေမယ့် သူပြောတာနားထောင်ပေးဖို့ သူမေးတာတွေဖြေဖို့နဲ့ သူ့ကို မေးခွန်းတွေထုတ်ဖို့တော့ အချိန်ပိုပေးလာရတယ်) စာမေးပွဲနဲ့ ဝေးတဲ့ရက်တွေ သာမန်ရက်တွေ တော်တော်များများမှာ ကျောင်းစာကြည့်တိုက်က စာအုပ်လေးတွေ အချိန်ရရင်ရသလို ငှားငှားလာတယ်၊ အိမ်ရောက်ရင် သူ့ကို ကိုယ်ပိုင်ချိန်ပေးထားတဲ့အချိန်မှာ ဖတ်ပြီး လူကြီးတွေကို ပြောပြတတ်တယ်။ တစ်ခါတစ်လေ ကျောင်းကပြန်လာရင်း ကားပေါ်မှာ ဖတ်လာလို့ မျက်စိထိခိုက်မှာစိုးလို့ ကားစီးနေရင်း စာမဖတ်ပဲ အပြင်ကိုပဲ ကြည့်ဖို့ သူငယ်ချင်းတွေနဲ့ စကားပြောဖို့ မှာထားရတယ်။
.
. . . အခု သူတို့ ဒီဇင်ဘာနဲ့ နှစ်သစ်ကူးကျောင်းပိတ်ရက် စပြီဆိုတော့ အထက်မှာပြောခဲ့တဲ့ ပုံပြင်စာအုပ်နှစ်အုပ်အကြောင်းမေးတော့ နှစ်အုပ်ပေါင်းမှာ အပုဒ် သုံးဆယ်လောက်ရှိတာ သူဖတ်နေတာ ခြောက်ပုဒ်လောက်ကျန်သေးတယ်တဲ့။ အဲဒါ ခု ကျောင်းပိတ်ရက် အပြီးဖတ်မလား ဆိုတော့ ဖတ်မယ်ဆိုပြီး ခုမနက်စောစော ဖုန်းဆက်တော့ ညက စာဖတ်ရင်းနဲ့ အိပ်ယာဝင်နောက်ကျပေမယ့် မနက်ကျတော့ လန်းလန်းဆန်းဆန်း ထလာပြီး သူဖတ်ထားတဲ့ ပုံပြင်တွေအကြောင်း ပြောပြနေတာ။
.
. . . ညက ပုံပြင်စာအုပ်အကြောင်းတွေ ပြောကြရင်း စိတ်ပါသွားပြီး ကိုယ်တွေ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ Selected Myanmar Tales တွေကို ဖတ်သတဲ့။ ဘယ်လို ဖတ်လိုက်လဲတော့ မသိဘူး မနက်ဖုန်းဆက်တဲ့အချိန်မှ အဲသည်ထဲက ပုံပြင် ဆယ့်ငါးပုဒ်လုံး ဖတ်ပြီးသွားပြီပြောတယ်။ ဖေဖေ မေးချင်တာမေးကြည့်တဲ့။ သမီးပြောချင်တာပဲ ပြောပြပါဆိုတော့ ပုံပြင်သုံးပုဒ်ပြောပြတယ်။ Exellent Choice, If You Help Ohters You also Help Yourself, The Man who Looked for the Lord of Death" ပုံပြင်သုံးပုဒ်ပြောပြတယ်။ ဇာတ်ကွက်အသေးစိတ်တွေ ကျော်သွားတာရှိပေမယ့် အဲဒါတွေကို မေးရင်လည်း ပြောပြတတ်တယ်။ တစ်ချို့မေ့သွားတာတွေကို စာအုပ်ထဲပြန်ကြည့်ပြီး ပြောတယ်။ စာကောင်းကောင်းဖတ်ထားပုံပဲ
.
. . . ဘာပဲပြောပြောလေ သူက မြန်မာလိုဖတ်ရမှာ ပျင်းတယ်ဆိုပေမယ့် အင်္ဂလိပ်လို စာဖတ်ဖို့ စိတ်အားထက်သန်ရှိတာကိုတော့ တစ်မျိုးဖြေသိမ့်လို့ရပါသေးတယ်။ အခု ပုံပြင်တွေ ဖတ်တဲ့အရွယ်ကို နည်းနည်းကျော်တာနဲ့ မြန်မာအကြောင်း ဒေါ်ခင်မျိုးချစ်တို့လို စာရေးဆရာတွေ ရေးထားတဲ့ အင်္ဂလိပ်စာအုပ်တွေ တော်တော်များများ သူ့လက်တစ်ကမ်း ထားပေးရတော့မှာပဲ။ မြန်မာအကြောင်း မြန်မာတွေပြောတဲ့ ဇာတ်ကြောင်းတွေကို နားရည်ဝကာမှသာ မြန်မာအကြောင်း လူမျိုးခြားတွေရေးတဲ့ စာအုပ်တွေနဲ့ ပေးတွေ့တော့မယ်စိတ်ကူးတယ်။ ကျောင်းနေစကတည်းက အင်္ဂလိပ်ကျောင်းမှာနေ ပြည်ပကိုထွက်၊ နာမည်ကြီးတက္ကသိုလ်တွေတက်၊ ကမ္ဘာ့အဖွဲ့အစည်းတွေမှာ အလုပ်လုပ်၊ အသက်ကြီးကာမှ မြန်မာပြည်ပြန်လာပြီး မြန်မာအကြောင်းမြန်မာတွေ နားလည်သလိုမလည်ဘဲ လူမျိုးခြားမျက်လုံးနဲ့ မြင်နေတတ်တဲ့ ကိုယ့်အသိတစ်ယောက်လို (သောက်တလွဲတွေ)မဖြစ်အောင် ပန်းပွင့်လေးကို ပြုစုပျိုးထောင်ရမယ်လို့ စိတ်ကူးမိတယ်
.
ပန်းပွင့်လေးဖေဖေ
၂၄ ဒီဇင်ဘာ ၂၀၁၈
International University of Japan
Friday, 21 December 2018
ကလေးစာ
. . . မြန်မာစာကို စိတ်ဝင်တစားဖတ်ချင် ရေးချင်လာအောင် လုပ်ရတာက ပန်းပွင့်လေးကို ပြုစုပျိုးထောင်တဲ့ နေရာမှာ အကြီးမားဆုံး စိန်ခေါ်ချက်ဖြစ်နေပြီလားတောင် မသိဘူး။ ဖအေလုပ်တဲ့သူက မြန်မာစာပေကို ဒီလောက် မြတ်မြတ်နိုးနိုးရှိလှပေမယ့် ဒင်းလေးက မြန်မာစာဖတ်ဖို့ ရေးဖို့ အင်မတန် တွန့်ဆုတ်တယ်။
.
. . . မြန်မာလိုဖတ်စေချင်လို့ အင်္ဂလိပ်မြန်မာ နှစ်ဘာသာပါတဲ့ ရုပ်ပြစာအုပ်တွေ ၀ယ်ပေးတာ၊ သူဝယ်ချင်တာကို အားပေးတာ လုပ်တော့လည်း မြန်မာလိုကျတော့ မဖတ်ဘဲ အင်္ဂလိပ်လိုပဲဖတ်တယ်။ ပြဌာန်းစာအုပ်က မြန်မာစာ စာပုဒ်တွေကို အလျဉ်းသင့်သလို ဖတ်ပြခိုင်းရင်လည်း ချောချောမောမော ဖတ်ပြတတ်ပေမယ့် ဒီလောက်နဲ့လည်း ကိုယ်က စိတ်မကျေနပ်နိုင်သေးဘူး။ တစ်ခြား မြန်မာလိုချည်းသက်သက်ပါတဲ့ ရုပ်ပြတွေ စာအုပ်တွေ တတ်နိုင်သမျှဝယ်ပေးပေမယ့် အင်္ဂလိပ်စာဖတ်သလို သူ့ဘာသာ စိတ်ဝင်တစား မဖတ်ဘူး။ ဖတ်ပါ ဖတ်ပါ ဖတ်ပြပါ ဆိုပြီး နောက်က တွန်းနေရတယ်။ (အင်္ဂလိပ်စာကျတော့ ဆယ်တန်းအင်္ဂလိပ်စာ ပြဌာန်းစာအုပ်အထိကို သူ့ဘာသာ လျှောက်ဖတ်ပြီး ပြန်ပြောပြနေတာ)
.
. . . အလျဉ်းသင့်လို့ ပြောရရင် ဟိုတစ်နေ့က ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ကလေးစာအုပ်တစ်အုပ်မှာ ဘာသာပြန်တာ မှားနေတာဆိုတာလည်း တော်တော်ကို ဆိုးတယ်။ သူက စာအုပ်တန်းမှာ ကလေးစာအုပ်တွေ လျှောက်မရှာဖူးလို့ အဲလောက်ပဲ သိတာ။ အမှန်က ဘာသာပြန်မှားတာ အင်္ဂလိပ်လိုက သိပ်မမှားဘူး။ မြန်မာလိုမှားနေတာတွေက အများကြီး။ အင်္ဂလိပ်လို မူရင်းရှိတဲ့ ladder series ထဲက ပုံပြင်တွေ အထုပ္ပတ္တိတွေ စသည်ဖြင့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ စာအုပ်တွေက ရန်ကုန်က စာအုပ်တန်းတွေမှာ တော်တော်များများ ရနေပြီ။ မနှစ်က ကိုယ်မြန်မာပြည်ပြန်တော့ အဲဒါတွေ တော်တော်များများတွေ့လို့တောင် ၀မ်းသာနေသေးတယ်။
.
. . . ဒါပေမယ့် ၀မ်းသာတာက ရေရှည်သိပ်မခံဘူး။ အထဲက စာတွေ နည်းနည်းပါးပါး မြည်းစမ်း ဖတ်ကြည့်လိုက်တော့မှ စိတ်ပျက်စရာကောင်းလှတဲ့ ခပ်ညံ့ညံ့အရေးအသားတွေနဲ့ မြန်မာလိုပြန်ထားတာတွေ့လို တော်တော်ကို စိတ်လေသွားတယ်။ မြန်မာစာအရေးအသား သဒ္ဒါနဲ့ ၀ါကျဖွဲ့စည်းပုံ ချောမွေ့ပြေပြစ်မှုက စာကို အံကြိတ်ဖတ်နေရအုံးမယ့် ကလေးတွေ မဆိုထားနဲ့၊ ကိုယ်တွေတောင် ဘာကိုဆိုလိုချင်ပါလိမ့်လို့ နားမလည်လို့ မူရင်း အင်္ဂလိပ်စာ အရေးအသားနဲ့ တိုက်ကြည့်ရတာတွေက တော်တော်များများ တွေ့တယ်။ အဲဒါ တစ်အုပ်လည်း မဟုတ် နှစ်အုပ်လည်းမဟုတ်၊ စာစဉ်အလိုက်ဆိုရင်လည်း စာစဉ်တစ်ခုလည်း မဟုတ် နှစ်ခုလည်း မဟုတ်။ ကိုယ်ကြည့်မိသမျှ တော်တော်များများမှာကို အဲလိုဖြစ်နေတာ။
.
. . . ကလေးတွေ စာဖတ်ဖို့က ကလေးတွေ အတွေးစဉ်ကို ချောချောမွေ့မွေ့ စီးဆင်းသွားစေနိုင်တဲ့ အသံသာယာမှု ၀ါကျဖွဲ့ထုံးပြေပြစ်မှု၊ စကားအသုံးအနှုံးလွယ်ကူရိုးရှင်းမှု စတာတွေနဲ့ ပြည့်စုံတဲ့ ကလေးစာအုပ် စစ်စစ်တွေ အများကြီး လိုအပ်နေသေးတယ်။ ရောင်စုံအရုပ်တွေ အများကြီးနဲ့ ကလေးဖတ်စာလုံးအကြီးကြီးတွေနဲ့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာရေးထားတိုင်း ကလေးတွေနဲ့ သင့်လျော်မလျော် သေချာကြည့်နိုင်မှ တန်ကာကျတာ
.
. . . မနေ့ညက ပန်းပွင့်လေးနဲ့ ဖုန်းပြောတော့ ဖတ်စာအုပ်ထဲက ဥတုသုံးပါးအကြောင်း စာကို ဖတ်ပြခိုင်းလို့ ဖတ်ပြတယ်။ တော်တော်ချောချော ဖတ်နိုင်ပေမယ့် သိပ်ပြီး စိတ်ဝင်စားဟန်မပြဘူး။ ကိုယ်ကလည်း ဒီထက်ချောချောမောမော ထပ်ထပ်ပြီး ဖတ်စေချင်သေးတာနဲ့ စာထဲမှာပါတဲ့ ဥတုသုံးပါးကို သူစိတ်ဝင်စားတဲ့ ရောင်စုံပန်းချီကား သုံးချပ်ဆွဲပြပါလို့ ခိုင်းလိုက်တယ်။ အဲဒါတော့ သူက စိတ်ပါလက်ပါလုပ်ချင်တယ်ဆိုပေမယ့် စာကိုသေချာဖတ်ပြီးဆွဲမလား သူ့စိတ်ကူးနဲ့သူဆွဲမလား စောင့်ကြည့်ရအုံးမယ်။ အင်း ပြောသာပြောရ စာတော့ ထပ်ဖတ်မယ်သိပ်မထင်ဘူး။ သူစိတ်ကူးပေါက်ရာဆွဲပြီး ပြမယ်ဆိုတာတော့ သေချာသလောက်ပဲ။ သမီးက အဖေတူကိုး
.
ပန်းပွင့်လေးဖေဖေ
၂၁ ဒီဇင်ဘာ ၂၀၁၈

Tuesday, 11 December 2018
Winter mode is on
Monday, 10 December 2018
UDHR
. . . စကြာဝဠာလုံးဆိုင်ရာ (တရားဝင်ဘာသာပြန်ချက်မှာတော့ အပြည်ပြည်ဆိုင်ရာလို့ သုံးပါတယ်) လူ့အခွင့်အရေးကြေညာစာတမ်းဆိုတဲ့ Universal Declaration of Human Rights ဆိုတဲ့ စာတမ်းကြီး ဘယ်သူတွေက ဘယ်လိုစိတ်ကူး ရည်ရွယ်ချက်တွေနဲ့ ရေးသားခဲ့သလဲဆိုတာတွေကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ စာတမ်းထဲရေးထားတဲ့ စာကိုယ်သဘောကိုပဲ သုံးသပ်ကြည့်မယ်ဆိုရင်တောင် စကြ၀ဠာဆိုင်ရာအသာထားလို့ နိုင်ငံတစ်ခုတည်းအတွင်းမှာတောင် အားလုံး ညီညီညွတ်ညွတ် လက်ခံနိုင်လောက်တဲ့ စံနှုန်းတန်ဖိုးတွေ ဖြစ်ရဲ့လားလို့ ဝေဖန်စရာတွေ အများသားပါ။
.
. . . ကမ္ဘာစစ်ကြီးမှာ နိုင်ခဲ့တဲ့ နိုင်ငံတွေက သူတို့တွေအကျိုးစီးပွားအတွက် ဦးဆောင်ဦးရွက်ပြု လုပ်ခဲ့ကြတဲ့ အလုပ်တွေ ဖွဲ့ခဲ့ကြတဲ့ အဖွဲ့တွေ ချမှတ်ခဲ့ကြတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရေးသားခဲ့တဲ့ စာရွက်စာတမ်းတွေကို စစ်ရှုံးနိုင်ငံတွေနဲ့ နိုင်ငံငယ်တွေက မလွှဲမကင်းသာ အကြောင်းတရားတွေကြောင့် သဘောတူခဲ့ရ လက်မှတ်ထိုးခဲ့ရ လေးစားပါတယ် လိုက်နာပါမယ် ပြောခဲ့ကြရပေမယ့် တကယ်တမ်း သူတို့တွေတောင် လိုရင်လိုသလို မလိုရင် မလိုသလို ကိုယ့်အကျိုးစီးပွားပေါ်မူတည်ပြီး လိုသလိုအနက်ဖွင့် ကျင့်သုံးနေတဲ့ သဘောတရားတွေ ကြေညာချက်တွေကို လစ်ဘရယ်သဘောတရားတွေကြောင့် တဖုတ်ဖုတ်ကျဆုံးနေကြတာကို မျက်စိရှေ့တင် အတိုင်းသားမြင်နေရတဲ့ ဒီနေ့လိုခေတ်အခါကြီးမှာ အဟုတ်ကြီးလုပ်ပြီး ဇမ်းတင်ပြနေတာတွေ မြင်ရတော့ "သခင်အားရ ကျွန်ပါးဝ" ဆိုတဲ့ စကားပုံလေးကိုပဲ ပြေးပြေး မြင်ယောင်နေမိတယ်
.
. . . ဘာရယ်မဟုတ် ဒီကနေ့ထွက်လာတဲ့ သ၀ဏ်လွှာတစ်စောင်က အရေးအသားနဲ့ သဘောတရားတွေ လေ့လာကြည့်ရတာ လူတစ်ကာတက်ခွထားလို့ ဖွတ်ဖွတ်ကျေနေတဲ့ ပြည့်တန်ဆာမကို အပျိုစင်လေးလို တန်ဖိုးတွေထားပြနေတာတွေ့လို့
.
ဗိုလ်ကောင်း
၁၀ ဒီဇင်ဘာ ၂၀၁၈
.
Photo Credit: https://enews.hamariweb.com/…/08/MAC03_GILMORE_CAROUSEL1.jpg

Saturday, 8 December 2018
သာဝတ္ထိမြို့
မင်္ဂလာပါခင်ဗျား
ကျွန်တော်က သာဝတ္ထိ အထက်တန်းကျောင်းက ဆယ်တန်းအောင်မြင်ခဲ့တဲ့ အင်းသာရွာသားတစ်ယောက်ဖြစ်ပါတယ်။
သာဝတ္ထိမြို့ဆိုတဲ့ ဒီပေ့ခ်ျလေးကို ကိုယ့်မြို့ကိုယ့်ရွာသံယောဇဉ်နဲ့ ၀င်ထားပြီး အမြဲလည်း ကြည့်ဖြစ်ပါတယ်။
ဒါပေမယ့် ဒီပေ့ခ်ျမှာ ပေ့ခ်ျအက်ဒမင်က သာဝတ္ထိမြို့ဆိုတဲ့ နာမည်ခံပြီးတင်တဲ့ ပိုစ့်တွေ ရှယ်တဲ့ ပိုစ့်တွေကို ကြည့်ရတာ ပေ့ခ်ျအက်ဒမင်ရဲ့ နောက်ခံနိုင်ငံရေး ယုံကြည်ချက်တွေ ခံယူချက် ခံစားချက်တွေကို အများကြီး ထင်ဟပ်နေတဲ့ သဘောတွေအများကြီး တွေ့ရပါတယ်
ဘယ်သူမဆို ကိုယ့်ရဲ့ လွပ်လပ်စွာ ယူဆပိုင်ခွင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လွတ်လပ်စွာ ဘက်လိုက်ခွင့်ရှိတယ်ဆိုတာကို အသိအမှတ်ပြုသလို လေးလည်းလေးစားပါတယ်။
ဒါပေမယ့် ဒီလို ကိုယ့်မြို့ကိုယ့်ရွာ နာမည်တပ်ထားလို့ ကိုယ့်မြို့ကိုယ့်ရွာ သံယောဇဉ်နဲ့ ဒီပေ့ခ်ျကို အမြဲကြည့်ဖြစ်နေသူတွေမှာ လူပေါင်းစုံ နိုင်ငံရေး ဘာသာရေး ယုံကြည်ချက်ပေါင်းစုံ နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေသူတွေ ပါနေကြတာပါ။
နိုင်ငံရေးအရဖြစ်ဖြစ် သမိုင်းကြောင်းအရဖြစ်ဖြစ် ဘက်ပေါင်းစုံက ကိုယ့်အမြင်နဲ့ကိုယ် ရှုမြင်လို့ရနိုင်တဲ့ ကိစ္စရပ်တွေ နိုင်ငံရေးအရ အငြင်းပွားနိုင်ဖွယ် အယူအဆတွေကို ဒီ သာဝတ္ထိမြို့လို့ နာမည်တပ်ထားတဲ့ ပေ့ခ်ျတစ်ခုမှာ တင်ပြတာ ရှယ်နေတာတွေက ကျွန်တော်တို့အားလုံး အမြင်ပေါင်းစုံ လူတန်းစားပေါင်းစုံ အတွေးအခေါ်ပေါင်းစုံ ယုံကြည်ချက်ပေါင်းစုံ အတူတကွ စုစည်းညီညွတ်နေကြတဲ့ အလှတရားကို တစ်စုံတစ်ရာ အတိုင်းအတာတစ်ခုအထိ ထိခိုက်ယုတ်လျော့စေနိုင်မှု ရှိနိုင်တာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ကျွန်တော်တို့ လောကနီတိ ပြည်သူ့နီတိ ကျင့်ဝတ်အရဆိုရင်တောင် မိမိနဲ့ ကောင်းစွာရင်းနှီးကျွမ်းဝင်ခြင်းမရှိတဲ့သူတွေနဲ့ ဧည့်ခံပွဲမှာ ဘုရားကျောင်းကန်မှာ သာရေးနာရေးကိစ္စတွေမှာ တွေ့ကြဆုံကြ တစ်ဝိုင်တည်း ထိုင်ကြရတဲ့အခါ အငြင်းပွားနိုင်ဖွယ်ဖြစ်တဲ့ ဘာသာရေး နိုင်ငံရေးကိစ္စများကို ဆွေးနွေးငြင်းခုံခြင်းကို ရှောင်ကျဉ်သင့်ကြောင်း မတော်တဆ အဲသည်အကြောင်းအရာများကို စကားဦးတည်မိရင်တောင်မှ ယဉ်ကျေးလိမ္မာစွာ စကားစဖယ်ရမယ့်အကြောင်းများကို သင်ကြားနာယူမှတ်သားခဲ့ရဖူးပါတယ်။
ဒါကြောင့်မို့လို့ ဒီလို ကိုယ့်မြို့ကိုယ့်ရွာ နာမည်တပ်ထားတဲ့ ပေ့ခ်ျတစ်ခုမှာ အငြင်းပွားဖွယ်ရာ နိုင်ငံရေးအယူအဆများကို တင်တာရှယ်တာတွေကို ပြန်လည်သုံးသပ်သင့်တဲ့အကြောင်း တင်ပြလိုရင်းဖြစ်ပါတယ်
လေးစားစွာဖြင့်
ဗိုလ်ကောင်း
၁၉၉၆ သာဝတ္ထိကျောင်းထွက်
၇ ဒီဇင်ဘာ ၂၀၁၈

Subscribe to:
Posts (Atom)