Monday 10 December 2018

UDHR

. . . စကြာဝဠာလုံးဆိုင်ရာ (တရားဝင်ဘာသာပြန်ချက်မှာတော့ အပြည်ပြည်ဆိုင်ရာလို့ သုံးပါတယ်) လူ့အခွင့်အရေးကြေညာစာတမ်းဆိုတဲ့ Universal Declaration of Human Rights ဆိုတဲ့ စာတမ်းကြီး ဘယ်သူတွေက ဘယ်လိုစိတ်ကူး ရည်ရွယ်ချက်တွေနဲ့ ရေးသားခဲ့သလဲဆိုတာတွေကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ စာတမ်းထဲရေးထားတဲ့ စာကိုယ်သဘောကိုပဲ သုံးသပ်ကြည့်မယ်ဆိုရင်တောင် စကြ၀ဠာဆိုင်ရာအသာထားလို့ နိုင်ငံတစ်ခုတည်းအတွင်းမှာတောင် အားလုံး ညီညီညွတ်ညွတ် လက်ခံနိုင်လောက်တဲ့ စံနှုန်းတန်ဖိုးတွေ ဖြစ်ရဲ့လားလို့ ဝေဖန်စရာတွေ အများသားပါ။
.
. . . ကမ္ဘာစစ်ကြီးမှာ နိုင်ခဲ့တဲ့ နိုင်ငံတွေက သူတို့တွေအကျိုးစီးပွားအတွက် ဦးဆောင်ဦးရွက်ပြု လုပ်ခဲ့ကြတဲ့ အလုပ်တွေ ဖွဲ့ခဲ့ကြတဲ့ အဖွဲ့တွေ ချမှတ်ခဲ့ကြတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရေးသားခဲ့တဲ့ စာရွက်စာတမ်းတွေကို စစ်ရှုံးနိုင်ငံတွေနဲ့ နိုင်ငံငယ်တွေက မလွှဲမကင်းသာ အကြောင်းတရားတွေကြောင့် သဘောတူခဲ့ရ လက်မှတ်ထိုးခဲ့ရ လေးစားပါတယ် လိုက်နာပါမယ် ပြောခဲ့ကြရပေမယ့် တကယ်တမ်း သူတို့တွေတောင် လိုရင်လိုသလို မလိုရင် မလိုသလို ကိုယ့်အကျိုးစီးပွားပေါ်မူတည်ပြီး လိုသလိုအနက်ဖွင့် ကျင့်သုံးနေတဲ့ သဘောတရားတွေ ကြေညာချက်တွေကို လစ်ဘရယ်သဘောတရားတွေကြောင့် တဖုတ်ဖုတ်ကျဆုံးနေကြတာကို မျက်စိရှေ့တင် အတိုင်းသားမြင်နေရတဲ့ ဒီနေ့လိုခေတ်အခါကြီးမှာ အဟုတ်ကြီးလုပ်ပြီး ဇမ်းတင်ပြနေတာတွေ မြင်ရတော့ "သခင်အားရ ကျွန်ပါးဝ" ဆိုတဲ့ စကားပုံလေးကိုပဲ ပြေးပြေး မြင်ယောင်နေမိတယ်
.
. . . ဘာရယ်မဟုတ် ဒီကနေ့ထွက်လာတဲ့ သ၀ဏ်လွှာတစ်စောင်က အရေးအသားနဲ့ သဘောတရားတွေ လေ့လာကြည့်ရတာ လူတစ်ကာတက်ခွထားလို့ ဖွတ်ဖွတ်ကျေနေတဲ့ ပြည့်တန်ဆာမကို အပျိုစင်လေးလို တန်ဖိုးတွေထားပြနေတာတွေ့လို့
.
ဗိုလ်ကောင်း
၁၀ ဒီဇင်ဘာ ၂၀၁၈
.
Photo Credit: https://enews.hamariweb.com/…/08/MAC03_GILMORE_CAROUSEL1.jpg

No comments:

Post a Comment