Wednesday 19 March 2014

လတပေါင်း


ငွေသဲစိန်မှုန် စေတီဆင့်တဲ့ တပေါင်းလဘွဲ့လေးပါ

မြသွေးအခံ ပင်ယံပိန်းမှာ
ရွှေလိမ်းပြန်ကြ ဂုဏ်ပြိုင်ပြိုင်
သွေယိမ်းဟန်ပြ ပုံအကိုင်ဝယ်
လေသိမ်းမခိုင် ကြွေစလု
မရီတစ်ခါ့ ရီတစ်ခါငယ်
ကလီကမာ ညိုမင်းလွင်သို့စု

ကြိုင်ကြိုင်သင်းပျံ့ အင်ကြင်းချီသည်
ပင်မင်းရွှေဖီ ခါရတု
မြင်ကွင်းပီပီ လောင်စာနုနှင့်
တောင်ယာအပြု ခေတ်တစ်ပုံ
ပုလဲငွေရောင် သောင်ဗွေမော့မှာ
မောင်ဆွေမယ်ကြော့ ငှက်ပေါင်းညီလာစုံ။

ဖြေမရဲပ ကြေကွဲကြုံအောင်
ငွေသဲစိန်ခုံ စေတီဆင့်လို့
ဘရဂဏ္ဏီပွင့် ယုန်နှင့် ချိန်တာယာ
မိန်ဦးသာတင့်စွာ
ကာဠုဒါ့ကြောက်ဖွယ့်လျှာငယ်
ခြောက်ဆယ့်ဂါထာ စီကုံးပေရလေး။

ဦးပုည           တေးထပ်

No comments:

Post a Comment