Saturday 29 March 2014

သန်းခေါင်စာရင်း


    မနက်ဖြန် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်ဆိုရင် မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက် လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုအနေနဲ့ မလုပ်မဖြစ် လုပ်ရမယ့် အလုပ်တစ်ခုကို နှစ်ပေါင်းများစွာ ပျက်ကွက်နေရာကနေ ပြန်လည်စတင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ မြန်မာ့နွေဦးအပြောင်းအလဲများအနက် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းဟာလည်း မှတ်တမ်းတင်သင့်တဲ့ သမိုင်း မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် ရာထူးလက်ခံ မိန့်ခွန်းပြောတဲ့အထဲမှာ ပြည်ထောင်စု အစိုးရက တင်သွင်းမယ့် ဥပဒေပြုရေး အစီအစဉ် ၁၀ ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့် သန်းခေါင်စာရင်း ကောက်ယူခြင်းကတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ရာထူးလက်ခံ မိန့်ခွန်းပြောတဲ့အချိန်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်နေပါပြီ။ ဘယ်သူကပဲ စခဲ့တဲ့ဇာတ်လမ်းဖြစ်ဖြစ် မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခုကို မနက်ဖြန် စလုပ်တော့မှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေကို ဒီနေရာမှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။ http://www.president-office.gov.mm/?q=hluttaw/law/2013/07/31/id-3932
ဒါ့အပြင် သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ရေးထားတဲ့ စာစုလေးတစ်ခုကိုလည်း ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ http://www.myanmarthway.blogspot.com/2014/03/population-and-housing-census-2014.html
အထက်မှာ တင်ထားတဲ့ ပုံကိုတော့ ဖော်ပြပါ ဘလော့စာမျက်နှာက ကူးယူထားတာဖြစ်ပါတယ်။ ၀မ်းမြောက်စွာ ကြိုဆိုလိုက်ကြပါစို့

No comments:

Post a Comment