Friday 20 December 2013

သန်းသန်းထွေးအတွက် ကဗျာတစ်ပုဒ်

နတ်ကြီးတဲ့နံပါတ်ကိုဝတ်ဆင်ထားရသော နုနယ်တဲ့နှလုံးသား (သို့မဟုတ်) သန်းသန်းထွေး' ပွဲစတင်တဲ့ခရာမှုတ်လိုက်ပြီဆိုတာနဲ့ မင်းဟာ ပြေးပြေးလွှားလွှားပဲ အားကြိုးမာန်တက်ပဲ ဒါမှမဟုတ် ကစားပွဲတစ်ခုလုံးရဲ့နတ်ဘုရားမတစ်ပါးပဲ သိပ်ချစ်စရာကောင်းတဲ့မိန်းကလေး ဘောလုံးကိုခြေထောက်နဲ့ မကန်ဘူး နှလုံးသားနဲ့ ကန်တယ် ဖြတ်တင်ဘောကိုခေါင်းနဲ့ မတိုက်ဘူး ပေးဆပ်ခြင်းနဲ့ တိုက်တယ် အသင်းဖော်တွေကို ပါးစပ်နဲ့ မအော်ဘူး တာဝန်သိတတ်မှုနဲ့ အော်တယ် မင်းဟာ မြန်မာဘီယာထက်ပိုပြီး လူသိများသင့်တဲ့ အမှတ်တံဆိပ် ဒါမှမဟုတ် မင်းဟာ မြန်မာအမျိုးသမီးထုတစ်ရပ်လုံးရဲ့ ရဲရင့်ခြင်းသင်္ကေတ ကမ္ဘာမှာ တချို့ကစားသမားတွေဟာ ကျောနံပါတ်၇နဲ့ မထိုက်တန်ခဲ့ကြဘူး ကမ္ဘာမှာ တချို့အသင်းတွေဟာ ကျောနံပါတ်၇ကို အနားပေးထားကြဖူးတယ် ကြယ်ပွင့်နဲ့တူတဲ့လူတွေဟာ အဲဒီနံပါတ်ကိုဝတ်ဆင်ပြီး အစွမ်းကုန်တောက်ပခဲ့ကြ ထည်ဝါခဲ့ကြ မုဒိတာတရားတွေကိုညှို့ယူဖမ်းစားခဲ့ကြ သူတို့တွေ ကြွေကျတဲ့အခါမှာ လူတွေဟာ ဆတ်ဆတ်ခါအောင်ရင်နာကြ တသသနဲ့ပြောမဆုံးအောင် နှလုံးသားတွေကို အဲဒီနံပါတ်အောက်မှာ လောင်ကျွမ်းခံကြ ကျောနံပါတ်၇ဟာ နတ်ကြီးတယ် ဓာတ်စီးတယ် အစဉ်အလာကြီးတယ် မီးလိုပဲအရှိန်အ၀ါလည်းအားကောင်းပြန်တယ် ကျောနံပါတ်၇စစ်စစ်ကိုရတဲ့သူတွေက ပျော်ကြ ရွှင်ကြ ၀မ်းမြောက်ကြ ဂုဏ်ယူကြ နှမျောတသမဆုံးဖြစ်ကြ ခေတ်အဆက်ဆက်သူရဲကောင်းတွေဟာ အဲဒီနံပါတ်အောက်မှာပဲ တောက်ကြွားခဲ့ကြ မထိုက်တန်တဲ့အတုအယောင်တွေဟာလည်း အဲဒီနံပါတ်ရဲ့အရှိန်အ၀ါမှာပဲ ပြာလိုတစစီလွင့်စင်ကြွေကျခဲ့ကြ ခု ငါတို့ဟာ မင်းကိုရခဲ့ပြီ ဗန်ဂိုးဟာ နေကြာပန်းတွေကိုရခဲ့သလိုမျိုး ပြင်သစ်ဟာ ပဲရစ်မျှော်စင်ကိုရခဲ့သလိုမျိုးပေါ့ ဆံပင်ရှည်ရှည် အပြုံးစစ မာန်နဲ့ထန်နဲ့ မြန်မာမလေးတစ်ယောက်ကို ငါတို့ရခဲ့ကြ ငါတို့ဟာ မင်းကိုရွှေတံဆိပ်နဲ့မလဲနိုင် အင်ဂျလီနာဂျိုလီနဲ့မလဲနိုင် နေမ၀င်အင်ပါယာနဲ့မလဲနိုင် ငါတို့ဟာ ကျောနံပါတ်၇ စစ်စစ်ကို ပိုင်ခဲ့တယ် ငါတို့ဟာ နူးညံ့လှပတဲ့ နှလုံးသားတစ်ခုကို ပိုင်ခဲ့တယ် ငါတို့ဟာ………….. ညီမလေး(၀ါ)မမ သန်းသန်းထွေးကို ပိုင်ခဲ့ကြပါတယ် ။ ။ ကဗျာဆရာ...............ဆစ်ခ်

2 comments:

  1. သန်းသန်းထွေး ဒီကဗျာလေးနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ယုတ်မာတဲ့ ဒိုင် ၃ ယောက် ကြောင့် ပထမဆုကို ဆုံရှုံးလိုက်ရ ပေမယ့် ပရိသတ်ကတော့ မြန်မာ အမျိုးသမီး အသင်းကိုလအားပေးနေပါတယ်။ အသင်းလိုက် စိတ်ဓါတ်ကောင်းပြီး ကြိုးစားခဲ့ ကြလို့ အခုလို အောင်ပွဲခံခဲ့တာပါ။ ဒီလို အမျိုး သမီးအသင်းရှိနေတာ မြန်မာနိုင်ငံသား အားလုံးအတွက် ဂုဏ်ယူစရာကောင်း ပါတယ်

    ReplyDelete
  2. သန်းသန်းထွေး ဒီကဗျာလေးနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ယုတ်မာတဲ့ ဒိုင် ၃ ယောက် ကြောင့် ပထမဆုကို ဆုံရှုံးလိုက်ရ ပေမယ့် ပရိသတ်ကတော့ မြန်မာ အမျိုးသမီး အသင်းကိုလအားပေးနေပါတယ်။ အသင်းလိုက် စိတ်ဓါတ်ကောင်းပြီး ကြိုးစားခဲ့ ကြလို့ အခုလို အောင်ပွဲခံခဲ့တာပါ။ ဒီလို အမျိုး သမီးအသင်းရှိနေတာ မြန်မာနိုင်ငံသား အားလုံးအတွက် ဂုဏ်ယူစရာကောင်း ပါတယ်

    ReplyDelete