Tuesday 17 December 2013

ဆီးဂိမ်းဘောပွဲမှတ်တမ်း

မြန်မာ - အင်ဒိုနီးရှား ဘောလုံးပွဲပြီးချိန်ဝယ် အင်တာနက်ပေါ်ရှိ မြန်မာဘာသာဖြင့် ရေးသားထားသော စာမျက်နှာအားလုံး၌ အေသင်ချိုဆွေ သီချင်းကို သံပြိုင်သီဆိုကြပြီး အချိုသာဆုံး စကားလုံးများဖြင့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နည်းပြ၊ ကစားသမားများကို ချီးကျူးကြလေ၏။ ထို့ပြင် ပင်နယ်တီဂိုးသွင်းပြီးနောက် လူကြီးလူကောင်းဆန်စွာ အောင်ပွဲခံခဲ့ကြသည့် အင်ဒိုအသင်းမှ ကစားသမားများကိုလည်း ကောင်းချီးပေးကြကုန်၏။ မြန်မာအားလုံး၏ အရေးအသားများတွင် မပါမဖြစ် မင်းသားကြီး ဖြစ်ခဲ့သူမှာ ကွင်းလယ်ဒိုင်ဖြစ်ချေ၏။ သူ၏ ပြောင်မြောက်မျှတလှသော ဆုံးဖြတ်ချက်များအပေါ် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး အမှတ်တရ ပစ္စည်းပေါင်းစုံကို လက်ဆောင်ပေးကြကုန်၏။ အဆိုပါ လက်ဆောင်ပစ္စည်းများထဲတွင် သေနတ်ကျည်ဆန်များ၊ ဓားမြောင်များ၊ ၀ါးရင်းတုတ်များ ပါဝင်သည့်အပြင် ပုရိသတို့၏ ပုဂ္ဂလိကပိုင်ဆိုင်မှုပင် ပါဝင်သည်ကို တွေ့ရချေ၏။ မြန်မာအသင်း၏ ပြောင်မြောက်လှသည့် ကစားနည်းဗျူဟာများအပေါ် အားလုံးက ကျေနပ်အားရ ရှိခဲ့ကြပြီး နည်းပြပတ်ဟောင်ဆွာအား ကိုရီးယားပြန်၍ ကင်(မ်)ချီရောင်းရန်နှင့် မြန်မာများက အားပေးကြမည်ဖြစ်ကြောင်း ကတိပြုကြသည်များလည်း ရှိကြကုန်၏။ ထို့ပြင်တ၀ Facebook ၏ ခံစားချက်အိုင်ကွန်များအနက် Feeling annoyed ဆိုသော သင်္ကေတသည်လည်း Icon of the Day ဖြစ်သွားချေသည်ဟု သိရပေ၏။ ဤကား မြန်မာ-အင်ဒို ဘောလုံးပွဲပြီးချိန်တွင် တွေ့ရှိရသည်များအနက်မှ အချို့ပင်တည်း။ မှတ်သားဖွယ် ကောင်းလေစွတကား၊ အံ့သြဖွယ် ကောင်းလေစွတကား၊ ချီးကျူးဖွယ် ကောင်းလေစွတကား။
Ichiro Nyanmyokyaw

No comments:

Post a Comment