Monday 16 December 2013

အရှုံးထဲက အမြတ်

ဒီဂုဏ်ပြုကြော်ငြာသတင်းက မြန်မာ့အလင်းသတင်းစာမှာ ယဉ်ကျေးမှုဝန်ကြီးကိုယ်တိုင်
ဖွင့်ပွဲအခမ်းအနားမှာ ပါဝင်တင်ဆက်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ဂုဏ်ပြုထားတာပါ။ ဖွင့်ပွဲအခမ်းအနား စည်ကား ဝေဆာတင့်တယ်အောင် အဓိကစွမ်းဆောင်ခဲ့တဲ့ သူတို့တတွေကို နိုင်ငံ၏ လူစွမ်းကောင်းများဟု မိမိကတော့ တင်စားခေါ်ဝေါ်ချင်ပါတယ်။ ဒီနေ့ညက ဖေ့ဘုတ်မှာ ဖတ်ရတဲ့ သတင်းတစ်ခုနဲ့ ဆက်စပ်ပြီးလည်းပြောချင်ပါသေးတယ်။ အဲ့သတင်းရေးတဲ့သူက ဆိုထားလေရဲ့  ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲမှာ ကုန်ကျစရိတ်တွေသိချင်တယ်၊ လာကြည့်သူနည်းတော့ အမြတ်မရလောက်ဘူး၊
နိုင်ငံတော်မှာ အကြွေးထပ်တင်တော့မယ်လို့ အဘတစ်ယောက်က ပြောကြောင်းဆိုပြီးရေးထားတယ်။ သူ့ရေးထားတဲ့ သုံးသပ်ချက်လေးက စိုးရိမ်သယောင်ရှိပေမဲ့ ယခုလိုပွဲမျိုးလုပ်တာကို အနှုတ်လက္ခဏာအနည်းငယ်မြင်တဲ့သဘော ရှိတယ်နဲ့တူတယ်။
ဆိုးတာက ပွဲတစ်ပွဲမှာ ၀င်ကြေးက ဘယ်လောက်ရနိုင်လဲဆိုတာကို မခန့်မှန်းတက်ရှာဘူး။
နောက်ပြီး အဘတစ်ယောက်ကပြောတယ်ဆိုပြီး
ပြောကြားသူရဲ့ အဓိကမှုရင်းကို ရာခိုင်နှုန်းတ၀က်အထိတောင် မပြောနိုင်ဘူးဖြစ်တယ်။ သတင်းတစ်ခုမှာ မှုရင်းမသေချာရင်၊ မဖော်ပြနိုင်ရင် အဲ့သတင်းက ပရမ်းပတာသတင်းတစ်ခုဖြစ်တယ်ဆိုတာ သိထားသင့်တယ်။ နောက်တစ်ခုက ဆီးဂိမ်းဖွင့်ပွဲမှာ လူတွေနည်းတယ်တဲ့
အဲ့သတင်းကတော့သူ့အနေနဲ့သေချာ
လေ့လာကြည့်ဖို့လိုမယ်ထင်တယ်။
ပွဲကြည့်လက်မှတ်က တပတ်အတွင်းမှာ ကုန်သွားတာပါ။
ဖွင့်ပွဲမှာ ခုံနေရာတောင်
မရှိတော့လို့ တချို့မီဒီယာတွေကို ပေးဝင်ခွင့်မပြုတာတွေကြောင့် ပြဿနာအနည်းငယ်ရှိခဲ့တာကို ဂျာနယ်တွေမှာ ဖတ်ကြည့်လေ့လာကြည့်ရင်
သိနိုင်မှာပါ။ ပြီးတော့ဖွင့်ပွဲမှာရှိတဲ့ ပရိတ်သတ်အင်အားကိုကြည့်လိုက်ပါ
ကွင်းအပြည့်လူအပြည့်ပါ။ ၀င်ကြေးနဲ့အရင်းကျေမလားဆိုတဲ့ သူ့အတွေးက ဆိုးလှပါတယ်။ ဒီပွဲကြီးက အတော်လေးကို အကုန်အကျများတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။
ဝင်ကြေးရငွေတွေက ကုန်ထားတာရဲ့  တ၀က်တောင်လိုက်မှီမယ်မထင်ပါဘူး။ ရုပ်သံစပွန်ဆာတွေနဲ့ တခြားစပွန်ဆာတွေ၊ တခြားနိုင်ငံကထောက်ပံ့ ကူညီထားတာတွေပေါင်းလိုက်မှ
ကုန်ကျစရိတ်အတွက် နည်းနည်းအသက်ရှုချောင်မှာပါ။ မြန်မာဘောလုံးအဖွဲ့ချုပ်တောင်
ယခုလက်ရှိဘောလုံးအသင်းတွေအတွက် အမေရိကန် ဒေါ်လာ သန်းချီပြီးကုန်ထားတာပါ။ လူ ၂ သောင်းကျော် ၃ သောင်းကနေ ကွင်းလုံးပြည့်ရတဲ့
ကွင်းဝင်ကြေးတွေနဲ့သာ အကြွေးတွေ စိုက်ထားတာတွေ ကျေမယ်ဆို ခုချိန်မှာ
ဥက္ကဌ ဦးဇော်ဇော်တို့ ထတောင်ခုန်နေလောက်ပါပြီ။ အားလုံးအိတ်စိုက် ပေးဆပ်ထားရသူချည်းပါ
ပြန်ရငွေက တစ်ဝက်လောက်ဘဲ ပြန်ရတာပါ။ ဒါပေမဲ့
ဘာတွေအကျိုးရှိခဲ့လဲဆိုတော့ မြန်မာ့ဘောလုံးကို
ခြေစွမ်းကျမသွားအောင် မျိုးဆက်သစ်တွေ ပိုမို
များပြားလာအောင် စွမ်းဆောင်မှုတွေယူနိုင်ခဲ့ပါတယ်။
ဒီတော့ ယခုလိုနိုင်ငံတကာအဆင့် မှီအောင် အခမ်းနားဆုံးလုပ်တဲ့ပွဲဆိုတော့ ပိုဆိုးတာပေါ့။ နောက်တစ်ခုထပ်သေချာအောင်
ရှင်းပြချင်သေးတယ် Miss Universe ကိုရုရှားမှာ ပြီးခဲ့တဲ့ လက လုပ်သွားတယ်။ တာဝန်ယူကျင်းပတဲ့သူတွေက အာဇိုင်ဘာဂျန်လူမျိုး၊ ရုရှားမှာလည်းစီးပွားရေး အတောင့်ဆုံး ဘီလီယံနာကြီးတွေပါ။ ပရိတ်သတ်တွေအတွက် ပွဲဝင်ကြေးတွေဆိုလည်း VIP ခုံတန်းတွေဆို အမေရိကန် ဒေါ်လာ ၁ထောင် အနိမ့်ဆုံး နဲ့ အနိမ့်ဆုံးခုံတန်းဈေးက ဒေါ်လာ ၁၀၀ ရှိတယ်။ ကုန်ကျစရိတ်အရမ်းများလို့ ရီဟာဇယ်လေ့ကျင့်တာပါ လက်မှတ်ရောင်းတယ်။ သူတို့အရင်းကျေလားဆိုတော့ မကျေပါဘူး အတော်လေးကို
ဆုံးရှုံးပါတယ်။ ပြီးတော ဆီမီးပွဲစဉ်ကဆိုရင် လူက
သိပ်မပျက်ဘူး အပေါ်ထပ်တွေက လူရှင်းနေတယ်။
ဖိုင်နယ်ကျမှဘဲ လူကပိုစည်တာတွေ့ရတယ်။
ဒါတွေကြောင့်လည်း ၀င်ငွေနည်းခဲ့တယ် သုံးသပ်ရမယ်။
ဒါပေမဲ့ ရုရှားမှာ ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရခြင်းဆိုတဲ့ ဂုဏ်ယူစရာ သမိုင်းမှတ်တမ်းတစ်ခုချန်ထားနိုင်တယ်။ စီးပွားရေးအရလည်း တာဝန်ခံကျင်းပခဲ့သူတွေက ပိုမိုဝင်ဆံ့လာနိုင်ခဲ့တယ်။ ပြီးတော့
အီမင်ဆိုတဲ့ တာဝန်ခံကျင်းပတဲ့ အဆိုတော် သူဌေးကလည်း နာမည်ပိုပြီးတော့ ကြီးလာတယ်။ ဒါက အရှုံးထဲက အမြတ်ရတာတွေကို ပြောပြတာပါ ကိုယ်တိုင်လည်း
လေ့လာသတင်းယူခဲ့လို့ပါ.။

အဲ့တော့ နိုင်ငံတော်မှာ အကြွေးထပ်တင်တော့မည်လို့ သူသုံးသပ်တဲ့အပေါ်မှာ
ပြန်ရမဲ့ ကဏ္ဍကိုသူမစဉ်းစားမိတာမျိုးဖြစ်မယ်ထင်တယ်။ ခုနက Miss Universe လိုမျိုးဘဲ ပွဲအပြီးမှာ အမြတ်ကျန်တာတွေ အများကြီးပါ။ ဒီဆီးဂိမ်းပြီးရင် နိုင်ငံအနေနဲ့ စီးပွားရေး၊ လှုမှုရေး၊ ဆက်ဆံရေးကအစပိုမိုကောင်းမွန်တိုးတက် လာတော့မယ်ဆိုတာကို AFP သတင်းတစ်ခု သုံးသပ်ထားတာ ဖတ်မိတယ်။ အရှင်းဆုံးပြောရရင်အရင် သူများလူမျိုးရှေ့ မှာ ခေါင်းငုံနေရသရွေ့ ၊ ခုချိန်မှာ သူများနိုင်ငံတွေကတောင် ဒီဖွင့်ပွဲလေး ကြည့်ခဲ့ပြီးတဲ့၊ သတင်းဖတ်ခဲ့ပြီးတဲ့ သူတိုင်းက သင့်ကို လက်မထောင်ပြီးဂုဏ်ယူကြောင်းပြောမှာ အသေအချာပါဘဲ။ ကျွန်တော်တို့ ခေါင်းမော့ ရင်ကော့နိုင်ခဲ့ပါပြီ။ နောက်တစ်ခု ဆီးဂိမ်းအပြီး ဦးမှုးဇော်၏
ပို့စ်လေးထဲက စာသားတစ်ခုကို အရမ်းသဘောကျတယ်။ ဘာလဲဆိုတော့
"ရက်ရှည်လများ အပင်ပန်းခံ လေ့ကျင့်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေ၊ ဗော်လံတီယာ လူငယ်လေးတွေ၊ ဆီးဂိမ်းဖွင့်ပွဲကို အနယ်နယ်အရပ်ရပ်က ကြည့်ရှုခဲ့ကြရတဲ့ မျိုးဆက်သစ်တွေ အားလုံးရဲ့ ရင်ထဲမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ၊ ဘယ်လို စိန်ခေါ်မှုတွေပဲ တွေ့ရ တွေ့ရ "ငါတို့ လုပ်နိုင်တယ်" ဆိုတဲ့ ခံယူချက်၊ အမျိုးသားရေးစိတ်ဓါတ်ကလေး ခိုဝင်ကိန်းအောင်းသွားပြီ ဆိုရင်ပဲ ကျေနပ်စရာပါ။" တဲ့
သူပြောတဲ့အတိုင်း ဒီလိုစိတ်ဓာတ်မျိုးလေးတွေ ကိန်းအောင်းသွားခြင်းက နောင်တစ်ချိန်
နိုင်ငံတော်ဘက်စုံတိုးတက်ရေးမှာ အရာရောက်သွားမည့် စိတ်ဓာတ်လေးတွေပါ။
ငွေနဲ့တောင် အလိုက်ပေးပြီးဝယ်မရတဲ့ စိတ်ဓာတ်ပါ။ အဲ့ဒါကပထမတစ်ချက်
နောက်တစ်ချက် စဉ်းစားမိတာရှိတယ်။ ယခုဆီးဂိမ်းမှာ ဘက်စုံထောင့်စုံက ပညာရှင်တွေကလည်း အစွမ်းပြခွင့်ရတယ်။ တရုတ်နည်းပညာကအစ လေ့လာခွင့်ရခဲ့ကြတယ်။ ပြီးတော့ ဆက်ဆံရေးအရာရှိလုပ်နေကြတဲ့ သူတွေက
တက္ကသိုလ်အသီးသီးက နည်းပြတွေ၊ ကျောင်းသား၊ ကျောင်းသူတွေပါ။ ပြိုင်ပွဲမတိုင်မှီလည်း သင်တန်းပေးလေ့ကျင့်ထားခြင်းကို ခံထားရသူတွေပါ။ .ဒီပြိုင်ပွဲအတွင်းမှာ
တခြားနိုင်ငံက ပြိုင်ပွဲဝင်တွေနဲ့ ထိတွေ့ဆက်ဆံရမယ်။ သူတို့ရဲ့  နေပုံထိုင်ပုံ၊ စာပေအပေါ် အားကစားအပေါ် သင်ယူလေ့လာပုံတွေကအစ သိခွင့်ရမယ်၊ ပေါင်းသင်းဆက်ဆံရေးတွေ
တက်ကျွမ်းလာမယ်၊ အင်္ဂလိပ်စာမှာလည်း ပိုတိုးတက်လာကြမယ်၊
အရှေ့ တောင်အာရှက ကျောင်းသားတွေနဲ့ ရင်ဘောင်တန်းနိုင်ရမယ်။ ပိုတော်အောင်
ပိုကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်တွေ သူတို့တွေကိုယ်စီ
စိတ်ထဲ နှလုံးသားထဲမှာ စွဲမြဲသွားစေမှာ အသေအချာပါဘဲ။
ပြီးတော့ ပြည်သူလူထုရဲ့  လိုလားတောင့်တမှုတစ်ခုက
နှစ်ပေါင်း (၄၄)တောင်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အိမ်ရှင်အဖြစ်ကျင်းပခွင့်လေး တစ်ခုကိုပါ။ တချို့ဆို ဘာအားကစားနည်းတွေရှိမှန်းတောင် မသိကြဘူး။ ပြီးတော့ ပိုဆိုးတာက ဘယ်သူတွေက ဘာဆုရခဲ့မှန်းမသိတာကိုပါ။ မီးရှုးတိုင် လက်ဆင့်ကမ်းသယ်ပေးသည့် အချိန်မှ သိခွင့်ရတာပါ။ သူတို့လိုစွမ်းဆောင်ခဲ့မှုတွေကို ဂုဏ်ပြုဖော်ပြခြင်းက နောင်လာမည့် အားကစားသမားတွေအတွက်
အတုယူဖွယ် လေးစားအားကျဖွယ် ဂုဏ်တက်ဖွယ်
ဖြစ်အောင် နည်းလမ်းပြသရာရောက်ခဲ့ပါတယ်။မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ခုလိုနည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ တကမ္ဘာလုံးကို ထုတ်လွင့်ပြသခွင့်မရခဲ့တာလည်း ကြာပေါ့။ ခုတော့ ယခုလိုပွဲမျိုးမှာ ပြသခွင့်ရခဲ့ကြပြီ
အာရှသတင်းစာမျက်နှာ မျက်နှာဖုံးတွေမှာ ၀င့်ကြွားစွာတွေ့နိုင်သလို၊ လူတိုင်းရင်မှာ မဟာ ဆိုတဲ့သီချင်းလေးတောင် အရင်ကထက် ပိုကြိုက်လာတယ် ပိုတန်ဖိုးထားတက်လာကြပါပြီ။ ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ မြန်မာ ကလေးတွေလည်း မြန်မာ့ယဉ်ကျေးမှု အနုပညာကို ပိုပြီးစိတ်ဝင်စားလာကြတော့မယ်
ပိုပြီးတန်ဖိုးထားဂုဏ်ယူတက်ကြတော့မှာပါ။
ဒီလိုကျင်းပလိုက်ခြင်းက မြန်မာ့အားကစားကို မြှင့်တင်ရာလည်း
ရောက်ခဲ့ပါတယ်။ အားကစားကဏ္ဍဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တော်များများက ဘက်စုံပြည့်စုံပြီး စိတ်ဓာတ်ရေးရာ
ကောင်းတဲ့နိုင်ငံတွေအဖြစ် မြင်တွေ့နိုင်မှာပါ။
ဒါကြောင့်လည်း အားကစားမြင့်တင်ခြင်းသည် နိုင်ငံတော်ကို
ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည် ဟုသီချင်းစာဆိုတောင်
ရှိခဲ့ဖူးတာကို မေ့ဖျောက်လို့မရပါ။ ပြီးတော့ ဟိုအရင်က
မိမိတို့အပေါ်အထင်သေး၊ အမြင်သေးတဲ့ မျက်ဝန်းတွေကို ယခုပွဲမှာတင် အကောင်းဆုံး အဆင့်မြင့်ဆုံးလုပ်ပြနိုင်ခဲ့ပြီးနောက် မျက်ဝန်းတွေ အရောင်လက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ ပြည်သူ ပြည်သားတွေကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြပြီး ယခုချိန်ထိလည်း ကျေနပ်မဆုံး
ပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တဲ့ သူအပေါင်းကိုလည်း ကျေးဇူးတင်မဆုံး
ဖြစ်နေကြပါတယ်။

ဒါတွေက တန်ဖိုးဖြတ်မရတဲ့ပြန်ရမှုတွေပါ။
ငွေကြေးအရ အရင်းမကျေချင်နေပါစေ
ပွဲအပြီးမှာကျန်ခဲ့မည့်
နိုင်ငံနဲ့လူမျိုး၏ မျိုးချစ်စိတ်၊
အမျိုးသားရေး
စိတ်ဓာတ်ကောင်းတွေ
ကတော့ အရင်းကျေတဲ့အပြင် အမြတ်တွေအများကြီးကျန်ခဲ့မယ်လို့
ယုံကြည်မိပါတယ်ဗျာ.။။
အကုန်အကျများမယ်ဆိုတာကိုလည်း စကတည်းက
သိရှိပြီးသားဖြစ်ကြမှာပါ လာအိုနိုင်ငံတောင် အိမ်ရှင်လုပ်သွားခဲ့သေးတာဘဲ၊ ကျွန်တော်တို့တွေက အဲ့လောက်မဆင်းရဲသေးပါဘူး
အကောင်းမြင်စိတ်နဲ့ဘဲ လုပ်ခဲ့ ဖြစ်ခဲ့တာကို တွေးတောပေးလိုက်စမ်းပါ။

ကျွန်တော်ကတော့ ယခုလိုမျိုးပြိုင်ပွဲမျိုး အိမ်ရှင်အဖြစ်
ကျင်းပပြုလုပ် လာနိုင်တာကို ဂုဏ်ယူတယ်၊ ကျေနပ်တယ်၊
ဝမ်းသာပျော်ရွှင်တယ်။ ယခုလိုမျိုး
သတင်းစာတွေမှာလည်း ချီးကျူးဂုဏ်ပြုတာကို ကြားသိရတော့လည်း ကြည်နှုးဝမ်းမြောက်မိတယ်။
ပြောရမယ်ဆိုရင် နောက်တစ်ကြီမ် ဆီးဂိမ်းပွဲကို
လာမည့် ၁၀ နှစ်အတွင်းမှာ
ပြန်လည်ကျင်းပနိုင်ပါစေဆိုပြီး ဆုတောင်းမိတယ်ဗျာ
ကိုယ်တိုင်လည်း တက်အားသရွေ့ ပါဝင်ချင်လို့ပါ။
ပိတ်ပွဲမှာလည်း အားပါးတရနဲ့ ထိုင်ကြည့်ပြီး
အားပေးပါအုံးမယ်...
အရာရာအဆင်ပြေနိုင်ကြပါစေ ဧည့်သည်
ပြိုင်ပွဲဝင်များကိုလည်း
အကောင်းဆုံးနှုတ်ဆက်နိုင်ကြပါစေ။။

မိုးတိမ် (၁၆.၁၂.၂၀၁၃)

No comments:

Post a Comment