Tuesday 6 March 2018

စပါးဈေး


ကိုယ်တွေ ဧရာဝတီတိုင်းဘက်မှာ နေဖူးတုန်းက စပါးစိုက်တာလေးဘာလေး နည်းနည်းပါးပါး လုပ်ဖူးတော့ စပါးစိုက်တောင်သူတွေရော စပါးပွဲစားတွေရော စပါးကုန်သည်တွေရော စပါးစက်ကြီးများပိုင်ရှင် သဌေးကြီးတွေရောနဲ့ အလွှာစုံပေါင်းဖူးတယ်။ ကိုယ်ကလည်း စိတ်ဝင်စားတတ်တော့ သူတို့ကို မေးစမ်းကြည့်ပြီး သူတို့အသံပေါင်းစုံကို နားထောင်ခဲ့ဖူးတယ်။
.
၂၀၁၂ - ၂၀၁၃ လောက်ကဖြစ်မယ်ထင်တယ်။ ဦးသိန်းစိန်အစိုးရတက်ပြီး သိပ်မကြာခင်ပဲ တောင်သူတွေ ပိုက်ဆံပိုရစေချင်လို့ဆိုပြီး စပါးကို သတ်မှတ်ဈေးတစ်ခု ကြမ်းခင်းထားပြီး အဲသည်ထက် ဈေးမလျော့စေရဆိုတာမျိုး အစိုးရက လုပ်ဖူးတာကို မှတ်မိနေတယ်။ ကိုယ့်ပတ်ဝန်းကျင်က ဆင်းဆင်းရဲရဲ ရုန်းကန်နေရကြရတဲ့ တောင်သူတွေကို ကရုဏာစိတ်နဲ့ အဲသည်မူဝါဒကို ၀မ်းမြောက်ဝမ်းသာ ရှိခဲ့ပေမယ့်
.
တကယ်တမ်းကျတော့ စပါးပေါ်ချိန်ဆို တောင်သူတွေက ပေါ်တဲ့ စပါးကို အရင် စပါးပေးယူထားတဲ့ သဌေးတွေကို ထိုးအပ်လိုက်ရတာများတယ်။ သူတို့ယူထားတဲ့ စပါးပေးဆိုတာကလည်း တကယ်စပါးပေါ်ချိန်မှာ ရမယ့်ဈေးနဲ့ ယူထားလို့ရတာမှ မဟုတ်တာကိုး။ ထွန်တုံးချချိန် လယ်စိုက်ချိန် ပိုက်ဆံလိုနေတဲ့အချိန်မှာ အမတော်ကြေးကလည်း လုံလောက်အောင်မရ ၊ အရင်းအနှီးကလည်း မရှိဆိုတော့ ဒီလိုပဲ ပိုက်ဆံတွေ ကြိုယူထားပြီး စပါးပေါ်တော့မှ စပါးထိုးအပ်ရတာပဲ။ အစိုးရက ပေးတယ်ဆိုလည်း ကျွန်တော်တို့ မရပါဘူးဗျာဆိုတဲ့ ဆင်းရဲသားလယ်သမားတွေအသံကြောင့် ကျွန်တော် စိတ်စက်မကောင်း ဖြစ်ခဲ့ရဖူးတယ်၊ လယ်သမားတွေကို ပေးချင်တဲ့ ပိုက်ဆံက တကယ်တမ်း လယ်သမားတွေလက်ထဲ မရောက်ဘဲ ငွေရင်းထားတဲ့ ငွေရှင်တွေပဲ ရသွားတာမျိုးပေါ့.
.
ယိုးဒယားက အရင်ပြုတ်သွားတဲ့ ယင်လတ်ရှင်နာဝပ်လည်း သူဝန်ကြီးချုပ်လုပ်တုန်းက လယ်သမားတွေဆီက စပါးကို ဈေးကြီးပေးဝယ်တဲ့ စီမံကိန်းတစ်ခု လုပ်ဖူးတယ်။ ၀န်ကြီးချုပ်လည်း ပြုတ်ရော အဲသည်လိုလုပ်တာ ပြည့်သူ့ဘဏ္ဍာနဲ့ ပြည်သူ့ဆီက မဲရအောင်လုပ်တာမို့ အရေးယူထိုက်တယ်ဆိုပြီး အစိုးရပြုတ်တော့မှ အရေယူမယ် အဖတ်စားမယ် ခုံရုံးတင်မယ် ဖြစ်ပါရောလား။ အခုတော့ သူလည်း ပြည်ပ ထွက်ပြေးနေရတယ်
.
၆ မတ် ၂၀၁၈
.
https://www.facebook.com/MizzimaDaily/posts/1876021039099459

No comments:

Post a Comment