Monday 12 March 2018

မရရင် ဒဲ့ပို့မှာနော် မပြောမရှိနဲ့


. . . မြန်မာနိုင်ငံအပြင်ဘက်မှာနေတဲ့သူတစ်ယောက်အနေနဲ့ တပ်မတော်နေ့နားနီးတိုင်း စိတ်ထဲ မရိုးမရွဖြစ်ရတာက တပ်မတော်နေ့ ထုတ်လွှင့်တဲ့ မြ၀တီရုပ်မြင်သံကြား အစီအစဉ်တွေကို အချိန်နဲ့တစ်ပြေးညီ ကြည့်ခွင့်ရမှရပါ့မလားပေါ့။ အရင်တုန်းကတော့ရတယ်၊ မနှစ်ကဆိုကြည့်လို့မရဘူး။ မြန်မာပြည်ကလွှင့်တဲ့ ရုပ်သံလိုင်းတွေ အကုန်နီးပါးကြည့်လို့ရပေမယ့် မြ၀တီရုပ်သံလိုင်းကျတော့ ကြည့်လို့မရဘူး။ စိတ်ထဲမှာ တင်းတာ တင်းတာ ဆိုတာလေ၊ တစ်ခြားရုပ်သံလိုင်းတွေရပေမယ့် ကိုယ်ကြည့်ချင်တဲ့လိုင်းလေးမှ ကွက်ပြီးမရတာတော့ သောက်သည်းပေါက်လို့မဆုံးဘူး။
.
. . . မနှစ်က အညတရမိုးကောင်းကင်ဆိုတဲ့ ဇာတ်ကားတုန်းကလည်း ကြည့်ချင်တာ တစ်ပိုင်းကိုသေလို့။ မြ၀တီက လွှင့်တဲ့အချိန်မတိုင်ခင်ကတည်းက နည်းမျိုးစုံနဲ့ ဖမ်းဖို့ကြိုးစားပေမယ့် မရ၊ တကယ်လွှင့်တဲ့အချိန်လည်းရောက်ရော လူမှာ ထိုင်ရမလို ထရမလို၊ ရှေ့ကကွန်ပြူတာကြီးပဲ လက်သီးနဲ့ပြေးထိုးရတော့မလို၊ တပ်ချုပ်ကြီးကိုပဲ ဖုန်းဆက်ပြီး တိုင်ရတော့မလိုလိုနဲ့၊ ဖြစ်နေတာဖြစ်နေတာ . . .
.
. . . တပ်ချုပ်ကြီးပေ့ခ်ျတို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးပေ့ခ်ျတို့ကများ တိုက်ရိုက်လွှင့်ပေးမလားကြည့်တော့လည်း မတွေ့။ တော်တော်ကြာ မူးနေအောင်ရှာတော့မှ သူငယ်ချင်းတစ်ယောက်က တီဗီရှေ့ တယ်လီဖုန်းနဲ့ရိုက်ပြီး ဖေ့ဘုတ်က လွှင့်ပေးလို့ ကြည့်ခွင့်ရတယ်။ မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေဗျာ
.
. . . အခု ဒီနှစ်လည်း လာပြန်ပြီ၊ စစ်ကိုမုန်း၍တိုက်ခဲ့သည် တဲ့။ ကိုယ်က စစ်သားဆိုတော့ စစ်ကားကြည့်ချင်တာပေါ့။ အခုခေတ် စစ်ကားတွေကလည်း အရင်တုန်းက ဗိုလ်မှူးဟိန်းဝေယံတို့ ဗိုလ်မှူးပြေတီဦးတို့ ခေတ်တုန်းကလို မြို့ပေါ်မှာတင် လတ်လျားလတ်လျား အချိန်ကုန်တဲ့ကားမျိုး မဟုတ်ဘဲ တကယ့်ကို ပီပီပြင်ပြင် ရိုက်ထားတဲ့ကားတွေဆိုတော့ ကြည့်ချင်တာပေါ့။ ထုံးစံအတိုင်း အခုကတည်းက မရိုးမရွဖြစ်နေပြီ။ မနေ့ညကဆို myanmartvchannel ကလွှင့်တဲ့ မြ၀တီရုပ်သံကို ၀င်ကြည့်လိုက်တော့ Zeegwat ကနေတစ်ဆင့်လွှင့်တဲ့ပုံတွေ့တယ်။ အရုပ်ပဲမြင်ရပြီး အသံမကြားရဘူး။ ကျွန်တော့်မိတ်ဆွေ ကိုအောင်မျိုးလေနဲ့ ညည်းရရင် "ယူတို့အဲ့သာ ခက်စ်တာပဲ" လို့သာ ပြောလိုက်ချင်တယ်။
.
မြ၀တီရုပ်သံက တာဝန်ရှိပုဂ္ဂိုလ်များခင်ဗျား
.
. . . ဒီနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတိုက်ရိုက်ထုတ်လွှင့်မှုနဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်ကားများကို မြန်မာနိုင်ငံပြင်ပကနေ အင်တာနက်ပေါ်မှာ အဆင်ပြေပြေ ကြည့်ခွင့်ရပါရစေပါခင်ဗျား။ တစ်ခြားနည်းပညာတွေနဲ့ မလုပ်တတ်ဘူးဆိုရင်လည်း တပ်ချုပ်ကြီးပေ့ခ်ျတို့ဘာတို့ကနေ တိုက်ရိုက်လေးလွှင့်ပေးပါ။ ဒီလောက်ကြိုပြောထားတယ်သားနဲ့မှ ဒီနှစ်လည်း အဆင်မပြေဘူးဆိုလို့ကတော့ ဒီတစ်ခေါက် တပ်ချုပ်ကြီး ဂျပန်ပြည်လာလို့ အဆင်ပြေကြလားမေးရင် ကျန်တာတွေတော့ အဆင်ပြေပါတယ်၊ မြ၀တီကလွှင့်တာတွေ ဒီမှာကြည့်လို့ အဆင်မပြေပါဘူးခင်မျာ့ ဆိုပြီး ဒဲ့ပို့မှာဗျ
.
ဗိုလ်ကောင်း
၁၂ မတ် ၂၀၁၈
https://www.facebook.com/photo.php?fbid=589583168071629&set=a.110405775989373.1073741828.100010598527758&type=3
---------------------------------------
သုံးရက်ခန့်အကြာ
.
သတင်းကောင်းလာပါပြီ
.
နိုင်ငံရပ်ခြားက အမျိုးများ ကြည့်ရှုခံစားနိုင်စေဖို့ တပ်မတော်နေ့ဂုဏ်ပြုဇာတ်ကားတွေကို ဒီနေ့ မတ်လ ၁၄ ညကစပြီး မြဝတီဖေ့ဘုတ်ကနေ တိုက်ရိုက်လွှင့်ပေးပါမယ်တဲ့ဗျို့ 😘😘😘
.
မြန်မာစံတော်ချိန် ညရှစ်နာရီ သတင်းပြီးတာနဲ့ စောင့်ကြည့်တော့ဗျို့😍😍😍
.
ကြိုးစားစီစဉ်ပေးတဲ့ မောင်မင်းကြီးသား မယ်မင်းကြီးမများ ကျန်းမာချမ်းသာကြပါစေဗျာ
😍😘😍😘😍
https://www.facebook.com/mwdmedia/
.
၇၃ နှစ်မြောက်တပ်မတော်နေ့ ကိုဂုဏ်ပြုသောအားဖြင့် မြဝတီရုပ်မြင်သံကြားအစီအစဉ်မှ တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်းများအား
" မြ၀တီ official Facebook Page " တွင် တိုက်ရိုက် Live ထုတ်လွှင့်ပြသမည်

နေပြည်တော် ၊ မတ် ၁၄

၇၃ နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် မြဝတီရုပ်မြင်သံကြားအစီအစဉ်မှ ည ၈ နာရီသတင်းများ အပြီးတွင် ပြသမည့် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းများအား “ မြ၀တီ official Facebook Page” ( https://www.facebook.com/mwdmedia/ ) မှ အောက်ပါအတိုင်း တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမည်။

၁၁.၃.၂၀၁၈ နှလုံးသားမဲ့ကောင်းကင် (ပထမပိုင်း)
၁၂.၃.၂၀၁၈ နှလုံးသားမဲ့ကောင်းကင် (ဇာတ်သိမ်းပိုင်း)
၁၃.၃.၂၀၁၈ ဝေလည်းမွှေး ကြွေလည်းမွှေး ( ပထမပိုင်း )
၁၄.၃.၂၀၁၈ ဝေလည်းမွှေး ကြွေလည်းမွှေး (ဇာတ်သိမ်းပိုင်း)
၁၅.၃.၂၀၁၈ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ (ပထမပိုင်း)
၁၆.၃.၂၀၁၈ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ (ဇာတ်သိမ်းပိုင်း)
၁၇.၃.၂၀၁၈ အမိမြေမှ သားကောင်းများ (ပထမပိုင်း)
၁၈.၃.၂၀၁၈ အမိမြေမှ သားကောင်းများ (ဇာတ်သိမ်းပိုင်း)
၁၉.၃.၂၀၁၈ သားကောင်းမိခင် (ပထမပိုင်း)
၂၀.၃.၂၀၁၈ သားကောင်းမိခင် (ဒုတိယပိုင်း)
၂၁.၃.၂၀၁၈ သားကောင်းမိခင် (ဇာတ်သိမ်းပိုင်း)
၂၂.၃.၂၀၁၈ ကွမ်းလုံရက်(၄၀)
၂၃.၃.၂၀၁၈ အညတရ မိုးကောင်းကင် (ပထမပိုင်း)
၂၄.၃.၂၀၁၈ အညတရ မိုးကောင်းကင် (ဒုတိယပိုင်း)
၂၅.၃.၂၀၁၈ စစ်ကိုမုန်း၍ တိုက်ခဲ့သည် (ပထမပိုင်း)
၂၆.၃.၂၀၁၈ စစ်ကိုမုန်း၍ တိုက်ခဲ့သည် (ဒုတိယပိုင်း)
၂၇.၃.၂၀၁၈ စစ်ကိုမုန်း၍ တိုက်ခဲ့သည် (ဇာတ်သိမ်းပိုင်း)
.
https://www.facebook.com/bokaunghtetsan/posts/590678534628759?comment_id=590968671266412&notif_id=1521078884859120&notif_t=feed_comment&ref=notif

No comments:

Post a Comment