Wednesday 11 May 2016

Mind Your Own Business


. . . ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးပြီး အခုထိလည်း ကြိုက်လွန်းလို့ ခဏခဏ ပြန်ပြီး နားထောင်ဖြစ်နေတဲ့ သီပေါမင်း ပါတော်မူခန်း ဇာတ်ထုပ်ထဲမှာ ကင်းဝန်မင်းကြီး ဦးကောင်းက ဗြိတိသျှ သံအရာရှိ မစ္စတာရှောဆိုသူကို သွားတွေ့တော့ သူက ကုလားဖြူစကား ပြောတတ်ပေမယ့် မပြောချင်လို့ စကားပြန်မောင်သစ်နဲ့ ကြားခံပြီးပြောပါတယ်။ ကိစ္စက သီလရှင်ဝတ်သွားတဲ့ လောင်းရှည်မိဖုရားကြီးရဲ့ သားတော် ပထမပြန်အောင်ပြီးသား ရှင်လိင်ပြန် ကိုယ်တော် သီပေါမင်းသားလေးကို ရုပ်သေးရုပ်အဖြစ် နန်းတင်ဖို့ရှိရာမှာ တစ်ခြားမင်းသားတွေကို ဘုရင့်အမိန့်အတုနဲ့ မလိမ့်တပတ် အတွင်းတော်ထဲ ဆင့်ခေါ်ပြီး အကျဉ်းချ သုတ်သင်လိုက်ကြတဲ့အပေါ် ကုလားဖြူအစိုးရရဲ့ သဘောထားကို ကန့်ကွက်ဖို့ ကင်းဝန်မင်းကြီးက ကုလားဖြူသံအရာရှိကို သွားတွေ့တာပါ။ ကင်းဝန်မင်းကြီး ပြောတာက ဒီကိစ္စက ငါတို့ ကိုယ့်တိုင်းပြည်ကိုယ့်ဒေသကို ကိုယ်ကြိုက်သလိုနည်းနဲ့ အုပ်ချုပ်နေတာ မင်းတို့နဲ့ မဆိုင်ပါဘူး ၀င်မရှုပ်ပါနဲ့လို့ ပြောလိုက်စမ်းပါကွာ . . တဲ့။ အဲဒါကို စကားပြန်မောင်သစ်က ကုလားဖြူသံအရာရှိကို Mind your own Business လို့ တည့်တိုးကြီး ပြောလိုက်ထည့်လိုက်တော့ ကင်းဝန်မင်းကြီးက အဲသလို ရိုင်းရိုင်းစိုင်းစိုင်း ပြောရကောင်းလားဆိုပြီး စကားပြန်မောင်သစ်ကို ဆူပြီးတော့ Do not Interfere ဆိုတဲ့ စကားလုံးသုံးပြီး ကိုယ်တိုင်ပြောပါတော့တယ်။
.
. . . အခုလည်း ဒီကိစ္စမှာ ယန်းကီးသံဆိုတဲ့ လူကို တကယ်ပြောသင့်တဲ့ စကားက Mind your own business ဆိုတဲ့စကားဖြစ်ပေမယ့် အဲသည်စကားက တကယ်တော့ ပြောစရာ မလိုပါဘူး။ ဘာလို့လဲ ဆိုတော့ ယန်ကီးသံအမတ်ကြီးဆိုတဲ့ လူကလည်း ဒီကိစ္စမှာ ဒီလို သဘောထားတယ်ဆိုတာ သူတို့အလုပ် သူတို့ လုပ်နေတာပါ။ သူတို့ ယန်းကီးမျိုးမစစ်နိုင်ငံတော် အကျိုးစီးပွားအတွက် သူတို့အလုပ် သူတို့ လုပ်နေတာပါ။
.
. . . ဒါကြောင့် ကျွန်တော်တို့လည်း Mind our own business လုပ်ရပါတော့မယ်။ ကျွန်တော်တို့အလုပ် ကျွန်တော်တို့ လုပ်ရပါတော့မယ်။ ကျွန်တော်တို့ အမှန်တကယ် လုပ်ရမယ့် အလုပ်က ဘာများပါလဲ ?????????
.
၂၀၁၆ မေလ ၁၁ ရက်

No comments:

Post a Comment