Sunday 8 May 2016

ရှုပ်ထွေးလှတဲ့ ရပ်ကျေး အုပ်ချုပ်ရေး ဥပဒေ

.
. . . ပြီးခဲ့တဲ့ လွှတ်တော်ကာလက ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးတာ တော်တော်ကို အချိန်ယူခဲ့ရပါတယ်။ အခြေခံဥပဒေအရ ရပ်ကျေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ကသာ ရေးဆွဲပြဌာန်းနိုင်တဲ့ သဘောဖြစ်နေတော့ တစ်နေရာနဲ့တစ်နေရာ တစ်တိုင်းနဲ့တစ်တိုင်း တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ကျေးလက်နဲ့ မြို့ပြ၊ စသည်ဖြင့် ကွာခြားချက်တွေ အားလုံးနဲ့ အကျုံးဝင်အောင် လုပ်ခဲ့ရတာ တော်တော်ကို လက်ဝင်ခဲ့ပါတယ်။
.
. . . ကျွန်တော့်အလိုပြောရမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေပြုခွင့်ကို သက်ဆိုင်ရာ ပြည်နယ်တိုင်း လွှတ်တော်တွေလက်ထဲကို ထည့်ပေးလိုက်စေချင်ပါတယ်။ ဒါမှသာ သက်ဆိုင်ရာ အရပ်ဒေသအလိုက် ပိုပြီး သင့်လျှော်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်မယ်လို့ ယူဆလို့ပါ။
.
. . . အုပ်ချုပ်ရေးကဏ္ဍမှာ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကျေးဥပဒေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံငုံရေးဆွဲထားမယ့်အစား သက်ဆိုင်ရာ ဒေသအလိုက် သင့်လျော်သလို ပြောင်းလဲ ကျင့်သုံးနိုင်ရင် ပိုပြီး အကျိုးများမယ်လို့ ယူဆပါတယ်

No comments:

Post a Comment