Wednesday 18 May 2016

ကြယ်နီ ကျောင်းနွား ဒေါင်းအားရှင်


စစ်ကိုင်းကနေ နေပြည်တော်ကို ဆန္ဒပြလမ်းလျှောက်လာတဲ့ အလုပ်သမား ဆိုသူတွေအထဲမှာ အခုပုံမှာ ပြထားတဲ့ ကြယ်နီဦးထုပ်ဆောင်း မိန်းမဟာ ရှေ့ပိုင်းနားကျကျ လမ်းလျှောက်လာတာကို ဘီဘီစီရဲ့ ဗီဒီယိုကလစ် တစ်ခုမှာ မြင်ရပါတယ်။ အလုပ်သမားတွေ လိုလားချက် တောင်းဆိုတဲ့ အခုလို ကိစ္စမျိုးမှာ ဒါမျိုး အမှောင့် ပယောဂတွေ ၀င်ပူးနေတာတော့ တော်တော်ကို ရွံဖို့ ကောင်းပါတယ်။ ဒီနေ့ နေ့လည် နေပြည်တော် အ၀င်မှာ အစိုးရက အင်အားသုံး ဖြိုခွင်း ဖမ်းဆီးတဲ့အခါ ဟိုတစ်လောကမှ ထောင်ထဲက ထွက်လာတဲ့ ကျောင်းနွားသူတောင်းစားလေးတွေလည်း ပါတယ်လို့ သိရပါတယ်။ အလုပ်သမား လှုပ်ရှားမှုအပေါ် ဘာမှတ်ချက်မှ မရှိပေမယ့် အခုလို ကျောင်းနွားသူတောင်းစားတွေ ၀င်ပူးလာတဲ့ ဒီလို အရှုပ်ထုပ်မျိုးကို အခုလို အပ်နဲ့ထွင်းလို့ရတုန်း ထွင်းလိုက်တာကို ကြိုဆိုပါတယ်။ လက်ပတ်နီ ပတ်မထားတဲ့ ဒေါင်းအားရှင်တွေလို့ ယူဆရတဲ့ အရပ်ဝတ် အရပ်သားတွေ ကို အသုံးပြုဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ သီးခြားမှတ်ချက် မပေးလိုသေးပါဘူး။ တကယ်ကို အခွင့်အရေး ဆုံးရှုံးကြလို့ တောင်းဆိုကြတဲ့ အလုပ်သမား အစစ်တွေကိုတော့ စာနာသနားမိပါတယ်။
.
၂၀၁၆ မေလ ၁၈ ရက်

No comments:

Post a Comment