Thursday 23 August 2018

မြန်မာပြည်မှာ ပါတီတွေများ

တိုင်းရင်းသားတွေကိုအခြေပြုတဲ့ ဒေသဆိုင်ရာနိုင်ငံရေးပါတီတွေရှိနေတာက ကျိုးကြောင်းဆီလျော်ပေမယ့် နိုင်ငံလုံးချီ နိုင်ငံရေးပါတီကြီးတွေ မွစာတက်အောင်ရှိနေတာ အခုချိန်ထိလည်း ထပ်ထပ်ပြီး အသစ်ဖွဲ့နေကြတာကတော့ သိပ်ပြီး လိုလားအပ်တယ်လို့ မထင်မိဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သဘောအယူအရ အကြမ်းဖျင်း သုံးသပ်ကြည့်ရမယ်ဆိုရင် အမျိုးသားရေးဝါဒကို အခြေပြုတဲ့ နိုင်ငံရေးပါတီအုပ်စုနဲ့ လစ်ဘရယ်ဝါဒကိုအခြေပြုတဲ့ နိုင်ငံရေးပါတီနှစ်မျိုးနှစ်စားပဲ ရှိနေတာကို တူရာတူရာအုပ်စုဖွဲ့ပြီး ညီညီညွတ်ညွတ်လုပ်ကြမယ်ဆိုရင် နိုင်ငံတော်အတွက် ပိုပြီးများ ကောင်းမလားပေါ့။ ဒါကတော့ သဘောတရားပိုင်းဆိုင်ရာ
.
လက်တွေ့အခြေအနေကို ပြောရမယ်ဆိုရင် မဲတွေပြားပြီး လွှတ်တော်ထဲမှာ ပါတီကြီးတစ်ခုက သိသိသာသာ မလွှမ်းမိုးနိုင်ရင် လက်ရှိ အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းနေရာရထားတဲ့ တပ်မတော်ကသာ လွှမ်းမိုးနေအုံးမယ်ဆိုတဲ့အချက်ကို နိုင်ငံရေးသမားဆိုသူတွေ မျက်ခြေပြတ်မခံဘဲ အဆိုပါလိုအဖြစ်မျိုးမရောက်အောင် နိုင်ငံရေးပါတီတွေ မဟာဗျူဟာကျကျ စည်းရုံးလုပ်ဆောင်သင့်တာပါ
.
ဒီနေ့မြန်မာ့နိုင်ငံရေးကို မြင်နေရမှပဲ ကျွန်တော်တို့ ဂုဏ်ယူနေခဲ့ရတဲ့ ဟိုးအရင်က ပထမ ဒုတိယ တတိယနိုင်ငံတော်ကြီးတွေကို တည်ထောင်ခဲ့တဲ့ နိုင်ငံပြုပုဂ္ဂိုလ်ကြီးတွေရဲ့ စည်းရုံးသိမ်းသွင်းနိုင်စွမ်းကို ပိုပိုပြီး နားလည်သဘောပေါက် လေးစားလာမိတယ်


No comments:

Post a Comment